Myanmar AK languages school

Myanmar AK languages school

Share

Languages school with teachers with more than 10 years’ experience.

10/04/2026

နှစ်သစ်ကူးသင်္ကြန်‌ကျောင်းပိတ်ရက်ကြေညာခြင်း🌼💦

💦 April 11 မှ April 19ရက်နေ့အထိသည်
မြန်မာနှစ်သစ်ကူး အတာသင်္ကြန် ရုံးပိတ်ရက်ဖြစ်ပါသဖြင့် အဆိုပါရက်များတွင် Myanmar AK languages school ရှိ အတန်းများအားလုံး ပိတ်ပါမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါတယ်ရှင်

💦 April 20ရက်‌နေ့တွင် ပုံမှန်အတိုင်း အတန်းများပြန်လည်ဖွင့်လှစ်သွားပါမယ်ရှင့်

💦 မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်အခါသမယမှာ စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းကြပါ‌စေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်❤️

16/03/2026

ဂျာမန်ဘာသာ ဆရာမ သို့မဟုတ် ဆရာ ရာထူးအတွက် အလုပ်နေရာလေးရှိပါတယ်ရှင်✨🇩🇪

ရာထူး - German Language Teacher

Report To - Tr.Phyu

✧ Main Duties ✧

🔸German ဘာသာ A1.1 မှ B1.2 အထိ တစ်ဦးချင်းအတန်းများနှင့် အဖွဲ့လိုက်အတန်းများကို online မှ သင်ကြားပေးရန်

🔸A1, A2, B1 Goethe Zertifikat စာမေးပွဲများအတွက် စာ‌လေ့လာသူများအား လေ့ကျင့်ပေးရန်

🔸စာသင်ကြားစဉ် record လုပ်ထားသော မိမိသင်ပြထားသည်များကို သင်ကြားပြီးနောက် သက်ဆိုင်ရာ စာလေ့လာသူများသို့ online platformမှ ပြန်လည်မျှဝေရန်

🔸စာသင်ကြားစဉ် အတန်းတွင်းရေးသားသင်ပြထားသောမှတ်စုများကို သင်တန်းအပြီးတွင် သက်ဆိုင်ရာ စာလေ့လာသူ (များ) သို့ online platformမှ ပြန်လည်မျှဝေရန်

🔸ကျောင်းသားများ Arbeitsbuch တွင်ပြုလုပ်ထားသောလေ့ကျင့်ခန်းများကို ပြန်လည်စစ်ဆေးပေးရန်

✧ Job Type ✧

🔸Full Time, Work From Home, တစ်နေ့ အလုပ်ချိန် 8နာရီ. တစ်ပတ် နာရီ 40
(စာသင်ချိန်ပေါ်မူတည်ပြီး အလုပ်စတင်ချိန် ပြီးဆုံးချိန် တစ်နေ့နှင့်တစ်နေ့ ပြောင်းလဲနိုင်ပါသည်။ ⭐ အလုပ်ချိန် 8 နာရီထက် နည်းလိုပါက လာ​ရောက်ညှိနှိုင်းနိုင်ပါသည်။⭐)

🔸Probation Period - 3 Months

* မိမိ အိမ်ကနေပဲ wifi နဲ့ ကွန်ပျူတာလေးနဲ့ စာပြရုံပါပဲ
* သင်ရိုးကို ကျောင်းကထောက်ပံ့ပေးပါမယ်
*** Training ရှိပါမယ်

သဘောကောင်းပြီး optimism များတဲ့ ဆရာ၊ဆရာမတွေနဲ့ admin team နဲ့အလုပ်လုပ်ခွင့်ရမဲ့အပြင် ဆရာ၊ဆရာမကို တန်ဖိုးထားတတ်တဲ့ ပတ်ဝန်းကျင်မို့ အလုပ်ရဲ့ stress အများကြီးမရှိမှာကလည်း ကျောင်းလေးရဲ့ အားသာချက်ပါ ✅

မိမိရဲ့ဂျာမန်ဘာသာကျွမ်းကျင်မှုကို တစ်ခြားသူတွေကိုမျှဝေချင်တယ်
enthusiasm အပြည့်နဲ့ အလုပ်လုပ်တတ်တယ်
အချိန်တိကျတတ်ပြီး အလုပ်ကိုလေးစားတတ်တဲ့သူဆိုရင် ဒီရာထူးလေးက သင့်အတွက်ပါနော်....♡

📌Application form နှင့်အတူ မိမိအကြောင်း German လိုပြောပြမိတ်ဆက်ထားတဲ့ short video လေးကိုပါ ပေးပို့ပြီး လျှောက်ထားနိုင်ပါတယ်။ first and second interview တွေမှာ German ဘာသာနဲ့ interview ဖြေဆိုရပါမယ်နော်....

15/03/2026

မနက်ဖြန် A1.1 Intensiveအတန်းလေး စပါမယ်ရှင့်❤️

Guten Tag🙋‍♀️

Marchလအတွက် ကျောင်းသားကျောင်းသူများ အမေးအရမ်းများတဲ့ A1.1 Intensiveအတန်းသစ်လေး ဖွင့်ပေးလိုက်ပါပြီရှင်✨🇩🇪

ဂျာမနီနိုင်ငံသွားဖို့ပဲဖြစ်ဖြစ်၊ Skills တစ်ခုအနေနဲ့ တတ်မြောက်ထားချင်တာပဲဖြစ်ဖြစ် အလုပ်မအားသူတွေအတွက်ပါ အဆင်ပြေစေမယ့် ရုံးချိန်လွတ် အတန်းလေးတွေကို အဓိက စီစဉ်ပေးထားပါတယ် ❤️

🇩🇪A1.1 (Intensive) - Tr.Kyaw
Starting Date - 16.03.2026
Dates - Mon to Fri
Time - 7:00 - 8:30 PM

🇩🇪 Germany နိုင်ငံ Hueber Verlag ထုတ် Common European Framework အတိုင်း ရေးဆွဲထားသော စာအုပ်များကို အသုံးပြု သင်ကြားပေးမှာဖြစ်ပါတယ်

🇩🇪သင်ပုံသင်နည်းကတော့ Myanmar AK ရဲ့ ထုံးစံအတိုင်း ကျောင်းသားတိုင်းကို Speaking, Listening, Reading, Writing 4skills လုံးကို စနစ်တကျ သင်ကြားပေးသွားမှာပါ

🇩🇪သင်မယ့် တီချယ်တွေကလည်း ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းဆင်း, licensed tour guides တွေလည်းဖြစ်တဲ့ ဂျာမန်ဘာသာကို ပိုင်ပိုင်နိုင်နိုင် တတ်ကျွမ်းပြီး အတန်းသားအားလုံး နားလည်အောင် သင်ပြပေးနိုင်သည့် တီချယ်များဖြစ်ပါတယ်

🇩🇪အချိန်မကုန် လူမပင်ပန်းဘဲ အိမ်မှာပဲ သက်တောင့်သက်သာလေ့လာနိုင်အောင် အတန်းအားလုံးကို Zoomဖြင့် Onlineကနေ သင်ကြားပေးသွားပါမယ်

🇩🇪အကြောင်းကြောင်းကြောင့် အတန်းပျက်ရတဲ့ နေ့တွေအတွက် သင်ခန်းစာတွေ လွတ်မသွားအောင် Telegram Group ထဲမှာ Recording Videos လေးတွေ ပြန်တင်ပေးပါတယ်

🇩🇪အတန်းတိုင်းမှာ ဖတ်စာအုပ်အပြင်၊ လေ့ကျင့်ခန်းစာအုပ်များ၊ သဒ္ဒါမှတ်စုများ၊ vocabulary fileများ နဲ့ listening fileများလည်း အခမဲ့ဝေမျှပေးသွားမှာဖြစ်ပါတယ်

လူဦးရေ ကန့်သတ်ထားတာမို့ အမြန်ဆုံးလာရောက်အပ်နှံလိုက်ပါနော်‼️

အတန်းများ အပ်နှံလိုပါက:
💬 𝗣𝗮𝗴𝗲 𝗖𝗵𝗮𝘁𝗯𝗼𝘅
☎️ 09 401 861 422 သို့ဆက်သွယ်၍ စုံစမ်းနိုင်ပါတယ်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


56, First Floor, (middle), Thida Street, Hlaing Township
Yangon