ZigWay
နည်းပညာအသုံးပြုခြင်းဖြင့် ဘဏ္ဍာရေးဆိုင်ရာစွမ်းရည် မြှင့်တင်လိုက်ရအောင် .
08/03/2023
Happy International Women's Day and thank you to all the women in our lives!🙏
29/12/2022
ပံ့ပိုးမှုအား ဆက်လက်အားဖြည့်ပေးတဲ့ မိတ်ဖက်များ၊ အလှူရှင်များနှင့် မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါသည်။ 🙏🥰 ၂၀၂၂ ခုနှစ်အတွင်း ဇစ်ဝေးအနေဖြင့် အများဆုံး အထိအခိုက်ခံစားရသောသူများအား ထောက်ပံ့ကူညီဆောင်ရွက်ပေးခဲ့မှု တစ်ချို့အား ဝမ်းမြောက်စွာ မျှဝေပေးချင်ပါတယ်။ 🤝
Thank you🙏to all our partners, donors and friends for your continued support. 🥰We’re pleased to share some insights🔍about how we have helped the most disadvantaged people in Myanmar during 2022. 🤝
မွန်မြတ်သော စေတနာနှင့် ရက်ရက်ရောရောကူညီပေးခဲ့သော မိတ်ဆွေများကို ကျေးဇူး အထူးတင်ရှိပါတယ်။ ထိုပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ၈၁,၆၀၄ အိမ်ထောင်စုကို ၂၀၂၂ ခုနှစ်အတွင်း ကူညီပေးနိုင်ခဲ့ပါတယ်။ 🙏
ထမင်းအနပ်ပေါင်း၂၉,၉၈၀,၂၃၀ ကို ဇစ်ဝေးမှ ဝေမျှဖြန့်ဖြူးပေးခဲ့ပါသည်။ 🍚
အရေးပေါ်စားနပ်ရိက္ခာအတွက် လိုအပ်သော အသား၊ငါး၊နို့၊ ကြက်ဉ၊ ကြက်သွန်၊အာလူး နှင့် ပဲအမျိုးမျိုးစတဲ့ စားသောက်ကုန်များကို ကီလိုဂရမ် ၂၀,၀၀၀ ကျော် ထောက်ပံ့ပေးခဲ့ပါတယ်။
🐟🥚🥛🧅🫘
နေ့စဉ်ကြုံတွေ့နေရသော ဖိအားများဖြေလျှော့သွားနိုင်အောင် အခြေခံကျန်းမာရေးဆေးဝါးများနှင့် ဆိုလာစနစ်သုံးမီးပြားများကို ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ 🩹💡
လူနေမှုဘဝမြင့်တင်နိုင်ရန်အတွက် ဉီးနှောက်အာဟာရပြည့်မှီအောင် 👩🏫
✳️ အခြေခံနည်းပညာနှင့် အသုံးပြုနည်းအကြောင်းများ
✳️ အခြေခံ ကျန်းမာရေးအကြောင်းများ
✳️ အစာအဟာရအကြောင်းများ
✳️ ရှေးဉီးနည်းဖြင့် ပြုစုစောင့်ရှောက်ခြင်း နည်းလမ်းအကြောင်းများ စသောသင်တန်းများပို့ချ သင်ကြားပေးခဲ့ပါတယ်။
အထိအခိုက်ခံစားရမှုအများဆုံးဖြစ်တဲ့ အမျိုးသမီးနှင့်ကလေးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ယာယီနေထိုင်နေရသူများ၊ အလုပ်လက်မဲ့ဖြစ်နေသောသူများကို ကူညီပေးခဲ့ပါတယ် 🫶
ယခုကဲ့သို့ ကမ်းလက်ကူညီမှုကို ၂၀၂၃ တွင်လည်း ဆက်လက်လုပ်ဆောင်သွားပါမည်။ လက်တွဲလုပ်ဆောင်ရန် (သို့) မျှဝေကူညီရန် ဒီနေ့ပဲ လုပ်ဆောင်လိုက်ပါနော်။ 🥰
23/12/2022
[English below]
ယခုနှစ်တွင် ဇစ်ဝေးအဖွဲ့မှ 🙏မြန်မာနိုင်ငံအတွင်း အကူအညီလိုအပ်နေသော မိသားစုများဆီသို့ 🦉🦉 ထောက်ပံ့ပေးနိုင်မှုများအတွက် ထောင်ပေါင်းများစွာသောမိသားစုဝင်များအစား ကျေးဇူးအထူးတင်ရှိပါသည်။ ယခုလို ပွင့်လင်းသော နှလုံးသား 💕နှင့် ရက်ရောသော အကူအညီပေးမှုအား ဇစ်ဝေးအဖွဲ့မှ ကျေးဇူးတင်ရှိပြီး အားလုံးကို ချစ်ရသောသူများနှင့် ဘေးကင်းပြီး ပျော်စရာကောင်းသော အားလပ်ရက်လေးဖြစ်ပါစေလို့ 🎄 ဆုတောင်းပေးလိုက်ပါတယ်။ 🥰
We would like to thank you🙏on behalf of the thousands of people struggling with poverty in Myanmar that ZigWay 🦉🦉 has supported this year. We are grateful for your open hearts 💕and your generous support and we wish you all a safe and joyous holiday season🎄with your loved ones! 🥰
31/08/2022
"We are in this together - and we will get through this, together."
