Ko Sizz- Forex Advisor

Ko Sizz-  Forex Advisor

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ko Sizz- Forex Advisor, Business consultant, Yangon.

17/06/2023

အလုပ်တွေလုပ်ပြီး ကိုယ်တိုင်
ပိုက်ဆံ ရှာတတ်လာတဲ့အခါ . . .

ငွေရဲ့တန်ဖိုးကို နားလည်လာတယ်

မကုန်သင့်တဲ့နေရာမှာ မကုန်ဖို့
စုဆောင်းတတ်လာတယ်. . .

အသုံးနဲ့အဖြုန်းကို ခွဲခြားတတ်ဖို့
ကိုယ့်ချွေးနဲစာနဲ့ ရှာဖွေထားတဲ့ ငွေကို
တန်ဖိုးထားတတ်ရတယ်. . .

အလုပ်လုပ်ရဖို့ တွေးကြောက်ပြီးနေတာထက်

အပင်ပန်းခံပြီး ပိုက်ဆံရှာရတာကို
ပိုပြီးနှစ်သက်လာတယ်. . .

ကြိုတင်စုဆောင်းတတ်ဖို့အတွက်
ငယ်ရွယ်ချိန်ရဲ့ တန်ဖိုးကို သိဖို့
အရင်ကြိုးစားရတယ်. . .

အိုမင်းချိန်မှာ မပူပင်ရဖို့
ငယ်ရွယ်တဲ့အချိန်မှာ စုဆောင်းထားရမှာပေါ့. . .

အချိန်ကို တန်ဖိုးထားတတ်ဖို့ သင်ယူပါမှ
အနားယူတာနဲ့ ပျင်းရိတာကို ခွဲခြားတတ်လာတယ် . . .

ကိုယ့်အတွက်အကျိုးရှိဖို့ရယ်
သူတစ်ပါးအတွက် အကျိုးရှိဖို့အတွက်ကိုပဲ
အချိန်တွေကုန်ဆုံးတယ်. . .

ငွေရဲ့တန်ဖိုး အချိန်ရဲ့တန်ဖိုး
ငယ်ရွယ်ခြင်းရဲ့တန်ဖိုးကို နားလည်မှ
ဘဝဟာ ပိုပြီးတန်ဖိုးရှိမှာ . . .။

16/06/2023

Forex Trading မှာ စတော့ရှယ်ယာ
အရောင်းအဝယ် ပြုလုပ်တာကို Trade တယ်လို့
သုံးနူန်းခေါ်ဝေါ်ကြပါတယ်။
အရောင်းအဝယ်ပြုလုပ်သူကိုတော့ Trader လို့ခေါ်ဝေါ်ကြပါတယ်။
ဲTraders တွေရဲ့ trade တဲ့ ပုံစံများကို မူတည်ပြီး 4 မျိုးခွဲခြားထားပါတယ်။👨‍🏫🕵👨‍💼👨‍🔬

*1* Scalpers👨‍🏫

Scalpers တွေက စျေးကွက်မှာ အနည်းငယ်လေး
လူပ်ရှားသွားရင်တောင် အမြတ်ကိုရအောင် ယူတဲ့ trading style မျိုးဖြစ်ပါတယ်
ငွေပမာဏ များများနဲ့ မြန်မြန်ဝယ် မြန်မြန်ရောင်း တဲ့ style လို့ မှတ်ထားလို့ရပါတယ်။
Scalpers trade မယ် ဆိုရင် decision makingက အရေးကြီးတာကြောင့် beginners တွေ အတွက် မသင့်တော်ပါဘူး။

ကောင်းကျိုး - trade ဖို့ သင့်တော်တဲ့ အခွင့်အရေးအများကြီးရှိခြင်း ၊ market ကို ရေရှည်စောင့်ကြည့်စရာမလိုခြင်း
ဆိုးကျိုး - trade တစ်ခုတိုင်း အာရုံစိုက်ရန်လိုအပ်ခြင်း ၊ trading costs များခြင်း

*2* Day Traders🕵

Day trader တွေ အရောင်းအဝယ် လုပ်တဲ့ပုံစံက တစ်နေ့တာ အတွက်ပဲ အရောင်းအဝယ်ပြုလုပ်ကြ ပြီး စျေးကွက် မပိတ်ခင် အပြီးသတ်လေ့ရှိကြပါတယ်။ သူတို့တွေက စျေးကွက်ကို technical analysis, market news တွေနဲ့ real time data တွေကို အသုံးပြုပြီး trade တဲ့ ပုံစံကြောင့် traders တော်တော်များများ ရွေးချယ် လေ့ရှိကြပါတယ်။

ကောင်းကျိုး - အိပ်နေတဲ့အချိန် စျေးကွက်ပြောင်းလဲမှာ စိတ်မပူရခြင်း
ဆိုးကျိုး - စျေးကွက်အား တစ်နေကုန်စောင့်ကြည့်ရခြင်း ၊ စိတ်ဖိစီးမူ များခြင်း

*3*Swing Traders👨‍💼

Swing Trader တွေက trade တစ်ခုကို ရက်တစ်ပါတ် ကြာတဲ့ထိ ကိုင်ထားကြတဲ့သူတွေဖြစ်ပြီး စျေးကွက်ရဲ့ trends ပေါ်မူတည်ပြီး trade ကြပါတယ်။

ကောင်းကျိုး - အကျိုးအမြတ်အများကြီး ရှာလို့ရခြင်း ၊ စိတ်ဖိအား အနည်းငယ်သာ ရရှိခြင်း
ဆိုးကျိုး - ငွေကြေးပမာဏ များများရှိရန်လိုအပ်ခြင်း ၊ အိပ်နေတဲ့ အချိန် စျေးကွက် အပြောင်းအလဲ စိတ်ပူရခြင်း

*4* Position Traders👨‍🔬

မရောင်းသရွှေ့ မရူံးဘူး ဆိုတာ position trader တွေရဲ့ လက်သုံးစကားပါ။ Trade တစ်ခုကို နှစ်အနည်းကြာအောင် ကိုင်ထားပြီး မြတ်မှ ရောင်းတဲ့ ပုံစံမျိုးဖြစ်တာကြောင့် စိတ်ရှည်ဖိုနဲ့ ငွေ ပူ မဟုတ်ဖို့က အရေးကြီးတဲ့ အရာတွေပါ။

ကောင်းကျိုး - trading costs နည်းခြင်း၊ စိတ်ဖိစီးမူ ပိစိသာ ရှိခြင်း၊ စျေးကွက်အား စောင့် ကြည့်စရာမလိုခြင်း
ဆိုးကျိုး - စိတ်ရှည်မူ တော်တော်လိုအပ်ခြင်း

Trading style တွေက ပုံစံအမျိုးမျိုးရှိပေမဲ့ ကိုယ်ရွေးချယ် တဲ့ style က ကိုယ့်ရဲ့ personality နဲ့ ကိုက်ညီဖို့က အဓိက အရေးကြီးပါတယ်။


09799049628

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Address


Yangon