MM Daily News
၃၁ဘုံသားအားလုံး ရုပ်နာမ်နှစ်ဖြာ
ကျမ်းမာ ချမ်းသာကြပါစေ
05/02/2023
ဥစ္စာ ပစ္စည်း လက်ဆောင်
သို့ ဓနသိဒ္ဓိလမ်းစ 🙏🙏🙏
မင်းကွန်းဆရာတော်ကြီး ရှိစဉ်က
ဆရာတော်အပါးမှာ မကြာခဏ
လာခစားပြီး
ကျောင်းဝေယျာဝစွ လာကူညီပေးတဲ့လူကြီး တစ်ယောက်ရှိတယ် 🙇🙇🙇
*******************
သူကဆင်းရဲတယ်
ဆေးဆရာအလုပ် လုပ်တယ်ပေါ့ ကျောင်းကို
ငွေကြေးဥစ္စာ ဘုရား ကျောင်းကန်တွေ လာလှုတဲ့ ဒကာ ဒကာမ ပေါတော့
သူလည်းအားကျတယ်
တနေ့ကျတော့ ဆရာတော် ကြီး
နေ့ခင်းဆွမ်းဘုန်းပေးပြီး
အချိုတည်းနေတုန်း အဲ့ လူ
မောင်ကျောင်းသားက
ရေနွေးငှဲ့ ဆပ်ကပ်ပြီး
အရှင်ဘုရား တပည့်တော်
လူဖြစ်ရတုန်း အရှင်ဘုရား နားမှာ
နေခွင့်ရနေတုန်း အလှုကြီး
အတန်းကြီး ပေးချင်လှပါတယ်။
ဒါပေမယ့် ငွေကြေးကရှား
ဘဝမှာအဆင်မပြေလှ လို့ 
ခုထိ အလှုကြီး အတန်းကြီး
မပေးနိင်ဘူး ဒါကြောင့်
အရှင်ဘုရားဆီမှာ
လောကီ စည်းစိမ်ချမ်းသာကို
ဒက်ထိပေးစွမ်း နိင်မယ့်
တရားတခုခု များမရှိဘူးလား ဘုရား
မင်းကွန်းဆရာတော်ကြီးနဲ့က
အလွန်ပင်ရင်းနှီးနေတော့
ဆရာတော်ဘုရားက အပြစ် မပြောဘဲ အသာအယာရေနွေး ငုန့်ပြီး
ဘုန်းပေးနေတယ်
ပြီးမှ 'ဒကာတော် ရှိတာပေါ့ ဒါပေမယ့် လုပ်နိင်ဖို့ဘဲ လိုတာပါ '
ဟိုဒကာလည်း ပြာပြာသလဲ ' အမလေးအရှင်ဘုရားရယ် ရှိရင်သာပေးပါ
တပည့်တော်အကြောင်း
ဆရာတော်လည်းသိသား
'ဆရာတော်က ပြန်မေးတယ်
ဒကာသေချာလား ပေါ့
ဟိုက လည်းသေချာတယ်
ပေးသာပေး ဆိုပြီး လုပ်တော့
မင်းကွန်းဆရာတော် ဘုရားကြီးက ' လာလာ ငါ့ကို့ ဆေးပေါ့လိပ် ကပ်ချေ ' ဆိုပြီးပြောတော့
ဟိုဒကာလည်း ဆေးလိပ်ကပ်
မီးညို့ ပေး လိုက်တယ်
ဆေးလိပ်ကို ရဲနေအောင် ရိုက်ပြီး
ဘာမပြော ညာမပြောနဲ့
ဟို ဒကာလက်ဖျံပေါလ် စိုက်ချလိုက်တယ် ' အမလေး ထဆဲပြီး
ဘာညာတွေ ထယောင်တာပေါ့
ဟိုဒကာလည်း ပူ တော့ ' ဆရာတော်က ဘာမ မပြောဘဲပြုံးနေတယ်
ဟိုဒကာ က အူလည်လည် ဖြစ်သွားပြီး အရှင်ဘုရားဘာဖြစ် လို့  မီးနဲ့ထိုး လဲ လျောက်တော့
ဆရာတော်က နောက်မ မီးထိုးကိစ္စ
ဆက်မယ်
အခု ချမ်းသာစေမယ့် ဂါထာပေးမယ်
ထွေထူးတော့မဟုဘူး ဒကာတော်
' ဣတိပိသော ဘဂဝါ အရဟံ '
အဲဒါဘဲ ရွတ်ကွာ အရှင်ဘုရား
ဟုပါ့မလား ဒီလောက်အလွယ်လေးကို ပြန် ပြောတော့
ဆရာတော် က လုပ်တာမလုပ်တာတော့ ဒကာ့အပိုင်း ဆိုပြီး ကြွသွားတော်မူတယ်
အဲအချိန်ကစပြီးဟိုဒကာလည်း
နေ့ည အားရှိသရွေ့ ရွတ်တာပေါ့
ဘယ်ရမလဲ အဲလို ရွတ်လိုပ်တာ
တနှစ် ပြည့်ပြီ
ကျောင်းကိုတော့ ခဏခဏ
ရောက်နေဆဲ ရွတ်နေဆဲ
တနေ့ကျ လူရှင်းချိန် ဟိုဒကာက
ဆရာတော်နားကပ်ပြီး
အရှင်ဘုရား တပည့်တော်ရွတ်နေတာ တနစ်ပြည့်ပြီဘုရား
မချမ်းသာတဲ့အပြင်ပိုတောင် ကြပ်တည်း နေပါတယ်ဘုရား
ဆရာတော်က စာရိုက်ရင်း လှည့်မကြည့်ဘဲ ဆက်ရွက်ဒကာတော် နှလုံးသားထဲ စွဲအောင်ရွတ်
ဒါဘဲပြောပြီး ဘာမ မပြော စာရိုက်နေတယ်
အဲလိုနဲ့နောက် ၈လ လောက်
ကြာလာတယ် ဘာမ မထူးဘူး
ဟိုဒကာ တိုင်ပတ်နေဆဲ
ဒါပေမယ့် ရွတ်တုန်း ပေါ့
ဆရာတော်လည်း သွားမလျောက်ရဲဘူး
ကြိတ်ရွတ်နေဆဲ အလိုနဲ့
တနှစ် နီးပါးပြန် ကြာလာတယ်
တရက် မင်းကွန်း ဆရာတော်နဲ့
ဧရာဝတီမြစ်ကမ်းဘေး လမ်းလျောက်ရင်း
အရဲကိုး လျောက် လိုက်တယ်
အရှင်ဖရား ခိုင်းတဲ့အတိုင်း
ရွတ် တာဘဲ နှစ်နှစ်ပြည့်တော့
မယ်ဘုရား ငိုသံကြီးနဲ့ လျောက်တင်တော့
ဆရာတော် ဘုရား က ပြုံးပြီး
ဆေးပြင်းလိပ်ကြီးခဲလို့ 
ဒကာတော် ကမ်းနားမှာ
ကလေးတွေရေးကူးနေတယ်
သွားခေါ်ချေ ညနေစောင်းပီ
ဟိုဒကာလည်း ရေထဲဆင်း
ကလေးတွေခေါ်
သူပါ ဧရာဝတီ မြစ်ထဲ ရေဆင်း
ကူး ပြီး မောမောနဲ့ ပြန်တက်လာ
ကမ်းစပ် မှာ ပက်လက် လန်နေပီး
အမော ဖြေနေရော အဲအချိန် မှာ
ဆရာတော်ဖရားက ဆေးလိပ် မီးကိုရဲနေအောင်ဖွာ ပြီး ဟိုမှိနိးနေတဲ့ဒကာ လက်ဖျံ ကို ထိုးပါရော
'ဣတိပိတော ဘဂဝါ အရဟံ ' ဆိုပြီး
ဟိုဒကာကြောက်အားလန့်အား နဲ့
ထယောင်ပါရော
မင်းကွန်းဆရာတော်ကြီးက ပြုံးပြီး
ဒကာတော် ပြည့်ပြီ ပြည့်ပြီ
လျှံတောင် ကျနေပီ
ဟိုဒကာလည်း ဘုမသိကိုးမသိနဲ့
အရှင်ဘုရား ဘာဖြစ်တာလဲ
ဟိုတခါ လည်း မီးနဲ့ထိုးတယ်
ခုလည်း ထိုးပြန်ပြီ
ဆရာတော် ဘုရားက ပြန်မေး တယ် ' ဘာကွာသွားလဲ ' တဲ့
ဟိုဒကာလည်း မသိဘူးပေါ့
ကွာတာပေါ့ ဒကာတော် ဟိုတခါ ထိုးတော့ဆဲ တယ်
ဒီတခါထိုးတော့ ဣတိပိသော …
ဖြစ်တယ် ဒကာချမ်းသာတော့မှာပါ
မအူမလည်နဲ့ ဟိုဒကာလည်း မီး၂ခါထိုးခံရပြီး ၃လ လောက်ပျောက်သွားတယ်
ကျောင်းလဲမလာတော့ဘူး နောက်တော့ ကျောင်းမှာအလှူကြီး ပေးသံကြားတယ်
ဘယ်သူထင်လဲ ဟိုဒကာပေါ့
အဲကနေပြီးတစစနဲ့ သူ့ အဆင်ပြေသွားတာ
ခုထက်ထိ သူ့ ဆေး သုံးကြတုန်း
ပရိသတ်လည်း သိပါတယ်
သူဆေးကို သူ့ ဗမာဆေး ကို
ဘယ်သူထင်လဲ ဘာဆေး ထင်လဲ
အစက ဒီဆေးဘဲရောင်းနေတာ
မအောင်မြင်ဘူး မစွမ်းဘူး
ခု ထပေါက်အစွမ်းပြ အစွမ်းထက်ပြီ လေ ဘယ်သူထင်လဲ
အဲဒါ လူပျံတော်ပတ္တမြား သွေးဆေး
သမားတော်ကြီး ဆရာမင်း ပေါ့
နောက်တော့ဆရာတော် ခြေအစုံကို သမားတော်ကြီး ဆရာမင်းက
ဦးတိုက်ပြီး
ဗုဒ္ဓတရား ဟာ လောကီ
လောကုတ္တရာ နှစ်ဖြာ
အကျိုးပေးစွမ်း ဆောင်နိင်တာ သိပါပီဘုရား လို့ ဆရာတော်ကို လျောက်တင်ခဲ့တယ်
ဒါကြောင့် ပြည့်အောင် လျံကြအောင် လုပ်ကြဖို့ လိုပါကြောင်း ဓမ္မဒါနမျှဝေလိုက်ပါတယ်။
အလှုတကအလှုထည်းတွင်
ဓမ္မအလှုသည် အမွန်မြတ်ဆုံးဖြစ်ပေသည်။
********************
ဘုရားရှင် ဂုဏ်တော်ကိုးပါးထည်းမှ
ကိုးပါးစလုံးကိုဖြစ်စေ ဂုဏ်တော်
တစ်ပါးပါးဖြစ်စေ သရဏဂုံ၃ပါး
ဖြစ်စေ ပရိတ် ပဋ္ဌာန်း ဂါထာ ဖြစ်စေ
အနိမ့်ဆုံး ငါးပါးသီလ ကိုဖြစ်စေ
အာဇီဝဠမက သီလ ကိုဖြစ်စေ
၈ပါး ၉ပါး ၁၀ပါး စသည့် မိမိ
တတ်စွမ်းသမျှ စောင့်ထိန်းနိုင်သော
သီလကို ဖြူစင်အောင် စောင့်ထိန်းပြီး
အချိန်သတိရတိုင်း ထုံအောင်
ပွားများနေလျှင် အကျိုးအာနိသင်သည်
လောကီ သာမက
လောကုတ္တရာ ဖက်ကူးရာတွင်
ကောင်းမွန်သော အကျိုးကျေးဇူး
များပါ ရရှိမည်မှာမလွဲ ပေတော့သည်။
ဓမ္မမိတ်ဆွေ အပေါင်းလည်း
ဒါန သီလကို အခြေခံပြီး ဘာဝနာများ
ပွားများကြ၍ လျင်မြန်စွာ စစ်မှန်သော
လောကီ လောကုတ္တရာ နှစ်ဖြာ
ချမ်းသာသုခများကို ရရှိပိုင်ဆိုင်ကြပါစေ။
**********************
မူရင်းတင်ပြသူကို Crd ပေးပါတယ်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon