3P Organization
3P is striving to upgrade youth by education and empowering them to get the quality of creating their own value.
04/02/2026
Mawtaw Tuah (Automotive Mechanic Training) မော်တော်ကားစက်ပြင်သင်တန်း a lak in le a hrek khat pe in kai atheih.
Myanmar Motor Corporation မှ ဖွင့်လှစ်သော MMC Automotive Mechanic Training သင်တန်းအပတ်စဉ် (၆) အတွက် သင်တန်းသားများ စတင် ခေါ်ယူလျက်ရှိပြီး Scholarship လျှောက်ထားနိုင်ကြောင်း သိရသည်။
သင်တန်းအကြောင်း
မော်တော်ကားစက်ပြင်သင်တန်း (Automotive Mechanic Training) အပတ်စဉ် (၆)အား မတ်လ (၉) ရက်နေ့တွင် စတင် ဖွင့်လှစ်ပါမည်။ သင်တန်းကာလမှာ (၄) လဖြစ်ပြီး သင်တန်းကြေးမှာ မြန်မာငွေ သိန်း (၂၀) ကျပ် ဖြစ်ပါသည်။
ပညာသင်ဆု ထောက်ပံ့ပေးခြင်းအစီအစဉ် (Scholarship Program) ဖြင့် တက်ရောက်သင်ကြားလိုသူများလည်း လျှောက်ထားနိုင်ပြီး အပြည့် (သို့) တစ်ဝက် ပညာသင်ဆုများ ပေးအပ်သွားမည်ဖြစ်သည်။
ပညာသင်ဆု ထောက်ပံ့ပေးခြင်း
ပညာသင်ဆု ထောက်ပံ့ပေးခြင်းအစီအစဉ်ဖြင့် တက်ရောက်လိုသူများသည် ဖေဖော်ဝါရီ (၂၈) ရက်နေ့နောက်ဆုံးထား၍ စာရင်းပေးသွင်း လျှောက်ထားနိုင်ပါသည်။
ပညာသင်ဆု လျှောက်လွှာတင်ထားသော သင်တန်းသားများအား လူတွေ့စစ်ဆေးပြီးပါက PTTEP International Limited (ဇောတိကနှင့် ရတနာစီမံကိန်း) မှ သင်တန်းကြေး ထောက်ပံ့ပေးမည်ဖြစ်သည်။
Scholarship လျှောက်ထားသူများသည် -
၁။ ကိုယ်လက်အင်္ဂါ ပြည့်စုံပြီး ကျန်းမာရေးညီညွတ်သူဖြစ်ရပါမည်။ (ကူးစက်ရောဂါမရှိသူဖြစ်ရပါမည်)
၂။ ပညာအရည်အချင်း အနိမ့်ဆုံးအဆင့် အလယ်တန်းပညာ (၈) တန်း ပြီးမြောက်အောင်မြင်သူဖြစ်ရပါမည်၊
၃။ အမှန်တကယ် တက်ရောက်လိုစိတ် ရှိပြီး သင်တန်းပြီးဆုံးသည်အထိ တက်ရောက်နိုင်သူများ ဖြစ်ရမည်။
၄။ ငွေကြေး မတတ်နိုင်သူများနှင့် ဂျပန်နိုင်ငံသို့ သွာရောက် အလုပ်လုပ်ကိုင်လိုသူများအား ဦးစားပေး ရွေးချယ်မည်။ (သင်တန်းကာလအတွင်း ဂျပန်စာ N4 အဆင့်ထိပါ ပူးတွဲ သင်ကြားပေးမည်)
Scholarship လျှောက်သူများ လိုက်နာရမည့် စည်းကမ်းချက်များ
ဤအဖွဲ့အစည်းမှ အခမဲ့သင်တန်းတစ်ခုခုတွင် တက်ရောက်ဖူးသူမဖြစ်ရပါ။
ကျောင်းသင်တန်းတက်ရောက်ချိန် 75% ပြည့်မီရပါမည်။
သင်တန်းမှန်မှန်တက်ရောက်ပြီး အပတ်စဉ်၊ လစဉ် စစ်ဆေးသော စာတွေ၊ လက်တွေ့ စာမေးပွဲများကို အောင်မြင်ရမည်။
အရည်အချင်းမပြည့်မှီသော သင်တန်းသားများအား မည်သည့်ထောက်ခံချက်မှ ထုတ်ပေးမည် မဟုတ်ပါ။
လျှောက်ထားရမည့်ပုံစံနှင့် အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ လိပ်စာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနံပါတ်သို့ ဆက်သွယ်၍ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါသည်။
Myanmar Motor Corporation
09 255 583 223, 09 889575 962, 09 889575 963
[email protected]
မြန်မာမော်တော်ကော်ပိုရေးရှင်း (MMC)၊ ချယ်ရီဥယျာဥ်အိမ်ရာ၊ သံသုမာလမ်း၊ (၁၄/၃) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
03/02/2026
Ramleng phunsang tlawng kai theinak GED ~[(G-10/G-12)] ကို အခမဲ့ တက်ရောက်နိုင်မယ့် ပရိုဂရမ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ပညာရေးတစ်ပိုင်းတစ်စနဲ့မို့ အထက်တန်းအောင်လက်မှတ် မရှိတာမျိုး၊ ကိုယ်လျှောက်မယ့် ကျောင်းဘက်က GED အောင်လက်မှတ် လိုအပ်တာမျိုးဆို BEAM Education Foundation က စီစဉ်တဲ့ Community Youth Leader Development - CYLD Program ကို လျှောက်ထားနိုင်ပါတယ်။
CYLD ဆိုတာ ဘယ်လို Program မျိုးလဲ?
မြန်မာနိုင်ငံက အခက်အခဲကြုံနေရတဲ့ အသက် (၁၆) နှစ်ပြည့်ပြီး လူငယ်တွေကို GED စာမေးပွဲအတွက် ပြင်ဆင်သင်ကြားပေးရုံသာမက Leadership နဲ့ Personal Development Skills တွေကိုပါ လေ့ကျင့်ပေးမယ့် Program ဖြစ်ပါတယ်။ သင်တန်းကာလက (၁၀) လ ကြာမြင့်မှာဖြစ်ပြီး Zoom ကနေတဆင့် သင်ယူရမှာဖြစ်ပါတယ်။
ပရိုဂရမ်ပုံစံ
ပရိုဂရမ်ပုံစံက Phase 1 နဲ့ Phase 2 နှစ်ပိုင်းရှိပြီး Phase 1 မှာ နှစ်ပတ်ကြာ Foundational Course ကို သင်ယူရမှာ ဖြစ်ပါတယ်။ Phase 2 မှာတော့ (၉) လကြာ GED ဘာသာရပ် (၄) ခုအပြင် အောက်ပါ Skills တွေကိုပါ သင်ယူရမှာ ဖြစ်ပါတယ်။
Personal and Community Leadership Development
Higher Education Preparation
Civic Engagement
Environmental Literacy
Socio-Emotional Development
ဘယ်သူတွေ လျှောက်ထားလို့ရလဲ?
အသက် (၁၆) နှစ်နဲ့ အထက်ရှိသူများ
နယ်စပ်ဒေသ (သို့) တခြားဒေသမှ စစ်ဘေးရှောင်များ
ငွေကြေးအခက်အခဲရှိသူများ
အင်္ဂလိပ်ဘာသာစကား Intermediate Level (B1) ရှိသူများ
လျှောက်ထားရမယ့်ပုံစံ
အောက်ပါ အွန်လိုင်းလျှောက်လွှာကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ (၂၈) ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားရပါမယ်။
> https://docs.google.com/forms/
ရွေးချယ်ခံရတဲ့ ကျောင်းသား/သူတွေက မတ်လမှာ ဝင်ခွင့်စာမေးပွဲ ဖြေဆိုရပါမယ်။ ဝင်ခွင့်စာမေးပွဲက အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံနဲ့ လူမှုရေးတို့ကို အွန်လိုင်းကတဆင့် ဖြေဆိုရပါမယ်။
ဝင်ခွင့်စာမေးပွဲမှာ အမှတ်အများဆုံးရတဲ့ ကျောင်းသား/သူတွေကို ဧပြီနဲ့ မေလတို့မှာ အင်တာဗျူး ခေါ်ဆိုမှာပါ။ နောက်ဆုံးအဆင့် အင်တာဗျူးအောင်ပြီး ပညာသင်ဆုရသွားသူတွေကို ဇွန်နဲ့ ဇူလိုင်လမှာ အကြောင်းပြန်ပေးသွားမှာ ဖြစ်ပါတယ်။
For more details
> https://beamedu.org/cyld-program/
07/01/2026
Singapore Embassy hnatuan dil a theih
13/12/2025
Fimnak hi fimnak thawn zir asi, ati bangin, Korea ramah zir a theih.
https://www.facebook.com/share/1A1whh7fv5/
🎉Calling SEA Students to Seoul National University!
The Global Samsung Semiconductor Special (GSSS) Program at the Department of Electrical and Computer Engineering (ECE) at Seoul National University (SNU) is designed to provide Southeast Asian students with the opportunity to pursue a master’s or PhD degree in the field of semiconductors, encompassing semiconductor devices, design, architecture, and system software.
To facilitate this, the ECE Department at SNU plans to admit these international students into its graduate program, offering them full scholarships that cover all tuition and fees, along with living expenses. The scholarship is provided by Samsung, whereas admission to the program is a joint decision made by SNU-ECE and Samsung.
How to APPLY?
Submit Application: Once all documents are prepared, send an email to the address below.
Email Address: [email protected]
Subject Example: GSSSP Application_Name(School)
Due date: December 24, 2025
Confirmation of Submission: Once your submission is complete, your administrator will send you a confirmation email. It is recommended that you save or print this email for recording purposes.
For details, please check it in the comments.
Credit: GSS, SNU
16/10/2025
Zir tha zet mi thiamnak
"အခမဲ့ Electrical Wiring သင်တန်းအတွက် လျှောက်လွှာခေါ်ယူခြင်း"
𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐖𝐢𝐫𝐢𝐧𝐠 Batch 3
🛑 ၂လသင်တန်း
အချိန် - မနက် ၉နာရီမှ ညနေ ၄ နာရီ
( သင်ကြားချိန် ၆ နာရီ)
နေ့ - တနင်္လာမှ သောကြာ (တစ်ပတ် ၅ရက်)
သင်တန်းကာလ - ၂လ
အသက် - ၁၆ နှစ်မှ ၃၅ နှစ်
သင်တန်းစမည့်ရက် - ၃.၁၁.၂၀၂၅
(ကျွမ်းကျင်တတ်မြောက်မှုအတွက် စစ်ဆေးအကဲဖြတ်မည်)
* သင်တန်းတက်ရောက်ခွင့်အတွက် လျှောက်ထားရန် *
https://docs.google.com/forms/d/e/1FAIpQLSfFCe9ZAPF4uDZ47IbV3Q7oGKOwpR4ZBCVJNt0EwnzSmWTGag/viewform?usp=dialog
➡️အောက်ပါ Link မှ Google form ဖြည့်၍ လျှောက်ထားနိုင်ပါသည်
💥အရွေးချယ်ခံရသူများ သင်တန်းကြေး လုံးဝ အခမဲ့ဖြင့် တက်ရောက်နိုင်ပါမည် 💥
မှတ်ချက်
♦️ သင်တန်းကို ပြီးဆုံးအောင် တက်ရောက်ရမည်
♦️ သင်တန်းပြီးဆုံးပါက သင်ယူတတ်မြောက်ခဲ့သော ပညာရပ်ဖြင့် လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်နိုင်မည့်သူများကို ဦးစားပေးရွေးချယ်ပါမည်။
🎗️ ဤသင်တန်းအား မည်သူမဆို၊ လိင်၊ မိသားစုအသိုင်းအဝိုင်း၊ ဘာသာ၊ လူမျိုး၊ အသားအရောင်၊ မသန်စွမ်းနှင့် မည်သည့်နယ်ပယ်မှ မည်သူမဆို အားလုံးပူးပေါင်းပါဝင်ခွင့်ရှိပါသည် 🎗️
✅ သင်တန်းဆင်းများအတွက် အခမဲ့ဝန်ဆောင်မှုများ -
OJT ဆင်းနိုင်ရန်နှင့် အလုပ်အကိုင်ရရှိနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ 𝐍𝐒𝐒𝐀 𝐋𝐞𝐯𝐞𝐥 𝟏, 𝐍𝐒𝐒𝐀 𝐋𝐞𝐯𝐞𝐥 𝟐 ဖြေဆိုနိုင်ရန်ဆောင်ရွက်ပေးခြင်းနှင့် သတ်မှတ်ချက်ကိုက်ညီသည့် လုပ်ငန်းအတွေ့အကြုံရှိပြီးသူများကို EI လက်မှတ်ရရှိအောင် ပံ့ပိုးကူညီခြင်းများကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
သင်တန်းအကြောင်း အသေးစိတ် သိလိုပါက....
𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞
🌐 FEG website - www.fegedumm.com
☎️ Ph.no - 𝟎𝟗 𝟕𝟗𝟓 𝟗𝟐𝟔 𝟐𝟓𝟓
🏠 သင်တန်းကျောင်းလိပ်စာ - ၃၈လမ်း၊ စျေးပလာဇာ၊ ဒုတိယထပ်၊ ဆိပ်ကမ်းသာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
#အခမဲ့သင်တန်း
#စာတွေ့လက်တွေ့
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Website
Address
Bago River Road
Yangon
11431