Purity
တက္ကသိုလ်အသီးသီးမှကျောင်းသား ကျောင်းသူများဖွဲ့စည်းထားသောပရဟိတအဖွဲ့ဖြစ်ပါသည်။
10/01/2021
အားလုံးပဲမင်္ဂလာပါ။ ကိုဗစ်ကာကွယ်ဆေးဝယ်ယူရေးအတွက် နိုင်ငံတော်အစိုးရမှ အလှူငွေကနဦးမတည်ပေးပြီး ပြည်သူများ၊ အဖွဲ့အစည်းများအနေနဲ့ စတင်လှူဒါန်းနိုင်ပြီဆိုတာအားလုံးသိကြပြီးဖြစ်မှာပါ။
Purity အဖွဲ့အနေနဲ့လည်း ကာကွယ်ဆေးဝယ်ယူရေးအတွက် အများပြည်သူအလှူရှင်တို့ရဲ့အားနဲ့တစ်စုတစ်စည်းတည်းပါဝင်လှူဒါန်းဖို့အလှူငွေများစတင်လက်ခံနေပြီဖြစ်ပါတယ်။
ကာကွယ်ဆေးသာမြန်မြန်ရမယ်ဆိုရင် တစ်နိုင်ငံလုံးအရင်အတိုင်းပြန်လည်လည်ပတ်နိုင်တော့မှာဖြစ်တဲ့အတွက်ပြည်သူများကညီညီညွတ်ညွတ်နဲ့ပါဝင်လှူဒါန်းကြဖို့ပဲလိုပါတော့တယ်။
အလှူငွေများကို အောက်ပါအတိုင်းဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ အများပြည်သူတို့၏လှူဒါန်းငွေများကို မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) ရှိ Covid-19 ကာကွယ်ဆေး၀ယ်ယူရရှိရေးရန်ပုံငွေ
📍 နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012
📍 မြန်မာကျပ်ငွေစာရင်းအမှတ် OA 013733 သို့တိုက်ရိုက်လှူဒါန်းသွားမှာဖြစ်ပါတယ်။ အသေးစိတ်ကိုအောက်ပါလင်ခ့်မှာ ဖတ်ရှုနိုင်ပါတယ်။
Myanmar Economic Bank
https://www.facebook.com/100724254995400/posts/228476935553464/
ပါ၀င်လှူဒါန်းလိုပါက Page Messengerသို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
တကမ္ဘာလုံး Covid-19 ကပ်ရောဂါဘေးမှအမြန်ဆုံးလွတ်မြောက်ကြပါစေ။🙏
04/01/2021
ယနေ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့မှာကျရောက်သောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၏ (၇၃) နှစ်မြောက်လွတ်လပ်ရေးနေ့ကို Purity မှဝမ်းမြောက်စွာဂုဏ်ပြုလိုက်ရပါသည်။
Click here to claim your Sponsored Listing.
Contact the school
Telephone
Website
Address
Yangon