Myanmar Resources Network

Myanmar Resources Network

Share

Connecting People, Idea & Opportunities ...

Photos from Myanmar Resources Network's post 12/10/2025

စီးပွားရေးကဏ္ဍများ၏ ဘောဂဗေဒ (၁)
ထိုင်းနိုင်ငံ၏ ကောက်ပဲသီးနှံထုတ်ပိုးတင်ပို့သည့် ကုမ္ပဏီများ
အောင်ထူး
မြန်မာနိုင်ငံရဲ့ လယ်ယာထွက်ကုန် ကောက်ပဲသီးနှံများတင်ပို့ရောင်းချရာမှာ ပြည်ပတိုင်းပြည်များရဲ့ လက်ရှိစားသုံးသူ စျေးကွက်သို့ရောက်ရှိအောင်မြန်မာနိုင်ငံရဲ့ ထုတ်ကုန်များအဖြစ် တိုက်ရိုက် ထုတ်ပိုး တင်ပို့ရောင်း ချ ခြင်းမပြုနိုင် သေးတာကိုတွေ့ရပါတယ်။ အတော်များများဟာ စုပုံရောင်းချမှုစနစ် (bulk)နဲ့ ပွဲစားများ က တစ်ဆင့်ရောင်းချနေတာကို တွေ့ရပါတယ်။ အရှေ့တောင်အာရှမှာရှိတဲ့ ကောက်ပဲ သီးနှံတင်ပို့ရောင်းချ တဲ့ နိုင်ငံများမှာ ဗီယက်နမ်ဆန်ဖြူ(Vietnam White Rice)၊ ထိုင်းဆန်ဖြူ(Thai White Rice)၊ ထိုင်းဆန် မွေး(Thai Homali and Jasmine Rice) စသည်ဖြင့် တင်ပို့ရောင်းချသော် လည်း မြန်မာနိုင်ငံအနေနဲ့ မြန်မာဆန်ဖြူ (Myanmar White Rice) သို့မဟုတ် မြန်မာဆန်မွှေး (Myanmar Fragrant Rice)ကို လက်လီ (consumers’ packများဖြင့်) ထုတ်လုပ် ထုတ်ပိုးရောင်းချ ခြင်း မပြုနိုင်သေး ဘဲ ဆန်ကြမ်းများကို အပုံလိုက် ပွဲစား များ မှ တစ်ဆင့် ရောင်း ချ ခြင်း ဖြစ်တဲ့ အ တွက် မြန်မာဆန်၊ မြန်မာ့ပဲမျိုးစုံများဟာ ကမ္ဘာစျေးကွက်မှာ နံမည်ကျော်ကြား ထိုးဖောက်ဝင်ရောက်နိုင် ခြင်း မရှိသေး တာကို တွေ့ရတယ် ...
နောက်ပြီး မြန်မာနိုင်ငံက ပြည်ပကို ဆန်တင်ပို့ရောင်းချရာမှာ ဆန်အရည်အသွေးအားဖြင့် ၂-၅ရာခိုင်နှုန်း ဆန်ကျိုးပါ မြန်မာဆန်ဖြူ( Myanmar White Rice) အဖြစ် ရောင်းချနိုင်ခြင်းမရှိသေးဘဲ ဧည့်မထ ဆန် ကျိုး (၂၅) ရာခိုင်နှုန်းကိုသာ အားပြုတင် ပို့ရောင်းချနေတာကို တွေ့ရပါတယ်။ သို့ဖြစ်၍ မြန်မာဆန်များ ဟာ ထပ်ဆင့်ပြုပြင်ပြီးမှ သာစျေးကွက်ကို ထိုး ဖောက်နိုင် ခြင်း ဖြစ်စေ၊ သို့တည်းမဟုတ်ပါက သွား ရည်စာ ထုတ်လုပ်ရန် နဲ့ တိရိစ္ဆာန်အစားအစာ ကုန်ကြမ်းအဖြစ် ဖြစ်စေ အသုံးချခံရတာများပါ တယ်။ အခု နောက် ပိုင်းမှာ အရက် ချက်ရန်၊ မုန့်လုပ်ရန် နဲ့ တိရိစ္ဆာန်အစားဖြစ် သုံးလာတာကို တွေ့ရ ပြီး ဆန် ကျိုး စျေးကောင်းတဲ့ အတွက် ဆန်ကောင်းကို ချိုးပြီး ဆန်ကွဲလုပ်ရောင်းလာတာတွေ တောင် ရှိလာနေပါတယ် ...
မြန်မာနိုင်ငံရဲ့ ဆန်စပါးလုပ်ငန်းတိုးတက်စေချင်ရင်တော့ လူအများစားသုံးတဲ့ ၂-၅ ရာခိုင်နှုန်းဆန်ကျိုးပါ တန်းမြင့်ဆန် သို့မဟုတ် ပေါ်ဆန်းမွှေးစတဲ့ ဆန်မွှေးတွေကို အကျိုးမပါ ၁၀၀ ရာခိုင်နှုန်း ဆန်များ ဖြစ် ထုတ်လုပ်ရောင်းချ သင့် တယ် လို့ ထင်ပါတယ်။ ကမ္ဘာ့ဆန်စျေးနှုန်းများနဲ့ ပတ်သက်လို့ ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ရဲ့ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ စျေးနှုန်းများကို သိသာနိုင်ပါရန်အောက်ပါအတိုင်း တင်ပြအပ်ပါတယ် ...

ဒီနေရာမှာ တင်ပြလိုတဲ့ မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ဝိသေသ လက္ခဏာတစ်ရပ်က ဆန်မွှေး (fragrant rice) ဖြစ်တဲ့ ပေါ်ဆန်းမွှေး၊ တောင်ပျံ၊ ငကျွှဲ စတဲ့ ဆန်ချောများကို မြန်မာနိုင်ငံသားတွေက ပြည်ပပေါက်စျေး ထက်ပင် ပိုပေးပြီး စားသုံးနေကြတာကို တွေ့ရပြီး ပြည်ပသို့တင်ပို့မှုတွေကို တော့ ဆန်ကြမ်းလို့ ခေါ်တဲ့ ၂၅ရာ ခိုင်နှုန်းအကျိုးပါတဲ့ ဧည့်မထ၊ ငစိန် (25% broken white rice) စတဲ့ ဆန်များကို တင်ပို့လျှက်ရှိပါ တယ်။ ဒါကြောင့် မြန်မာ့ဆန်ဟာ ထိုင်းနိုင်ငံက ဆန်မွှေး(Thai Jasmine Rice)လို ပြည်ပနိုင်ငံများရဲ့ ထမင်းပွဲ တွေမှာ စားသုံးတဲ့ ဆန်အဖြစ် ဂုဏ်ယူခံရခြင်းမရှိဘဲ ဆန်ကြမ်း ကုန်ကြမ်းအဖြစ် အရက်ချက် ခြင်း၊ မုန့်လုပ်ခြင်း၊ တိရိစ္ဆာန် အစာ အဖြစ် အသုံးချခြင်းကို ခံနေရတာဖြစ်ပါတယ် ...
အခုအခါမှာတော့ မြန်မာနိုင်ငံက ဆန်စက်တွေမှာ အရောင်ခွဲစက်/ဆန်ရွေးစက်(colour sorter)များ သုံးလာတဲ့အတွက် ဆန်ကွဲမပါတဲ့ ၁၀၀ခိုင်နှုန်းဆန်ကို ထုတ်လုပ်လာနိုင်ပြီထင်ပါတယ်။ ဒီဆန်များကို ပြည်တွင်းစားသုံးရန်အတွက်သာ မဟုတ်ဘဲ ပြည်ပနိုင်ငံများရဲ့ ထမင်းဝိုင်းများအရောက် မြန်မာဆန်ဖြူ ၂-၅ ရာခိုင်နှုန်းဆန်းကျိုး နဲ့ မြန်မာဆန်မွှေး ၁၀၀ ရာခိုင်နှုန်းအဖြစ်တင်ပို့နိုင်ခဲ့ရင် မြန်မာနိုင်ငံဟာ ကမ္ဘာ ပေါ် မှာ စား သုံးရန် ဆန်တင်ပို့တဲ့စာရင်းဝင်နိုင်ငံဖြစ်လာမယ်လို့ ယူဆပါတယ် ...
ဒါနဲ့ပတ်သက်လို့ လုပ်ရမဲ့အလုပ်က (၃) ခုဘဲရှိပါတယ်။ ပထမဆုံးလုပ်ရမဲ့လုပ်ငန်းက မိမိတင်ပို့မဲ့နိုင်ငံရဲ့ စံချိန်စံညွှန်းလိုအပ်ချက်တွေကို လေ့လာပြီး သက်ဆိုင်ရာစိစစ်တဲ့ အာဏာပိုင်များ ထံက ခွင့်ပြုချက် များကို ကြိုတင်ရရှိထားရန် ဖြစ်ပါတယ်။ ဒုတိယအချက်က အဆင့်မြင့်ဆန်စက်များကို ထူထောင်ပြီး ၂-၅ ရာခိုင်နှုန်းဆန်ကျိုးပါ ဆန်ဖြူကို ထုတ်လုပ်ရန်နဲ့ တတိယအချက်က ပြည်ပနိုင်ငံများရဲ့ လက်လီ စျေးကွက် အထိ ပေါက်ရောက်‌အောင် မြန်မာဆန်ဖြူနဲ့ ဆန်မွှေးတွေကို ထုတ်ပိုးတင်ပို့ရောင်းချဖို့ တွန်း အား ပေး ဆောင် ရွက်ရန် ဖြစ်ပါတယ် ...
ဒါနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံရှိ ကောက်ပဲသီးနှံထုတ်ပိုးတင်ပို့ရောင်းချတဲ့ လယ်ယာထွက်ကုန် ကုမ္ပဏီ များအကြောင်း ကို အောက်ပါအတိုင်း လေ့လာတင်ပြအပ်ပါတယ် ...
၁။ စီပီထုတ်ပိုးရေး ထိုင်းကုမ္ပဏီ (CP Packaging Thailand)

စီပီထုတ်ပိုးရေးထိုင်းကုမ္ပဏီ ဟာ ထိုင်းနိုင်ငံရဲ့ ထုတ်ပိုးသီးနှံများ တင်ပို့တဲ့ လုပ်ငန်းမှာ အဓိက ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ ဆန်၊ ပြောင်း နဲ ဂျုံများကို ထုတ်ပိုးတင်ပို့ရောင်းချတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ခေတ်အမှီဆုံးစက်များကို တပ်ဆင်ထားပြီး ထုတ်ပိုးတင်ပို့မှုမှာ တီထွင်ဖန်တီးမှုကို အဓိက ဦးစားပေးဆောင်ရွက်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ စီပီထုတ်ပိုးရေးထိုင်းကုမ္ပဏီဟာ ထိုင်းနိုင်ငံရဲ့ ကောက်ပဲ သီးနှံ ထုတ်လုပ်တင်ပို့ရောင်းချမှု စျေးကွက်မှာ စျေးကွက်ခေါင်းဆောင် အဖြစ် ဖြစ်ပေါ်လို့လာနေပါတယ်။ ကုမ္ပဏီရဲ့ ပို့ကုန်ပမာဏဟာ တစ်ဖြည်းးဖြည်းတိုးတက်လာနေပါတယ်။ ဒီကုမ္ပဏီဟာ အရှေ့ အလယ် ပိုင်းနဲ့ အရှေ့တောင်အာရှ စျေးကွက်များမှာ ခိုင်မာစွာ ရပ်တည်လာနေပါတယ် ...
၂။ ထိုင်းယူနီယံထုတ်ပိုးရေးကုမ္ပဏီ (Thai Union Packaging)

ထိုင်းယူနီယံထုတ်ပိုးရေးကုမ္ပဏီဟာ စီပီထုတ်ပိုးရေး ထိုင်းကုမ္ပဏီလိုပဲ ထိုင်းနိုင်ငံရဲ့ ကောက်ပဲသီးနှံ ထုတ် လုပ်တင်ပို့ရောင်းချတဲ့ ကဏ္ဍမှာ အဓိက ဇာတ်ကောင်တစ်ဦးဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ သီးနှံမျိုး စုံအတွက် အရည်အသွေးမြင့်တဲ့ ထုတ်ပိုးမှုစနစ်ကို ကျင့်သုံးပြီး လုပ်ငန်းခွင်ငယ်စိုက်ပျိုးထုတ် လုပ်သူ များနဲ့ အကြီးစားလယ်ယာစီးပွားရေးလုပ်ငန်းများအတွက်ပါ ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ထိုင်းယူနီယံထုတ်ပိုးရေးကုမ္ပဏီဟာ နိုင်ငံတကာမှာ ကောက်ပဲသီးနှံထုတ်ပိုးတင်ပို့ရောင်းချတဲ့ ကုမ္ပဏီ အဖြစ် လူသိများပြီး ဂျပန်၊ တရုတ် နဲ့ အမေရိကန်ပြည်ထောင်စုများမှာ စျေးကွက်ဝေစုများ ရရှိ ထားပါတယ် ...
၃။ ထိုင်းစိုက်ပျိုးရေးစားသောက်ကုန်ကုမ္ပဏီ (Thai Agri Foods)

ထိုင်းစိုက်ပျိုးရေးစားသောက်ကုန်ကုမ္ပဏီဟာ ကောက်ပဲသီးနှံ များ ထုပ်ပိုးတင်ပို့ရောင်းချတဲ့ ဦးဆောင် ကုမ္ပဏီကြီး တစ်ခုဖြစ်ပြီး ဆန်၊ ဘာလီနဲ့ အခြားကောက်ပဲသီးနှံများကို အထူးပြုထုတ်ပိုး တင်ပို့ရောင်းချ ပါတယ်။ စားသုံးသူများရဲ့ စိတ်ကျေနပ်မှုနဲ့ အရည်အသွေကောင်းတဲ့ ထုတ်ကုန်များကို ပေးစွမ်းနိုင်တာ ကြောင့် မကြာသေးမှီနှစ်များအတွင်းမှာ ပို့ကုန်ပိုမိုတင်ပို့ရောင်းချနိုင်တဲ့ ကုမ္ပဏီတစ်ရပ် အဖြစ် ဖြစ်ပေါ် လာနေပါတယ်။ ထိုင်းစိုက်ပျိုးရေးစားသောက်ကုန်ကုမ္ပဏီ ဟာ ကမ္ဘာတစ်ဝှမ်းမှာ ခိုင်မာတဲ့ ဖြန့်ဖြူးမှု ကွန်ယက်များကို ထူထောင်ထားရှိတဲ့အတွက် နိုင်ငံတကာဝယ်ယူရောင်းချသူများရဲ့ နှစ်သက် သဘော ကျတဲ့ ကုမ္ပဏီတစ်ခုအဖြစ် ဖြစ်ပေါ်လာနေပါတယ် ...
ဒီကုမ္ပဏီကြီးများနည်းတူဘဲ ဘေတာဂရိုး ထုတ်ပိုးတင်ပို့ရောင်းချရေးကုမ္ပဏီ(Betagro Packaging)၊ ထိုင်းဆန်ပို့ကုန် ကုမ္ပဏီ (Thai Rice Export Co., Ltd.)၊ မိတာဖိုးလ် အုပ်စု (Mitr Phol Group)၊ ထိုင်းနိပွန်စားသောက်ကုန်ကုမ္ပဏီ(Thai Nippon Foods)၊ ချရွန်ပေါ့ဖန်းစားသောက်ကုန် ကုမ္ပဏီ (Charoen Pokphand Foods)၊ ထိုင်းယူနီယံကုမ္ပဏီအုပ်စု(Thai Union Group) နဲ့ စီပီ အင်တာထ ရိတ်ကုမ္ပဏီလီမိတက်( C.P. Intertrade Co., Ltd.) တို့ဟာ ထိုင်းနိုင်ငံရဲ့လယ်ယာ ထွက်ကုန်များ ထုပ်ပိုး တင်ပို့ရောင်းချရာမှာ အဓိကကျတဲ့ ကုမ္ပဏီကြီးများ ဖြစ်ကြပါတယ် ...
ဒီကုမ္ပဏီများဟာ အရည်အသွေးကောင်းမွန်တဲ့ထုတ်ကုန်များကို ထုတ်လုပ်နိုင်ပြီး တီထွင်ဖန်တီးနိုင် မှုရှိတဲ့ ကုမ္ပဏီများဖြစ်ကြပြီး ကမ္ဘာ့လယ်ထွက်ကုန်စျေးကွက်မှာ စျေးကွက်ဝေစု ကြီးကြီးမားမား ရရှိထား ကြတဲ့ ကုမ္ပဏီများ ဖြစ်ကြပါတယ်။ ဒီ ကုမ္ပဏီများဟာ စားသုံးသူများရဲ့ ကျေနပ်နှစ်သိမ့်မှုကို အဓိက ထား ဆောင်ရွက်ကြပြီး ရေရှည်တည် တန့်မှုနဲ့ ကြီးထွားလာတဲ့ ပြည်တွင်းပြည်ပ လယ်ယာ ထုတ်ကုန်သီးနှံများ ထုတ်ပိုးတင်ပို့မှု အပေါ်မှာ အကျိုးအမြတ်ရှိအောင် ဆောင်ရွက်နိုင်ကြတဲ့ ကုမ္ပဏီများ ဖြစ်တာကို တွေ့ရပါတယ် ...
ဒီကုမ္ပဏီများအနက် စီပီ ကုမ္ပဏီဟာ တစ်နှစ်ကို တန်ချိန် (၂.၁)သန်း ထုတ်ပိုးပြု ပြင်ထုတ်လုပ်နိုင်တဲ့ အဆင့်မြင့်ဆန်စက်ကို ထူထောင်ထားပြီး ထိုင်းနိုင်ငံတစ်တဝန်းလုံးမှာ ဆန်စက် ငယ်များရဲ့ အကြမ်း ကြိတ် ခွဲထားတဲ့ ဆန်များကို သူ့ရဲ့ အယုဒ္ဓယမြို့က စက်ရုံသို့ စုစည်းပို့ဆောင်ပြီး ဆင့် တက် ပြုပြင် ထုတ်လုပ်ထုတ်ပိုး၍ ပြည်ပနိုင်ငံ များမှ အမှာစာများကို တိုက်ရိုက် သင်းဘောတင် တင်ပို့ နိုင်တဲ့ ကုမ္ပဏီ ဖြစ်တာကို တွေ့ရပါတယ်။ ဒီလိုဆောင်ရွက်တဲ့အတွက် သိုလှောင်ရုံအကြီးကြီးများကို တည်ဆောက် ရန်မလိုဘဲ ဆန်စက်ငယ်များရဲ့ ထုတ်လုပ်မှုကို အချိန်နဲ့ တပြေးညီ ရယူ ဆင့်တက်ပြုပြင်ပြီး တိုက်ရိုက် တင်ပို့ ရောင်းချနိုင်ကြပါတယ် ...
ဒါကြောင့် ဒီထိုင်းနိုင်ငံ၏ လယ်ယာထွက်ကုန် သီးနှံပြုပြင်ထုတ်ပိုး တင်ပို့သည့် ကုမ္ပဏီများရဲ့ နမူနာကို ယူပြီး ကမ္ဘာ့စားသုံးဆန်စျေးကွက်မှာ မြန်မာနိုင်ငံအနေနဲ့ စျေးကွက်ဝင်လာနိုင်ရန်အတွက် တန်းမြင့်ဆန် ထုတ်လုပ်မှုအပိုင်း နဲ့ ထုတ်ပိုးတင်ပို့ရောင်းချမှုများအပိုင်းမှာ ပိုမိုအားထုတ်ဆောင်ရွက်သွားရန် လိုအပ် မည်ဟု ယူဆရပါကြောင်း တင်ပြအပ်ပါတယ် ...

27/04/2025

သင်္ဘောတစ်စင်းဟာ ဆိပ်ကမ်းမှာဆိုက်ထားရင် အလုံခြုံဆုံးပါပဲ၊ ဒါပေမယ့် သင်္ဘောတွေကို ဖန်တီးထားတဲ့ရည်ရွယ်ချက်ကတော့ အဲလိုရပ်ထားဖို့မဟုတ်ပါဘူး ...
— Albert J. Nimeth
ကိုယ့်အတွက် အကောင်းဆုံးကဘာလဲဆိုတာသိပြီး၊ အဲဒါကို ဘယ်လိုအောင်မြင်အောင်လုပ်မလဲဆိုတာ သိတာက လုပ်ပိုင်ခွင့်ရှိခြင်းရဲ့ အဓိကအချက်ပါပဲ ...

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Address


6B/63B, MTP Building, Corner Of Shwe Hin Tha St & Sabei Chan (2) Street , Hlaing Township
Yangon
11051