Lynn Pyae Eain Real Estate

Lynn Pyae Eain Real Estate

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lynn Pyae Eain Real Estate, Estate agent, Yangon.

25/10/2020

အိမ်ဆောက်ဘို့မြေဝယ်မယ်ဆိုရင်
===================
ပုံစံ -၇/ပုံစံ-၁၀၅ ကျပြီးပါပြီ။
မီးတိုင်လည်းစိုက်ပြီးပါပြီ ။
အရှုပ်အရှင်းတာဝန်ယူုပါတယ် ။
အရှုပ်အရှင်းဖြစ်ခဲ့ရင်
်၂ဆပြန်လျော်ပါ့မယ်လို့
စာချုပ်ထဲထည့်ချုပ်ထားပါတယ်။
မက်လုံးတွေပေါ့ဗျာ။
ကုမ္ပဏီ /ငွေရှင်ကြေးရှင်က
လယ်ကွက်တွေကိုဧကနဲ့ဝယ်
ပေသတ်မှတ်ပြီးအကွက်ရိုက်ရောင်း။
ကိုယ့်ပိုက်ဆံဟာကြွေပန်းကန်စေ့
မဟုတ်လေတော့ခံရပြီ
ီဆိုရင်နစ်နာမယ်။
လျှပ်စစ်ဌာနအနေနဲ့ဓာတ်မီးတိုင်
ဆွဲနိုင်တဲ့အကွာအဝေးရှိမယ်ဆိုရင်
ပေးနိုင်တဲ့လျှပ်စစ်ပမာဏကလည်းရှိရင်
မူအရပေးမှာဘဲ။လူနေခွင့်ရှိတဲ့
မြေနေရာမှာဆောက်ထားတဲ့
အိမ်ဟုတ်မဟုတ်စဉ်းစားမှာ
မဟုတ်။သူ့ဌာနနဲ့သူ
သူ့လုပ်ပိုင်ခွင့်နဲ့သူလေ။
အမှုထဲသူ့ဆွဲထည့်လို့မရ။
ဒါကိုသဘောပေါက်ထားရမယ်။
ပြီးတော့ယခင်မူ ကလယ်မြေကို
အိမ်ဆောက်လို့ရတယ်ပြောရောင်းရင်
လိမ်ရောင်းတယ်ဆိုပြီးတရားစွဲလို့
ို့ရနိုင်သလိုပြင်ဆင်ချက်ဥပဒေသစ်အရ
လယ်မြေကိုလက်ရှိပိုင်ရှင်အမည်ပေါက်
ကအိမ်ဆောက်နေရင် လယ်ပိုင်ဖြစ်နေပြီး
လယ်မစိုက်ဘဲအိမ်ဆောက်နေတဲ့အတွက်
လက်ရှိအမည်ပေါက်ပိုင်ရှင်ကိုလည်း
အရေးယူရတော့မှာဖြစ်ကြောင်းဥပဒေသစ်
ထုတ်ထားတော့ငါ့လက်ကလွတ်ပြွတ်။
ပိုင်ရှင်အမည်ပြောင်းပါတခါတည်း
စီစဉ်ပေးပါ့မယ်ဆိုပြီးတက်သုတ်ရိုက်
ဂျင်းထည့်ပါလေရော။ကိုယ့်အမည်ပြောင်းပါ
စီစဉ်ပေးပြီးသားဆိုပြီးကျေးဇူးရှင်မထင်နဲ့။
(နောက်လူရှင်း)မူအရပိုင်ရှင်သစ်မဖြစ်ဖြစ်အာင်
ထိုးထည့်တာဘဲ။

ပုံစံ-၁၀၅ ဆိုတာကမြေပုံဘဲ
မြေအသုံးပြုနေသူနေရာပြမြေပုံ
ဥယျှာဉ်ခြံမြေကိုအစိုးရဆီကငှါးရမ်း
အခွန်ဆောင်စိုက်ပျိုးစားသူ
အတွက်လည်းပုံစံ-၁၀၅
ထုတ်လို့ရတာဘဲ။ဘိုးဘွားပိုင်မြေ
သမားလည်းပုံစံ-၁၀၅ထုတ်လို့ရတာဘဲ။
ဂရံမြေသမားလည်းပုံစံ-၁၀၅ထုတ်လို့ရတာဘဲ။
တပ်သိမ်းမြေလည်းပုံစံ-၁၀၅ထုတ်လို့ရတာဘဲ။
ခေတ်စကားနဲ့ပြောရရင်locationပေါ့ဗျာ။

ပုံစံ-၇ ကတော့သီးခြားရှင်းမနေ
တော့ပါဘူး။လယ်ယာမြေ
(ဥယျာဉ်ခြံမြေအပါအဝင်)
ဆိုင်ရာဆိုင်ရာပုံစံတစ်ခုဆိုပါတော့။
လယ်မြေအတွက်လည်းပုံစံ-၇
ဥယျာဉ်ခြံမြေအတွက်လည်း
ပုံစံ-၇ပါဘဲ
လူနေဘို့မဟုတ်။စိုက်ပျိုးမြေအတွက်ပါ။
တချို့များကျဥယျာဉ်ခြံမြေကို
တန်ဘိုးနည်းဘိလပ်မြေအုတ်တွေနဲ့
ခြံဝင်းခတ်အကွက်ရိုက်ပြီးအိမ်ဆောက်
နေလို့ရသယောင်ဂွင်ကရိုက်သေးသဗျ။
ရွာနဲ့ဆက်စပ်နေတဲ့ဥယျာဉ်ခြံမြေဆိုရင်တော့
အခြားနည်းသုံးခွင့်လျှောက်။တိုးချဲ့ရွာမြေ
အဖြစ်ပြောင်းပြီးမှအိမ်ဆောက်နေခွင့်ရသဗျ။
လယ်မြေပုံစံများကိုဗဟုသုတအဖြစ်
ဖော်ပြပေးလိုက်ပါတယ်။

( လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံများ )

ပုံစံ(၁) လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်လွှာ။
ပုံစံ(၂) လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်ထားခြင်းကို ကန့်ကွက်လိုသူတို့က ကန့်ကွက်နိုင်ရန်
ထုတ်ဆင့်သည့် ကြော်ငြာစာ။
ပုံစံ (၂-က) လယ်ယာမြေ လုပ်ပိုင်ခွင့် အမည်ပြောင်းလဲပေးရန် လျှောက်ထားခြင်းကို ကန့်ကွက်လိုသူတို့က ကန့်ကွက်နိုင်ရန် ထုတ်ဆင့်သည့် ကြော်ငြာစာ။
ပုံစံ(၃) လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်လွှာ
မှတ်ပုံတင်စာရင်း။
ပုံစံ(၄) လယ်ယာမြေ လုပ်ပိုင်ခွင့် စစ်ဆေးချက်။
ပုံစံ(၅) လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူများ
မှတ်ပုံတင်စာရင်း။
ပုံစံ(၆) လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိရန်
်လျှောက်ထားချက်ကို ငြင်းပယ်ခံရသူများ
မှတ်ပုံတင်စာရင်း။

ပုံစံ(၇) လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်။

ပုံစံ(၈) လယ်ယာမြေ လုပ်ပိုင်ခွင့်ရလိုကြောင်းလျှောက်လွှာကို ငြင်းပယ်သော အကြောင်းကြားစာ။

ပုံစံ(၉) လယ်ယာမြေ လုပ်ကိုင်ခွင့် ရရှိသူအမည်ပြောင်းလဲပေးရန် လျှောက်လွှာ ။

ပုံစံ(၁၀) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို လယ်ယာမြေအဖြစ် ပြောင်းလဲပေးရန်လျှောက်လွှာ ။

ပုံစံ(၁၁) ရပ်ကွက်/ကျေးရွာအုပ်စုအလိုက်
လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံစာရင်း ။

ပုံစံ(၁၂) နစ်နာကြေးနှင့် လျော်ကြေး
ပေးဆောင်ရန် တွက်ချက်မှု။
ပုံစံ(၁၃) အခြားသီးနှံပြောင်းလဲ စိုက်ပျိုးခြင်း
အတွက် ခွင့်ပြုမိန့်။

ပုံစံ(၁၄) လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်
့်လျှောက်လွှာ(နယ်မှာရချင်ရမယ်။ရန်ကုန်တိုင်း
မှာလုံးဝခွင့်မပြု)(ရန်ကုန်တိုင်းမှာအခြားနည်း
သုံးခွင့်ကရွာထဲရောက်နေတဲ့။ရွာနဲ့ဆက်စပ်နေတဲ့
ဥယျာဉ်ခြံမြေတွေကိုအိမ်ဆောက်နေဘို့
တိုးချဲ့ရွာမြေလျှောက်ရင်ခွင့်ပြုတယ်။
လယ်မြေကတော့ဆောရီး)

ပုံစံ(၁၅) လယ်ယာမြေမှတစ်ပါး အခြားနည်းဖြင့်
အသုံးပြုရန် ခွင့်ပြုမိန့် ။(ဥယျာဉ်ခြံမြေတွေကို
တိုးချဲ့ရွာမြေလျှောက်ပြီးအိမ်ဆောက်နေမယ်
ဆိုဒီပုံစံနဲ့ခွင့်ပြုတယ်။ဒါကလည်းရွာနဲ့ဆက်စပ်
်နေမှနော်။သီးခြားကြီးဖြစ်နေရင်
်တိုးချဲ့ရွာမြေလျှောက်မရဘူး)

ပုံစံ(၁၆) လယ်ယာမြေအား အခြားနည်းဖြင့်
အသုံးချရန်ခွင့်ပြုပြီး ကိစ္စရပ်အပေါ် စိစစ်
တွေ့ရှိချက်အခြေအနေ။
ပုံစံ(၁၇) ရပ်ကွက်/ကျေးရွာအုပ်စုအလိုက်
မြေနုကျွန်းမြေ လုပ်ပိုင်ခွင့် မှတ်ပုံတင်စာရင်း။

လယ်သမားအချင်းချင်းလယ်ရောင်းတော့
လယ်ဝယ်သူကပုံစံ-၉နဲ့ပိုင်ရှင်အမည်ပြောင်း
တဲ့လုပ်ရိုးလုပ်စဉ်အရ လုပ်တာကို.ရောကြိတ်ပြီး
အမည်ပြောင်းပါတခါတည်းလျှောက်လို့
ရပါတယ်ဆိုပြီးဖိန့်သေးသဗျ။

ဥပဒေပညာရှင်အကြံပြုတဲ့အိမ်ဆောက်ဘို့
ဝယ်သင့်တဲ့မြေကတော့ -

ဘိုးဘွားပိုင်မြေ
ဂရံမြေ
ပါမစ်မြေ(လူနေထိုင်ရန်အစိုးရမှ
ချပေးသောမြေကွက်)
ရွာမြေ
ရွာ / ရပ်ကွက်အတွင်းရှိ ဥယျာဉ်ခြံမြေ
တို့ဘဲဖြစ်ပါတယ်။
စာလည်းရှည်ပြီမို့....။
Crd #

25/06/2020

🏠Golden City Luxury Condominium for Sale 🏬

📉Location - Yankin (Golden City condo)

📏 Living area - 1,291 sq-ft,

🏢31st floor

🙏Shwedagon pagoda/Inya Lake/Yangon river View/City View

🛌1 Master bedrooms,🛏️2 Common,🛀3 bathrooms,🖼️Living room , Dining room,👩‍🍳Kitchen and👩 1 maid room

💯Fully furnished,Parquet and tile floor,Central type air cons,🖥️Video mornitor call

🏊‍♀️Swimming pool and 🏋️‍♀️Gym,🏧ATM,🥃🍺ABar🛎️CCTV Security System,👮24 hours security,🌴Garden, 🤸‍♂️play ground, 🛤️Elevator, ⚡Back up generator,🚘Safety car parking

💰5000 Lakhs(Nego)

Pls call for View -☎️09400740006
-☎️09887889007

Estate

Photos from Lynn Pyae Eain Real Estate's post 15/06/2020

မင်္ဂလာပါရှင့်
Lynn PyaeEain Real Estate မှ
လူကြီးမင်းတို့ (ရောင်း/ဝယ်/ငှား/ပေါင်နှံ)လိုသော
👉အိမ်၊ခြံ၊မြေ၊ကွန်ဒို၊တိုက်ခန်း များနှင့်ပတ်သတ်၍
📝ပိုင်ဆိုင်မှု စာရွက်စာတမ်းအ‌ေထာက်အထားများခိုင်မာမှုရှိစေရန်ယုံကြည်စိတ်ချစွာအပ်နှံနိုင်ပါသည်။

✅မြေပုံမြေရာဇဝင်ကူးယူခြင်း
✅ဂရန်အမည်ပြောင်း/ပျောက်/ခွဲ/ဂရန်သစ်လျှောက်ထားခြင်း
✅မြေချပါမစ်-ဂရန်စစ်ဆေးခြင်း
✅ဂရန်သက်တမ်းတိုးခြင်း
✅စက်မှုဇုန်ဂရန်
✅အဆောက်အအုံဆောက်လုပ်ခြင်း/ပြင်ဆင်ခြင်း/BCC တင်ခြင်း
🤝လုပ်ငန်းလိုင်စင်‌လျှောက်ထားခြင်း
📝စာချုပ်အမျိုးမျိုးချုပ်ဆိုပေးခြင်း စတဲ့ လုပ်ငန်းများကိုလည်း
👨‍⚖️လူကြီးမင်းတို့စိတ်တိုင်းကျဆောင်ရွက်ပေးနေပီဖြစ်‌‌တာကြောင့်
🤝ခုပဲယုံကြည်စိတ်ချစွာအပ်နှံနိုင်ပါပီနော်🤝

လုပ်ငန်းအပ်နှံလို‌ေသာ လူကြီးမင်းများအနေဖြင့်
📱ဖုန်းဆက်၍သော်လည်းကောင်း
💬Chat box မှသော်လည်းကောင်း
💤Viber မှသော်လည်းကောင်း
📗Line မှသော်လည်းကောင်း
📧Gmail ဖြင့်သော်လည်းကောင်း တိုက်ရိုက်ဆက်သွယ် ယုံကြည်စိတ်ချစွာအပ်နှံနိုင်ပါသည်ရှင့်

☎️Tel-09400740006(whats App,Viber,SMS,Line)
-09887889007
[email protected]

pyae eain real estate pyae eain property

26/03/2020

#ဒေါက်တာသူရိန်လှိုင်ဝင်း

အကြောက်လွန်နေမယ့်အစား ဒီစာကို သေချာဖတ်ကြည့်ပါ။

COVID-19 တွေ့အပြီးမှာ လူတွေကြား ကြောက်ရွံ့တာ ပိုများလာတယ်။ လူတွေရဲ့ အကြောက်တရားကို သေချာထိန်းသိမ်းပေးနိုင်ဖို့အတွက်ဆိုရင် ရောဂါအကြောင်းနဲ့ ဆက်စပ်ဖြစ်ပေါ်မှုတွေကို သေချာသိခြင်းက အများကြီး အကူအညီဖြစ်ပါတယ်။

ဒီရောဂါစဖြစ်တဲ့အချိန်ကနေစပြီး အခုအချိန်အထိ တောက်လျှောက် ဒီအကြောင်းလေ့လာခဲ့တဲ့အတွက် ရောဂါအကြောင်း သိသင့်သလောက် သိပါတယ်။ စာများရင် မဖတ်မှာစိုးလို့ အဓိက အချက်တွေကိုပဲ သိနိုင်အောင် ကျွန်တော် အကျဉ်းချုပ်ပေးပါ့မယ်။

ဒီအောက်က အချက်တွေက COVID-19 ဟာ အကြောက်လွန်နေတာတွေကို တည်ငြိမ်စေပါလိမ့်မယ်။

၁။ စဖြစ်တဲ့ တရုတ်မှာ အခြေအနေတွေပြန်တည်ငြိမ်လာပြီ။

COVID-19 ရဲ့ မြစ်ဖျားခံရာဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ပါ။ စဖြစ်တုန်းက တရုတ်တစ်နိုင်ငံလုံး ထိန်းမနိုင်သိမ်းမရတဲ့ ပုံစံမျိုးဖြစ်ခဲ့ပြီး ကောလာဟလတွေလည်းမျိုးစုံထွက်ခဲ့ပါတယ်။ ဒါပေမယ့် သုံးလကျော်အကြာမှာ တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ပျံ့နှံ့မှုက ထိန်းချုပ်နိုင်တဲ့အဆင့်ကို ရောက်ရှိလာပါပြီ။ အခုဆိုရင် တရုတ်နိုင်ငံမှာ နေ့စဉ်ထပ်တိုးလူနာအနေနဲ့ ဆယ်ဂဏန်းဝန်းကျင်ပဲ ရှိတော့သလို သေဆုံးမှုကလည်း ဆယ်ဂဏန်းပဲရှိပါတော့တယ်။ ကူးစက်ခံရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ပြန်လည်ကောင်းမွန်သွားပါပြီ။ ဒီလကုန်မှာ မြို့ကို lockdown လုပ်ထားတာ ဖြေလျှော့ပြီး စီးပွားရေးတွေပြန်စတင်နိုင်ပါလိမ့်မယ်။

၂။ ကူးစက်ခံရသူ အများစုပြန်ကောင်းတယ်။

ကိုဗစ် ကူးစက်ခံရသူတွေရဲ့ အများစုဟာ ပြန်လည်ကောင်းမွန်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင် ကူးစက်ခံရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ပြန်ကောင်းပါတယ်။ သေဆုံးမှုနှုန်းနဲ့ကြည့်မယ်ဆိုရင် ရောဂါဖြစ်ပွားသူတွေရဲ့ ၄ ရာခိုင်နှုန်းသာ သေဆုံးပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့လည်း သေဆုံးမှုနှုန်းဟာ ဒီလောက်ပါပဲ။

၃။ ကိုဗစ်ကနေ ရှင်သန်ဖို့အတွက် ၉၉ ရာခိုင်နှုန်းကျော် အခွင့်အရေးရှိတယ်

တကယ်လို့ သင်က ကျန်းမာသန်စွမ်းတဲ့ အသက် ၂၀ ကနေ ၅၀ ကြားလူတစ်ယောက်ဆိုရင် ကိုဗစ်ကူးစက်ခံရပြီးလည်း အသက်ရှင်သန်နိုင်ဖို့အခွင့်အရေးက ၉၉.၃ ရာခိုင်နှုန်းရှိပါတယ်။ သဘောကတော့ အသက်ငယ် ကျန်းမာတဲ့သူတွေမှာ သေဆုံးဖို့ဆိုတာ အင်မတန်ပမာဏနည်းပါးပါတယ်။ အဲဒီအသက်အရွယ်အပိုင်းအခြားဟာ အများစုသော လူဦးရေလည်းဖြစ်ပါတယ်။ ကိုဗစ်ဟာ အသက် ၈၀ နဲ့အထက်တွေမှာ သေဆုံးမှုနှုန်းအမြင့်ဆုံးဖြစ်ပြီး အဲဒီအသက်အပိုင်းအခြားမှာတောင် လူတစ်ရာမှာ ၁၈ ယောက်နှုန်း သေဆုံးမှုသာရှိပါတယ်။ တစ်ခါ အသက် ရှစ်ဆယ်အထက် သေဆုံးမှုတွေမှာလည်း ၇၀ ရာခိုင်နှုန်းနီးပါးက နဂို ရောဂါအကြောင်းအရင်းအခံတစ်မျိုးမျိုးရှိနေပါတယ်။ ဥပမာ ကင်ဆာလိုမျိုးရောဂါမျိုးပါ။ ဆိုတော့ ကိုယ်က ကျန်းမာသန်စွမ်းပြီး အသက် ၅၀ အောက်ဆိုရင် ကိုဗစ်ကနေသေဖို့ဆိုတာ မဲပေါက်တာထက်တောင်ခက်ပါသေးတယ်။ ဒီစကားကို သေချာမှတ်မိစေချင်ပါတယ်။ ကိုဗစ်ဟာ ကူးစက်ခံရပြီးလည်း အများစု ပြန်ကောင်းပါတယ်။ ကိုဗစ်ကူးစက်ခံရမှုကနေ အသက်ရှင်ဖို့အတွက် ၉၉ ရာခိုင်နှုန်းအထက်မှာရှိပါတယ်။

၄။ တကယ့်အစစ်အမှန် သေဆုံးမှုနှုန်းက ဒီထက်လျော့နိုင်တယ်

လက်ရှိသေဆုံးမှုနှုန်းက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ၄ ရာခိုင်နှုန်းပါ။ ဒါကလည်း အသက် ၈၀ ကျော်အထက် သေဆုံးမှုတွေက အများစုပါဝင်နေတာပါ။ ကိုဗစ်ကူးစက်ခံရသူအများစုဟာ ပြင်းထန်တဲ့ ရောဂါလက္ခဏာမပြပါဘူး။ သူ့အလိုလိုလည်း ပြန်ကောင်းသွားတတ်ပါတယ်။ ဒီတော့ ရောဂါကူးစက်ခံရမှန်းမသိဘဲ အိမ်မှာနေရင်း ပြန်ကောင်းသွားတဲ့သူတွေလည်း အများကြီးရှိနိုင်ပါတယ်။ ဒီတော့ ကူးစက်ခံရသူအရေအတွက်နဲ့ သေဆုံးမှုအချိုးအစား ပြန်တွက်ရင် သေဆုံးမှုနှုန်းက ဒီထက်အများကြီး လျော့နည်းနိုင်ပါတယ်။

၅။ ကာကွယ်ရေးနည်းလမ်းတွေက အလုပ်ဖြစ်တယ်

လက်ရှိမှာ အီတလီနိုင်ငံကလွဲလို့ ကျန်နိုင်ငံတွေမှာ ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် လုပ်ဆောင်နေတာတွေက အလုပ်ဖြစ်ပါတယ်။ အထူးသဖြင့် လက်ဆေးတာ၊ မျက်နှာကို မထိမကိုင်တာနဲ့ လူများစု စုဝေးတာတွေကို ရပ်တန့်တဲ့နည်းလမ်းတွေက ကာကွယ်ရေးအတွက် အလုပ်ဖြစ်ပါတယ်။ ထိန်းသိမ်းနိုင်တဲ့အခြေအနေမှာရှိပါတယ်။

၆။ အကြောက်လွန်ခြင်းက အခြေအနေတွေကို ပိုဆိုးသွားစေနိုင်တယ်

ကိုဗစ်ရဲ့ သက်ရောက်မှုဟာ ဗိုင်းရစ်ကိုယ်တိုင်ရဲ့ တိုက်ခိုက်မှုနဲ့ ကူးစက် သေဆုံးမှုတွေကြောင့်မဟုတ်ဘဲ လူမှုရေး စီးပွားရေး ရိုက်ခတ်မှုတွေ (socio-economic impacts) ကြောင့် အဓိကဖြစ်ပါလိမ့်မယ်။ အခုပဲ တစ်ကမ္ဘာလုံး စီးပွားရေးကျဆင်းမှုတွေ စတင်ကြုံတွေ့နေရသလို မြန်မာနိုင်ငံမှာလည်း စီးပွားရေးလုပ်ငန်းတချို့ ပိတ်ရတာတွေ စတင်ဖြစ်ပေါ်နေပါပြီ။ ဒီလိုအချိန်မှာ အရှိတရားတွေထက် အကြောက်လွန်နေခြင်းက ပိုဆိုးတဲ့ နောက်ဆက်တွဲ လူမှုစီးပွားရေး ရိုက်ခတ်တာတွေဖြစ်ပါလိမ့်မယ်။ လေ့လာချက်တွေအရဆိုရင်တော့ ကိုဗစ်ကြောင့် သေဆုံးမှုတွေထက် စီးပွားပျက်ကြတာ ပိုဖြစ်နိုင်ကြလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီအချိန်မှာ အကြောက်မလွန်ခြင်းက ထိခိုက်ခံစားရမှုတွေကို ထိန်းသိမ်းနိုင်ပါလိမ့်မယ်။ မြန်မာနိုင်ငံလို ဆင်းရဲတဲ့နိုင်ငံအတွက် အကြောက်လွန်တာက ပိုပြီးပြင်းထန်တဲ့ ရိုက်ခတ်မှုတွေခံရနိုင်ပါတယ်။ ဥပမာ ပစ္စည်းတွေကို အလွန်အမင်းဝယ်ယူခြင်းလုပ်တာက စျေးတက်လာစေနိုင်တယ်။ ငွေကြေးချို့တဲ့သူတွေအနေနဲ့ ဝယ်ယူဖို့ အခက်အခဲဖြစ်လာရင် နောက်ဆက်တွဲ ရာဇဝတ်မှုတွေဖြစ်လာနိုင်ပါတယ်။
အကြောက်လွန်ခြင်းက ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်တွေကိုလည်း အားလျော့သွားစေနိုင်တယ်။ ဥပမာ စျေးဝယ်စင်တာတွေမှာ လူအုပ်ကြားတိုးဝှေ့စျေးဝယ်ခြင်းက ရောဂါပျံ့ပွားကူးစက်ဖို့ ပိုအခွင့်အရေးများတယ်။

၇။ ကုသဆေးတွေ နီးစပ်နေပြီ

လက်ရှိမှာ ကိုဗစ်အတွက် စမ်းသပ်နေတဲ့ဆေးဝါးတွေရှိပါတယ်။ ဗိုင်းရပ်စ်သတ်ဆေးအမျိုးအစားတွေဖြစ်တဲ့ Avigan အရင်က ငှက်ဖျားမှာအသုံးပြုတဲ့ Chloroquine ၊ အီဘိုလာမှာအသုံးပြုဖူးတဲ့ remdesivir တို့ကို လက်ရှိ ကိုဗစ်ကို ကုသဖို့အတွက် စမ်းသပ်နေပါတယ်။ အဲဒီထဲက Chloroquine နဲ့ Azithromycin တွဲဖက်ကုထုံးဟာ ဗိုင်းရပ်စ်တွေကို သိသိသာသာနည်းသွားစေပြီး ရောဂါလက္ခဏာတွေကိုလည်း မြန်မြန်ဆန်ဆန်ပျောက်ကင်းစေနိုင်တယ်လို့ တွေ့ရှိထားရပါတယ်။ ဒါပေမယ့် ဘယ်လောက်အချိုးအစား ပမာဏက အကောင်းဆုံးလဲ ဘာတွေဘေးထွက်ဆိုးကျိုးရှိနိုင်မလဲဆိုတာကို ရှာဖွေစမ်းသပ်နေဆဲဖြစ်လို့ ကိုယ့်သဘောနဲ့ကိုယ်သောက်သုံးခြင်းက ကောင်းကျိုးထက် ဆိုးကျိုးပဲ ပိုများစေပါလိမ့်မယ်။

ဒီအချိန်မှာ အကြောက်မလွန်ဘဲ စိတ်အေးအေးနဲ့ ကြံ့ကြံ့ခံနိုင်ဖို့က အရေးကြီးပါတယ်။ ဘယ်နိုင်ငံမှာမှ COVID-19 ကူးစက်လို့ အိမ်ထဲကအိမ်ပြင်မထွက်ရလို့ ငတ်သေတယ်ဆိုတာ မကြားဖူးသေးပါဘူး။ အဲဒါကို စိုးရိမ်စရာလည်းမလိုပါဘူး။ အခုချိန်မှာ အဓိကထား လုပ်ရမှာ

၁။ အိမ်မှာပဲနေပါ။ မဖြစ်မနေအပြင်မထွက်ရဘူးဆိုရင် ကိုယ့်အိမ်မှာပဲ ကိုယ်နေပါ။
၂။ အပြင်ထွက်ရမယ်ဆိုရင် လက်ဆေးပါ။ တစ်ခုခုကိုင်ပြီးတိုင်းဆေးပါ။ သတိရတိုင်းဆေးပါ။
၃။ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ကို မထိပါနဲ့။
၄။ အကြောက်လွန် စွတ်ဝယ်တာတွေမလုပ်ပါနဲ့။ ကိုယ့်အတွက်ရော တခြားလူတွေအတွက်ရော ကြည့်ပေးပါ။
၅။ ကိုယ်သိထားတဲ့သတင်းမှန်တွေကို လူတွေသိအောင် ဖြန့်ဝေပေးပါ။ ကောလာဟလတွေ ဘယ်ကမှန်းမသိရတဲ့သတင်းတွေကို ဖြန့်ဝေတာမျိုး လုံးဝမလုပ်ပါနဲ့။

ဒီဘေးအန္တရာယ်ကို ကြောက်နေတာနဲ့ မကျော်နိုင်ဘူး။ စနစ်တကျ ကာကွယ်ခြင်းနဲ့ ကျော်လွှားနိုင်တယ်။ ကျွန်တော်တို့လုပ်နိုင်ပါတယ်။ ညီညီညွတ်ညွတ် ဆန့်ကျင်နိုင်ပါတယ်။
Crd...

24/03/2020

COVID-19 virus ကြောက်တဲ့အရာ ၇ မျိုး

၁၊ ခရမ်းလွန်ရောင်ခြည် UV ကိုကြောက်ရွံ့တယ်၊

၂၊ အပူချိန် ၅၆ ဒီဂရီစင်တီဂရိတ် / အပူချိန်မြင့်
တာကိုကြောက်ရွံ့တယ်၊

၃။ လေဝင်လေထွက် ရှိတဲ့‌နေရာ ကိုကြောက်တယ်၊

၄၊ ကလိုရင်းပိုးသတ်ဆေးကို ကြောက်ရွံ့တယ်၊

၅၊ အရက်၊ အယ်လကိုဟောလ် ၇၅% ကိုကြောက်
ရွံ့တယ်၊

၆၊ လက်များကို မကြာခဏ ဆေး‌ကြောခြင်းကိုကြောက်တယ်၊

၇။ ခံနိုင်ရည်ရှိခြင်း၊ ကိုယ်ခံအား ကောင်းခြင်းကိုကြောက်ရွံ့တယ်၊ ကိုယ်ခံအား ကောင်းခြင်းဟာ
အကောင်းဆုံး ကြိုတင်ကာကွယ် ခြင်းပဲဖြစ်တယ်၊
virus ဗိုင်းရပ်စ်ပိုးမှ ကြိုတင် ခုခံ၊ ကာကွယ်ရန် လွယ်ကူတဲ့ နည်း ၈ ခု ရှိပါတယ်၊

၁၊ ဒီတစ်နှစ်အချိန် အတောအတွင်းမှာ အိပ်ရေးဝအောင် အိပ်ပါ၊
၂၊ နံနက်စာ ပုံမှန်စားပါ၊ ဒိန်ချဉ်စား‌ပေးပါ၊
၃၊ ကြက်သွန်ဖြူ များများစား‌‌ပေးပါ၊
၄၊ ပျားရည်နဲ့ ဂျင်းရေ၊ သံပုရာရည်ကိုသောက်ပါ၊
၅၊ နေ့လည် လက်ဖက်ရည် သောက်ပေးပါ၊
၆၊ လေ့ကျင့်ခန်းမှန်မှန်၊ အနည်းဆုံးတစ်ပတ်
တစ်ခါလုပ်ပေးပါ၊
၇၊ နေရောင်ခြည်ကို မကြာခဏ ထိတွေ့ပေးပါ၊
၈၊ တက်ကြွ၊ ရွှင်လန်းတဲ့စိတ်ကို ပိုင်ဆိုင်နိုင်ပါ‌စေ၊
အကောင်းမြင်တတ်ပါစေ၊

COVID-19 ဗိုင်းရပ်စ်ပိုးဟာ ၀ - ၂၄ ရက် အတွင်းပေါက်ဖွားရန် အရှိန်ယူလာပြီး၊ ရောဂါကူးစက်ပြီး တဲ့နောက်မှာရောဂါ၊ လက္ခဏာတွေကို မပြပေမယ့် အဆုတ်ဆဲလ်တွေက ပူပြင်းတဲ့ဒဏ်ကို မခံနိုင်တော့လို့ ကိုယ်ပူ၊ အပြင်းဖျား၊ ချောင်းဆိုးစ ပြုလာပါမယ်၊
ဆေးရုံမှာ လာစစ်ဆေးတဲ့အချိန်မှာ အဆုတ်
ရဲ့တစ်ဝက်‌ကျော်လောက် မှာ ရောဂါတွေ ကူးစက်
ပျံ့ပွားလို့နေခဲ့ပါပြီ၊ ကုသရန် အချိန်အလွန် နောက်ကျသွားပြီ၊ ကျွမ်းကျင်သူများက သင့်ရဲ့အဆုတ်ကို မထိခိုက်စေရန် တတ်နိုင်သမျှ နက်ရှိုင်းစွာ အသက်ရှူရန်၊ အသက်ပြင်းပြင်းရှူရန် အကြံပြုထားပါတယ်၊ တစ်ကယ်လို့ သင်က ချောင်းဆိုးခြင်း / ရင်ဘတ်မှာ နေထိုင်ရတာ အဆင်မပြေခြင်း / အသက်ရှူကြပ်ခြင်း လက္ခဏာများ မပြပါဘဲ၊ နေ့စဉ်ပုံမှန် နေရင်းထိုင်ရင်းနဲ့လည်း အဆုတ်မှာ ရောဂါကူးစက်၊ နိုင်သေးကြောင်းဖော်ပြထားပါတယ်၊ နံနက်‌စော‌စောတိုင်း ကြည်လင်တဲ့ ရာသီဥတု၊
နေရောင်ခြည်အောက်မှာ ကိုယ့်ကိုယ်ကိုစစ်ဆေးကြည့်ပါ၊ အသက်ရှူ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ၊

Source : Observation and surveillance of
Covid-19 from Songkhla Nakarin Hospital.
ဝင်းတား
credit
မှတ်ချက်..မည်သူမဆို လွတ်လပ်စွာ Copy ယူတင်ပေးကြပါနော်။

23/03/2020

ကိုရိုနာဗိုင်းရပ် ကူးစက်ခံရရင် ရက်စွဲအလိုက် ဒီလိုတွေခံစားရလိမ့်မယ်

👉( 1 - 3 ) ရက်
ရိုးရိုးတုပ်ကွေး အဖျားနဲ့တူတယ်။
အဖျားငွေ့ငွေ့လေးရှိမယ် ။ ခေါင်းနည်းနည်းကိုက်မယ်။ လည်ချောင်းနာမယ်။ အစားအသောက်မပျက်ဘူး ။ စားနိုင်သောက်နိုင်တယ် ။

👉( 4 ) ရက်‌မြောက်နေ့
အဖျားငွေ့ငွေ့လေးပဲ ရှိနေဦးမယ်။
လည်ချောင်းနည်းနည်းပိုနာလာမယ် ။ အစားအသောက်ပျက်လာမယ် ။ ခေါင်းတွေကိုက်လာမယ် ။ ဝမ်းလျှောတာတွေ ဖြစ်လာတတ်ပါတယ် ။

👉 ( 5 ) ရက်မြောက်နေ့
လည်ပင်းတွေ အရမ်းနာလာမယ် ။
အစားအသောက်စားရင်တောင် လည်ပင်းနာလာမယ် ။ ရေသောက်ရင်တောင် လည်ပင်း နာလာမယ် ။ စကားပြောရင်လည်း လည်ပင်းတွေ နာလာမယ် ။ ခြေထောက်တွေပိုပြီး ကိုက်ခဲလာတယ် ။ လူက ညောင်းပြီးတော့ အားနည်းလာမယ် ။

👉 ( 6 ) ရက်မြောက်နေ့
အဖျားက ငွေ့ငွေ့လေးပဲရှိနေဦးမယ် ။
လည်ချောင်းတွေ အရမ်းနာလာပြီး ချောင်း‌ခြောက်တွေ ဆိုးလာမယ် ။ အသက်ရှူရတာခက်ခဲပြီး မောလာမယ် ။ ခြေလက်တွေ ပိုပြီး ကိုက်ခဲလာမယ် ။

👉 ( 7 ) ရက်မြောက်နေ့
အဖျားက 100 ကျော်လာမယ် ။
ချောင်းတွေ အရမ်းဆိုးလာမယ် ။ သလိပ်တွေ ထွက်လာမယ် ။

👉 ( 8 ) ရက်မြောက်နေ့
လူက လုံးဝ အားမရှိတော့သလိုဖြစ်ပြီးတော့ အရမ်းနုံးလာမယ် ။ အရမ်းမောလာမယ် ။ ရင်ဘတ်တွေ အရမ်းအောင့်လာမယ် ။ ခံစားရတဲ့ဝေဒနာတွေ ပိုဆိုးလာမယ် ။ ခြေဆစ်လက်ဆစ်တွေ အရမ်းကိုက်ပြီး လည်ပင်းကလည်း အရမ်းနာလာမယ်

🚑🚑🚑

အရေးပေါ် အခြေအနေမှာတော့
ရင်ဘတ်တွေ အရမ်းအောင့်ပြီး မောလာမယ် ။
မျက်နာတွေပြာလာမယ် ။ မျက်လုံးတွေပြာလာမယ် ။
ဒါဆိုရင်တော့ ဆေးရုံအရေးပေါ် သွားဖို့ လိုပါပြီ ။

#အတိုချုပ်ပြောရရင်

လူတစ်ယောက်ဟာ
ဖျားမယ် / ချောင်းဆိုးမယ် / မောလာမယ် ဆိုရင်တော့
မဖြစ်မနေ ဆရာဝန်ပြဖို့ လိုပါတယ်

👉80%က သူ့ကိုယ်ခံအားစနစ်နဲ့ ခုခံပျောက်ကင်းပြီးတော့
👉20%က ရောဂါ ပြင်းထန်တတ်ကြပါတယ်

Credit
#ဒေါက်တာဇင်မင်းထွန်း

ကိုးကား _
စင်္ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00