Smart Fast Power Engineering Service and Management

Smart Fast Power Engineering Service and Management

Share

Tendering Service ( Housing,Road & Bridge ),Project Management and Supervision,Third Party QC Team,PE,RSE Service,Archi,Structure,M&E Design and Estimate

26/10/2024

#ဆယ်ပေပတ်လည်_တကျင်းကို_ဆေးသုတ်ရင်_ပတ်တီး_ဆီလာ_ဆေးကာလာ_ပမ်းမျှ_ဘယ်လောက်ကုန်ကျမလဲ

အခုတွက်နည်းလေးကတော့ အလွယ်တွက်နည်းလေးပါခင်ဗျ။

ဆယ်ပေ ပတ်လည် တကျင်းစာအတွက် ပတ်တီး၊ဆီလာ၊ဆေးကာလာ ဘယ်လောက်ကုန်ကျမလဲဆိုရင်

ဥပမာ
=====
ကိုယ်အိမ်မှာဆေးသုတ်ဖို့အတွက် ပတ်တီး နှစ်ထပ်၊ခံဆေး နှစ်ထပ်၊ဆေးကာလာ နှစ်ထပ် အသုံးပြုမယ်

ဆီလာ ခံဆေး နှစ်ထပ် သုတ်မယ်ဆိုရင် ဆီလာခံဆေး နှစ်လီတာ ကုန်ကျပါမယ်။

ပတ်တီး နှစ်ထပ် အသုံးပြုမယ်ဆိုရင် ပတ်တီး 25kg တစ်အိတ်ကုန်ကျပါမယ်။

ဆေးကာလာ နှစ်ထပ် အသုံးပြုမယ်ဆိုရင် ဆေးနှစ်လီတာ ကုန်ကျပါမယ်။

ဒါဆိုရင် ဆယ်ပေ ပတ်လည် တကျင်းစာအတွက်
ဆီလာ နှစ်ထပ်၊ပတ်တီး နှစ်ထပ်၊ကာလာဆေး နှစ်ထပ်ရရှိပါပြီခင်ဗျာ

အခုတွက်ချက်မှုက ဆယ်ပေပတ်လည် တကျင်းစာအတွက် ဆီလာ၊ပတ်တီး၊ဆေးကာလာ အလွယ်မှတ်နည်းလေးပါ ခင်ဗျာ

(သို့ပေမယ့် )ဆီလာသုတ်လို့ ရေရောများခြင်းနည်းခြင်းအပေါ်မူတည်ပြီး ရရှိမည့် ကျင်းအရေတွက် ကွာဟနိုင်ပါတယ်။

ပတ်တီးရိုက်ခြင်းမှာ ချိုင့်ဖြည့်ခြင်း အသားတင်ရိုက်ခြင်းခြစ်ရိုက်ခြင်းကြောင့် ရရှိမည့် ကျင်းအရေတွက် နည်း၊များနိုင်ပါတယ်။

ဆေးကာလာ အရောင်နု/ရင့်၊ရေရောနည်းများခြင်းကြောင့် ရရှိမည့် ကျင်းအရေတွက် ပို/လျော့ နိုင်ပါတယ် ခင်ဗျာ။

==========================================

😁 နွားနို့ ရောင်းတာမဟုတ်တဲ့ အတွက်ကြောင့်

( ကျင်း) အရေတွက်ပိုရအောင်လို့ ဆိုပြီး ရေများများရောခြင်းကို သတိပြုပေးပါ။

#ဆီလာခံဆေး ကျင်း ပိုထွက်အောင်လို့ ရေအများကြီးရောလို့မရပါဘူး ရေကို ၁၀% ထိပဲအများဆုံးရောပေးရမှာပါ (ရေရောတာများသွားရင် Quality ကျသွားတတ်ပါတယ်၊
ဥပမာ=NIPPON WEATHER BOND ဆီလာ၊ BRAVO ဆီလာ တွေက UPG.ORIENT 12 ဆီလာထပ်စာရင် ပိုပျစ်ပါတယ်၊ ပျစ်တယ်ဆိုပြီး ရေကို လိုတာထပ်ပိုပြီးရောလို့မရပါဘူး ခင်ဗျာ။

#ပတ်တီး ကို ကျင်း ပိုရအောင် ဘိလပ်မြေ နဲ့ရောရိုက်တဲ့ အခါမှာလည်း ဘိလပ်မြေ ပိုလို့မရပါဘူး ဘိလပ်မြေ များသွားရင် ပတ်တီး ကွဲအက်ခြင်း၊လိုသလို ပုံဖော်လို့မရခြင်းဖြစ်တတ်ပါတယ်၊ ဘိလပ်မြေရောမယ် ဆိုရင် ပတ်တီး ( ၅ဆ )ဘိလပ်မြေကို ( ၁ ဆ) လောက်ပဲ အသုံးပြုသင့်ပါတယ်။

#ဆေးကာလာ ကိုလည်း ကျင်းပိုရအောင် ရေရော များလို့မရပါဘူး ရေကို ၅ % ကနေ ၁၀%အထိပဲ ရေရောလို့ရမှာပါ။ ရေကိို ပိုရောလည်း ဆေးကုန်ကျမှုကတူတူပါပဲ
ရေရော များရင် ဆေးက နှစ်ထပ်နဲ့ ပိတ်ရမယ့် နေရာမှာ သုံးထပ်ထိ ပြုလုပ်ပေးရမှာပါ အဲ့တွက် ပိုပြီးအလုပ်ရှုပ်မယ် အချိန်ပိုကြာပါလိမ့်မယ်။

ဆယ်ပေပတ်လည် တကျင်းစာအတွက်
ဆီလာ ခံဆေး
ပတ်တီး
ဆေးကာလာ ကုန်ကျမှု အလွယ်တွက်ခြင်း။

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Website

Address


No. 19, U Aung Min Street, No. 2 Quarter , Mayangone Township
Yangon
161118