Food Blog Myanmar

Food Blog Myanmar

Share

The art of food creation.

02/05/2025

#အကြော်မှုန့်စပ်နည်း( ဗူးသီးကြော်မလာ အသားကြောမလာ)
လုပ်ရလွယ်ပြီး စားလို့လဲကောင်းသွားတယ်

(1)ပဲစိမ်းမှုန့်အထုတ်ကြီး 1ထုပ်
(2)ကောက်ညှင်းမှုန့် 1ထုပ်
(3)ရွှေကြည်မှုန့် 1ထုပ်
(4)ဆန်စိမ်းမှုန့် 1ထုပ်
(5)ယိုးဒယားမယ် 1ထုပ်
(6)ရွှေလိပ်ပြာ 1ထုပ်

ခြောက်သွေ့နေတဲ့အိုးထဲအကုန်လုံးဖောက်ထည့်ပြီးခြောက်သွေ့နေတဲ့ဇွန်းကြီးနဲ့မွှေပေးပါ...

ပြီးရင်ခြောက်သွေ့နေတဲ့လေလုံဘူးထဲထည့်ပြီးသိမ်းလိုက်ပါ...

လိုအပ်တဲ့အချိန် ထုတ်ပြီးဘူးသီးကြော်/ ငှက်ပျောကြော် /အာလူးကြော် တို့ကြော်မယ်ဆို ပျစ်ပျစ်လေးဖျော် ဂျင်းထောင်းရည်လေးနဲနဲထည့် ဆားဆော်ဒါလေးနဲနဲထည့်ပြီး 15မိနစ်လောက်ထားထားလိုက်ပါ...

ဆားကို ထည့်ချင်လဲထည့် မထည့်ချင်လဲ မထည့်နဲ့
ဆားထည့်ရင် ပျော့တာမြန်လို့ မထည့်ကြဘူး

အရွက်ကြော်တွေ ကြက်သွန်ကြော်တွေ ကြော်မယ်ဆို...
အရည်ကျဲကျဲလေး ဖျော်ရပါတယ်...
ဂျင်းထောင်း ဆားဆော်ဒါထည့်ပြီး
ကိုယ်ကြော်မယ့်အရွက်ပါ ရောနယ်လိုက်ပါတယ်...

အိမ်မှာ ကိုယ့်ဟာကိုယ် ကြိုက်တဲ့အချိန် ကြော်စားတော့ ရပြီ...

အချဉ်ရည်စပ်နည်း

မကျည်းသီးမှည့်ကို ရေဆေး
ထန်းလျက်ကို ရေဆေး
နံနံအနဲငယ်ကို ရေဆေး
ငရုတ်သီးစိမ်း
ကြက်သွန်ဖြူ
ဆား သို့ ငံပြာရည်
ငရုတ်ဆီအနီကြိုက်ရင်ထည့်
အခု ငရုတ်ချဉ်စပ်ပြီးသားအထုတ်တွေလဲ လာပါတယ်...ကြိုက်ရင်ထည့်...
ရေလိုသလောက်ထည့်ပြီးမီးပေါ် ကောင်းကောင်း အဆူပေးခံလိုက်ပါ...

ပြီးရင် အအေးခံပြီး ဖျော်ရည်စက်နဲ့ ကြိတ်လိုက်ပါ...
အရသာက ချိုချဉ်စပ်လေးပေါ့...

အ့အချဉ်ရည်နဲ့အကြော်မျိုးစုံနဲ့ အသုပ်မျိုးစုံတို့တွင် အသုံးပြုနိုင်ပါသည်...

ဆူအောင်တည်ထားတဲ့အတွက်ဗိုက်မနာတော့ပါ...

Credit

26/07/2023

#သာကူမုန့်ဖက်ထုပ်လုပ်နည်း

လုပ်နည်းတင်ပေးပါဆိုတဲ့ ကျနော့် မိတ်ဆွေတွေအတွက် တင်ပေးလိုက်ပါပြီ။

1. သာကူ ၃၀ သား
2. အုန်းသီး တစ်လုံး
3. သကြား ၇ကျပ်ခွဲ သား
4. ဆား အနည်းငယ်
ပြုလုပ်နည်း
1. သာကူကို ရေ ၅မိနစ် စိမ်ပါ၊ ပွလာတဲ့အခါ ဇကာတွင်ထည့်ပီးရေစစ်ထားပါ။
2. အုန်းသီးခြစ်ပါ၊ ယိုထိုးမည့်အိုးတွင်ထည့် သကြား ဆားအနည်းငယ်နဲ့ ယိုထိုးပြီး အအေးခံထားပါ။
3. သာကူကို ၁၅ ပုံ ပုံပါ၊
4. ဌက်ပျောဖက်ကို သန့်စင်ပီး ရေဆူတွင်ပျော့သွားအောင်ဖျောထားပါ၊ အ၀တ်သန့်ဖြင့်သုပ်ပီး ဆီသုပ်ထားပါ၊
5. ဌက်ပျောဖက်တခုယူ ..ကတော့ပုံချိုး သာကူ တပုံစာရဲ့ တ၀က်ထည့် ခွက်ပုံလေးလုပ် အုန်းယိုထည့်၊ ကျန် သာကူတ၀က်ဖြင့်ဖုံးပါ၊ ထိပ်ဘက်ကို စျေးသည်များ ကန်တော့ချိုးခေါက်သလို ခေါက်ပီးသွားကြားထုံးတံလေးနဲ့ ချုပ်လိုက်ပါ။
6. ရေဆူနေတဲ့ ပေါင်းအိုးမှာ ဇကာခံ မုန့်ဖက်ထုပ်များထည့်ပီး မိနစ် ၂၀ ခန့်ပေါင်းပါ။.

Crd
ဟင်းချက်နည်းကောင်းများလေ့လာရန် pageကို like & follow လုပ်ထားပါ။

credit

18/07/2023

#ဝက်သားတုတ်ထိုးလုပ်နည်း

ပါဝင်ပစ္စည်းများ

အချင်းတိုင် ၂၅သား

အူချို ၂၀သား

အူမကြီး ၂၅သား

နို့အုံသား ၄၀သား

အူပိတ် ၂၅သား

နားရွက် တစ်ဖက်

လျှာ တစ်ချောင်း

နှလုံး တစ်ခု

သုံးထပ်သား ၂၀သား

အသဲ ၁၀သား

ဘဲဥ ၃လုံး

ကြိုက်နှစ်သက်ရာထည့်ပါ

ဝက်သား မစားသူများအတွက် အနူးညွတ်တောင်းပန်ပါတယ်

ဝက်ကလီစာများကို ရေစင်စင်ဆေးပါ။

အူချို/အချင်းတိုင်/နလုံး/လျှာ/နို့အုံသား/နားရွက်/အသဲ/သုံး
ထပ်သား တို့ကို မကျည်းသီး ဆား နှင့်ဆေးပါ။
အရမ်းမဆေးပဲ
စင်ရုံဆေးပါနော်။

အူမကြီးကို ရေဆေးပါ။ဒယ်အိုးပူပူမှာအိုးကင်ပူကပ်ပါ။အချွဲ
များကုန်အောင်မွှေပါ။ပြီးမှ ဆား သံပုရာသီး မကျည်းသီးနှင့်
ဆေးပါ။

အူပိတ်ကို ပြောင်းပြန်လှန် ဆား မကျည်းသီးနှင့်ပွတ်ဆေးပါ။
အချွဲများကုန်လျှင် သံပုရာသီးနှင့်ထပ်ဆေးပါ။

ပြောင်သွားလျှင်
အတည့်ပြန်လှန်ပြီး ထပ်ဆေးပါ။အားလုံးပြီးမှ တစ်ချောင်းသို့
ထပ်ထပ်ပြီးသွတ်ပါ။တူသုံးလို့ရပါတယ်။

အားလုံးပြီးရင် ကြက်သွန်ဖြူ ဂျင်း အရည်ညှစ်ချပါ။ဆား/သ
ကြား(ကြက်သားမှုန့်)/ငရုတ်ကောင်း/တရုတ်မဆလာ/အ
သားမဆလာ/ပဲငံပြာရည်အနောက် တို့နှင့် ၃/၄နာရီခန့် ရေခဲ
သေတ္တာထဲသို့ထည့် နှပ်ထားပါ။

ကျွန်မကတော့ မနက်ချက်ရန် ညထဲကနှပ်ထားပါတယ်။
ချက်ကာနီးလျှင်နာရီဝက်ခန့်ကြိုထုတ်ပါ။ဆီပူပူမှာသကြား
ထည့်ပါ။ရဲလာလျှင် အသဲမှလွဲ၍ အားလုံးကိုထည့်ပြီး ကြော်ပါ။

ရေခမ်းပြီးဝက်သားနီလာလျှင် ရပါပြီ။
Pressure cookerထဲသို့ပြောင်းထည့်ပါ။ရေနို့ဆီဘူး ၁လုံးခွဲခန့်ထည့်ပါ။နာနတ်ပွင့် ၂ပွင့်ခန့်ထည့်ပါ။

မိနစ်၂၀ခန့်ကြာ
လျှင် နူးလွယ်သောအသားများထုတ်ကာကျန်သောအသား
များနူးသည်အထိတည်ပါ။

အားလုံးရလျှင်ဆယ်ပြီးကျန်သော
ရေဖြင့် အသဲထည့်ပြုတ်ပြီးဆယ်ထားပါ။ဘဲဥပြုတ်ထည့်ပါ။

ဗန်းထည့်သို့ပြောင်းထည့်ပြီး မီးမျှင်မျှင်ဖြင့်တင်ထားပါ။
ကြိုက်ရာကိုလှီးပြီးစားလို့ရပါပြီရှင်။

အချဉ်ရည်
မကျည်းသီးကိုရေဆေးပြီးရေစိမ်ကာပွလာလျှင်ဇကာနှင့်အနှစ်တိုက်ချပါ။

ထန်းလျှက်ကိုရေအနည်းငယ်နှင်ကြိုပြီးသဲစစ်ထား
ပါ။

ကြက်သွန်ဖြူငရုတ်သီးထောင်းပါ။
ငရုတ်ဆီထည့်ပါ။

ပဲငံပြာ
ရည်အကြည် ဂျင်းအရည်ထည့်ပါ။

ငံပြာရည်(ကြက်သားမှုန့်)
ထည့်ပါ။

ကော်မှုန့် ဇွန်းသေးတစ်ဇွန်းခန့်ကြိုထည့်ပါ။

သုံးဆောင်နိုင်ပါပြီရှင့်

အကင်စက် အမျိုးမျိုး လက်လီ လက်ကားရောင်းဝယ်ရေး
Credit

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Kuauk Myaung
Yangon