Top Business Solution.
Info
"Freelance"
လက်ရှိ ဝန်ဆောင်မှုပေးတဲ့ကုမ္မဏီတစ်ခုမှာ Accounting & Finance manager role မှာ လုပ်နေပါတယ်၊ အခုလုပ်နေတဲ့ Company ကိုလည်းစနစ်တကျဖြစ်အောင်တည်ဆောက်ပေးထားသူလည်းဖြစ်ပါတယ်၊ အရင်တုန်းကလုပ်ခဲ့တဲ့ Company တွေမှာလည်း Accounting system တွေချပေးခဲ့ဘူးပါတယ်။
Trading, Manufacturing, Construction, Hotels & Tourism, Clinic Business များတွင်လုပ်ခဲ့ပါတယ်၊ Finance & Accounting နယ်ပယ်မှာလုပ်သက် ၂၄ နှစ်ရှိခဲ့ပြီး အဲ့ဒီ ၂၄နှစ်ကာလအတွင်းမှာလည်းအကောင်းဆုံးလုပ်ပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်၊
Service
- ✍️ Budget and budget Monitoring
- ✍️ Cash flow management
- ✍️ Financial report and report analysis.
- ✍️ Taxation.
- ✍️ Internal control and SOP, JD, KPI.
-အခုလို အပြိုင်အဆိုင်တွေများလာတဲ့ခေတ်ကြီးထဲမှာ Business တစ်ခု growth ဖြစ်ဖို့ဆိုရင် _
Top management အနေနဲ့ ထိရောက်တဲ့ Strategy တွေရှိဖို့လိုပါတယ်၊ Strategy တွေကိုအကောင်အထည်ဖေါ်ဖို့က _
(1) Financial reports တွေဟာ accurate and timely ဖြစ်ဖို့လိုပါတယ်၊ Accurate and timely ဖြစ်ရုံမဟုတ်ပဲ IFRs နဲ့အညီဖြစ်ဖို့လည်းလိုအပ်ပါတယ်၊
(2) Business တစ်ခုမှာ Budget ဟာအရေးပါတဲ့ကဏ္ဍတစ်ခုဖြစ်ပါတယ် Budget ရှိမှ နောက်နှစ်ကို ဝင်ငွေကိုဘယ်လောက်ထိတိုးရှာမယ် အသုံးစရိတ်အနေနဲ့လည်း ဘယ်လောက်ရာခိုင်နှုန်းသုံးမယ် အမြတ်ဘယ်လောက်ရာခိုင်းရမှဖြစ်မယ်ဆိုတာမျိူးရှိရပါမယ်၊ Budget တော့ဆွဲပါရဲ့ Monitoring လုပဖို့လည့်လိုအပ်ပါတယ်၊ Monitoring မလုပ်ပြန်ရင်လည်းဝင်ငွေတွေက Budget ကိုမှီရဲ့လား၊ အသုံးစရိတ်တွေက Budget ကိုကျော်နေပြီလား ဆိုတာတွေကိုလည်းစောင့်ကြည့်ဖို့လိုပါတယ်၊
(3) Company တစ်ခုရေရှည်ရပ်တည်တံ့နိုင်ဖို့ဆိုတာ ရေတို၊ ရေရှည် Investment တွေလည်းလုပ်နိုင်ဖို့လိုပါတယ် အဲ့လိုလုပ်နိုင်ဖို့ဆိုတာ Cash flow ကိုကောင်းကောင်း စီမံနိုင်ဖို့လိုပါတယ်၊
(4) အခွန်ပေးဆောင်မှုအနေနဲ့လည်းဒဏ်ကြေးမထိရလေအောင်စာရင်းတွေကိုကြိုတင်ပြင်ဆင်ထားပြီးအခွန်ဆောင်ရမဲ့အချိန်မကျော်ခင်မှာဆောင်ထားဖို့လိုပါမယ်၊ ခုနှိမ်ရမဲ့အခွန်တွေအတွက်လည်းခုနှိမ်ဖို့လိုပါတယ်၊
(5) Operation အဆင်ပြေချောမွေ့မှုရှိစေရန်လည်းမိမိရဲ့လုပ်ငန်းတွင် Internal control, Policy, SOP တွေချမှတ်ထားဖို့လိုပါတယ်၊
(6) ဝန်ထမ်းတွေကို Performance appraisal လုပ်ဖို့လိုပါတယ်၊ အဲ့လိုလုပ်ဖို့အတွက် JD, KPI တွေချမှတ်ထားဖို့လိုပါတယ်၊ ဒါမှလည်း Reports တွေဟာလည်း Accurate and timely ဖြစ်လာမှာပါ၊
အပေါ်မှာဖေါ်ပြထားတဲ့ အရာတွေကို Strategy ကိုသွားရမဲ့ CEO ကိုယ်တိုင်ကလုပ်နေရပြီဆိုရင်တော့
Please contact 📞 09 941 064 427
အမှန်တွေဖြစ်နေလို့ သူများတင်ထားတဲ့ဟာလေးကိုပြန်တင်ပေးလိုက်တာပါ။
စာရင်းကိုင်မမြဲခြင်း ပြသနာနှင့် လုပ်ငန်းများ၏အားနည်းချက်များ
_____________________________________
တချို့လုပ်ငန်းတွေမှာ စာရင်းကိုင်မမြဲဘူးဆိုတဲ့
ပြသနာက တော်တော်လေးကိုကြီးမားတဲ့
ပြသနာတစ်ခုလို ဖြစ်နေတတ်ပါတယ်….
