Lin Academy Professional Training
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lin Academy Professional Training, Education, Wingabar Road, Yangon.
27/12/2025
GED 4 ဘာသာလုံး ဒီနေရာကနေ Video Lesson နဲ့တင်ပါမယ်၊ I'm 58 years old ဖြစ်လို့ ကျောင်းဆရာ ဆရာမမျိုးဆက်သစ်တွေကို Target ထားမှာဖြစ်ပါတယ် .....
အရင်အနှစ် (၃၀) လောက်က သုံးခဲ့တဲ့ Behavioral Science, ရိုးရိုးရှင်းရှင်းလေး Empathy ကိုအခြေခံသွားသည့် Teaching Methods တွေ၊ Child Phycology နဲ့ Different Approaches and Perspectives
တွေကို သုံးချင်တဲ့ဆရာ၊ ဆရာမတွေများရှိမလားဆိုပြီး စဉ်းစားမိလို့ပါ ....
အကြီးကြီးပြောနေတယ်လို့ ယူဆပေးပါ ....
- 𝙩𝙧𝙮𝙞𝙣𝙜 𝙩𝙤 𝙜𝙧𝙤𝙬 𝙩𝙝𝙚 𝙗𝙚𝙨𝙩 𝙛𝙪𝙩𝙪𝙧𝙚 𝘽𝙪𝙧𝙢𝙚𝙨𝙚 𝙜𝙚𝙣𝙚𝙧𝙖𝙩𝙞𝙤𝙣𝙨 𝙛𝙤𝙧 𝙤𝙪𝙧 𝙘𝙤𝙪𝙣𝙩𝙧𝙮.
📚📜🧾📘📙
27/12/2025
"ကြိုက်တဲ့တက္ကသိုလ်သွားပါ၊ ကြိုက်တဲ့လုပ်ငန်းခွင်ကလူတွေနဲ့ဆက်ဆံပါ၊ သေချာပါတယ်၊ မင်းတို့အလွန်ရုန်းကန်ရပါလိမ့်မယ်"
ခေတ်ကိုလွှဲချလိုက်ရင် အန္တရာယ်ကင်းမယ်၊ ဘုရားတွေ၊ ဘာသာရေးခေါင်းဆောင်တွေဆဲလိုဆဲ၊ ဘုန်းကြီးကိုအပြစ်ပြော၊ အဖေအမေကိုစော်ကား၊ ဆရာကိုအစေခံထင်နေ ....
ခုခေတ်ကို ပိုခက်ခဲပြီးရှုပ်ထွေးသွားစေတဲ့အချက်က ဟိုဘက်ကနေတဲ့အနေအထိုင်မတတ်သော ဘာသာရေးဆရာလဲရှိတယ်၊ ဘုန်းကြီးရှိတယ်၊ အဖေအမေထဲက သားသမီးကိုတောင်းစားခိုင်းတာသိပ်မရလို့ ပါးပိတ်ချတယ် ....
ကျောင်းဆရာဆိုတာကတော့ ဂရုပ်တွေထဲမြင်ရရင် သူတောင်းစားသာသာဘဲရှိတော့တယ်၊ လိပ်ကန်ထဲပေါက်ပေါက်ဆုပ်ပစ်ချတာလေးသွားမြင်နေလို့၊ ကျောင်းသားကအလွယ်လိုက်ချင်တဲ့အခါ သူ့ကိုသင်မဲ့ဆရာကပိုဆိုးလာတယ်၊ စားစရာမရှိလို့အလုပ်ပေါ်ရင် ကလေးလုတာကရပါတယ် (ကလေးလုတယ်သာပြောရတယ်၊ ဆရာကလည်းအဲ့အရွယ်) .....
အိုစရာမလိုပါ၊ နိုင်ငံခြားဘွဲ့မရလည်းဖြစ်ပါတယ်၊ ငွေလည်းယူကြပါ၊ အသင်ခံမဲ့ကလေးတွေဘက်ကနေ ရံဖန်ရံခါစဉ်းစားပေးရင် ကျန်တာအကုန်သူ့အလိုလိုပြီးပါတယ် .....
ဆရာလုပ်စားတယ်ဆိုတာ သူများရဲ့အချိန်ကိုယူတာနော်၊ သူ့ပိုက်ဆံလဲပါတဲ့အပြင်တန်ဘိုးအကြီးဆုံးဖြစ်တဲ့ သူ့စိတ်ကိုပါကိုပြင်ပစ်လိုက်လို့ရတယ်၊ ဟိုကခွင့်ပြုထားတာ .....
ငါကအချိန်ပေးရတယ်၊ ငါ့ပညာကိုပေးနေတာ၊ ငါ့အိမ်မှာလဲဆန်ကငွေနဲ့ဝယ်ရတာ၊ သူတို့ကလည်းတန်တယ်ထင်လို့ ငါ့ကိုခေါ်တာပါ၊ ငကျွဲကတဈေး ပေါ်ဆန်မွှေးကတဈေးလေ၊ ဒါတကမ္ဘာလုံးမှာရှိတယ်လို့ယူဆရင်တော့ ခင်ဗျားမမှားပါဘူး၊ ဟိုငှားတဲ့ကောင်လေးတွေစောက်ကျိုးနဲတာ .....
ကမ္ဘာမှာတရားဝင်လိုင်စင်နဲ့ လူတွေရဲ့ဘဝကိုဖျက်ဆီးခွင့်ပေးထားတဲ့အလုပ် ၂ ခုရှိတယ်တဲ့၊ တယောက်ကစာနယ်ဇင်းဆရာ (အခုဆို ဖေ့စ်ဘုတ်ဖလော်ဆိုဖာတွေပါထည့်ရမှာ) ၊ နောက်တယောက်က ကျောင်းဆရာပါ .....
ဒီလူ ၂ ယောက်ဟာ သူများတွေရဲ့စိတ်ထဲဝင်လို့ရတယ်၊ အဝင်ခံတဲ့လူတွေက ကျေကျေနပ်နပ်ပိုက်ဆံပါပေးရသေးတယ်၊ စာရိတ္တပျက်စီးလို့ဖြစ်စေ လုံလောက်တဲ့ဗဟုသုတမရှိလို့ဖြစ်စေ ကောင်းစေချင်စိတ်အပြည့်မထားနိုင်လို့များမှားသွားရင် ....
"အဆိပ်သောက်ချလိုက်တာကခံသာအုန်းမယ်တဲ့၊ စိတ်ထဲကိုအကြာကြီးတမြေ့မြေ့ခံရအောင်ခတ်ထားတဲ့အဆိပ်ကျ မသေမချင်းလူညွန့်ကျိုးပြီး၊ မကြံတတ်မစည်တတ်၊ မစဉ်းစားတတ်၊ စည်းကမ်းမဲ့တဲ့လူဖြစ်ပြီး သူလိုချင်တာရဘို့ သူ့ဆရာသမားလို ဘာမဆိုလုပ်မဲ့လူသားတဦးဖြစ်သွားနိုင်ပါတယ်လို့ဆိုပါတယ် .....
အရင်ခေတ်က ဆရာ ဆရာမတွေဆင်းရဲပါတယ်၊ ဘိုကျောင်းကလေးကလဲမရှိ၊ ဆရာအားလုံးတယောက်မှနိုင်ငံခြားပြန်မပါ၊ အသံမပီ၊ အပြင်ကျူရှင်လဲပေးပါတယ်၊ အချဉ်ထုတ်လဲရောင်းတယ်၊ သူ့မှာဥရောပပြန်ဆရာတွေနဲ့ယှဥ်လိုက်ရင် ဘယ်နေရာမှလိုက်မမှီဘူးလို့ပြောရင်ရတယ် .....
သူ့မှာသေချာပိုင်တာဆိုလို့ အရှက်ရယ်၊ ဂုဏ်သိက္ခာရယ်၊ သူ့လောက်မတတ်သေးတဲ့ ကလေးတွေအပေါ်ကောင်းစားစေချင်စိတ်ရယ်ဘဲရှိတာ၊ အဲ့လိုလူတွေက ဗမာဖတ်စာအုပ်နဲ့သင်လွှတ်လိုက်တဲ့ကလေးတွေကြီးလာတဲ့အခါ အခုကလေးတွေထက်ပိုမျက်နှာငယ်သင့်တယ်၊ ဟိုမသွားရဲ၊ ဒီမသွားရဲ၊ ဟိုလူ့အတင်းပြော၊ ဒီလူ့ကဲ့ရဲ့လူ့ဂွစာတွေဖြစ်သင့်တာ ....
မဖြစ်တဲ့အပြင် ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒို၊ စင်ကာပူ၊ ဩစတေးလျ၊ အင်္ဂလန်ထိ ဂေါ်လီတက်လုပ်နေကြပါတယ်တဲ့၊ ဘာကြောင့်လဲဆိုရင် အေးချမ်းတဲ့ Calm Energy နဲ့ကြီးလာတဲ့အတွက် မီးပုံဘေးကပူလောင်နေတဲ့လူတွေထက်သာကြပါတယ် .....
အလုပ်ထဲရောက်လိုက်တာနဲ့ ပိုက်ဆံတခုတည်းအတွက်လာတဲ့လူတွေကို သူတို့နဲ့တန်ရာတန်ရာ ငွေနဲ့သာပြန်ဆက်ဆံကြပါလိမ့်မယ် .....
💚💚💚💚💚
05/11/2025
𝗠𝗮𝘁𝗵𝗲𝗺𝗮𝘁𝗶𝗰𝗮𝗹 𝗥𝗲𝗮𝘀𝗼𝗻𝗶𝗻𝗴
𝗦𝗰𝗶𝗲𝗻𝗰𝗲
𝗦𝗼𝗰𝗶𝗮𝗹 𝗦𝘁𝘂𝗱𝘆
ဗဟန်းမြို့နယ် (ဂျပန်သံရုံးအနီး) ဝင်ကဘာလမ်းတွင် လာတက်ရပါမယ်၊ ကျောင်းသားကိုအရည်အချင်းတချက်စစ်ပြီးတာနဲ့ အမှတ်ဘယ်လောက်ရမယ်လို့ အာမခံနဲ့သင်ပေးချင်ပါတယ်၊ အရင်ရန်ကုန်တက္ကသိုလ်က ရူပဗေဒဆရာပါ၊ (အသက် ၅၆ နှစ်)
Fully Air-conditioned Class Room, 4 students ...
(လခ ဝင်ကြေး စာရွက်စာတမ်း ဘာမှပေးစရာမလိုပါ၊ ပညာအလှူ)
Tin Lin Aung
09 897 806200
Edited: ဗဟန်းနဲ့နီးရင်လာခဲ့ပါ၊ ၂ ယောက်ထပ်ရပါမယ်၊ လူနည်းတော့ ကိုယ်ကတခုခုအားနည်းနေရင်တောင် နောက်ဆုတ်ပြီး ကျွန်တော်သေချာပြန်လုပ်လို့ရပါတယ်၊ Theory အခြေခံပြီး Practice အများကြီးကျင့်တဲ့စတိုင်ဖြစ်လို့ အသာလေးဖြေနိုင်ပါလိမ့်မယ်။
🎖️🎖️🎖️🎖️🎖️
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Wingabar Road
Yangon
11183