KoZaw

KoZaw

Share

Phone second hand

18/12/2023

မြန်မာပြည်က relationship တွေရဲ့ သောက်ပြသနာကဘာလဲသိလား...

တစ်ယောက်နဲ့တစ်ယောက်
သာမာန်ပုံစံနဲ့ ရင်းနှီးလိုက်ကြတာနဲ့ တစ်ယောက်ရဲ့ privacy ကို
တစ်ယောက်က အတင်းဝင်စွက်ဖက်ချင်ကြပြီး
တစ်ယောက်ကို တစ်ယောက် ဇွတ်စိုးမိုးချင်ကြတော့တာပါ...

လူတိုင်းလူတိုင်းမှာ ချစ်သူ ရည်းစားကို မပြောနဲ့ တစ်ကုတင်ထဲအိပ်နေတဲ့ ဇနီးမယား လင်ယောင်္ကျားကိုတောင် ဖွင့်ပြောလို့မရတဲ့ Personal အကြောင်း အရာတွေရှိကြတယ်...
နောက် ကိုယ်မြင်ရတွေ့ရသလောက် ပြည်ပက Rs တွေ
သူတို့မှာ သူတို့ရဲ့ ကိုယ်ပိုင် life ဆိုတာ ကိုယ်စီရှိကြတယ်..

မိန်းကလေးလည်း မိန်းကလေးအလျှောက် ယောင်္ကျားလေးလည်း ယောင်္ကျားလေး
အလျှောက်...
Family's time..
Friends time...
Family's party. ..
Friends party. .
Group trip..
နောက် ..
တစ်ယောက်ထဲ လွတ်လပ်စွာနေချင်တဲ့အချိန်
သူတို့ဘဝအတွက် လေ့လာသင်ယူနေရတဲ့အချိန်
ဒီလိုတွေ ဘဝအတွက် အကန့်တွေနဲ့ ဖြတ်သန်းကြတယ်
ချစ်သူနဲ့ Date တဲ့ အချိန်ရောက်ရင် ချစ်သူနဲ့ Date လိုက်ကြတာပဲ...

ဘာသောက်ပြသနာ ကြီးကြီးမားမားမှ မရှိကြဘူး

သူတို့လိုချင်တဲ့ target ရောက်သွားရင် လက်ထပ်ကြတယ်...
ကြားထဲမှာ သဘောထားချင်းမတိုက်ဆိုင်ရင် breakup ပဲ...
သိပ်ကို ရိုးရှင်းကြတယ်....

မြန်မာက Rs တွေကတော့ တစ်နေ့တစ်နေ့
သောက်လုပ်သောက်ကိုင်မရှိ အချိန်ပြည့်စကားတွေပြောကြ..
ပြီးရင် တစ်ဦးရဲ့ အတွင်းရေးကို တစ်ဦးက
အတင်းဝင်စွက်ဖက်ကြ..

အချိန်တွေပိုနေကြတော့ ပြောစရာ စကားကမရှိ
အဲ့အခါ တစ်ဦးက အရှေ့မှာဖြစ်ခဲ့တာကို
တစ်ဦးက ပြန်အစဖော် သမုတ် ရန်ဖြစ်ကြ...

စောက်လုပ်မရှိကြတော့ တစ်ဦးသောက်ပြစ်
တစ်ဦးပြောချင်တာနဲ့ ဟိုကချောင်း ဒီကချောင်း
ပြသနာတွေထတက်ကြ...

ရည်းစားဖြစ်လိုက်တာနဲ့
ဒီဘဲ ဒီစော်ရဲ့ ခွင့်ပြုချက်မရပဲ
အီးတောင် လွတ်လွတ်လပ်လပ်ပေါက်လို့မရ....

ရည်းစားထားလိုက်တာနဲ့
ပတ်ဝန်းကျင်နဲ့ အကုန်အဆက်ဖြတ် နှစ်ယောက်ထဲ
တစ်ကမ္ဘာတွေလုပ်ကြ...

ဟိုလူ့မပေါင်းနဲ့ ဒီလူ့စကားမပြောနဲ့ အကုန်လိုက်ပိတ်ပင်

အဲ့လိုတွေ သူများဘဝထဲ

စောက်ဇယားဝင်ရှုပ်ရမှ အချစ်စစ်လို့ သတ်မှတ်ကြလို့

အားအားရှိစောက်ပြသနာချည်းတက်နေကြတာ

မြန်မာပြည်က Rs တွေပဲ... 🧠❗

05/11/2023

ဒေဝ နိုင်သွားလား

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Lathar
Yangon