OSM Auto
Brand New and Used Car Trading...
ကားကောင်းကားသန့်များကိုသာ အရောင်း၀ယ်လုပ်ပါသည်။ ကားကြောင့် မိတ်ဆွေတိုးရခြင်းသာဖစ်ရပါစေ။
17/03/2025
ကားပဲဖြစ်ဖြစ်
အိမ်ခြံမြေပဲဖြစ်ဖြစ်
ကြည့်ပြီးကြိုက်ရင် ၊ တခါတည်း စျေးစကားပြော၊
One feel တခါတည်းဖိုက်၊
အောက်စျေးခွါပေးချင်လည်းရတယ်၊
အရိုက်မခံရအောင်၊
စကားတော့ ခံထားပေါ့၊
အကိုရေ၊ အမရေ စိတ်မဆိုးရင် နိုင်တဲ့ စျေးလေးပေးကြည့်မယ်၊ ရလား ပေါ့၊
မရရင် တဖြည်းဖြည်းတိုးပေးပေါ့၊
အရောင်းဘက်က မရောင်းနိုင်သေးရင်
ကိုယ်လည်း စျေးမနိုင်သေးရင်
ကျနော်တိုင်ပင်ပြီး ph ပြန်ဆက်ပါမယ် ခင်ဗျာ ဆိုပြီး ပြန်လာခဲ့ပေါ့၊
( တိုင်ပင်တာက အိမ်က ခွေးကလေး၊ ကြောင်ကလေးလဲ ဖြစ်နိုင်တာပဲ 😁)
အဲ့ဒါ မရိုင်းဘူးနော်၊
ရိုင်းတာက
မနက်ပိုင်း၊ နေ့ခင်းပိုင်း ကား၊ အိမ် လာကြည့် offer မပေးဘဲ၊
ညနေလောက်ကျမှ ph ဆက်ပြီး
အနည်းဆုံး ဘယ်လောက်ထားပေးမလဲဆိုတာက ရိုင်းတာ၊
ကိုယ်ဆို အဲ့လို အဝယ်ကို
ညီလေး၊ ညီမလေး offer မထွက်ဘဲ
အနည်းဆုံး စျေး မမေးနဲ့ လို့ ပိတ်ပြောတာပဲ၊
ဒီကောင် တနေကုန်ပတ်ကြည့်နေပြီး
ငါ့ပစ္စည်း စျေးတန်လို့ လာနှိုက်နေတယ်လို့ ထင်မိတာပဲ၊
နောက်ဆုံး စိတ်ပေါက်ရင် ငွေဘယ်လောက်လိုလို မင်းကို မရောင်းဘူးလို့ ဆော်ထည့်လိုက်တာပဲ၊ မှတ်ကရော၊
အဲ့ဒီတော့
ကား၊ အိမ်ခြံမြေ ကြိုက်ရင် offer အရင်ပေး၊
စာရွက်စာတမ်းကြည့်တာတို့၊
ကားစမ်းမောင်းတာတို့ စျေးမတည့်ဘဲ အဆင့်မကျော်ကြနဲ့၊
စျေးတည့်ပြီးမှ စာရွက်စာတမ်း error ရှိရင် ပြန်ခွါပေါ့၊
အရောင်းမှာလည်း အရောင်း ethic ရှိသလို၊
အဝယ်တွေမှာလည်း အဝယ် ethic ရှိရတယ်နော်၊
Credit: Bro AL ( 17-3-25)
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
အမှတ် ၁၇၁၊သုမိတ္တာ ၆လမ်း၊၁ ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်
Yangon