စာရင်းကိုင်အလိုရှိသည်လို့ခေါ်စာမြင်ရင်
ကြည့်လိုက် ဒီလုပ်ငန်းနာမည်ပါဘဲ
ရှိသမျှ အေဂျင်စီတွေ ဂျာနယ်တွေ FB Groupတွေထဲ
ဝန်ထမ်းခေါ်ထားတာ ဒီလုပ်ငန်းနာမည်နဲ့မြင်နေကြ
ဒါဆိုရင်….
အလုပ်လျှောက်သူတွေဘက်ကလဲ အထာသိသူဆိုရင်
ချိန်ဆလို့ရတယ် ဒီလုပ်ငန်းက လူမမြဲနေတာ တော်တော်ကြာပြီဘဲ..
လုပ်ငန်းထဲမှာ လူမမြဲနိုင်တဲ့ ပြသနာတစ်ခုခုတော့ရှိနေမှာသေချာတယ်ဆိုတာမျိုးကို ကြိုတွေးလို့ရတယ်…
အလုပ်ရှင်ဘက်ကလဲ ပြောပါလိမ့်မယ် ငါတို့လုပ်ငန်းမှာ
စာရင်းကိုင်တွေက မမြဲဘူး…
လုပ်နိုင်တယ်ဆိုပြီး လာကြတယ်.. ပြီးရင် မပျော် (နှစ်ရက်) ပျော် (နှစ်ရက်)နဲ့ အလုပ်ဆင်းပြီး
သုံးရက်ပြည့်အောင်တောင်မလာ နှုတ်တောင်မဆက် အကျိုးကြောင်းလဲ မပြောဘဲ ထွက်သွားကြတယ်တို့..
တချို့ကျတော့လဲ သုံးလ ခြောက်လတောင်မခံဘဲ ထွက်ထွက်သွားကြတယ်တို့ ငြီးငြူပြောဆိုလေ့ရှိသပေါ့..
တကယ်က အလုပ်ရှင်တွေနဲ့ စာရင်းကိုင်ကြားမှာဖြစ်လေ့ရှိနေတဲ့ ဒီပြသနာရဲ့ အဖြေတွေကရှိပြီးသားပါ…
အနာသိရင် ဆေးရှိတယ် ဆိုရိုးစကားလိုဘဲ
ပြသနာရဲ့ အဖြေကို သိရင် အဲ့ဒီပြသနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေလဲရှိနေတာပါဘဲ..
ခက်တာက အလုပ်ရှင်တွေကိုယ်တိုင်က ကိုယ့်လုပ်ငန်းမှာ ဘာလို့စာရင်းကိုင်တွေမမြဲသလဲဆိုတဲ့အဖြေကို သေချာသိအောင် လေ့လာစမ်းစစ်ချက်တွေ ပြုလုပ်ဖို့ လေးလေးနက်နက် စိတ်မပါတာက ပြသနာတစ်ခုဖြစ်နေတာပါ…စာရင်းကိုင်မမြဲတဲ့ ပြသနာကို ကြုံတွေ့နေရလို့ စိတ်ရှုပ်ရတာ စိတ်ပျက်ရတာတွေရှိနေပေမယ့်လဲ ပြသနာကို ဖြေရှင်းနိုင်ဖို့ တကယ့်အခြေခံ အကြောင်းအရင်းကို လေ့လာစမ်းစစ်ဖို့ထက်...
ဒီတစ်ယောက်သွားရင် နောက်တစ်ယောက်ထပ်ရှာ ထပ်ခေါ်မယ်ဆိုတာလောက်ဘဲ အတွေးပေါ်ပြီး
ပြသနာကို ဖြေရှင်းနိုင်လိမ့်မယ်ထင်နေတာကိုက အမှားကြီး မှားနေတာပါ…
လုပ်ငန်းရှင်တွေဘက်က မိမိတို့ လုပ်ငန်းမှာ စာရင်းကိုင်တွေ မမြဲလာတာ ကာလကြာလာပြီဆိုတာနဲ့
စာရင်းကိုင်တွေ မိမိတို့လုပ်ငန်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေက ဘာတွေလဲ…
သူတို့ ကိုယ့်လုပ်ငန်းထဲမှာ ဘာလို့ ကြာကြာမနေနိုင်ကြတာလဲ…
တချို့ဆို ရက်တိုလေးနဲ့ ဘာလို့ ပြန်ထွက်သွားကြသလဲ…
တချို့က ဘာလို့ တစ်နှစ်ပြည့်အောင်တောင် မလုပ်လိုကြသလဲ စသဖြင့်အတွေးများနှင့်အတူ ပြသနာအရင်းခံအကြောင်းအရင်းကို ရှာဖွေစမ်းစစ်ကြည့်သင့်ပါတယ်…
ဒါဆိုရင်တော့ ဘယ်လို ပြသနာအရင်းခံတွေ ရှာဖွေတွေ့ရှိနိုင်သလဲဆိုတော့….
◾
၁)အချက်_ လူမှန်နေရာမှန် (တနည်းအားဖြင့်) ရာထူးနေရာနှင့် အလုပ်တာ၀န်မှန်စွာ မခန့်အပ်ခြင်း...
လုပ်ငန်းက ပေးအပ်မယ့် လုပ်ဆောင်ရန်တာ၀န်များနှင့် ခန့်အပ်ရာထူးများသည်ဆီလျော်မှုမရှိဘဲ ခန့်တာတမျိုး ခိုင်းတော့တမျိုးပုံစံများဖြစ်နေခြင်း
ဉပမာအားဖြင့် Junior Level /Accountant Level လောက်ရာထူးပေးခေါ်ပြီး ခိုင်းတော့ Senior Level တွေလို ရှိသမျှစာရင်းတာ၀န်ကို အကုန်ရောခိုင်းထားခြင်း
Senior Level တွေခေါ်ပြီး ခိုင်းတော့ စာရေးမပုံစံမျိုးတွေ လုပ်ခိုင်းခြင်း စသည်တို့ကိုဆိုလိုသည်
◾
၂)အချက်_ စာရင်းကိုင်ရာထူးအတွက် ပြီးစလွယ်
လူရှာခန့်တတ်ခြင်း
စာရင်းကိုင် ရာထူးတစ်ခုအတွက် ခန့်အပ်မယ့် ရာထူးနဲ့ ပေးအပ်မယ့် လုပ်ငန်းတာ၀န်များ ဆီလျော်မှုရှိမရှိကို မိမိတို့ လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီးလည်းကောင်း အခြားလုပ်ငန်းများကိုနမူနာယူပြီးလည်ကောင်းကြိုတင်လေ့လာ သုံးသပ် စီစစ်ထားခြင်း ကြိုတင်စီမံဆုံးဖြတ်ထားခြင်းများမရှိဘဲ လူရပြီးရော စာရင်းကိုင်ဆိုရင် ဘယ်လိုဖြစ်ဖြစ် တစ်ယောက်လောက်ရရင် အဆင်ပြေတယ်ဆိုတဲ့ ပုံစံများဖြင့် လူရှာခန့်ခြင်း
◾
၃)အချက်_ စာရင်းကိုင်ပညာဆိုင်ရာ အသိပညာ အတတ်ပညာ အရည်အချင်းများရှိမရှိ မစစ်ဆေးတတ်ခြင်း
လုပ်ရမည့် လုပ်ငန်းတာ၀န်များ / ခန့်အပ်မည့် ရာထူး စသည်တို့နှင့် လိုက်ဖက်လျော်ညီသော
စာရင်းကိုင်ဆိုင်ရာ အသိပညာ အတတ်ပညာများ တကယ်ရှိမရှိ /အရည်အချင်း /လုပ်ရည်ကိုင်ရည်များ ရှိမရှိကို သေချာစွာ စစ်ဆေးမေးမြန်းနိုင်မှုမရှိဘဲ အင်တာဗျူးများကို ပြီးစလွယ်လုပ်ပြီး သာမန်သာလျှံကာ လူတွေ့များလုပ်ပြီး နံကြားထောက် လူရွေးပုံစံများဖြင့်
လူခန့်ကြခြင်း…
ဉပမာ စာရင်းကိုင်ဆိုင်ရာ လုပ်ဆောင်ချက် အသိပညာ အတတ်ပညာများကို ဘာတွေသိလဲ ဘာတွေတကယ်လုပ်တတ်မလဲ လုပ်နိုင်မလဲ ဆိုတဲ့ မေးခွန်းတွေထက် အဓိကမကျသော အရေးမပါသောအလာဘ သလာဘ လူမှုရေး မိသားစု အခြေအနေ အနည်းငယ်နှင့် ဘာလုပ်ဖူးလဲ ဘာလို့ထွက်လာတာလဲဆိုတာလောက်ဘဲ မေးပြီး ရုပ်ရည်ချောတာ သွက်လက်တာ တော်ကီကောင်းတာ တောင်းထားတဲ့ လစာနည်းတာ စသည်တို့ကိုသာ ကြည့်ပြီး မိမိတို့ စိတ်အာရုံမှာ ကြိုက်တယ် မကြိုက်ဘူး ဆိုတဲ့ခံစားမှုတစ်ခုလောက်နဲ့တင် ပေးချင်တဲ့ လစာနဲ့လဲ ကိုက်တယ်ဆိုတာလောက်နဲ့တင် အလုပ်ခန့်ဖြစ်တဲ့ ပုံစံကများတာတွေဖြစ်နေပါတယ်..
တကယ်တမ်း အင်တာဗျူးမှာ သက်ဆိုင်ရာ စာရင်းပညာနဲ့ လုပ်ဆောင်ရန်အချက်များကို ပညာသားပါပါမေးမြန်းလို့ ပညာသားပါပါ ဆရာအထာကျကျ ပြန်ဖြေနိုင်သူတွေကို ရွေးချယ်တယ်ဆိုတာမျိုးက
ခပ်ရှားရှားအခြေအနေဖြစ်နေတတ်ပါတယ်…
◾
၄)အချက်_ လစာပေးနှုန်း နည်းခြင်း (သို့မဟုတ်) ရာထူးနှင့်မဆီလျော်သောလစာဖြစ်ခြင်း
လုပ်ငန်းက ပေးအပ်မယ့် တာ၀န်များရင်များသလို ပေးအပ်မယ့်တာ၀န်ကို တကယ်ထမ်းရွက်နိုင်မယ့်
အရည်အချင်းရှိတဲ့ လူမျိုးကိုရှာခန့်ပြီး တာ၀န်နဲ့လိုက်ဖက်မယ့် လစာနှုန်းကို ပေးရမယ်ဆိုသော
စိတ်မထားနိုင်ဘဲ
ဒီလောက်ဘဲ ပေးချင်တယ် ဒီလောက်ဘဲ ပေးနိုင်တယ်ဆိုတဲ့ လစာနှုန်းသတ်မှတ်မှု အပိတ်ကိန်းတစ်ခုပေါ်မှာဘဲ
အခြေခံထား လူရှာခန့်ခြင်းကြောင့် ခိုင်းမှာက အများကြီး ဒါကို လုပ်နိုင်သူဖြစ်ရေး/ လူတော်လဲ ဖြစ်ရန်လို လူကောင်းလဲဖြစ်ရန်လို/ လုပ်နိုင်စွမ်းကလဲ မြင့်ရန်လို ဆိုတာမျိုးပုံစံနဲ့ဆိုတော့ တော်ရုံနဲ့ လူမရခြင်း သို့မဟုတ် ရတဲ့လူသည်လဲ အလုပ်ထဲရောက်မှ သူမနိုင်နင်းတာတွေ လုပ်ရပြီး မနိုင်တာ၀န်နဲ့ ဆက်မလုပ်နိုင်လို့ ထွက်ကြပြန်ရောပေါ့…
◾
၅)အချက်_ စာရင်းကိုင်ပညာဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အလုပ်ရှင်များကိုယ်တိုင် အရေးမထား
မလေးစား မလိုက်နာခြင်း (သို့) မိမိတို့လုပ်ငန်းတွင် ကောင်းမွန်သောစာရင်းစနစ်များဖြင့် လည်ပတ်စေချင်သောစိတ် အပြည့်မရှိခြင်း
ဒီအချက်ကတော့ ပြောရင် အရှည်ကြီးဖြစ်မှာပါ…
စာရင်းကိုင်တွေသာ ခန့်ကြတယ် အလုပ်ရှင်တွေကိုယ်တိုင်က စာရင်းကိုင်တွေကို အလေးထားရကောင်းမှန်း စာရင်းကိုင်ပညာရဲ့ လုပ်ထုံးလုပ်နည်းတွေကို အလေးထားရကောင်းမှန်း မသိကြတာခက်ပါတယ်…
မြန်မာပြည်တွင်းက အတော်များများသော လုပ်ငန်းရှင်များဟာ စာရင်းကိုင်ပညာရဲ့ လုပ်ထုံးတွေထက်
ဈေးကွက်နဲ့ အရောင်းကျယ်ပြန့်ရေးကိုသာ အလေးထား အာရုံစိုက်သူတွေများပြီး လုပ်ငန်းလည်ပတ်နိုင်ဖို့
အရေးဘဲ အာရုံထားနိုင်မယ်ဆိုတဲ့ စိတ်များနဲ့သာ လုပ်ငန်းတွေလုပ်နေကြတာများပါတယ်…
လုပ်ငန်းတွေလုပ်နေရင်း မိမိတို့လုပ်နေရတာ အကျိုးထူးလာသလား အကျိုးယုတ်သွားသလား ယခင် ရှိတာထက် ပိုတိုးတက်ကြီးပွားထွန်းကားလာသလား /ရှိတာလေးတွေတောင် လျော့ဆင်းသွားပြီလား စတဲ့အဖြေတွေကို စာရင်းကိုင်တွေရဲ့ ပညာနဲ့ လုပ်ထုံးတွေဘက်က အဖြေတွေ ဖော်ပေးနိုင်တယ်ဆိုတာကို အာရုံမထားဘဲ
အမည်ခံ စာရင်းကိုင်တွေလောက်သာထားတာပါ စာရင်းက လွယ်လွယ်လေးပါ ဒီစာရင်းကို ဒီလိုလေးဘဲ သွင်းထားလိုက်ရင် ရပြီဆိုတဲ့ လုပ်ငန်းရှင်မျိုးတွေက Senior Accountant ဆိုပြီး လူခေါ်ခန့်နေတော့ရော
ဘာထူးမှာလဲ ဒီလိုပုံစံဆိုရင် စာရေးမလောက်အဆင့်ကို ခန့်ရင်ရတယ် ဆိုတာမျိုးလဲ အတွေးရောက်ကြပုံ မပေါ်ပါဘူး..
Senior Accountant တစ်ယောက်ဖြစ်ဖို့ သင်ထားရတဲ့ စာရင်းပညာအဆင့်တွေနဲ့ ရှာယူထားရတဲ့ လုပ်ငန်းအတွေ့အကြုံတွေကလဲ မနည်းမနောရှိပါမှ တကယ်တမ်းဆို အဆင်ပြေမယ့် လူတစ်ယောက်ကို
ရာထူးခေါ်ခန့်တော့ စီနီယာ ခိုင်းချင်တာက စာရေးမအဆင့်မျိုးနဲ့ဆိုတော့ ငွေရပြီးရော လူမျိုးကတော့ ထိုအလုပ်မျိုးကို လုပ်ချင်လုပ်နိုင်ပေမယ့် ပညာနဲ့ ရာထူး
သူနဲ့လျော်ညီပြီး ရမယ့်လုပ်ငန်းအတွေ့အကြုံတွေကို တန်ဖိုးထား မက်မောတတ်သူတွေအတွက်ကတော့ ဒီလိုလုပ်ငန်းကို ဘယ်လုပ်မလဲဆိုတာကို ငါငွေပေးခေါ်ရင် လာကြမှာဘဲလို့ ထင်တဲ့ လုပ်ငန်းရှင်တိုင်းကတော့ သိဟန်မတူပါဘူး…
နောက်တစ်ခုက စာရင်းကိုင်တွေခန့်ပြီး စာရင်းလုပ်ထုံးလုပ်နည်း လုပ်ကွက်များကို လိုအပ်သလို လွတ်လပ်စွာ လုပ်ခွင့်မပေးထားဘဲ စာရင်းပညာဗဟုသုတ အသိပညာ အတတ်ပညာတွေ သေချာမရှိဘဲ ငါလုပ်ငန်းရှင်ကွဆိုတဲ့ စိတ်နဲ့ စာရင်းကိုင်တွေရဲ့ စာရင်းလုပ်ကွက်များကို လွှမ်းမိုးချုပ်ကိုင်ထားလိုစိတ်များရှိနေခြင်းကို အမြဲဆိုသလို မြင်တွေ့နေရပါတယ်…
ဉပမာ လုပ်ငန်းရဲ့ အရှုံးအမြတ်စာရင်းဆွဲရင် မဖြစ်မနေ ထည့်သွင်းရမယ့်စာရင်း Purchase အတွက် လုပ်ငန်းရှင်က Purchase Invoice မပေးလို့ ပေးမသိလို့ Purchase နေရာ ဘယ်လိုထည့်ရမှန်းမသိရတာနဲ့
လိုအပ်လို့ သွားတောင်းတော့ ပြန်ပြောသေး အဲ့တာ နင်တို့သိဖို့မလိုပါဘူး… ငါပြောတာနဲ့ထည့်လိုက်ပါတို့ ဆိုတာမျိုးတွေလုပ်တတ်ကြပါတယ်…
အသုံးစရိတ်တွေမှာလဲ ဒီစရိတ်ကို ဒီလိုထည့်ပေး ဟိုစရိတ်ကို ဟိုလိုပြင်ထည့်လိုက်ဆိုတာမျိုး
လုပ်ငန်းရှင်တွေကိုယ်တိုင်က လုပ်ငန်းငွေကြေး ပစ္စည်းတွေ ယူချင်သလိုယူ သုံးချင်သလိုသုံး
မေးရင်မကြိုက် ငါ့ဟာငါယူတာ သုံးတာ နင်တို့ကို တင်ပြစရာလား ဘယ်သူက သူဌေးလဲတို့ မေးခံရပြန်ပါတယ်
စာရင်းကိုင်တိုင်းအတွက် စာရင်းလုပ်ထုံးလုပ်နည်းတွေဟာ နေ့စဉ်နဲ့အမျှ လုပ်ဆောင်ရန်တွေ အများကြီးရှိသလို အဆင့်လိုက်ရှိနေပေမယ့်လဲ လုပ်ငန်းရှင်များကိုယ်တိုင်က ဟိုဟာဘဲ လုပ်ပါ ဒီဟာမလုပ်နဲ့ ဒီစာရင်းကို ဒီလိုဘဲထည့်ထားပေးလိုက် ဆိုတာမျိုးနဲ့ လွတ်လပ်စွာပျံသန်းရမယ့် အတောင်တွေကို ရိုက်ရိုက်ချိုးပြီး
လုပ်ကွက်တွေကို လိုက်ပိတ်ခဲ့တာလဲ သူတို့ပါဘဲ...
အချိန်တန်ကျရင် စာရင်းမှန်ထွက်ဖို့ကလဲ ပါးစပ်ဖျားက မချကြတော့ကာ တခါတလေ တွေးမိတယ် လုပ်ငန်းရှင်တွေက မမဆောင်း ဗားရှင်းနဲ့ စာရင်းကိုင်တွေကို ခိုင်းနေကြတာနော်လို့…. စာရင်းတွေကို အမှန်ထွက်စေချင်သလိုလို အမှန်မထွက်စေချင်သလိုလိုနဲ့ တိတိကျကျလဲ လိုချင်သလိုလို မလိုချင်သလိုလိုနဲ့ ဘာဖြစ်ချင်နေကြမှန်းကို မသိတာရယ်ပါလို့…
အဲ့တော့ အချုပ်အားဖြင့်ပြောပါဆိုရင် စာရင်းကိုင်များအတွက် အရည်အချင်းတကယ်ရှိသူများသည်လဲ
ဒီလို လုပ်ငန်းမျိုးကို ရှောင်ပြီး အမြန်ထွက်ဖို့ဘဲ
ချောင်းနေကြတာမစမ်းပါဘူးလေ…
ငွေရပြီးရော ၀င်လုပ်မိတဲ့ သူတွေ အရည်အချင်းမပြည့်သူ အရည်အချင်းမရှိသူများပင်လျှင်
ကြာလာတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ အရာရာ သူတို့စိတ်နဲ့ ဘာစာရင်းတွေ ခိုင်းပြီး ဘာတွေဖြစ်ချင်နေမှန်းမသိတဲ့ အလုပ်မျိုးကို စိတ်ပျက်မိတာ အခါခါမို့ တာ့တာပြကြတော့တာပေါ့နော်…
◾
၆)အချက်_ စာရင်းကိုင်တွေကို လိုအပ်သလိုပြောရေးဆိုပိုင်ခွင့် (Authorities) များပေးခြင်းနှင့် လိုအပ်သလို ထောက်ပံ့ကူညီပေးခြင်းများ ပြုလုပ်ဖို့ လုပ်ငန်းရှင်များဘက်မှ ပျက်ကွက်ခြင်း
ဒီအချက်ကလဲ ကြုံဖူးသူတိုင်း သိနေတဲ့ အချက်ဖြစ်မှာပါ… စာရင်းကိုင်တွေကို လူမုန်းတယ်သာပြောတာ တကယ်တမ်းက အသုံးစရိတ်တွေကို စိစစ်လို့ ကြပ်မတ်လို့ဆိုတာက အကြီးမားဆုံး ပြစ်ချက်ပါဘဲ..
ကျန်တာတွေမှာက စာရင်းကိုင်တွေမှာ တခြားဌာန ရာထူးတွေနဲ့ယှဉ်ရင် ဘာပြောရေးဆိုပိုင်ခွင့်မှ မယ်မယ်ရရမရှိကြတာ များပါတယ်…စာရင်းကိုင်ဆိုသူတွေမှာ သူဌေးကိုကြောက်ရ /ဒါရိုက်တာတွေကို ကြောက်ရ /သူဌေးလူယုံကိုကြောက်ရ/ သူဌေးမိန်းမကို ကြောက်ရ /GM (Managers) တွေကိုကြောက်ရ/ HR & Admin တွေကိုကြောက်ရ/Sales & Marketing တွေမှာ အရေးပါ အရာကြီးသူတွေကို ကြောက်ရနဲ့ အကုန်ပတ်ကြောက်နေရတဲ့ ပတ်ကြောက်ဌာန၀င်တွေ ဖြစ်နေတာက များပါတယ်နော် …
ဟုတ်လားတော့မသိဘူး မဟုတ်ဘူးဆိုလဲ လာပြောကြပါ စာရေးသူကတော့ လုပ်ငန်းအတော်များများမှာ အဲ့လိုဘဲ ဖြစ်နေတာ မြင်နေရလို့ ဒီလိုရေးပေးလိုက်တာပါနော်…
စာရင်းကိုင်တွေကိုကျတော့ ဘယ်သူမှ မကြောက်ကြဘူး မုန်းတာပါနော်…
ငါ့ငွေနဲ့ ငါ့စီးပွား ငါ့စာရင်းတွေကို လာထိန်းပေးဆိုပြီး ပိုင်ရှင်တွေက လူမိုက်ငှားခံထားရတဲ့ လူတကားမုန်းတဲ့
ပတ်ကြောက်အဖွဲ့၀င်တွေပါ…
စာရင်းကိုင်တွေ တခြားဌာနတွေကို ဘယ်လိုတောင်ကြောက်ရလဲဆို စာရေးသူ စာရင်းစစ်သွားတုန်းက
ကြုံဖူးတဲ့လုပ်ငန်းဆို စာရင်းကိုင်တစ်ယောက်ထဲ အောက်ထပ်ကို မဆင်းရဲလို့တဲ့ ကိစ္စတစ်ခုရှိရင်
နှစ်ယောက်တွဲမှ ဆင်းရဲပါတယ် ….
ဘာလို့လဲ မေးကြည့်တော့ နင်တို့သတ္တိရှိရင် အောက်ဆင်းလာခဲ့ တွေ့မယ် ကြိမ်းထားလို့တဲ့ … ဘာလုပ်မိလို့ အဲ့လို ကြိမ်းကြတာတုန်းမေးတော့ အသုံးစရိတ်တွေလာတင်တိုင်း လက်မှတ်ထိုးခိုင်းလို့ မကျေနပ်ကြတာတဲ့လေ…ဒါနမူနာတစ်ခုဘဲ ပြောပြတာပါ ဟာသမဟုတ်ဘူး..
တကယ့်အလုပ်ထဲက ပြသနာပါ….
တခြားပြသနာမျိုးတွေ အများကြီးရှိပါသေးတယ်
စာရှည်မှာဆိုးလို့ မပြောတော့ပါဘူး…
ဆိုတော့ ပြောချင်တာက လုပ်ငန်းထဲမှာ စာရင်းကိုင်တွေ မမြဲရခြင်းတွေသည် စာရင်းလုပ်ဆောင်ချက်တွေကျတော့လဲ သူ့ပညာ သူ့သဘောအရ လွတ်လပ်စွာ
လုပ်ခွင့်မရ / လုပ်ငန်းခွင်မှာ ကြုုံတွေ့ရတဲ့ လူတွေမှာလဲ သူဌေးကအစ ကျန်လူများအားလုံးက စာရင်းပညာသဘောလုပ်ထုံးတွေကို လေးစားလိုက်နာရကောင်းမှန်းမသိ / ပြောပြလဲ လက်မခံချင်/ ရန်ထောင်သူ ကပ်ဖဲ့ရပ်ဖဲ့လုပ်သူတွေကလဲ အများကြီးရှိနေသေး/
တချို့အလုပ်ခွင်တွေကလဲသူခိုးမွေးမြူရေးစခန်းလို့တောင် သမုတ်ရမလိုဘဲ ….
ရှိသမျှလူက ရာထူးအလိုက် ရရင် ရသလို လစ်ရင်တွယ်လုပ်နေသူက အများကြီးမို့ စာရင်းကိုင်ခမျာ တစ်ရွာလုံးနဲ့ တစ်ယောက်ဖြစ်ပြီး ကြောက်လန့်ထွက်ပြေးရတာတွေလဲ ရှိသေးတယ်နော်…
ဒါတွေကိုလဲ တချို့အလုပ်ရှင်တွေက မသိတာလဲရှိသလို …သိရဲ့သားနဲ့ အခြေအနေအရ လွတ်ပေးထားပြီး စာရင်းကိုင်ကို လူမိုက်ငှားတာမျိုးလဲ ရှိသေးတယ်…
စာရင်းကိုင်တွေကို ပြောရေးဆိုပိုင်ခွင့် လုပ်ပိုင်ခွင့် အပြည့်ပေးလားဆိုတော့လဲ မပေးဘူး..
ဉပမာ ပစ္စည်းတွေ မကိုက်မှန်းသိရဲ့နဲ့လည်း ဂိုဒေါင်ကို ပစ္စည်းသွားမစစ်နဲ့ မလိုဘူး သူ့တာ၀န်နဲ့သူ စည်းမကျော်နဲ့ ဆိုတာမျိုးစကားနဲ့ စာရင်းကိုင်လုပ်ကွက်ကို ပိတ်ထားတဲ့ လုပ်ငန်းရှင်မျိုးက ရှိသေးတယ်…
စီးပွားရေးလုပ်ငန်းတစ်ခုအတွက် ကောင်းမွန်တဲ့ စာရင်းစနစ်တွေ ရဖို့ဆိုရင် စာရင်းကိုင်တစ်ယောက်ထဲက ပုံစံတွေချ စနစ်တွေဖော်ဆောင်ပြီး စာရင်းကိုင်တစ်ယောက်ထဲကဘဲ အဲ့ဒီပုံစံစနစ်တွေကို လိုက်နာချင်နေလို့မရဘူးလေ ....
လုပ်ငန်းထဲမှာ ပါ၀◌င်လုပ်ကိုင်နေသူအားလုံးက စာရင်းပညာသဘော သဘာ၀တွေကို နားလည်လက်ခံပြီး
လိုက်နာပေးရမယ့် အရာတွေကို လိုက်နာကျင့်သုံးပေးပါမှ ကောင်းမွန်တဲ့ စာရင်းစနစ်တစ်ခုကို ရေရှည်အကောင်အထည်ဖော်လို့ရမှာဖြစ်ပါတယ်…
ဒီအတွက် လုပ်ငန်းရှင်တွေသည် ကိုယ်တိုင်မေးပါ
ငါတို့လုပ်ငန်းမှာ စာရင်းပညာသည် အရေးကြီးတယ်ထင်သလား…
စာရင်းကိုင်တွေသည် အရေးပါတယ် ထင်သလား ….
ငါတို့လုပ်ငန်းအတွက် စာရင်းစနစ်တွေ ကောင်းမွန်စွာကျင့်သုံးနိုင်ဖို့ ငါတို့တကယ် လိုလားသလား ..
ဒီအချက်တွေကို တကယ်လိုလားတယ်ဆိုရင်တော့ စာရင်းကိုင်တွေကို လုပ်ငန်းလိုအပ်ချက်နဲ့ ကိုက်ညီတဲ့
အရည်အချင်းပြည့်၀တဲ့ ကျွမ်းကျင်စာရင်းကိုင်ကောင်းတွေ ရအောင် သေချာရွေးချယ်ပြီး
လူမှန်နေရာမှန် ရာထူးမှန် အလုပ်တာ၀န်မှန်ကန်စွာနဲ့ ခန့်အပ်တာ၀◌န်ပေးနိုင်ဖို့လိုအပ်သလို
စာရင်းကိုင်တွေရဲ့ သူ့ပညာ သူ့လမ်းကြောင်းအတိုင်း လုပ်ရန်လိုသည်များကိုလွတ်လပ်စွာ လုပ်ခွင့်ပေးပါ…
လိုအပ်သည်များကို အလုပ်ရှင်အနေဖြင့် ပံ့ပိုးပေးပါ
စာရင်းပညာအရ လိုအပ်လို့ ထုတ်ပြန်တဲ့ စည်းကမ်း စနစ်များကို လုပ်ငန်းရှင်များကိုယ်တိုင်လိုက်နာပြပြီး
မည်သည့်၀န်ထမ်းများကိုမဆို တသားထဲ လိုက်နာနိုင်အောင် စီမံခန့်ခွဲပါ..
စာရင်းကိုင်များကို လုပ်ငန်းရှင်များကိုယ်တိုင် တန်ဖိုးထား နေရာပေးပါ….
သူ့လုပ်အား၀န်နဲ့ ညီမျှတဲ့ လုပ်ခလစာများပေးပါ…
ဒါဆိုရင်တော့လဲ စာရင်းကိုင်တွေမမြဲလို့ တော်တော်ဒုက်ခရောက်နေရပါတယ်ဆိုတာမျိုး
တွေမငြီးတွားရတော့ဘဲ မိမိတို့စီးပွားများ ဒီရေအလား တိုးတက်အောင် စိတ်အေးအေးနဲ့လုပ်ဆောင်နိုင်ကြမှာပါလို့ စေတနာတရားနဲ့ အကြုံပြုရေးသားပေးလိုက်ရပါတယ်ရှင်…
ချွင်းချက်အနေနဲ့ တစ်ခုတော့ ပြောပြပေးထားပါအုံးမယ်…
ကျွန်တော်တို့ ကျွန်မတို့ လုပ်ငန်းက ဆရာမပြောထားတာတွေနဲ့တခုမှ မညိဘူး…
ကျွန်တော်တို့ လုပ်ငန်းဘက်က အကုန်အမှားမရှိဘူး / လူလည်းကောင်းပေးတယ် မူလည်းကောင်းပေးထားတယ်/ လစာနဲ့ အလုပ်ပတ်၀န်းကျင်ကလဲ ကောင်းရဲ့သားနဲ့ လာသမျှ စာရင်းကိုင်က ကြာကြာကိုမလုပ်ဘူး ၀င်လိုက် ထွက်လိုက်ဖြစ်နေတာ ဘာလို့လဲဆိုတာမျိုး
ဖြစ်နေရင်တော့ အဖြေက ရှင်းပါတယ်…
မိမိတို့ခန့်အပ်လိုက်တဲ့ စာရင်းကိုင်တွေဟာ အင်တာဗျူးမှာ လုပ်နိုင်ပါတယ်သာ အလုပ်ရပြီးရော ပြောခဲ့တာ တကယ်တမ်းအလုပ်ထဲကျတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ သူတို့အကြောင်းသူတို့သိလို့ တကယ်မလုပ်နိုင်လို့ ရက်တိုတိုနဲ့ ပြန်ထွက်သွားကြတာဘဲဖြစ်ပါလိမ့်မယ်… ဒီအတွက် အစထဲက အပေါ်မှာပြောထားပါတယ်
စာရင်းကိုင်တွေကို စာရင်းကိုင်ဆိုင်ရာ အသိပညာ အတတ်ပညာ အရည်အချင်းတွေ တကယ်ရှိတာသေချာရဲ့လားလို့ သေချာစစ်မေး စိစစ်ပြီးမှ အလုပ်ခန့်သင့်ပါကြောင်း…
မဟုတ်လို့ကတော့ လုပ်နိုင်လားမေးလို့ လုပ်နိုင်တယ်ရမ်းသန်းဖြေတဲ့ အာဖျံဂွီးစာရင်းကိုင်တွေကို
သွားခန့်မိရင်တော့လဲ သိပ်မကြာဘူး ပြန်ထွက်မှာဘဲပေါ့…
သို့တည်းမဟုတ် လာတဲ့စာရင်းကိုင်က လူမှန် လူသွက် လူထက်ဖြစ်နေလို့ အတွင်းထဲက လူတွေက
မလိုလားလို့ ပညာပြ ကန်ထုတ်ကြမယ်ဆိုရင်လဲ သီးမခံနိုင်တဲ့သူတွေအတွက်က အလုပ်ကိုကြိုက်ရင်တောင်
အတွင်းကလူတွေနဲ့ ဆက်ဆံရအဆင်မပြေတာမို့လို့ မကြာခင် ပြန်ထွက်သွားကြတာဘဲဖြစ်နိုင်ပါတယ်…
ဒီအတွက် လုပ်ငန်းရှင်တိုင်းသည် စာရင်းဌာန၀င်တွေနဲ့ တခြားဌာနတွေအကြားမှာ ရှိနေတဲ့ ဆက်ဆံရေးအခြေအနေတွေကိုလဲ မျက်ချေမပြတ်စောင့်ကြည့်အကဲဖြတ်ထားပြီး လိုအပ်သလို စီမံနိုင်မယ်ဆိုရင်တော့လဲ စာရင်းကိုင်မမြဲခြင်း ပြသနာကို ဖြေရှင်းနိုင်မှာဖြစ်ပါကြောင်း ထပ်လောင်းပြောကြားလိုပါတယ်ရှင်….
အလုပ်နှင့်ဘဝများစွာအတွက် အဆင်ပြေ
အောင်မြင်စေလိုသော စေတနာ ဆန္ဒများဖြင့်
ရေးသားအပ်ပါသည်
Credit # # #
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon