Innovative Education - InnoEd

Innovative Education - InnoEd

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Innovative Education - InnoEd, School, Nawaday Street, Yawmingyi ward, Dagon, Yangon.

19/05/2026

✨GED Foundation အတွက် ညနေအတန်းရှာနေတယ်ဆိုရင် ဒီအတန်းကိုတက်ပါ။

ဒီအတန်းတွေမှာ ဦးဆောင်သင်မယ့် Lead Teachers များကတော့ -
🔹Science ကို Dr. Kant Kaw - MBBS
🔹Math ကို Tr. Mayme (GED, SAT graduate)
🔹Social Studies ကို Tr. Hana (GED, SAT graduate)
🔹RLA ကို Tr. Jane (GED, SAT graduate, TESOL level 1) တို့ဖြစ်ပါတယ်။
သင်ကြားရေးပိုင်းမှာ InnoEd အတန်းတိုင်းကို သင်ကြားရေးစံချိန်စံနှုန်းပြည့်မီအောင် Sayar Winston နဲ့ Tr Mary တို့က အမြဲတမ်း အပြည့်အဝ support ပေးသွားမှာပဲဖြစ်ပါတယ်။
ဆရာဆရာမများရဲ့ သင်ကြားမှုများကို InnoEd YouTube channel တွင်လဲ သွားရောက်လေ့လာနိုင်ပါတယ်။ InnoEd YouTube channel link များကို comment မှာလဲ တင်ပေးထားပါတယ်ရှင်။

ဒီအတန်းရဲ့ ထူးခြားချက်က -
📌 GED Preparation (၅)လတန်းကို တက်ရောက်တဲ့အခါမှာ English အပိုင်းလိုက်နိုင်ဖို့အတွက် GED အတွက်လိုအပ်တဲ့ "Grammar, Reading, Writing" တို့ကို ထည့်သွင်းသင်ကြားပေးသွားမှာမလို့ English for GED သပ်သပ်တစ်တန်းတက်စရာမလိုတော့ပါဘူး။ သေချာလိုက်လေ့ကျင့်ဖို့ပဲ လိုပါတယ်။

ယခု Foundation အတန်းကိုတက်ရောက်နိုင်သူများကတော့ -
📌စနစ်သစ် (9) တန်းအောင်မြင်ထားသူများ, စနစ်ဟောင်း ( 8 ) တန်းအောင်မြင်ထားသူများ
📌 English Pre-intermediate level (A2) နှင့် အထက်ရှိသူများ တက်ရောက်နိုင်ပါတယ်။

👉👉သင်တန်းအသေးစိတ်များကိုတော့ - ပုံထဲမှာ ရေးထားပေးပါတယ်ရှင်။

InnoEd အတန်းတွေက အခြား ဘာတွေထူးခြားသလဲ?
🔹အတန်းချိန်တိုင်းကို recording ပြန်ပေးပါတယ်။
🔹ဆရာ/ဆရာမများနဲ့ အမြဲတမ်း ဆက်သွယ်လို့ရမယ့် Telegram group များထားရှိပေးပါတယ်။
🔹ဒါ့အပြင် InnoEd က ကျောင်းသူ/သားတွေကို စာတင်မကဘဲ၊ အဖက်ဖက်မှာထူးချွန်စေချင်တာကြောင့်
- Study group နဲ့ အခြား Extracurricular activities များစွာကိုလဲ join လို့အောင် စီစဥ်ပေးထားပါတယ်။
🔹လုပ်ငန်းခွင်အတွေ့အကြုံကိုရစေဖို့ အတန်းတွေပြီးသွားရင်လဲ Internship (Protege Program) နဲ့ volunteer လုပ်လို့ရမယ့် အခွင့်အရေးများလဲ ရှိပါတယ်။
🔹အတန်းတွေက စာမေးပွဲဖြေပြီးသည်ထိ လိုအပ်တာတွေ လိုက်လုပ်ပေးတဲ့အပြင်
🔹ကျောင်းသူ/သားများကို ပိုအဆင်ပြေချင်သော စေတနာဖြင့် အတန်းတက်နေစဥ်ရော၊ အတန်းပြီးသွားရင်ရော university education consultation များ၊ scholarship coaching များကိုလဲ ဆောင်ရွက်ပေးပါတယ်။

