RBF Plus
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from RBF Plus, Non-Governmental Organization (NGO), Yangon.
05/06/2026
[English below]
RBF+ ရုံးအဖွဲ့သည် ပထမအကြိမ်နှင့် ဒုတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုများတွင် ပါဝင်ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ၎င်းတို့၏ တန်ဖိုးကွင်းဆက်တစ်လျှောက်လုံးရှိ တောင်သူများ၊ လုပ်ငန်းရှင် (MSMEs) များထံသို့ -
✔️ လုပ်ငန်းခွင်ကြိုတင်စစ်ဆေးခြင်း (Pre-site Visit)၊
✔️ စက်ပစ္စည်းစစ်ဆေးခြင်း (Equipment Check Visit)၊
✔️ ထောက်ပံ့ငွေမပေးအပ်မီ လုပ်ငန်းခွင်စစ်ဆေးခြင်း (Pre-disbursement Site Visit) နှင့်
✔️ ထောက်ပံ့ငွေပေးအပ်ခြင်းဆိုင်ရာ စာချုပ်ချုပ်ဆိုခြင်း (Grant Agreement Contracting Meeting) များကို (၂၀၂၆) ခုနှစ်၊ မတ်လ (၅) ရက်နေ့မှ (၈) ရက်နေ့အထိ မကွေးမြို့၊ မင်းဘူးမြို့နှင့် ပွင့်ဖြူမြို့များတွင် အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါသည်။
ခရီးစဉ်အတွင်း မကွေးတိုင်းဒေသကြီးရှိ စပါးစိုက်တောင်သူများ၊ ဆန်စက်လုပ်ငန်းများ၊ လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်ရေးလုပ်ငန်း၊ သဘာဝမြေဩဇာ ထုတ်လုပ်ရေးလုပ်ငန်း၊ တိုင်းရင်းဆေး ထုတ်လုပ်ရေးလုပ်ငန်း၊ ပဲကြော်နှင့် အာလူးကြော် ထုတ်လုပ်ရေးလုပ်ငန်းများနှင့် ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရေးလုပ်ငန်းများသို့ သွားရောက်လေ့လာ စစ်ဆေးခဲ့ပြီး လုပ်ငန်းများ၏ လက်ရှိအခြေအနေများ၊ လိုအပ်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
ထို့အပြင် ဒုတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုတွင် အောင်မြင်ခဲ့ကြသည့် မကွေးတိုင်းဒေသကြီးရှိ တောင်သူများနှင့် လုပ်ငန်းရှင်များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းဆိုင်ရာ စာချုပ်များကိုလည်း အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ နည်းပညာမြှင့်တင်ရေးနှင့် လုပ်ငန်းတိုးချဲ့ရေး အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်ခဲ့ပါသည်။
အဆိုပါခရီးစဉ်အတွင်း မှတ်တမ်းတင်ခဲ့သော လုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်မှုအခြေအနေများနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းစာချုပ် ချုပ်ဆိုနေသည့် အမှတ်တရပုံရိပ်များကို မျှဝေပေးလိုက်ပါသည်။
[English]
The RBF+ team successfully conducted Pre-site Visits, Equipment Check Visits, Pre-disbursement Visits, and Grant Agreement Meetings with farmers and MSMEs participating in the first and second Calls for Proposals across the agriculture, livestock, fisheries, and broader agrifood value chain sectors in Magway, Minbu, and Pwintbyu townships from 5 to 8 March 2026.
During the visit, the team met with paddy farmers, rice millers, agricultural machinery manufacturers, organic fertilizer production business, traditional medicine producers, snack food processors producing fried beans and potato chips, and coffee growers and processors across Magway Region. Discussions focused on the current status of their businesses, key challenges, and plans for future growth and expansion.
In addition, Grant Agreements were successfully signed with selected farmers and MSMEs from Magway Region under the second Call for Proposal. These agreements mark an important milestone in supporting technology upgrading and business expansion initiatives, enabling beneficiaries to enhance productivity, improve product quality, and strengthen their competitiveness.
We are pleased to share highlights from the visit, including snapshots of business operations and moments from the Grant Agreement signing event.
Click here to claim your Sponsored Listing.
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |