AlphaTech Myanmar
Technology
27/01/2024
Keyboard ပေါ်က Numeric keys တွေကို Mouse အဖြစ်အသုံးပြုခြင်း
Windows 10 မှာ Numeric keys ကို Mouse အနေနဲ့အသုံးပြုလို့ရတဲ့ feature ပါဝင်ပါသည်။ အသုံးပြုမှုနည်းတဲ့အတွက် တော်တော်များများသတိမထားမိပါဘူး။ ဒီ feature က Desktop ကွန်ပြူတာတွေအတွက် အဓိကရည်ရွယ်ထားသလိုရှိပေမဲ့ Laptop ကွန်ပြူတာတွေမှာလည်းအသုံးပြုလို့တော့ရပါသည်။ အကြောင်းအမျိုးမျိုးကြောင့် မိမိရဲ့ Mouse (သို့) Touchpad အလုပ်မလုပ်တော့ရင်ဖြင့် ဒီ feature လေးကို Enable ပြုလုပ်ပြီး Mouse ပြဿနာကိုခေတ္တဖြေရှင်းလို့တော့ရပါသည်။ ဒီ feature လေးက Mouse ရွေ့လျားမှုကိုသာမက Left click, Right click, Double click နဲ့ Drag and Drop တွေကိုပါ လုပ်ဆောင်နိုင်ပါသည်။
Turn on Mouse Keys
Start > Settings > Ease of Access > Mouse သွားပါ။
Turn on Mouse Keys to use the numeric keypad to move the mouse pointer ကို On လုပ်ပါ။
Only use Mouse when Num Lock is on
Show the Mouse Keys icon on the taskbar
Hold the Ctrl key to speed up and the Shift key to slow down
၃ ခုလုံးကို အမှန်ခြစ်ပေးပါ။
Pointer speed နဲ့ Pointer acceleration ကို မိမိတို့စိတ်ကြိုက်ချိန်ညှိပြီး စမ်းသပ်ကြည့်နိုင်ပါသည်။
Shortcut နဲ့ အဖွင့်/အပိတ် ပြုလုပ်ခြင်း
Ctrl + Alt + NumLock ကီးတွေကိုတူတူတွဲနှိပ်လိုက်ရင် “Do you want to turn of Mouse Keys” ဆိုတာပေါ်လာပြီး “Yes” ရွေးပေးပြီးတော့လည်း ဖွင့်နိုင်ပါသည်။
Mouse ရွေ့လျားမှုပုံစံ
အပေါ်ဘက်နဲ့ ဘယ်ဘက်ခြမ်း ...........7
အပေါ်ဘက် ..........................................8
အပေါ်ဘက်နဲ့ ညာဘက်ခြမ်း ..............9
ဘယ်ဘက်ခြမ်း ....................................4
ညာဘက်ခြမ်း .......................................6
အောက်ဘက်နဲ့ ဘယ်ဘက်ခြမ်း .........1
အောက်ဘက် .........................................2
အောက်ဘက်နဲ့ ညာဘက်ခြမ်း ............3
Ctrl key ကိုဖိနှိပ်ထားရင်တော့ Mouse ရွေ့လျားမှုကို ပိုမိုမြန်ဆန်စေပြီး၊ Shift key ဖိနှိပ်ထားရင်တော့ Mouse ရွေ့လျားမှုကိုနှေးကွေးစေပါလိမ့်မည်။
Mouse Buttons ကိုရွေးချယ်ခြင်း
Left button အတွက် (/) ကိုနှိပ်ပါ။
Right button အတွက် (-) ကိုနှိပ်ပါ။
Both buttons အတွက် (*) ကိုနှိပ်ပါ။
အပေါ်ကတခုခုကိုရွေးချယ်ပြီးရင်တော့ Mouse ကို click လုပ်လို့ရပါပြီ။ Click လုပ်ဖို့အတွက် (5) ကိုနှိပ်ပါ။
ဥပမာ - တခုခုကို Left click လုပ်ချင်ရင် (/) ကိုအရင်နှိပ်ပြီး (5) နှိပ်ပါ။ တခုခုကို Right click လုပ်ချင်ရင် (-) ကိုအရင်နှိပ်ပြီး (5) နှိပ်ပါ။
Double click လုပ်ချင်ရင်တော့ (/) ကိုအရင်နှိပ်ပြီး (+) ကိုနှိပ်ပါ။
Drag and Drop
မိမိရွေ့လိုတဲ့ဟာတခုခုကို Mouse (မျှား)လေးနဲ့ရွေးချယ်ပြီး (0) နှိပ်ပါ။ ထိုရွေးချယ်ထားတဲ့ဟာကို ဆွဲရွေ့လို့ရသွားပါလိမ့်မည်။ မိမိရွေ့လိုတဲ့နေရာရောက်ရင် (.) နှိပ်ပါ။
အဆင်ပြေကြပါစေ။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon