Digital Saw
Digital Saw: Your profit, our digital priority.
27/05/2026
Tiktok Marketing က သင့်လုပ်ငန်းအတွက် တကယ်လိုအပ်နေပြီလား...
လိုင်းအခြေအနေအရရော၊ အခုလတ်တလော အကြောင်းအမျိုးမျိုးကြောင့် Facebook သုံးတဲ့သူ နည်းလာတာကို သတိထားမိကြမှာပါ။ အရင်က အသုံးအများဆုံး social media တစ်ခုဖြစ်ပေမယ့် reach ချခံရတာ၊ policy တွေ များတာ၊ မှားပြီး restrict ခံရတာ စတဲ့ ကိစ္စတွေကြောင့် စီးပွားရေးလုပ်ငန်းတွေက tiktok ဘက်ကို ခြေလှမ်းစတင်နေကြပါပြီ... 🏃♂️
လူကြီးမင်းတိုရဲ့ လုပ်ငန်းအတွက်ရော TikTok ဘက်ကို ခြေလှမ်းဖို လိုလားဆိုရင်တော့ ဒီအချက်တွေကို ဦးစားပေးပြီး စဉ်းစားရပါလိမ့်မယ်။
- Facebook မှာ ဝယ်သူနည်းပြီး တကယ်ရောင်းအားကျနေပြီလား
- တစ်တော့ကို ခြေလှမ်းဖို content နဲ့ video idea တွေကို စဉ်းစားပြီးပြီလား
ဆိုတာပါပဲ။
အခုချိန်မှာ Facebook က တင်သလောက် reach မရောက်တာအပြင် မြန်မာနိုင်ငံမှာ သုံးစွဲသူ တဖြည်းဖြည်း နည်းလာတာကြောင့် TikTok ဘက်ကို ခြေလှမ်းစထားမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ ✅
လူကြီးမင်းတို စီးပွားရေးလုပ်ငန်းအတွက် TikTok ကို ဘယ်ကနေ စပြီး ခြေလှမ်းရမလဲ မသိဘူးဖြစ်နေတယ်ဆိုရင် အခုပဲ Digital Saw ကကျွမ်းကျင်တဲ့ Marketing Specialist များနဲ့ တိုင်ပင်ဆွေးနွေးလိုက်ပါ 📲
Digital Saw
21/05/2026
မှားယွင်းတဲ့နည်းလမ်းတွေနဲ့ Facebook ဒါမှမဟုတ် Tiktok မှာ Boosting လုပ်မိတာဟာ ငွေကုန်လူပန်းဖြစ်ရုံသာမကဘဲ ရေရှည်မှာ Page နဲ့ Brand Image ကိုပါ အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။
အဖြစ်အများဆုံး အမှားကတော့ Audience ကို သေချာမသတ်မှတ်ဘဲ ထင်တာကို ရမ်းတုတ်ပြီး boost လုပ်မိတာပါ။ အဲ့လိုမျိုး လုပ်မိတဲ့အခါ Like နဲ့ Share တွေ ထောင်သောင်းချီတက်လာပေမယ့် တကယ်ဝယ်မယ့်သူ (Potential Buyers) တစ်ယောက်မှ ပါမလာတာမျိုး ကြုံရတတ်ပါတယ်။ 😣
မှားယွင်းတဲ့ Target တွေဆီ ကြော်ငြာခဏခဏ ရောက်သွားတဲ့အခါ လူတွေက Post ကို ကျော်သွားတာ၊ "Hide Post" ဒါမှမဟုတ် "Report" လုပ်တာမျိုးတွေ ရှိလာနိုင်ပါတယ်။ ‼️
Facebook AIgorithm က လူကြီးမင်းတိုရဲ့ Page ကို အသုံးမဝင်တဲ့အကြောင်းအရာတွေ တင်နေတဲ့ Page လို သတ်မှတ်လိုက်ပြီး နောက်ပိုင်း ပိုက်ဆံမသုံးဘဲ တင်တဲ့ Post တွေ (Organic Reach) ကို လုံးဝချောင်ထိုးပစ်လိုက်ပါလိမ့်မယ်။ ❌❌
အရေးကြီးတာကတော့ Advertising Policies ကို သေချာမသိဘဲ တားမြစ်ထားတဲ့ စကားလုံးတွေ၊ ပုံတွေ မသုံးမိဖိုပါပဲ။ Policy နဲ့ ငြိစွန်းတဲ့အခါ ကြော်ငြာ Reject ခံရရုံတင်မကဘဲ Business Manager Account ပါ ပိတ်ခံရတတ်ပါတယ်။
ဒါကြောင့် လုပ်ငန်းတစ်ခု အောင်မြင်ဖိုဆိုရင် Boost မလုပ်ခင် Target Audience ကို သေချာရွေးချယ်ပြီး စနစ်တကျ ဂရုစိုက်ဖို လိုအပ်ပါတယ်။ ✅
Digital Saw မှာဆိုရင် Social Media Platform တွေရဲ့ Policy တွေနဲ့အညီ လူကြီးမင်းတိုလုပ်ငန်းအတွက် တကယ့် Potential Buyer (ဝယ်ယူနိုင်ခြေရှိသူ) တွေဆီကိုသာ တိတိကျကျ ရောက်ရှိအောင် အထိရောက်ဆုံး ကူညီ Boost ပေးနေတာဖြစ်လို အခုပဲ ယုံကြည်စိတ်ချစွာ ဆက်သွယ်စုံစမ်းလိုက်ပါ။ 📲
Digital Saw
16/05/2026
TikTok ဗီဒီယိုတစ်ခုကို လူတွေ ဆက်ကြည့်မလား၊ ကျော်သွားမလားဆိုတာကို ဆုံးဖြတ်ဖို ပထမ (၃) စက္ကန့် ပဲ အချိန်ရပါတယ်။ ဒါကို "Hook" လို ခေါ်ပါတယ်။ 🎣
ဒီ ၃ စက္ကန့်က ဘာလို ဒီလောက်တောင် အရေးပါရတာလဲဆိုရင် TikTok Algorithm က ဗီဒီယိုကို လူတွေ ဘယ်လောက်ကြာကြာ ကြည့်လဲ (Watch Time) ဆိုတဲ့အပေါ် မူတည်ပြီး For You Page (FYP) ပေါ် ထပ်တွန်းပေးရမလားဆိုတာ ဆုံးဖြတ်လိုပါ။ ⬆️
ပထမ ၃ စက္ကန့်မှာတင် လူတွေကို မဖမ်းနိုင်ရင် video က ဘယ်လောက်ကောင်းကောင်းပဲ အလကား ဖြစ်သွားတတ်ပါတယ်။
လူတွေရဲ့ သိချင်စိတ် (Curiosity) ဒါမှမဟုတ် သူတို ကြုံတွေ့နေရတဲ့ ပြဿနာကို ဖြေရှင်းပြတာမျိုးက "ငါရော ဒီလိုမျိုး လုပ်နေမိလား" ဆိုပြီး video ကို ကြည့်ချင်လာအောင် လှုဆော်ပေးပါတယ်။
အစက ကောင်းမှ အလယ်နဲ့ အဆုံးကို လူတွေ မြင်ခွင့်ရမှာ ဖြစ်တာကြောင့် နောက်တစ်ခါ TikTok video တွေရိုက်ရင် အစ ကို အချိန်ပေးပြီး သေချာပြင်ဆင်ကြည့်ဖို အကြံပေးလိုက်ပါရစေ ✨
Digital Saw
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No(742), Aye Yeik Thar 4Street, 43 Ward, Dangon Myothit(North)
Yangon