COVID-19’s impact on poverty in Myanmar demanded that more than 🔻83 percent of households have reported a drop in income since the start of 2020, according to the UNDP🔍.
Rising food 🍚and fuel prices⛽️ in Myanmar since the covid risk undermining the ability of poor families to feed themselves. Palm oil 20 percent higher 🌴and rice prices up 4 percent in the Yangon and Mandalay areas since the end of February 2020.
Zigway needs your support to ensure that teams have the resources to reach every person in distress.🙋♀️Any amount, small or large, will go a long way towards ensuring that Zigway is capacitated to aid every vulnerable groups in distress during the COVID-19 crisis.
www.zigway.co
" ဒီအခြေအနေတွေမှာ ကျွန်ုပ်တို့ အားလုံး အတူတူ ရှိတယ်၊ အရာရာတိုင်းကို အတူတူ ဖြတ်ကျော်ကြမယ် 🙋♀️"
🔍UNDP ရဲ့ ပြောကြားချက်အရ ၂၀၂၀ ခုနစ်အစပိုင်းကတည်းက စတင်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုရဲ့ ရိုက်ခတ်တဲ့ ဒဏ်တွေကြောင့် 🔻၈၃% ထက်များတဲ့ နွမ်းပါးအိမ်ထောင်စုတွေရဲ့ ၀င်ငွေဟာ ထုတ်ပြန်ချက်တွေအရ သိသိသာသာကို ကျဆင်းလို့ လာခဲ့ပါတယ်။
ကိုဗစ်-၁၉ အန္တရာယ် အစပြုကတည်းက စလို့ မြင့်တက်လျက် ရှိနေတဲ့ စားနပ်ရိက္ခာ နဲ့ လောင်စာဆီ စျေးနှုန်းတွေကြောင့် ချို့ငဲ့နွမ်းပါးတဲ့ မိသားစုတွေဟာ ကိုယ့်မိသားစုရဲ့ 😰၀မ်းရေးကိုတောင် ထောက်ပံ့နိုင်ခြင်း လျော့နည်းလာခဲ့ပါတယ်။ ၂၀၂၀ခုနစ် ဖေဖော်၀ါရီလကုန်ကတည်းက စလို့ ရန်ကုန် နှင့် မန္တလေး ဧရိယာများတွင် စားအုန်းဆီစျေးနှုန်းတွေဟာ ၂၀%အထိ မြင့်တက်လာခဲ့ပြီး၊ 🍚ဆန်စျေးနှုန်းတွေဟာလည်း ၄%အထိ မြင့်တက်လျက်ရှိနေပါတယ်။
အဲ့ဒီအတွက်ကြောင့် Zigway အဖွဲ့အစည်းက ထိုသောက၀ေနေသောသူ တစ်ဦးချင်းဆီထံ ရောက်ရှိနေနိုင်ဖို့ လူကြီးမင်းတို့ရဲ့ ထောက်ပံ့မှုကို လိုအပ်လျက်ရှိပါတယ်။🙋♀️
ကိုဗစ်-၁၉ ကြောင့် ကပ်ဆိုက်နေတဲ့ ဒီကာလကြီးမှာ လူကြီးမင်းတို့ရဲ့ အလှူငွေ၊ ၀တ္ထု၊ သဒ္ဓါတရား အနည်းအများမဆိုသည် ဒုက္ခရောက်နေသော 😰ချို့ငဲ့နွမ်းပါးတဲ့ မိသားစုတိုင်းကို ကူညီရာမှာ အလွန်ပင် အရေးပါပြီး၊ ကျွန်တော်တို့ Zigway အဖွဲ့အစည်းကိုလည်း ထိုသူတို့ကို ဆက်လက်အထောက်အပံ့ပြုနေနိုင်ရန် အထောက်အကူပြုတဲ့ အား တစ်ခု ဖြစ်ပါတယ်ခင်ဗျာ။
လှူဒါန်းရန် လင့်ခ်- www.zigway.co
#
24/08/2022
Do you know how much national poverty rates in Myanmar have risen 📈dramatically due to the current events and economic disruption?
In spatial terms, three-quarters of predicted newly poor households are in rural areas.😔
When it comes to the daily and monthly expenses in those rural areas, recommended daily amounts of lower-cost types of foods,such as broken rice 🌾 , non-export quality pulses 🫘, and palm oil 🛢, would cost between 💰51,500 MMK and 💰63,000 MMK per household per month at current prices.
Depending on the fact that most of Myanmar’s poor are in rural areas, short-term food assistance 🫓is essential to enable vulnerable poor households to avoid extreme hunger and irreversible financial or health consequences. 😰And our community, 🦉Zigway, is always finding a way to lend a hand to help the people who are urgently in need of help in Myanmar.🙋♀️
မြန်မာနိုင်ငံရဲ့ လတ်တလောမှာ ဖြစ်ပျက်နေတဲ့ အခြေအနေအရပ်ရပ်၊ ပြိုကွဲလာတဲ့ စိီးပွားရေး အခြေအနေတို့ကြောင့် တနိုင်ငံလုံးရဲ့ ဆင်းရဲမှုနှုန်းဟာ သိသိသာသာကို 📈မြင့်တက်လာလျှက် ရှိပါတယ်။ လက်ရှိတိုင်းတာချက်တွေအရ နွမ်းပါးတဲ့ 😔အိမ်ထောင်စု အသစ်ပေါင်း လေးပုံသုံးပုံ လောက်ထိ ကျေးလက်ဒေသတွေမှာ ရှိတယ်လို့ ခန့်မှန်းရပါတယ်။
အဲ့ဒီ ကျေးလက်ဒေသတွေရဲ့ နေ့စဥ်၊ လစဥ်အသုံးစရိတ်တွေနဲ့ ပတ်သက်လို့ လတ်တလော ကုန်စျေးနှုန်းတွေအရ ဆန်ကွဲ 🌾၊ တင်သွင်းဖို့တောင် အရည်အသွေး မမီတဲ့ ပဲ🫘 စားအုန်းဆီ 🛢အစရှိတဲ့ စျေးနှုန်းအားဖြင့် နေ့စဥ်ပမာဏထက် အသက်သာတကာ့ အသက်သာဆုံး 🫓စားနပ်ရိက္ခာတွေ အကြံပြုရင်တောင် တစ်လကို မြန်မာငွေ ၅ သောင်း ၁ ထောင်ကျပ် မှ ၆ သောင်း ၃ ထောင်ကျပ်ထိ အိမ်ထောင်စု တစ်စုကို ကျသင့်နေပါတယ်။
မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးတဲ့ သူ အများစုဟာ ကျေးလက်ဒေသတွေက 🏞ဖြစ်တယ်ဆိုတဲ့ အချက်အပေါ် မူတည်ပြီး စားနပ်ရိက္ခာဖူလုံဖို့ ရေတို ထောက်ပံ့ခြင်းဟာ ဆင်းရဲနွမ်းပါးတဲ့ 😰အိမ်ထောင်စုတွေကို ငတ်မွတ်ခေါင်းပါးမှု၊ ရှောင်လွှဲလို့ မရတဲ့ စီးပွားရေးနဲ့ ကျန်းမာရေး အကျိုးဆက်တွေကို ရှောင်ရှားဖို့ရန်အတွက် အင်မတန်မှ အရေးကြီးလှပါတယ်။
ဒီအတွက် ကျွန်တော်တို့ရဲ့ 🦉ZigWay အဖွဲ့အစည်းဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ ထိုကဲ့သို့ အရေးတကြီး အကူအညီလိုနေတဲ့ လူတိုင်းအတွက် ကမ်းလက်တစ်စုံ ဖြစ်နိုင်ဖို့အရေး 🙋♀️အမြဲ နည်းလမ်းများ ရှာဖွေလျက် ရှိနေပါတယ် ခင်ဗျာ။
31/07/2022
''Food is our common ground, a Universal Experience"
Join us in ensuring that every person in distress in Myanmar get the food they need.
UMFCCI predicted that diversifying food products, beyond rice, is very important to rural-urban value chains. About 70% of Myanmar’s non-rice food consumption is in the urban areas. Roughly 60% of corn in Myanmar goes into urban feed mills, 5 to 9% per year for potatoes, and 6 to 7% for chillies, garlic, and onions, all products that are mainly consumed domestically; yet the overall population is only growing at about 1%. This suggests in particular the growth of urban markets for vegetables.
#2022
28/07/2022
With the current omicron wave, here's a reminder of how to keep you, your family and your community safe by preventing the spread of COVID-19:
1. Wash your hands often. Use soap and water and wash for at least 20 seconds. If you can't access soap and water, use an alcohol-based rub or spray.
2. Maintain a safe distance (1.5 meters), especially from anyone who may be coughing or sneezing.
3. Wear a mask properly at all times to protect yourself and your community.
4. Stay home if you are feeling unwell or if you are close contacts of someone who has COVID-19.
5. Seek medical care if you have severe symptoms such as fever, cough and difficulty breathing.
Thanks to your generous support, ZigWay continues to donate thousands of masks, hand sanitiser and vitamins to keep our community healthy.
If you'd like to partner with us today to enable us to continue our Covid relief in Myanmar, follow the link below and click on donate.
http://www.zigway.co/
Take care and stay safe!
သင်၊ သင့်မိသားစု နဲ့ သင့်ရဲ့ အနီးအနားပတ်၀န်းကျင်မှ လူအများ လတ်တလောမှာ ပျံ့ပွားနေတဲ့ အိုမီခရွန်ပိုးရဲ့ စတုတ္တလှိုင်းနဲ့အတူ
ကိုဗစ်-၁၉ ရောဂါ ပျံ့ပွားမှုကို တာဆီးနိုင်စေဖို့ရန် အောက်ပါ နည်းလမ်းများကို လိုက်နာကာ ကြိုတင်ကာကွယ်ကြစို့လား...
၁) လက်ကို ဆပ်ပြာ နှင့် ရေ အသုံးပြု၍ စက္ကန့် ၂၀ ခန့်ကြာ မကြာခဏဆေးကြောပါ။ ဆပ်ပြာ နှင့် ရေ အသုံးပြုရန် အဆင်မပြေပါက အရက်ပျံ ပါသည့် လက်သန့် ဆေးရည်၊ ဖြန်းရည် အားအသုံးပြုပါ။
၂) လူစုလူဝေး ရှောင်ရှားပါ။ အထူးသဖြင့် နှာချေ၊ ချောင်းဆိုး နေသူများနှင့် အနည်းဆုံး ၆ ပေအကွာ (၁ မီတာခွဲ) မှ ကူးလူးဆက်ဆံပါ။
၃) နှာခေါင်းစည်း Mask ကို အတတ်နိုင်ဆုံး အချိန်ပြည့် "စနစ်တကျ" တပ်ဆင်ခြင်းဖြင့် သင်နှင့် သင့်ပတ်၀န်းကျင်ကို ကာကွယ်ပါ။
၄) သင်ကိုယ်တိုင် နေမကောင်းလျှင် သော်လည်းကောင်း၊ သင်သည် ကိုဗစ်-၁၉ ရောဂါရှိသူနှင့် အနီးကပ် ထိတွေ့ဆက်ဆံမှု ရှိခဲ့လျှင် သော်လည်းကောင်း မိမိ အိမ်တွင်သာ နေပါ။
၅) အကယ်၍ သင်သည် အပြင်းဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရ ခက်ခဲခြင်း အစရှိသည့် ပြင်းထန် ရောဂါလက္ခဏာ တခုခု စတင်ခံစားနေရပြီ ဆိုသည်နှင့် တပြိုင်နက် ကြပ်မတ်စွာ ဆေးကုသမှု ခံယူပါ။
လူကြီးမင်းတို့အားလုံးရဲ့ စေတနာ၊ သဒ္ဓါတရား ထက်သန်စွာ ရက်ရောလှတဲ့ ထောက်ပံ့မှုတွေရဲ့ ကျေးဇူးကြောင့် ZigWay မှ နှာခေါင်းစည်း Mask၊ လက်သန့်ဆေးရည်၊ ဗီတာမင် ဆေး၀ါးများ အစရှိသည်တို့ကို့ လက်ရှိထက် ထောင်ချီမက လှူဒါန်းနိုင်ရင်း ကျွန်တော်တို့အားလုံးရဲ့ ပတ်၀န်းကျင်ကို ကျန်မာခြင်း လက်ဆောင် ဆက်လက်ပေးနိုင်ဖို့ ဆန္ဒပြုလိုက်ရပါတယ် ခင်ဗျာ...
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ သက်သာရာရစေဖို့ ဒီနေ့ ကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင်ချင်တယ်ဆိုရင်တော့ အောက်ပါလင့်ခ်ကို နှိပ်ပြီး လှူဒါန်းလိုက်ပါ။
http://www.zigway.co/
Click here to claim your Sponsored Listing.
Contact the practice
Telephone
Website
Address
635 A-1, 4th Floor, Yoma Yeiktha Lane, Pyay Road
Yangon