Intellectual Education Services- IES
We are ready to take care of your children's education from primary to university level.
10/11/2025
30/10/2025
#ကလေးကို_ကြာရှည်ခံအစားအစာတွေနဲ့_အချိုရည်တွေကို #အစပြုပြီး_လုံး၀ကျွေးကိုမကျွေးသင့်ဘူး
#ဒေါက်တာမြမြချယ် (ကလေးအထူးကုဆရာဝန်ကြီး)
📚 📚 📚
Q. ကလေးတွေ ငယ်စဉ်ကတည်းက ကျွေးကိုမကျွေးသင့်တဲ့ အစားအသောက်တွေကို ပြောပြပါဦးဆရာမ။
A. တချို့မိဘတွေက ကလေးတွေကို အလိုလိုက်ပြီးတော့ ငယ်ငယ်ကတည်းက သရေစာကျွေးတဲ့အကျင့်ရှိတယ်။ အဲဒီလို အကျင့်မလုပ်သင့်ဘူး။ အချိုကဲလွန်းတဲ့ အစားအသောက်တွေ၊ အဆီအအိမ့်၊ အငန်များလွန်းတဲ့ အစားအသောက်တွေကို အစလုပ်ပြီး မကျွေးသင့်ဘူး။ ကလေးအသက် တစ်နှစ်၊ နှစ်နှစ်အောက်ဆိုရင် ဆားတောင်မှ မထည့်ဘဲနဲ့ ကျွေးသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးရဲ့ နုနယ်တဲ့ကျောက်ကပ်အတွက် ဒဏ်မပိအောင်လို့ပဲ။ တချို့မိဘတွေဟာ ကလေးငယ်ငယ်ကတည်းက ထမင်းကို ဆားလေးဖြူးပြီးကျွေးတဲ့အကျင့်ရှိတယ်။ နယ်ဘက်တွေမှာ အဲဒီလိုမျိုး လုပ်တတ်ကြတယ်။ ဆီတောင်မပါဘူး။ ဆားနဲ့ထမင်းနဲ့ ဝါးကျွေးကြတာ။ အဲဒါက ကောင်းတဲ့အကျင့် မဟုတ်ဘူး။
♦️ လက်ဖက်ရည်၊ ကော်ဖီ၊ အချိုရည်၊ လေဖောင်းထုတ်၊ အမြန်စာ၊ ကြာရှည်ခံအောင်လုပ်ထားတဲ့ စားစရာတွေကို ကလေးတွေကို လုံးဝမကျွေးသင့်ဘူး။ ပူပူနွေးနွေးလုပ်ထားတဲ့ မြန်မာမုန့်လေးတွေကိုတော့ နည်းနည်းကျွေးချင်ကျွေးပါ။ အသီးအနှံ၊ အသီးအရွက်နဲ့ လတ်လတ်ဆတ်ဆတ် ပြုလုပ်ထားတဲ့၊ အာဟာရပြည့်ဝတဲ့ မြန်မာမုန့်မျိုးစုံတွေကိုသာ ရွေးချယ်ပြီးတော့ အသင့်အတင့်သာ ကျွေးသင့်တယ်။
♦️ သရေစာကို နည်းနည်းပဲ ကျွေးရမယ်။ အချိန်ပြည့် သရေစာချည်းပဲ ကျွေးရမှာမဟုတ်ဘူး။ ထမင်းစားချိန်တန်ရင် ထမင်းနဲ့ဟင်းပဲ ကျွေးရမယ်။ နေ့လယ်နေ့ခင်းမှာ အဆာပြေအဖြစ် သရေစာလေး နည်းနည်းပါးပါး ကျွေးမယ်။ အဲဒီလိုကျွေးတဲ့အခါမှာ ကလေးကို ကြာရှည်ခံအစားအစာတွေနဲ့ အချိုရည်တွေကို အစပြုပြီး လုံး၀ကျွေးကိုမကျွေးသင့်ဘူး။ ကလေးက အချိုရည်နဲ့ သရေစာတွေ အစားများလို့ရှိရင် အချိုကြိုက်ပြီး အချိုပဲ စားချင်နေတာမျိုး ဖြစ်လာစေတယ်။ ထမင်းဟင်းကို သိပ်မစားတော့ဘူး။ သရေစာကိုပဲ မက်နေတော့တယ်။ အဲဒီလိုမက်နေပြီဆိုရင် မိဘတွေအနေနဲ့ ငွေကုန်ကြေးကျလည်းများတယ်။ ကလေးက ထမင်းဟင်းမစားတဲ့အတွက်ကြောင့် ကိုယ်ခံအားကျပြီး ခဏခဏဖျားနာတာတွေဖြစ်မယ်။ ကြီးထွားကြံ့ခိုင်ခြင်းကိုလည်း ထိခိုက်နိုင်တယ်။ အဲဒီတော့ အချိုရည်ဘူးတွေ၊ မုန့်အချိုတွေ၊ လက်ဖက်ရည်၊ ကော်ဖီတွေကို ငယ်ငယ်ကတည်းက အစပြုပြီး မကျွေးတာကောင်းတယ်။
Q. ဒီနေ့ခေတ်ကလေးတွေအများစု ကြိုက်ကြတဲ့ ခေတ်ပေါ်မုန့်ပဲသရေစာတွေနဲ့ ရယ်ဒီမိတ်အစားအသောက်တွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလားဆရာမ။
A. ခေတ်ပေါ်သရေစာတွေ၊ အချိုရည်တွေ၊ အမြန်စာတွေက ကျန်းမာရေးနဲ့ လုံးဝမညီညွတ်ဘူး။ အဲဒါတွေကို ကလေးရော၊ လူကြီးရော စားကိုမစားသင့်ဘူး။ သရက်သီးဖျော်ရည်၊ လိမ္မော််သီးဖျော်ရည် စသဖြင့် နာမည်တွေသာ တပ်ထားကြတာ၊ တကယ်တမ်းတော့ အဲဒီအသီးအစစ်အရသာတွေမဟုတ်ဘဲ၊ အဲဒီအသီးတွေကိုသုံးပြီးတော့ လုပ်ထားတာမဟုတ်ဘဲ အဲဒီအသီးအရသာနဲ့ ခွဲမရအောင်တူတဲ့ အရသာအတုတွေ၊ အနံ့အတုတွေ၊ အရောင်အဆင်းအတုတွေ စသဖြင့် ဓာတုပစ္စည်းတွေ သုံးထားတာဖြစ်တဲ့အတွက်ကြောင့် အဲဒီအချိုရည်တွေကို လုံးဝမသောက်သင့်ဘူး။ အဲဒါတွေကို သောက်လို့ရှိရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ရောဂါဘယထူပြောမှာ သေချာတယ်။ အားဖြည့်အချိုရည်ဆိုပြီး ခေါ်နေကြတဲ့ ကဖင်းနဲ့ သကြားအတုတွေအများကြီးပါတဲ့ Energy Drink တွေကို သောက်နေကြတယ်။ အဲဒါတွေကိုသောက်ရင် နှလုံးကို ထိခိုက်စေတယ်၊ ကြီးထွားမှုကို ထိခိုက်စေတယ်။
♦️ ခေတ်ပေါ်သရေစာတွေမှာဆိုရင် ကြာရှည်ခံဆေးတွေလည်း သုံးထားတယ်၊ ဖြည့်စွက်အရသာတွေလည်း ပါတယ်၊ သကြားအတုတွေလည်း ပါတယ်။ ဒါကြောင့် ခေတ်ပေါ်သရေစာတွေဟာ ကျန်းမာရေးကို ထိခိုက်စေတယ်။ ကလေးတွေက ငယ်ငယ်ကတည်းက စစားရင် တစ်သက်လုံးစားကျင့်ရှိသွားပြီး စွဲသွားတော့မှာလေ။ အဲဒီတော့ စားတဲ့ပမာဏများလေလေ၊ စားတဲ့အချိန်ကာလကြာလေလေ ရောဂါဘယထူပြောလေလေ ဖြစ်တယ်။ ဒါကြောင့် ခေတ်ပေါ်သရေစာ၊ အမြန်စာတွေကို လုံးဝမကျွေးသင့်ဘူး။ ကလေးက စားချင်လွန်းလို့ တောင်းတယ်ဆိုရင်တောင်မှ ဆယ်ခါမှာ တစ်ခါလောက် နည်းနည်းလေးပဲ ကျွေးသင့်တယ်။ အဲဒါတောင်မှ မိဘက သင့်လျော်မယ်ထင်တဲ့ဟာတွေကိုပဲ ရွေးချယ်ပြီး ကျွေးသင့်တယ်။
❝ ကလေးကို ကြာရှည်ခံအစားအစာတွေနဲ့ အချိုရည်တွေကို အစပြုပြီး လုံး၀ကျွေးကိုမကျွေးသင့်ဘူးဆိုတဲ့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာမြမြချယ် ❞ အင်တာဗျူးဆောင်းပါးမှ ကောက်နုတ်ဖော်ပြပါသည်။
♦️ ဝမ်းချုပ်တတ်တဲ့ကလေးတွေအတွက် ပြုပြင်ရမယ့် အစားအသောက်အနေအထိုင်တွေနဲ့ ယောဂလေ့ကျင့်ခန်းတွေ ...
♦️ ကလေးကို သန်ချဆေး ဘယ်လိုတိုက်မလဲ ...
♦️ ကလေးရဲ့အသက်အရွယ်အလိုက် ရှိသင့်တဲ့ ခန္ဓာကိုယ်အလေးချိန်တွေ ...
♦️ မွေးကင်းစကနေစပြီး ကလေးရဲ့ အသက်အရွယ်အလိုက် ရှိသင့်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ...
♦️ ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အနှောင့်အယှက်ပေးနေတဲ့၊ မိဘတွေရှောင်ကြဉ်သင့်တဲ့ အပြုအမူတွေ ...
♦️ ကလေးအသက်အရွယ်အလိုက် အိပ်စက်သင့်တဲ့အချိန်အတိုင်းအတာ
♦️ ကလေးတွေ ပြေးလွှားဆော့ကစားခြင်းနဲ့ သူတို့ရဲ့ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်မှု
♦️ ကလေးက တီဗွီ၊ ဖုန်း၊ တက်ပလက်တွေနဲ့ပဲ အချိန်ကုန်နေရင် ...
♦️ ကလေးအသက်အရွယ်အလိုက် Screen Time ကို ဘယ်လိုမျိုးကန့်သတ်ထိန်းချုပ်မလဲ ...
♦️ ကလေးဘဝမှာ ဖြစ်တတ်တဲ့ စိတ်ဖိစီးမှုတွေကို မှန်မှန်ကန်ကန် ဖြေရှင်းတတ်ဖို့နဲ့ ကလေးရဲ့စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု
္ဂဇင်း
၂၀၂၅ စက်တင်ဘာလထုတ်
❝ ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ထိခိုက်စေနိုင်သောအန္တရာယ်များ ❞
ဈေးနှုန်း - ၆၀၀၀ ကျပ်
📘 #ဝယ်ယူရရှိနိုင်ပါသည် 📘
ရန်ကုန် - နေစေးစာပေ၊ ကိုလတ်စာပေ၊ ကျော်သိန်းစာပေ၊ ရွှေမေသူစာပေ၊ အင်းဝစာအုပ်ဆိုင်၊ ရာပြည့်စာအုပ်ဆိုင်
မန္တလေး - ထွန်းဦးစာပေ
မုံရွာ - ချင်းတွင်းအိမ်စာပေ
ပုသိမ် - ပြုံးချိုစာပေ
ဘားအံ - ကိုဆန်းမိုးအောင်
📨 #အိမ်အရောက်ငွေချေဝန်ဆောင်မှု 📨
(မြို့နယ်အလိုက် ပို့ဆောင်ခပေးရပါမည်။)
ပန်းဆက်လမ်းစာပေ - 09 788397540
WE Distribution - 09 250091913
(Page Messenger ကိုလည်း ဆက်သွယ်မှာယူနိုင်ပါသည်။)
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
No. 432, Thein Phyu Road
Yangon
11221