Innovative Learning Academy
To share the practice knowledge for Account Personnel, HR Personnel and Admin Personnel
ဘာသာရပ်ကို ဘယ်သူတွေလေ့လာသင့်ပါသလဲ ?
------------------------------
HRM ကိုဘယ်သူတွေ လေ့လာသင့်တာလဲ ? ဘာကြောင့်လေ့လာသင်ယူသင့်တာလဲ?
ဒီမေးခွန်းအပေါ် (၂)မျိုးခွဲခြားစဉ်းစားဖို့ရာ လိုအပ်ပါတယ်
ပထမတစ်မျိုးက ဝန်ထမ်းရေးရာဌာနမှာ လုပ်ကိုင်မယ့် HR Professional များနဲ့ ဒုတိယတစ်မျိုးကတော့ လူသားတွေကို စီမံခန့်ခွဲကြမယ့် Non-HR များပဲဖြစ်ပါတယ်
***************************************************************
၁) တွေအတွက်ကို အရင်ပြောပါရစေ
- ဝန်ထမ်းရေးရာဌာနမှာ လုပ်ဆောင်မယ့်ဝန်ထမ်းတစ်ဉီးအနေနဲ့ operation အကြောင်းကောင်းစွာနားလည်ဖို့လိုအပ်တယ်
- စာတွေ့လက်တွေ့ ဘယ်လိုအသုံးချရမလဲဆိုတာကို တွေးဖို့ရာလိုအပ်ပါတယ်
- လက်တွေ့လုပ်ငန်းခွင်အတွက် အသုံးဝင်စေသော ပညာရပ်များကို တစ်ခုပြီးတစ်ခုထပ်မံလေ့လာဖို့ရာလိုအပ်ပါတယ်
- တခါတရံ Diploma ကော MBA ပါပြီးသွားပါပြီ ကျွန်တော်/ကျွန်မ Manager ဖြစ်နိုင်ပါသလားလို့ တစ်ချို့ ကျောင်းသားတွေက မေးတတ်ကြပါတယ်။ ကျမရဲ့ အဖြေကတော့ မိမိရှိသင့်သော တတ်ကျွမ်းနားလည်ရမယ့် Technical Knowledge တွေပြည့်စုံနေရင် သင့်တော်တဲ့ လုပ်သက်နဲ့ လုပ်ငန်းအတွေ့အကြုံတွေရှိနေရင် ဖြစ်နိုင်ပါတယ်။
- သိသင့်တတ်သင့်တဲ့ အရာတွေကို Perfect ဖြစ်စေဖို့ ကြိုးစားရမယ်သူဟာ မိမိကိုယ်တိုင်ပဲဖြစ်ပါတယ်
- တခါတရံတွေ့ရတတ်တာက HR Professional လို့ မိမိကိုယ်ကိုယ်ကို ခေါင်းစဉ်တော့ တပ်လိုက်ပါတယ်။ သို့သော် မူဝါဒတွေရေးပါ၊ ဝန်ထမ်းရေးရာလက်စွဲစာအုပ်တွေရေးသားပါ၊ Turnover Rate တွေတွက်ချက်ပေးပါ စသဖြင့်ပြောလိုက်ရင် မလုပ်တတ်သေးတဲ့သူတွေရှိနေတတ်ပါတယ် (အားလုံးကို ဆိုလိုခြင်းမျိုးမဟုတ်ပါ)
- မိမိကိုယ်ကို HR Professional တစ်အဖြစ် ဘဝတစ်လျောက်လုံး အသက်မွေးဝမ်းကြောင်းပြုမယ်လို့ ရည်ရွယ်ထားရင် ဘွဲ့လက်မှတ်တွေကို ကိုင်ထားရုံနဲ့ ရပ်မနေဘဲ အခြားသော Technical ဆိုင်ရာ Knowledge တွေကို ထပ်မံလေ့လာသင်ယူကြရမှာဖြစ်ပါတယ်
*******************************************************************
၂) -HR တွေအတွက်ထပ်ပြောပါရစေ………… ဘာကြောင့် လေ့လာသင့်တာလဲဆိုတာပေါ့
- Non-HR ဖြစ်သော မန်နေဂျာတွေအနေနဲ့ မိမိတို့လက်အောက်မှာ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို ဘယ်လိုပုံစံမျိုးနဲ့ စီမံခန့်ခွဲကြမလဲဆိုတာကို ပိုမိုသိရှိစေနိုင်ပါတယ်
- လက်အောက်ဝန်းထမ်းများကို Motivaiton, Retaining, Development တွေကောင်းမွန်လာစေဖို့ ဘယ်လိုနည်းလမ်းက ပိုမို ကောင်သလဲ။ ပြသနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာရင် ဖြေရှင်းပုံ နဲ့ HR ဆိုတဲ့ တန်းဖိုးရှိလှတဲ့ လူသားအရင်းအမြစ်များကို Value ပိုမိုပေါ်လွင်အောင်လုပ်ဆောင်ရာမှာ ပိုမိုထိရောက်စေမှာဖြစ်ပါတယ်
- HR Department ကို တန်ဖိုးထားစေချင်တာထက် ဝန်ထမ်းများအားလုံးကို တန်ဖိုးထားတတ်စေဖို့ ဒီဘာသာရပ်လေးကို လေ့လာသင့်တာပါ
*****************************************
လေ့လာသင်ယူမှုများဖြင့် ပိုမိုတိုးတက်ပြည့်စုံသော ဘဝအနာဂါတ်များအား ပိုင်ဆိုင်နိုင်ကြပါစေ
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Thazin Street
Yangon
11051
Opening Hours
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |