RUMI Language and Training Academy
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from RUMI Language and Training Academy, Language school, No. 42, 3rd fl, 87th Street, Yangon.
18/12/2025
Commemoration of 752 years of passing RUMI.
RUMI Language & Training Academy မှ မေလဆန်းမှစတင်၍ English Language Class တန်းခွဲသစ်များ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးသတင်းကောင်းပါး အပ်ပါသည်။
RUMI Language & Training Academy
30/01/2022
RUMI Language and Training Academy မှ February, 2022 တွင် အောက်ဖော်ပြပါသင်တန်းများအား ပြန်လည်ဖွင့်လှစ်သင်ကြားပေးတော့မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါရစေ။
အခုလို လူငယ်များရဲ့ ဘဝရည်မှန်းချက်များ မရေရာ ဝေဝါးနေတဲ့ ခေတ်ပျက်ကြီးထဲမှာ အခြေအနေပေးတာနဲ့ လုပ်ငန်းခွင်ဝင်ဖို့ပဲဖြစ်ဖြစ် ရေခြားမြေခြားမှာပဲ ဖြစ်ဖြစ် ကိုယ့်နိုင်ငံကိုပြန်လည်တည်ဆောက်ကြတဲ့အခါမှာပဲဖြစ်ဖြစ် မိမိတို့မှာအရည်အချင်းပြည့်ဝစွာနဲ့ အဆင်သင့်ဖြစ်နေကြဖို့က အလွန်အရေးကြီးပါတယ်။
ဒါကြောင့်မို့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော လူငယ်ရေးရာမူဝါဒကိုရေးဆွဲခဲ့ကြတဲ့ ဦးဆောင် ၁၃ ဦးမှာ တစ်ဦးအပါအဝင်လည်းဖြစ် နိုင်ငံတကာအပါအဝင် သံတမန်ရေးရာများနှင့် ကုလသမဂ္ဂဌာနပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံတို့နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့တဲ့ လုပ်သက် ၂၀ ကျော်ကြာအတွေ့အကြုံများနှင့်အတူ လူငယ်ခေါင်းဆောင်တစ်ဦးအဖြစ် ဘဝကိုဖြတ်သန်းလာခဲ့သူ ကိုယ်တိုင်သင်ကြားပေးမယ့် အောက်ပါသင်တန်းများကို သင့်တင့်မျှတသော အဖိုးအခဖြင့်သာ အမှန်တကယ်တတ်မြောက်စေလိုသည့် စေတနာအရင်းခံဖြင့် သင်ကြားပြသပေးသွားမှာဖြစ်လို့ လူတိုင်းအတွက် လက်လှမ်းမှီဖြစ်စေမယ့်သင်တန်းများပဲဖြစ်ပါတယ်
အရည်အချင်းပြည့်ဝပြီး အမှန်တကယ်ကြိုးစားချင်စိတ်အပြည့်အဝရှိသည့် ငွေကြေးပိုင်းဆိုင်ရာ အားနည်းချက်ရှိသူများကိုလည်း အဆင်ပြေချောမွေ့စေရန် ညှိနှိုင်းသင်ကြားပေးပါ့မယ်
သင်ကြားပေးမယ့်သင်တန်းများကတော့
1. 4 Skills British English Classes
2. Business English Classes
3. Management Training Classes
4. Hospitality Training Classes
5. Special Short-Period Speaking Classes
6. English for Beginner Classes
7. English for Young Leaners & Students
8. Job Seeking Specialities Classes
9. Basic English for Childrens
စသည့်သင်တန်းများအား စနေ၊ တနင်္ဂနွေနှင့် ရုံချိန်လွတ် တပတ် ၃ ရက် တန်းခွဲများ အပါအဝင် တစ်ဦးချင်းသီးသန့်တန်းများကိုပါ သင်ကြားပြသပေးနေပါပြီ။
(မှတ်ချက်။ ။ Online Class များ လုံးဝ မသင်ပါ။)
တက်ရောက်လိုသူများနှင့် ဆက်သွယ်မေးမြန်းစုံစမ်းလိုသူများအနေဖြင့်
RUMI Language & Training Academy
အမှတ် ၄၂၊ ၄ လွှာ၊ ၈၇ လမ်း၊
မင်္ဂလာတောင်ညွန့်မြို့နယိ၊ ရန်ကုန်မြို့
09975563577, 09955573577 တို့သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါပြီ။
12/01/2022
New ရင်သွေးပျိုးခင်း အဆင့်မြင့်မူကြိုနှင့် မူလတန်းအဆင့် အင်္ဂလိပ်ဘာသာရပ်အထူးပြုသင်တန်းများကို စတင်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
28/12/2021
ဆယ်ကျော်သက်များသို့ပေးစာ
ကလေးသူငယ်ဆိုသည်မှာ-
မွေးကင်းစမှ ၁၈ နှစ်ထိ သတ်မှတ်တယ်။
လူငယ်ဆိုသည်မှာ အသက် ၁၈ နှစ်မှ ၂၅ ကြားကို သတ်မှတ်တယ်။
၁၆/၁၇ အရွယ်နဲ့ မိမိကိုယ်ကို အရွယ်ရောက်နေပြီမထင်နဲ့ ကလေးသူငယ်ပဲ ရှိသေးတယ်။
၁၈ နှစ်ကျော်လို့ လူကြီးဖြစ်ပြီမထင်နဲ့ လူငယ်လေးပဲ ရှိသေးတယ်။
ဆယ်တန်းအောင်ရုံနဲ့ လောကကြီးကို အနိုင်ရပြီမထင်နဲ့ ေအာင်မြင်ဖို့ရာ ပထမလှေခါးထစ်ကိုပဲ ရောက်သေးတယ်
ကိုယ်သွားရာလမ်းမှာ ပံုမှန် အရှိန်နဲ့ ပထမဆုံးမီးပွိုင့်မိရင် နောက်မီးပွိုင့်တွေကျ ထပ်မိတတ်တယ်
ထိုနည်းလည်းကောင်းပဲ တခါမှားမိရင် ထပ်ခါထပ်ခါ မှားတတ်တယ်။
သင်စာကိုတတ်ယုံနဲ့ လောကကြီးထဲ(လုပ်ငန်းခွင်)
ခြေမချပါနဲ့
ပညာတတ်ဖို့ တပည့်ခံတတ်ရတယ်
အောင်မြင်ဖို့ စိတ်ရှည်သည်းခံတတ်ရတယ်
အောင်မြင်မှုကိုဆက်ထိန်းဖို့ အနစ်နာခံတတ်ရတယ်
အများသူကာ ချစ်ခင်စေဖို့ အောက်ကျို့ပေါင်းတတ်ရတယ်
လူတော်ဖြစ်ဖို့ ပညာ ဝိရိယ လုံးလ စိုက်ထုတ်ရတယ်
လူကောင်းဖြစ်ဖို့ စာရိတ္တကောင်းမှရမယ်
#လုပ်ငန်းခွင်မှာ ကျောင်းတုန်းက ဆရာမကို
ပြန်ပြောသလို အိမ်ကမိဘကို ပြန်ခံပက်သလို
ပြောရမယ်ထင်မနေနဲ့
အဆဲခံနိုင်မှ အဆူခံနိုင်မှ လူကြီးချစ်တာ
ဘဝကို "င်"မထည့်နဲ့ ဘဝင်မမြင့်နဲ့
ရိုးရိုးရှင်းရှင်းသာ ဖြတ်သန်းပါ
ရိုးရိုးကျင့် မြင့်မြင့်ကြံပါ
လူကြီးကို ရိုသေ ရွယ်တူကို လေးစား ငယ်သူကို သနားချစ်ခင်ပါ
အခြေခံလူမှုဝတ္တရားတွေကိုမှ နားမလည်ရင် ပညာတတ်ထားလည်း အလကားပဲ
ဖိနပ်စီးရင် လျှပ်တိုက် မစီးနဲ့
အဖတူတော့ ခြေကြမ်းတယ် ပြောခံရမယ်
စကားကို အဆဲလေးနဲ့ မပြောနဲ့
အမိတူတော့ နှုတ်ကြမ်းတယ် ပြောခံရမယ်
ကိုယ့်ကြောင့် အမိအဖကို စော်ကားမခံရစေနဲ့
လက်ဖက်ရည် လိုက်တိုက်တဲ့ ကိုယ့်မိတ်ဆွေကို ဆိုင်က အလကားရတဲ့ ေရနွေးကြမ်း တစ်ခွက်
ငှဲ့တိုက်ပေးလိုက်ပါ ဒါလူမူရေးပဲ
လူငယ်ဘဝမှာ အချစ်ကို မျက်ကွယ်ပြုနိုင်မှ အောင်မြင်မှုကို မြင်ေတွ့ခွင့်ရလိမ့်မယ်
ဆယ်ကျော်သက်အရွယ်မှာ အချစ်ဆိုတာကို
ဉပက္ခာပြုနိုင်ရမယ် မချစ်သင့်တဲ့အရွယ်မို့ပါ
အောင်မြင်မှုကို ရှာနေတဲ့အရွယ်မှာ အချစ်ကို
ဉီးစားပေးလိုက်ရင် ဘဝက ဒဏ်ခတ်လိမ့်မယ်
အရွယ်ရောက်တယ်ဆိုတာ ၁၈နှစ်ပြည့်ရင်ရပြီလို့ထင်သလား
အသက် ၂၅ နှစ်မှ မပြည့်သေးရင် မင်းဟာ ကလေးသာသာပဲ(ကလေးဆိုတာ ကလေးစိတ်သာသာပြောတာပါ ကလေးစိတ်ဆိုတာ သည်းမခံတတ်ဘူး အနစ်နာမခံတတ်ဘူး လိုချင်တာ ပူဆာမယ်... )
ကျောင်းတုန်းက ဆိုးဖော်ဆိုးဖက်ကို သူငယ်ချင်းလို့ခေါ်တယ် အရွယ်ရောက်ချိန်မှာ သိတဲ့သူကို မိတ်ဆွေလို့ခေါ်တယ်..
စိတ်ဆိုးတိုင်း မိဘအိမ်က ဆင်းမယ်မကြံနဲ့
ကြောတခင်းစာရဖို့ သူများမျက်နှာကြည့်နေရလိမ့်မယ်
အိမ်က ဟင်းမကောင်းလို့ ထမင်းမစားဘူးမလုပ်နဲ့
မင်းစားမယ့်ထမင်းမှာ မင်းမိဘတွေရဲ့ သွေး/ချွေး/မျက်ရည်တွေနဲ့ရင်းထားရတာ..
မိဘဆင်းရဲလို့ အပြစ်မတင်နဲ့
မင်းကို လူဖြစ်ခွင့်ပေးတာကိုပဲ ကံကောင်းလွန်းနေပြီ
အကိုအမတွေကို ချစ်ပါ မင်းအကိုအမတွေက မင်းရဲ့ ဒုတိယဖခင် မိခင်တွေပါ သူတို့က မင်းအကျိုးကို လိုလားဆုံးပုဂ္ဂိုလ်တွေပါ(မိဘပြီးရင်)
အချုပ်အနေနဲ့ပြောရရင်-
#အသိပညာအတွက် ေကျာင်းစာတစ်ခုတည်းနဲ့
မလုံလောက်ပါ ဗဟုသုတရှိစေမယ့် စာအုပ်တွေဖတ်ပါ လူမှုပတ်ဝန်းကျင်ကို လေ့လာပါ
နိုင်ငံသမိုင်း ကမ္ဘာ့သမိုင်းတွေ လေ့လာပါ
စာအုပ်ကောင်း တစ်အုပ် ဖတ်ခြင်းဟာ မိတ်ဆွေကောင်း တစ်ဉီး ရလိုက်တာပဲ
#အတတ်ပညာအတွက် အသိပညာကို အသုံးချပါ
အသိပညာက အထက်ကလို လေ့လာထားမှနော်
#္အသက် မွေးဝမ်းကျောင်းပညာအတွက်
ဒါက နက်နဲသွားပီ အသိပညာရော အတတ်ပညာပါ
ရှိမှ အသက်မွေးဝမ်းကြောင်းပညာဆိုတာ ဖြစ်လာမှာပါ
ဒီလိုမှမဟုတ်ဘဲ ပညာကမတတ် လေ့လာမှုက မရှိဆိုရင်တော့ ဓားမနောက်ပိတ်ခွေးပဲ ဖြစ်လိမ့်မယ်
ဓားမနောက်ပိတ်ခွေးဆိုတာ ဓားတစ်လက်ရဲ့ နောက်ဆုံးပိတ်အခွေးပါ ရှေ့က ဓားတုန်းတိုင်း ဆောင့်ဆောင့်ခံရမှာပဲ တစ်နည်း လူကြီးဆိုး လူကြီးညစ်နဲ့တွေ့ရင် ကိုယ်က အဆဲခံ အဆိုခံပဲဖြစ်သွားမှာကိုပြောတာ...
လိမ္မာကြပါ ဆိုးမှလူကြောက်တာမဟုတ် လိမ္မာရင်လည်း လူတိုင်းက ကြောက်တတ်ပါတယ်
အမှန်တရားကိုအခြေခံပါ ဒါမဲ့အမှန်အတိုင်းချည်းတော့ မလုပ်နဲ့ မှန်တိုင်းမပြောနဲ့ မှန်တိုင်းမလုပ်နဲ့
တချို့က အမှားတွေကြားမှာ သာယာနေကြပြီ ဒါကို မင်းက သံသယဖြစ်မနေနဲ့ မင်းသာ အမှန်တရားကို အခြေခံပြီး ဆက်လျှောက်ပါ တနေ့တော့ မင်းလိုချင်တဲ့ပန်းတိုင်ကို တကယ်ရောက်မှာပါ...
ချစ်ခြင်းများစွာဖြင့် ရေးသားခြင်းဖြစ်ပါတယ်---/
#အနီရောင်ကိုကို@:-ဆယ်ကျော်သက်များသို့ပေးစာ

#အနီရောင်ကိုကို@:-
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
No. 42, 3rd Fl, 87th Street
Yangon
Opening Hours
| Monday | 07:00 - 21:00 |
| Tuesday | 07:00 - 21:00 |
| Wednesday | 07:00 - 21:00 |
| Thursday | 07:00 - 21:00 |
| Friday | 07:00 - 17:00 |
| Saturday | 07:00 - 21:00 |
| Sunday | 07:00 - 21:00 |