Tiny Crafts Art Studio
သင့်ရဲ့ ဝါသနာတွေကို စိတ်ကြိုက်ဖန်တီးပုံဖော်နိုင်မယ့် Tiny Crafts Art Studio မှကြိုဆိုပါတယ်
လူရုပ်သင်တန်းလေးတွေ အပ်လို့ရပါပီ
🤗သင်တန်းနေရာလေးအလှဆင်တာကို တူတူကြည့်ကြမယ်နော် ပစ္စည်းလေးတွေ တစ်ခုချင်းစီကနေ သင်တန်းနေရာ လှလှလေးဖြစ်သွားမှာကို စဉ်းစားရင်း ရင်ခုန်နေပီ 🥰 Tiny Crafts Myanmar
Hello 👋
၃နှစ်အကြာမှာ သင်တန်း Page လေးပြန် Runပါပီရှင်
လူရုပ်လုပ်နည်းသင်တန်းလေးတွေ ခနခနလာမေးကြတာ
May လထဲမှာ ပြန်ဖွင့်ပါတော့မယ်ရှင် 💙
ဆရာမ မြန်မာပြည်မှာရှိတုန်းလေးသေချာဖွင့်ပေးမှာမို့လို့ နောက်မကျအောင် စာရင်းဖွင့်တာနဲ့ လာအပ်ပါရှင်
အတန်းမှာ လူဦးရေကလဲ ကန့်သတ်ထားပါသေးတယ်
သင်တန်းတက်ပီးရင် order ပြန်ကောက်ပီး လုပ်လို့ရတဲ့အထိသင်ပေးမှာနော်😱
သင်တန်းအသေးစိတ်ကိုတော့ နောက်အပတ်မှာတင်ပေးမှာမို့လို့
စောင့်ကြည့်ပေးပါဦးရှင်
ဖွင့်လှစ်မည့်သင်တန်းများ
🔹 Minime Class ( Basic to Minime )
🔹 Minime Advanced Class
🔹 Air Dry Clay Class
🔹 Polymer Clay Earring Class
သင်တန်းအကြောင်းကို အရင်သိချင်တယ်ဆိုရင် Comment မှာ Minime လို့ရေးပေးသွားပါ
ရေးထားတဲ့သူတွေကို သင်တန်းအကြောင်းအရင်လာပြောပေးပါမယ်ရှင် 🤗
09/05/2023
Knowledge sharing 💡
Polymer Clay တွေကို ဘယ်လိုသိမ်းဆည်းရမလဲ?📌‼️
ပထမဆုံးအနေနဲ့ polymer clay တွေကို သိမ်းဆည်းမယ်ဆိုရင် အဓိကက နေရောင်ခြည်နဲ့တိုက်ရိုက်မထိတွေ့စေမဲ့ နေရာမျိုးတွေမှာ ထားသင့်ပါတယ် !
နေပူထဲမှာ ထားမိတာမျိုးဆို clay တွေကပျော့သွားနိုင်မို့ ပြုလုပ်တဲ့အခါမျိုးမှာသုံးမရတာမျိုးတွေရှိနိုင်ပါတယ်ရှင့်
ဘယ်လိုသိမ်းထားရင် စိတ်ချရနိုင်မလဲ?
ကိုယ်သုံးဖို့လိုသလောက်ယူပီးတာနဲ့ ကျန်တာလေးတွေကို
- Original Packaging ဖစ်တဲ့ plastic အိတ်နဲ့ သို့မဟုတ် ဇစ်ပါတဲ့ plastic အိတ်လေးတွေနဲ့ သိမ်းထားခြင်း
- ဖယောင်းစက္ကူဖြင့် ထုတ်ပိုးပီး သိမ်းဆည်းထားခြင်း နည်းလေးတွေက အကောင်းဆုံးနည်းလမ်းလေးပါရှင့်
လေလုံအောင်ထားဖို့လိုလား?
မလိုပါဘူးရှင့် Polymer clay ထဲမှာဆို ရေမပါတာမို့ အရမ်းကြီးလေလုံထုတ်ပိုးဖို့မလိုပါဘူးရှင့်❤️
ဒါကြောင့်မို့ Polymer Clay လေးတွေကို သိမ်းဆည်းတော့မယ်ဆို နေရောင်ခြည်နဲ့ဝေးပီး ခြောက်သွေ့တဲ့နေရာမျိုးတွေမှာ သိမ်းဆည်းဖို့ပြောချင်ပါတယ်ရှင့်‼️
နောက်အပတ်တွေကျရင်လဲ Polymer နဲ့ပတ်သတ်တဲ့ အကြောင်းလေးတွေ Tools တွေရဲ့ အသုံးပြူပုံတွေကို တင်ပေးသွားပါဦးမှာမို့စောင့်မျှော်ပေးကြပါဦးရှင့်❤️
Click here to claim your Sponsored Listing.
Contact the establishment
Telephone
Website
Address
1154, ShinThiDat 14th Street, South Okkalapa
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |