Grab Et - Smart Gadgets Store
TWS & Smart Watch Stores
01/04/2023
QCY ရဲ့ အသစ်ထွက်ထားတဲ့ Smartwatch ၂ မျိုးထဲက Model တစ်မျိုးဖြစ်တဲ့ GTC လေးပါခင်ဗျ .. GTS နဲ့ ဘာကွာလဲဆိုရင် Speaker မပါ၀င်တော့တာကြောင့် Bluetooth Call နဲ့ သီချင်းနားထောင်လို့မရတော့ပါဘူး .. အဲ့တော့ ဈေးကလဲ သူ့ထက်သက်သာသွားပါမယ် .. ဒါပေမယ့် GTS ထက်သာတာတစ်ခုက GTC က Blood Pressure ပါတိုင်းလို့ရပါမယ် ... တကယ်ပါ Admin စစ သိချင်းတုန်းကဆို ဟုတ်ကော ဟုတ်ရဲ့လားလို့တောင် ကိုယ့်ကိုယ်ကို ပြန်မေးရပါတယ် .. 65000 တည်းနဲ့ Blood Pressure ပါတိုင်းလို့ရတာမို့ ကျန်းမာရေး အတွက် Band Watch တခုလို သုံးချင်တဲ့ သူတွေအတွက် တကယ့် အံကိုက်ပါပဲ ..
QCY GTC က ဘာတွေရမလဲဆိုရင် ..
👉🏼 24 hr Heartrate , Every 10 min Auto Spo2 Tracker , Sleep Monitoring အပြင် Blood Pressure ပါ တိုင်းလို့ရပါမယ်
👉🏼 Sport Mode အခု 70 ကျော်ပါပါမယ်
👉🏼 Watchface စိတ်ကြိုက်ပြောင်းလို့ရပြီး ကိုယ်ကြိုက်တဲ့ပုံပါ နောက်ခံထားလို့ရမယ်
👉🏼 35.5 g ပဲလေးပြီး ပါးပါးလေးပဲမို့ Smartwatch ထူထူထဲထဲ နဲ့လေးတာ မကြိုက်တဲ့သူတွေအတွက် အံကိုက်ပါပဲ
65000 ထဲနဲ့ ကျန်းမာရေးအတွက် လိုအပ်တာ အကုန်ပါတဲ့အပြင် ဈေးလေးကလဲ 65000 တည်းမို့ လူငယ်တွေတင်မကပဲ လူကြီးတွေအတွက်ပါ အရမ်းအဆင်ပြေစေမှာပါဗျ ✌🏻
20/02/2023
ဖုန်းပူလို့ဆိုပြီး ကိုယ့် Performance ကိုအကျ မခံပါနဲ့ .. ဖုန်းပူရုံလောက်နဲ့ Rank မကျစေဖို့ Memo ရဲ့ Cooling Radiator လေးတွေ ရောက်ပါပြီခင်ဗျ .. 😎
👉🏻 Grab Et - Smart Gadgets Store မှ TWS Earbuds နဲ့ Smart Watch တွေက Official Distributor တွေကနေ တဆင့် ပြန်ရောင်းချပေးနေတာကြောင့် သုံးပြီးသားမဟုတ်ပဲ ပစ္စည်းအစစ် အသစ် ဖြစ်ကြောင်း 100% အာမခံပါတယ် ခင်ဗျ
👉🏻 အခုမှ စဖွင့်ထားပြီး ဝါသနာအခြေခံပြီး ဈေးသက်သက်သာသာနဲ့ QCY , Haylou , Mibro တို့လို လူတန်းစားမရွေးသုံးနိုင်တဲ့ P2P ကောင်းကောင်း Smart Gadgets တွေကို ရောင်းချပေးဖို့ ဖွင့်ထားတဲ့ Page အသစ်လေးဖြစ်တာကြောင့် လတ်တလော ကာလမှာတော့ Warranty မပေးနိုင်သေးပါဘူးခင်ဗျ
👉🏻 Page အသစ်ဖြစ်နေပေမယ့် လုံး၀ ယုံကြည်စိတ်ချနိုင်ပါတယ်
👉🏻 Delivery ဖြင့် (or) နယ် မှ မှာယူတဲ့ သူတွေအတွက် ယူမှာသေချာတဲ့ ပစ္စည်းကိုတော့ Error မရှိကြောင်းသေချာအောင် သေချာကိုင်တွယ် ဖောက်စစ်ပြီး သေသေချာချာ ပြန်ထည့်ပေးပါတယ်
👉🏻 အပြင်မှာ မျက်မြင်ကိုယ်တွေ လာကြည့်ပြီးမှ ၀ယ်ချင်တဲ့သူတွေအတွက် Admin က Hamster အစားစာ ရောင်းတဲ့ဆိုင်လေးဖွင့်ထားတာမို့ အဲ့ဒီဆိုင်မှာပဲ လာပြီး ကြည့်လို့ရပါတယ် .. Google Map ကနေလဲ Tiffod House Hamster Supplies Store လို့ရိုက်ရှာနိုင်ပါတယ်
👉🏻 မှာယူပြီး ရန်ကုန်မြို့တွင်းဆို ၂ ရက်အတွင်း အရောက်ပို့ပေးပါတယ် .. နယ်ဆို Ninja Van နဲ့ဆို COD ရပါတယ် .. တခြား Delivery Service နဲ့ ကားဂိတ်တင်ပေးရမယ်ဆိုရင်တော့ ငွေကြိုရှင်းပေးရပါတယ်
👉🏻 လိပ်စာ -တိုက် ၇၁ မြေညီ (Tiffod House Hamster Supplies Store Vinyl ချိတ်ထား)
ဧရာ၀တီလမ်း အလုံမြို့နယ် (ဆင်မင်းဈေးရှိဘက်ခြမ်း , အလုံလမ်းဘက်က၀င်)
09425117209
13/02/2023
My Experiences With HAYLOU Solar Plus
ဒီ Content က Review လို့လဲပြောလို့ရသလို ၀ယ်ဖို့စဉ်းစားနေတဲ့ သူတွေအဖို့ အထောင်အကူ ဖြစ်စေဖို့ Admin သုံးရတဲ့ Experience လေးတွေကို ဝေမျှပေးတဲ့ Content လို့လဲ ပြောလို့ရပါတယ် .. Haylou က International (အထူးသဖြင့် India) ရဲ့ Budget Smart Watch ဈေးကွက် မှာတော်တော်လေး နာမည်ရထားပြီးသား Brand တခု ဆိုပေမယ့် ဒီမှာတော့ တော်တော်လေး Brand Awareness နည်းပါတယ် .. သူက ဒီတလောမှပေါ်လာတာမဟုတ်ပဲ လွန်ခဲ့တဲ့ 3 နှစ်လောက်ကတည်းက Redmi Airdots စပေါ် လာတဲ့ အချိန်ကတည်းက ရှိနေခဲ့တဲ့ Brand တခုပါပဲ .. Haylou က SmartWatch ကော TWS Earbuds ကော သေချာ Emphasize လုပ်ပြီး Product အသစ်တွေ အမြဲ ထုတ်ပေးနေကျ ဖြစ်တဲ့ Brand ပါပဲ .. သူ့ထက် ဈေးနည်းတဲ့ China SmartWatch Sportwatch တွေရှိနေသေးပေမယ့်လဲ သူ့ရဲ့ P2P နဲ့ ပြန်ရတဲ့ Quality နဲ့ကတော့ သူ့ Level မှာ ဒီနောက်ပိုင်းခေတ်စားလာတဲ့ Mibro ပဲ ရှိပါလိမ့်မယ် .. Admin အနေနဲ့ကတော့ Haylou ကို ဟိုးအရင် Solar Watch ကတည်းက သုံးဖူးခဲ့တာမို့ Admin နဲ့ တော်တော်လေး ရင်းနှီးတဲ့ Brand ဖြစ်တဲ့အပြင် တော်တော်လေး သဘောကျရတဲ့ Brand ပါပဲ .. Smartwatch စသုံးဖြစ်ကတည်းက Haylou Brand တစ်မျိုးပဲသုံးခဲ့သလို အခု Solar Plus ကတော့ Admin ရဲ့ ၃ လုံးလောက် SmartWatch ပါပဲဗျ .. Intro ၀င်သင့်သလောက် ၀င်ပြီးပြီဆိုတော့အခု Solar Plus ကို Admin သုံးရတာ ဘယ်လိုရှိလဲဆိုတာ စလိုက်ကြရအောင်ဗျ ..
👉🏻 Design & Build Quality - Admin က SmartWatch ဆို Haylou Brand တခုပဲသုံးဖြစ်တာမို့ တခြား Brand တွေရဲ့ Build Quality နဲ့တော့ မယှဉ်တတ်ဘူးပေါ့နော် .. ဒါပေမယ့် ပြောနိုင်တာတခုကတော့ Haylou ရဲ့ Build Quality က တော်တော်လေးကောင်းတဲ့ထဲပါပါတယ် ... ပထမဆုံးသုံးဖူးတဲ့ Haylou Solar ဆိုရင် ၃ နှစ်ကြာပီဖစ်တာတောင် နာရီအောက်ပိုင်း ချွေးစားနေတာလေးကလွဲရင် ကျန်တာ အကုန်အကောင်းတိုင်း ရှိနေတုန်းပါပဲ .. ဒုတိယသုံးဖူးတဲ့ RS4 ဆိုရင်လဲ ၁ နှစ်ကျော်တဲ့ထိ အပွန်းအဆင်း အနာအဆာ သိသိသာသာလုံး၀မရှိတဲ့ထိ အကြမ်းခံခြဲပါတယ် .. အခု Solar Plus (RT3) ဆိုရင်လဲ ကိုယ်ထည်ကို အကြမ်းခံတဲ့ Metal ကိုသုံးထားတာမို့ ရှေ့ Model တွေနည်းတူ အကြမ်းပတမ်းခံမယ်လို့ မျော်လင့်လို့ရပါတယ် .. Display ကတော့ ဘာသုံးထားတယ်ဆိုတာ မဖော်ပြထားပေမယ့် အခုထိတော့ ပွန်းရာခြစ်ရာ လုံး၀မထင်သေးပါဘူး ( Admin ညအိပ်တဲ့အချိန်ကလွဲ ကျန်တဲ့အချိန် ဆက်တိုက် ၀တ်ထားပါတယ်) .. Design ပိုင်းကတော့ ထူးထူးခြားခြား တော့မဟုတ်ပါဘူး .. ပုံမှန် Classic ဖြစ်တဲ့ Smartwatch ဒီဇိုင်း အတိုင်းကိုမှ 1.43 လက်မရှိတာမို့ အရင်ကသုံးဖူးတဲ့ အဝိုင်းပုံစံ Smartwatch တွေနဲ့ ယှဉ်ရင် ပိုပြီး ကြီးတဲ့ Size ရှိပါတယ် .. ထူးခြားတဲ့ဒီဇိုင်းမဟုတ်ဘူးဆိုပေမယ့် 2.5D ခုံးထားပေမယ့် Glass Panel နဲ့မို့ Admin ကတော့ သဘောကျပါတယ် .. နည်းနည်းကြီးတာမို့ လက်သေးတဲ့သူတွေနဲ့ လိုက် ချင်မှ လိုက်မယ်ထင်ပါတယ် .. ဒါကလဲ ကိုယ့်အကြိုက်နဲ့ ကိုယ်ပါပဲ .. Admin လက်ကောက်၀တ်ဆို ယောင်္ကျားလေးတစ်ယောက်အနေနဲ့ သေးတဲ့ထဲ ပါပါတယ် .. ဒါပေမယ့် ကိုယ့်အမြင်မှာတော့ ကြည့်ရမဆိုးတဲ့အပြင် သဘောလဲကျပါတယ် .. မိုးစင် ရေစင် တာ တော်ရုံ မိုးစိုတာ နဲ့ Exercise လုပ်ရင်း ချွေးထွက်တာတွေကို ခံနိုင်ရေရှိဖို့ IP68 တော့ပါပါတယ် .. ရေချိုးတဲ့အချိန် ရေကူးတဲ့အချိန်တို့ မှာတော့ မခံနိုင်ပါဘူး
👉🏻Display - မနှစ်က သုံးဖူးတဲ့ RS4 ကလဲ AMOLED Display ပဲဆိုပေမယ့် အခု RT3 ရဲ့ AMOLED ကတော့ အများကြီးသာတယ်လို့ခံစားရတယ်ဗျ .. ဘယ်လောက် Nits ထိရလဲမသိပေမယ့် Brightness တော်တော်ကောင်းတယ် .. Outdoor မှာ ကောင်းကောင်းမြင်ရတယ် ပြူးပြဲကြည့်နေစရာမလိုဘူး .. Color Accuracy တော်တော်ကောင်း ပြီး အရောင်စိုတောက် နေတဲ့အပြင် Customized WatchFace သုံးတဲ့အခါ Pixel တွေ ပွယောင်းမနေပဲ ဖုန်းထဲကနေ တော်တော်လေး နီးစပ်တဲ့ ပုံထွက်ပေါ်ပါတယ် .. တခြား Brand တွေနဲ့တော့မယှဉ်တတ်ပေမယ့် Admin သုံးရတဲ့အထဲမှာတော့ Resolution တော်တော်လေးကောင်းတယ်လို့ပြောလို့ရပါတယ် ..
👉🏻UI (Interface) - User Interface အနေနဲ့ကတော့ သိပ်အားရစရာတော့မရှိပါဘူး .. မနှစ်က ထွက်ခဲ့တဲ့ Haylou Model တွေနဲ့ယှဉ်ရင်တော့ ပိုပီး ကြည့်ရတာ မျက်စိ ပဒါသ ဖြစ်လာတယ်လို့ပြောလို့ရပါတယ် .. Refresh Rate က Budget Smartwatch ဆိုတဲ့အတိုင်း ပုံမှန်ပဲမို့ Animation တွေက သူ့ဟာနဲ့ Smooth ဖြစ်တယ် ပြောလို့ရပေမယ့် Transition ပိုင်းမှာတော့ နည်းနည်း ဝဲဆွဲတယ် .. အစကတော့ ကိုယ်က Haylouတမျိုးပဲ သုံးဖူးတော့ Budget Smartwatch မို့ ဒီလောက်ပဲရမှာပေါဆိုပြီး ထင်ထားပေမယ့် YouTube ကနေ Mibro ရဲ့ Transition ကိုမြင်ပီးတဲ့အချိန်မှာ Haylou ရဲ့ Transition ပြတ်ပြတ် ကြီးတွေက ရင်ထဲသိပ်မရောက်တော့ဘူး ဖြစ်သွားတယ် ..
(Transition ဆိုတာ Function တခုကနေ တခု အ၀င် အထွက် အပြောင်းအရွှေ့ မြင်ရတဲ့ အချက်ကိုပြောချင်တာပါ)
နောက်တချက် Button နှစ်ခုပါတဲ့နေရာ အောက်ဘက် Button က ဘယ်လိုသုံးမလဲဆိုတာကို Choice မပေးထားတာကိုလဲ သိပ်သဘောမကျချင်ဘူးဗျ .. တခြား သူနဲ့ဈေးတူ Smartwatch တွေမှာတော့ ဘလိုလဲမသိပေမယ့် ဒီမှာက တော့ အောက်ဘက် Button ကိုနှိပ်ရင် Sport Mode ထဲ၀င်သွားပါတယ် .. ဒီနေရာမှာ Sportmode တင်မဟုတ်ပဲ ကိုယ်ကြိုက်တဲ့ Functions တခုခုစီ တန်းသွားလို့ရအောင် ရွေးချယ်ခွင့်ပေးထားရင် ပိုကောင်းမယ်လို့ Personally ထင်မိတယ် .. နောက်ပီး Always On Display အတွက်ကလဲ Default ပုံစံ Digital Clock တမျိုးပဲပါမယ် .. အောက်ကပုံမှာ ပြထားပေးပါတယ်
👉🏻Functions - Functions ပိုင်းကိုပြောရရင် Sportmode ကိုအဓိက ပြောရမယ်ထင်တယ် .. ဒါပေမယ့် ကိုယ်က Exercise မလုပ်ဖစ်တဲ့သူမို့လို့ သူ့ Sport Mode ကိုတော့မသုံးဖစ်တာမို့ အခြေအနေဘယ်လိုရှိမလဲမသိပါဘူး .. Spec အရတော့ 105 Sport Modes ပါတာမို့ တော်တော်လေးစုံမယ်လို့တော့ မျော်လင့်လို့ရပါတယ် ... သဘောကျရတာတခုကတော့ Calculator ပါလာတာပါပဲ .. Calculator ကိုအမြဲသုံးနေရတဲ့သူမို့လို့ ဒီအချက်ကို သဘောကျမိတယ် .. သဘောအကျရဆုံးကတော့ Bluetooth Call Function .. သူရဲ့ Bluetooth Call က ပါရုံမဟုတ်ပဲ တော်တော် အသုံး၀င်ပါတယ် .. အထူးသဖြင့် ဖုန်းအားသွင်းထားတုန်း ကိုယ်တခြားအလုပ်လုပ်နေတဲ့အချိန် ဖုန်းလာလို့ ဖုန်းဆီ ပြေးသွားစရာမလိုပဲ smartwatch နဲ့တင် ဖုန်းပြောလို့ရတာမို့ အရမ်း Convenience ဖြစ်တယ် .. Admin အတွက် အသုံး၀င်ဆုံးကလဲ အဲ့ဒီ Bluetooth Call ပဲ .. Bluetooth 5.3 နဲ့မို့ Converage Area ကောင်းတယ် .. ပေ 50 ရှည်တဲ့ တိုက်ခန်း အနေနဲ့ အိမ်ရှေ့မှာ ဖုန်းထားထားရင် အိမ်နောက်ဖေးထိ Connection ကောင်းကောင်း ဖုန်းပြောလို့ရတယ် .. Speaker ကလဲ ကျယ်သင့်သလောက် ကျယ်တဲ့အပြင် Mic ကလဲကောင်းကောင်းအလုပ်လုပ်တယ် .. နာရီတလုံးစာက လာတဲ့ အသံပမာဏပဲမို့ အရမ်းဆူညံနေတဲ့နေရာမျိုးမှာတော့ (ဥပမာ Gym) Speaker သံကိုသေချာကြားချင်မှကြားရနိုင်ပါမယ် .. Call Functions မှာဆို Recent Call နဲ့ Contact တချို့မှတ်နိုင်အောင် Build In Storage 128 MB ပါတယ် .. App နဲ့ချိတ်ပြီး ဖုန်းနံပါတ် အလုံး 30 ထိ Contact မှတ်ထားလို့ရတယ် ..
Stress Test နဲ့ Mood Test ပါတယ် .. Admin ကတော့သိပ်မသုံးဖြစ်ဘူး .. Heartrate တိုင်းတာကလဲ Model အသစ်ဖြစ်တဲ့အလျောက် ပိုပီး တိကျလာတယ် လို့ ခံစားရတယ် .. Blood Pressure (SP02) တိုင်းတာကိုလဲ All Day မဟုတ်ပေမယ့် ညဘက် အိပ်နေတုန်းမှာ auto measuring လုပ်ပေးဖို့ Functions ပါတယ် .. အဲ့ဒီ Functions သုံးရင်တော့ အားနည်းနည်းစားတယ် .. နောက်ပီးတော့ AMOLED ဆိုတော့ Always On Display လဲပါတယ် .. သူလဲတော်တော်အလုပ်ဖြစ်တယ် .. Admin ကတော့ သူ့ကို မနက်ပိုင်း အလုပ်သွားရတဲ့အချိန် အပြင်သွားရတဲ့အချိန်မှာ နာရီတန်းကြည့်လို့ရအောင်ဆိုပီး 9 AM to 7PM ထိ Scheduled ပေးပြီး On ထားတယ် .. Always On Display ဖွင့်သုံးရင် အားကုန်တာမြန်ပေမယ့် Raise To Wake ဖွင့်ထားတာထက်တော့ အားစားသက်သာတယ်လို့မြင်မိတယ် .. 9AM to 7 PM AOD ဖွင့်သုံးရင် အားက 100% ကနေ 80% ၀န်းကျင်လောက်ထိ ကျပါတယ် .. သူ့ကတော့ Daily Usages ကို 7 days လို့ပြောပေမယ့် အဲ့တာက Raise To Wake ကော AOD ကော မသုံးမှပဲ ခံမယ်လို့တော့ထင်တယ် .. Admin သုံးသလို သုံးရင် ၃ ၄ ရက် လောက်ပဲ ခံလောက်မယ် .. မသုံးဖြစ်ပဲ Stand By ထားထားရင်တော့ အားတော်တော်ခံတယ် .. 24 hr လုံးကိုမှ 2-3% လောက်ပဲ လျော့တယ် ..
👉🏻 App Control - App Control ကတော့ ပုံမှန်ပါပဲ .. Watchface ပြောင်းမယ် .. Sportmode Control နဲ့ Heath Stats တွေကြည့်လို့ရမယ် .. Notification ချိန်လို့ရမယ် .. Alarm Weather Control ရမယ် .. ပြီးတော့ Phone Call အတွက် Contact မှတ်လို့ရမယ် .. တခုကောင်းတာက Bluetooth Call Function ကို App မှာ On ထားပြီးပီဆိုရင် ဖုန်းမှာ App ကို Background Run ထားစရာမလိုဘူး .. Bluetooth ဖွင့်ပီး Watch နဲ့ချိတ်ထားလဲ ဖုန်းပြောလို့ရတယ် .. Notification တွေ ကျတော့ App Background Run နေမှ တက်တာလေ .. အဲ့တော့ Noti သိရဖို့က အရေးမကြီးဘူးဆိုရင် App Background Run တာကိုပိတ်ထားလို့ရတယ် .. ဖုန်းအားကုန်တာ သက်သာတာပေါ့
ပီးတော့ ဒီနေရာမှာ ပြောစရာတခုရှိတာက သူ့ Advertisment တွေမှာ Watchfaces တွေကို 100+ ပြောထားပေမယ့် တကယ်တမ်း App မှာ က 50 ထိပဲရပါသေးတယ် .. နောက်ထပ် Update တွေနဲ့ထပ်ဖြည့်ပေးမယ်ပြောထားပေမယ့် အခုထိတော့ မရသေးပါဘူး .. နောက်ပီးတော့ Amoled Panel မို့လို့မသိဘူး သူ့ WatchFace အများစုက Color တွေသုံးထားတာများတယ် .. Admin ကတော့ Personal အရ AMOLED ဖြစ်တဲ့အလျောက် နောက်ခံ Pure Black နဲ့ Watchface တွေကိုပဲကြိုက်ပါတယ် .. ဘာလို့လဲဆို Pure Black Background နဲ့ဆို Background က ဘောင်နဲ့ရောသွားပြီး လုံး၀ Screen အပြည့်ပုံစံနဲ့ ဖြစ်တဲ့အပြင် 2.5D ခုံးထားပေးတာကို ပိုပီး ပေါ်လွင်စေတာမို့ ပိုပြီးကြိုက်ပါတယ် .. အဲ့တော့နောက် Update တွေမှာ Black Background နဲ့ Watchface တွေများများလာဖို့မျော်လင့်ပါတယ် ... အခုတော့ Admin သဘောအကျဆုံးနဲ့ Watch နဲ့အလှကိုလဲ ပိုပီးပေါ်လွင်စေမယ့် Watchface 3 မျိုးကို အောက်က ပုံတွေမှာ ပြထားပေးပါတယ် ..
ဒီလောက်ဆို တော်တော်လေးပြည့်စုံပီလို့တော့ထင်ပါတယ် .. သူ့ဈေးတန်းတူ တခြားတခုခုနဲ့ ယှဉ် ချင်တဲ့အခါ Admin ရဲ့ ဒီ Post က အသုံး၀င်မယ်လို့လဲ မျော်လင့်ပါတယ် .. ဈေးရောင်းတဲ့ Page က တင်တဲ့ Review ဖြစ်တာမို့ Trust ရှိချင်မှ ရှိမယ်ဆိုတာကို နားလည်ပေမယ့် Admin အနေနဲ့ကတော့ တကယ့် Honest အဖြစ်ဆုံး အားသာ အားနည်းချက် ပွင့်ပွင့်လင်းလင်းပြောပြထားပေးတာမို့ ယုံကြည်စိတ်ချလို့ရပါတယ်ဗျ ..
အကယ်၍ Haylou Solar Plus ကို စိတ်၀င်စားတယ်ဆိုရင် လကုန်ခါနီးလောက်ကျရင် ထပ်ရောက်ဖို့ရှိပါတယ် ... လောလောဆယ်တော့ Out Of Stock ပါ 😁
05/02/2023
Xiaomi နဲ့ဖက်စပ် Brand တခုဖြစ်တဲ့ Haylou ရဲ့ ANC Earbuds Moripods ANC
Price - 70000
Haylou ဆိုတဲ့ Brand က Xiaomi နဲ့ နယ်နယ်ပယ်ပယ်ရင်းနီး နေပြီးသား သူတွေအတွက် မစိမ်းပေမယ့် တချို့တွေအတွက်ကတော့ သိပ်မသိကြတာ တွေ့ရပါတယ် .. Haylou အကြောင်း ပြောရရင် QCY လဲမပါမဖြစ်ပါပဲ .. ဘာလို့လဲဆို Admin သိသလောက်ဆိုရင် မြန်မာနိုင်ငံထဲမှာ P2P ကောင်းကောင်း နဲ့ စိတ်ချရတဲ့ Budget Earbuds တွေ စ၀င်လာတာ Haylou Brand လို့ပြောလို့ရပါတယ် ... QCY မတိုးပေါက်ခင်ကဆို Haylou ရဲ့ GT1 , GT1 Plus , GT1 Pro တို့ က တော်တော်လေး လူကြိုက်များခဲ့တယ်လို့ပြောလို့ရပါတယ် .. Admin ကိုယ်တိုင်လဲ TWS ဆို AptX ရတဲ့ GT1 Pro ကနေစ သုံးဖူးခဲ့ရတာခဲ့ပြီး တော်တော်လေး သဘောကျခဲ့ရပါတယ် ..
Haylou က Earbuds အတွက် App သီးသန့်မရှိဘူးဆိုပေမယ့် Hyalou ရဲ့ အားသာချက်တွေက Design ပိုင်း မှာ သိသိသာသာ သေသပ်လှပမှုရှိတယ် .. Sound Balance ဖြစ်မှုပိုင်းမှာလဲ အရမ်းကောင်းတယ် .. Award ရထားဖူးတဲ့ Haylou W1 နဲ့ X1 တို့ဆိုရင် Xiaomi ရဲ့ MIUI မှာ App မလိုပဲ Pop Up ပေါ်ပြီး Setting ချိန်လို့ပါရပါတယ် .. Haylou က Earbuds အပြင် SmartWatch တွေနဲ့လဲ နာမည်ကြီးသေးတယ်နော် ..
အခု Moripods ANC ဆိုရင် အခုချိန် ထိ ရောင်းအား ကောင်းနေဆဲဖြစ်တဲ့ Moripods T33 ရဲ့ ANC Version ပဲဖြစ်ပါတယ် .. Haylou ရဲ့ Moripods T33 က သူ့ရဲ့ဈေးတန်းမှာ အသံထွက်အကောင်းဆုံး သီချင်းနားထောင်ရတာ Balance အဖြစ်ဆုံးဆိုတာ သုံးဖူးတဲ့သူဆို သိလောက်ပါမယ် .. သူအားနည်ချက်ဆိုလို့ Half In Ear Design ဖြစ်တာမို့ အပြင်သွားတဲ့အချိန် မှာ အပြင်သံ ကြားရနိုင်တာရယ် လေတိုးတာရယ်ပဲ ရှိပါမယ် .. ဒါကလဲ Half In Ear တွေကိုမှ သဘောကျတတ်တဲ့သူတွေအတွက် အားနည်းချက်လို့တောင် ပြောလို့မရပါဘူး .. အခု ANC Version က တော့ အသံမလုံတာမကြိုက်တဲ့သူတွေအတွက် Moripods T33 ရဲ့ အသံ Quality Balance ဖြစ်မှုကို ဆက်လက် ထိန်းထားပြီး 30dB ထိ Noise Cancellation လျော့ချပေးနိုင်တဲ့ Version ပဲဖြစ်ပါတယ် ..
Haylou Moripods ANC ရဲ့ အားသာချက်တွေက
👉🏻 -30dB ထိ Noise တွေကိုလျော့ချပေးနိုင်တယ် .. ကိန်းဂဏန်း အရ -30dB ပဲဖြစ်ပေမယ့် Noise Cancellation ပိုင်းမှာ တော်တော်လေး အားကောင်းတာတွေ့ရပါတယ်
👉🏻 MIC 4 လုံးနဲ့ DSP Call Noise Cancellation ပါတာမို့ ဖုန်းပြောတဲ့အခါ တစ်ဖက်လူ ကို အသံကြည်ကြည်လင်လင် ကြားရစေတယ်
👉🏻 60ms ထိ Latency လျော့ချပေးနိုင်တဲ့ Gaming Mode ပါတယ်
👉🏻 10 mm Driver ပါ၀င်တာမို့ အသံ က Powerful ဖြစ်တဲ့အပြင် Balance လဲဖြစ်တယ် .. Beat သံ အသားပေးမဟုတ်တာမို့ Beat သံ Focus မဖြစ်ပေမယ့် နောက်ခံ Detail ကို သေချာကြားရတဲ့အပိုင်းတွေမှာ အရမ်းသိသာတာမို့ EDM တွေမဟုတ်ပဲ သီချင်း အေးအေးလေးတွေ Pop Song လေးတွေ နားထောင်တတ်တဲ့ သူတွေအတွက် အရမ်း ကောင်းတယ် .. အကယ်၍ Beat သံ ကြိုက်တယ်ဆိုရင်လဲ Xiaomi ဖုန်းတွေမှာ EQ ကို ပြန်ချိန်လို့ ရပါတယ်
👉🏻 ANC On ထားပြီး Normal Volume မှာ သီချင်းနားထောင်ရင် အားအပြည့်သွင်းထားတဲ့ Earbud က 8 နာရီ ထိ အားခံတယ် .. 310 mAh Battery ပါတဲ့ Case က Earbud ကို ၃ ကြိမ်အထိ အားအပြည့်ပြန်သွင်းပေးနိုင်တယ်
အသံထွက်ပိုင်း Detail ကျမှု Clarity ကောင်းမှု နဲ့ Noise Cancellation ကောင်းမှု တွေကို Admin တော်တော်လေး သဘောကျရပြီး သုံးကြည့်လိုက်လို့ နောင်တ လုံး၀ မရတဲ့ Earbud ပါပဲ ..
👉🏻 Grab Et - Smart Gadgets Store မှ TWS Earbuds နဲ့ Smart Watch တွေက Official Distributor တွေကနေ တဆင့် ပြန်ရောင်းချပေးနေတာကြောင့် သုံးပြီးသားမဟုတ်ပဲ ပစ္စည်းအစစ် အသစ် ဖြစ်ကြောင်း 100% အာမခံပါတယ် ခင်ဗျ
👉🏻 အခုမှ စဖွင့်ထားပြီး ဝါသနာအခြေခံပြီး ဈေးသက်သက်သာသာနဲ့ QCY , Haylou , Mibro တို့လို လူတန်းစားမရွေးသုံးနိုင်တဲ့ P2P ကောင်းကောင်း Smart Gadgets တွေကို ရောင်းချပေးဖို့ ဖွင့်ထားတဲ့ Page အသစ်လေးဖြစ်တာကြောင့် လတ်တလော ကာလမှာတော့ Warranty မပေးနိုင်သေးပါဘူးခင်ဗျ
👉🏻 Page အသစ်ဖြစ်နေပေမယ့် လုံး၀ ယုံကြည်စိတ်ချနိုင်ပါတယ်
👉🏻 Delivery ဖြင့် (or) နယ် မှ မှာယူတဲ့ သူတွေအတွက် ယူမှာသေချာတဲ့ ပစ္စည်းကိုတော့ Error မရှိကြောင်းသေချာအောင် သေချာကိုင်တွယ် ဖောက်စစ်ပြီး သေသေချာချာ ပြန်ထည့်ပေးပါတယ်
👉🏻 အပြင်မှာ မျက်မြင်ကိုယ်တွေ လာကြည့်ပြီးမှ ၀ယ်ချင်တဲ့သူတွေအတွက် Admin က Hamster အစားစာ ရောင်းတဲ့ဆိုင်လေးဖွင့်ထားတာမို့ အဲ့ဒီဆိုင်မှာပဲ လာပြီး ကြည့်လို့ရပါတယ် .. Google Map ကနေလဲ Tiffod House Hamster Supplies Store လို့ရိုက်ရှာနိုင်ပါတယ်
👉🏻 မှာယူပြီး ရန်ကုန်မြို့တွင်းဆို ၂ ရက်အတွင်း အရောက်ပို့ပေးပါတယ် .. နယ်ဆို Ninja Van နဲ့ဆို COD ရပါတယ် .. တခြား Delivery Service နဲ့ ကားဂိတ်တင်ပေးရမယ်ဆိုရင်တော့ ငွေကြိုရှင်းပေးရပါတယ်
👉🏻 လိပ်စာ -တိုက် ၇၁ မြေညီ (Tiffod House Hamster Supplies Store Vinyl ချိတ်ထား)
ဧရာ၀တီလမ်း အလုံမြို့နယ် (ဆင်မင်းဈေးရှိဘက်ခြမ်း , အလုံလမ်းဘက်က၀င်)
09425117209
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Ahlone Yangon
Yangon
11121