📌အတန်းတိုင်းကို လက်ခံမယ့်လူဦးရေကန့်သတ်ထားတာကြောင့် ဦးရာလူစနစ်နဲ့ အတန်းသစ်များ လက်ခံပေးနေပါပြီရှင်။✨

📩စုံစမ်းအပ်နှံရန် - ဖုန်း/ viber 09880032336 (သို့မဟုတ်) messenger ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Much Love,💙
Tr. Mary

17/05/2026

SIIT - 25% excellence scholarship winner 👏👏

Heartfelt congratulations to you! 🎉🎉

InnoEd ရဲ့ GED Preparation နဲ့ SAT Preparation online zoom class ကို တက်ရောက်အောင်မြင်ခဲ့တဲ့ သား Wai Phyo Aung ဟာ Thai နိုင်ငံ SIIT မှ ပေးအပ်သော Excellence Scholarship (EFS) - 25% ကို ထိုက်ထိုက်တန်တန်ရရှိကာ အောင်မြင်စွာ ဝင်ခွင့်ရရှိသွားပြီပဲ ဖြစ်ပါတယ်။

သားက SAT အမှတ်အနေဖြင့် -
✨English ကို 610
✨Math ကို 780
✨Total - 1390 ရရှိခဲ့တဲ့ high achiever တစ်ယောက်လဲဖြစ်ပါတယ်။

သားခုလို ပညာဆက်လက်သင်ကြားနေရတဲ့ခရီးစဥ်မှာလဲ အစစအရာရာ အဆင်ပြေပါစေလို့ တီချယ်တို့ကဆုတောင်းပေးပါတယ်။

Wishing you all the best in your future endeavors!!
Much Love,💙
Tr. Mary

17/05/2026

“အမှတ် ၁၅၀၀ ကျော် ဘယ်သူလိုချင်လဲ၊ raise hand လုပ်ပြီး လက်ထောင်ပါ” လို့ SAT batch 13 မှာ စစချင်း မေးဖြစ်တယ်။

၁၅ ယောက်လောက် လက်ထောင်ပြီး ကျန်တဲ့ ၂ ယောက်ကတော့ မထောင်ဘူး။

“လက်ထောင်ထားတဲ့သူတွေရဲ့ နာမည်ကို screenshot ရိုက်ယူထားလိုက်မယ်နော်၊ ၁၅၀၀ ရဖို့ နောက်ကျရင် accountable ယူလို့ရအောင်”

ဆိုတော့ တချို့တွေ အပြေးအလွှား လက်ပြန်ချကြသလားပဲ။ 🤭

SAT က skill development ကို ဦးစားပေးတဲ့ ပညာရေးအမျိုးအစားဖြစ်တာကြောင့် knowledge development နဲ့ မတူဘဲ ဆရာ စာသင်သမျှ ထိုင်နားထောင်နေလို့မရဘဲ ဆရာ၊ မ တို့နဲ့ အတူတကွ လေ့ကျင့်ဖို့ collaborate လုပ်ဖို့၊ cooperate လုပ်ဖို့လိုကြောင်း - အပြန်အလှန် 1️⃣ ဆွေးနွေး၊ 2️⃣ လေ့ကျင့်၊ 3️⃣ သင်ယူ၊ 4️⃣ ကျင့်သုံး တာတွေလုပ်ဖို့ - သေချာလေးမှာဖြစ်တယ်။

Learning journey တခုကတော့ ထပ်ပြီး စပါပြီ။ အတူတူ တိုးတက်ကြဖို့ပါပဲ။

“If not you, who?
If not now, when?”

16/05/2026

GED အောင်ပြီးသားသူတွေ ဘာကြောင့် Japan ကို ဘာကြောင့် ရွေးချယ်သင့်လဲဆိုတာကို InnoEd ရဲ့ partner EduHub မှ ရှင်းပြထားတာကို နားထောင်ကြည့်ပါရှင်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Nawaday Street, Yawmingyi Ward, Dagon
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00