Roal - 7

Roal - 7

Share

food

05/08/2022

အာလူးကိုကြွပ်ရွနေအောင်ကြော်နည်း
ရောင်းဖို့ဘဲဖြစ်ဖြစ် အိမ်မှာကြော်စားဖို့ဘဲဖြစ်ဖြစ်
တကယ်အဆင်ပြေစေမဲ့နည်းလေးပါ
လိုအပ်တာတွေကတော့
စားထုံးကိုရေနဲ့ဖျော်ထားသောအရည် အနည်းဆုံး
4နာရီလောက်စိမ်ထားရပါမယ်
အာလူး အကြီး - 5လုံးကိုအခွံခွာ အထူအပါးညီ
အောင်ဂျစ်နဲ့ခြစ်ပေးရပါမယ် ပါးလေကောင်းလေ
ဖစ်ပါတယ်ရှင်
လက်ဖက်ရည်ဇွန်း ၃ ဇွန်းခွဲ
ပြုလုပ်နည်း

-ထုံးရည်ကြည်ကို အောက်ကအနည်တွေမပါစေဘဲ
အာလူးလွတ်လွတ်လပ်လပ်စိမ်လို့ရမဲ့ပမာဏထိ
ခပ်ယူထားပါ
-ပြီးလျှင်ထိုထုံးရေကြည်ထဲကိုဆားထည့်ပြီးဖျော်
ပေးရပါမယ်နော်
-ပြီးရင်တော့ ပါးပါးလှီးထားသောအာလူးများကိုထ
ည့်စိမ်ပေးရပါမယ်
-အာလူးများကို ထုံးရည်ထဲမှ ယူ၍ ရေလုံးဝစင်
အောင်စစ်ထားပေးရပါမယ် ရေလည်းထပ်ဆေးပေး
ရပါသေးတယ်ထုံးရည်တွေစင်အောင်ပါ
-ဆီကိုကျတ်အောင်ထားပြီး ပထမဆုံးထည့်သော
အာလူးဖတ်ကိုမထပ်အောင်ဖြန့်ပေးပါ
-ပြီးလျှင်ထပ်မမွှေတော့ဘဲအာလူးများ ရွှေဝါရောင်
သန်းလာမှ အနည်းငယ် မွှေကြော်၍ ဆီအိုးထဲမှ
ဆယ် ဆီစစ်ထားပါ
-အာလူးများ ကို ဆယ်ပြီး ဆီစစ်ထားတုံးပူပူလေး
မှာ ကြိုက်နှစ်သက်ရာ အချိုမှုန် ငရုတ်သီးအကြမ်း
မှုန်တို့ ဖြင့်သမအောင်ဖွဖွနယ်ပေးပါ
-အေးသွားသည်အထိ ထားပြီးမှ ပလက်စတစ်
အပါးဖြင့်လေလုံအောင်ထည့်ချည်ပြီး
ကြိုက်နှစ်သက်ရာ စက္ကူဘုံ ခြင်း အစရှိသည်တို့
တွင်သိမ်းဆည်းနိုင်ပါပြီ
Edit # #ထုံးစိမ်ထားတဲ့အာလူးဖတ်တွေကိုရေနဲ့စင်နေ
အောင်ပြန်ဆေးရပါမယ်နော်
-ထုံးစိမ်တဲ့အင်တုံဘေးမှာ ရေအင်တုံလုံးထပ်ထား
ထားပြီး ထုံး ရေ ရေ အဲ့လိုဆေးပါတယ် ရေလည်း
လုံးဝခြောက်အောင်စစ်ရမယ်နော်.
Crd. 😋

Photos from Roal - 7's post 24/07/2022

ဆိတ်သားဟင်း
😋😋😋
ချက်နည်းလေးပြန်ရေးပေးလိုက်ပါတယ်

ပထမဆုံး
ဇီယာစေ့၊နာနတ်ပွင့်၊ဖာလာစေ့တို့ကိုလှော်ပြီး
ညက်အောင်ထောင်းထားပါ
ဆိတ်သားတွေကို
ဆား၊နနွင်း၊အရသာမှုန့်၊ညက်ညက်ထောင်းထားတဲ့ဂျင်း၊
လှော်ထောင်းထားတဲ့အမှုန့်၊ဒိန်ချဉ်အနည်းငယ်တို့နဲ့နယ်ပြီး
တစ်နာရီခန့်နှပ်ထားပါ
ကြက်သွန်နီ ကြက်သွန်ဖြူတို့ကိုထောင်းပြီးဆီသပ်ပါ
ကြက်သွန်တွေကြွပ်ခါနီးမှာ
ငရုတ်သီးအရောင်တင်မှုန့် ၊ မဆလာ၊ ကရဝေးရွက်၊သစ်ဂျပိုးခေါက်တို့
ထည့်ပြီးမွှေးလာအောင်ခဏကြော်ပါ
ပြီးရင်ဆိတ်သားတွေထည့်ပြီးချက်ပါ
အသားကထွက်တဲ့အရည်တွေခမ်းခြောက်တဲ့ထိချက်ပါ
မီးသွေးမီးနည်းနည်းနဲ့သာချက်ပါ
အရည်တွေခမ်းပြီဆိုမှ
အသားတွေမြုပ်အောင်ရေထည့်ချက်ပါ
အိုးကိုအဖုံးအုပ်ချက်ပါ
မီးနည်းနည်းနဲ့ကြာကြာချက်မှ
အသားတွေနူးအိတဲ့အရသာကိုစားရပါမယ်
ချက်စားကြည့်ကြပါ

Credit : ခန့်ခန့်ကြီး

16/06/2022

ဝက်လက်စွပ်ပြုတ်

ဝက်လက် ၁ချောင်း (၅၀သားခန့်)
ဆား အနည်းငယ်
သကြား ၁ဇွန်း(သေး)
နာနတ်ပွင့် ၁ပွင့်
ခရုဆီ ၁ဇွန်း(သေး)
ပဲငံပြာရည်အနောက် ။
ငရုတ်ကောင်း အနည်းငယ်
နှမ်းဆီမွှေး ။
ကြက်သွန်မိတ် ၃ပင်
ထိုက်ဝမ်မုန့်ညှင်း ၂ပင်
မုန့်ညှင်းစိမ်း ။
ကြက်သွန်ဖြူ ၄မွှာ
ဂျင်း ၂ပြား

-ဝက်လက်ကို အတုံးကြီးကြီးတုံး ရေဆေး၍ ရေစစ်ထားပြီး ဆား ငရုတ်ကောင်း ပဲငံပြာရည် ဇွန်းသေး ၁ ဝက်ထည့်နယ်
ထားပါ။
-ဆီဇွန်းသေး ၁ဇွန်းခန့်ထည့်ပြီး သကြားထည့်မွှေကာ နယ်
ထားသော ဝက်လက်ထည့်၍ ၃မိနစ်ခန့်မွှေ၍ချပါ။
-pressure cookerထဲသို့ ကြက်သွန်ဖြူ ဂျင်း ဓားပြား
ရိုက် ခရုဆီ နာနတ်ပွင့် ပဲငံပြာရည် ဇွန်းသေး ၁ ဝက် ငရုတ်
ကောင်းစေ့ ၃စေ့ခန့်ထည့်၍ ဆူအောင်တည်ပါ။ဆူလာလျှင်
ဝက်လက်ကို ဆီစစ်၍ အိုးထဲထည့် ၍ မိနစ် ၄၀/၄၅ မိနစ်ခန့်
တည်ပါ။ရလျှင် ထိုင်ဝမ်မုန့်ညှင်း မုန့်ညှင်းစိမ်း နှမ်းဆီမွှေး ထည့်၍ ချပါ။
စားမည့်ပန်းကန် ထဲကို ကြက်သွန်မိတ်ပါးပါး ငရုတ်ကောင်း
ကြက်သွန်ကြော် ထည့်၍ ဟင်းရည်ပူပူလောင်းထည့်၍
စားသုံးနိုင်ပါပြီရှင်။

ချက်ကြည့်ကြစို့

ဝက်လက်စွပ်ပြုတ်

ဝက်လက် ၁ချောင်း (၅၀သားခန့်)
ဆား အနည်းငယ်
သကြား ၁ဇွန်း(သေး)
နာနတ်ပွင့် ၁ပွင့်
ခရုဆီ ၁ဇွန်း(သေး)
ပဲငံပြာရည်အနောက် ။
ငရုတ်ကောင်း အနည်းငယ်
နှမ်းဆီမွှေး ။
ကြက်သွန်မိတ် ၃ပင်
ထိုက်ဝမ်မုန့်ညှင်း ၂ပင်
မုန့်ညှင်းစိမ်း ။
ကြက်သွန်ဖြူ ၄မွှာ
ဂျင်း ၂ပြား

-ဝက်လက်ကို အတုံးကြီးကြီးတုံး ရေဆေး၍ ရေစစ်ထားပြီး ဆား ငရုတ်ကောင်း ပဲငံပြာရည် ဇွန်းသေး ၁ ဝက်ထည့်နယ်
ထားပါ။
-ဆီဇွန်းသေး ၁ဇွန်းခန့်ထည့်ပြီး သကြားထည့်မွှေကာ နယ်
ထားသော ဝက်လက်ထည့်၍ ၃မိနစ်ခန့်မွှေ၍ချပါ။
-pressure cookerထဲသို့ ကြက်သွန်ဖြူ ဂျင်း ဓားပြား
ရိုက် ခရုဆီ နာနတ်ပွင့် ပဲငံပြာရည် ဇွန်းသေး ၁ ဝက် ငရုတ်
ကောင်းစေ့ ၃စေ့ခန့်ထည့်၍ ဆူအောင်တည်ပါ။ဆူလာလျှင်
ဝက်လက်ကို ဆီစစ်၍ အိုးထဲထည့် ၍ မိနစ် ၄၀/၄၅ မိနစ်ခန့်
တည်ပါ။ရလျှင် ထိုင်ဝမ်မုန့်ညှင်း မုန့်ညှင်းစိမ်း နှမ်းဆီမွှေး ထည့်၍ ချပါ။
စားမည့်ပန်းကန် ထဲကို ကြက်သွန်မိတ်ပါးပါး ငရုတ်ကောင်း
ကြက်သွန်ကြော် ထည့်၍ ဟင်းရည်ပူပူလောင်းထည့်၍
စားသုံးနိုင်ပါပြီရှင်။

crd.

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon