Modern Developer Engineering & Construction Co.,Ltd
Our company started in 2020, Our service is Construction, Renovation , Decoration and Building Design Service....
17/05/2026
သိန်း ၁၂၀၀ နဲ့ နှစ်ထပ် အိမ်ကလေးပိုင်ဆိုင်နိုင်ပါပြီနော်
20*60 မြေလေး လဲရှိမယ် ကုန်ကျစရိတ်လဲအများကြီး မတက်နိုင်ဘူးဆိုရင် အခုလိုကျစ်ကျစ်လစ်လစ် နဲ့ အိမ်ကလေးဆောက်လို့ရပါမယ်...
15*30 အကျယ်အ၀န်းရှိ တဲ့ နှစ်ထပ် အိမ်ကလေးမှာ
✅ Master Bed Room - 1
✅ Double Bed Room - 1
✅ Kitchen - 1
✅ Living - 1
✅ Combined Bath & WC - 1
စသည့်တို့ပါရှိမှာဖြစ်ပြီး....
☑️ ရေမီးဆေး
☑️ ကြမ်းခင်းပါကေး
☑️PVC Door and window
☑️Main Door Teak
☑️Bed Room door ( Ready make Mild steel)
☑️ ဘိုထိုင် / ဘေစင် / Steel sink
☑️ 200Gal PVC water tank
☑️ Ground tank
☑️ Septic tank ( Ready make Concrete )
☑️ LED ceiling light ( 1 years warranty )
☑️ Ceiling shera boad ( Plain Design )
စသည့်ဖြင့် အပြီးအစီးပါ၀င်မှာဖြစ်တဲ့အတွက် Ready to move လို့ရပါပြီနော်...
Structural material များကိုလဲ Standard စံနှုန်းများဖြစ်သော...
🚨 HRB 400 Rebar ( သံ )
🚨 Brick 10 Hole ( စက်အုတ် )
🚨 Cement 52.5 for Main Structure
🚨 Cement 42.5 for Non structure
🚨 Four angle sheet ( 0.4mm)
🚨 IMRF Design ( 50 years )
စသည့် Quality အပြည့်စံနှုန်းများဖြင့်တည်ဆောက်ပေးမှာဖြစ်တဲ့အတွက်ကြောင့် ခိုင်ခံလှပ သပ်ရပ်တဲ့ အိမ်ကလေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ...
Modern Developer Engineering & Construction Co.,Ltd နဲ့ လက်တွဲဆောင်ရွတ်မယ်ဆိုရင်တော့
အောက်ပါ ဖုန်းများကိုဆက်သွယ်နိုင်ပါတယ်နော်..
☎️ ...09894448877
☎️ ...09894448866 ကိုဆက်သွယ် စုံစမ်းနိုင်ပါတယ် ခင်ဗျာ...
09/05/2026
Construction knowledge
Construction တော်တော်များများမှာတွေ့ရတက်တဲ့
အားနည်းချက်တွေကတော့ structure member တွေအတွက် concrete ကို machine mix သုံးဖို့နဲ့ လောင်းပြီး 7day အနည်းဆုံး Curing ပေးဖို့ပါ...
Handmix concrete လောင်းခြင်းကြောင့်
· အားနည်းခြင်း - ရော်စပ်မှု မညီညွတ်၍ concrete သတ်မှတ်ထားတဲ့ သန်မာမှု (strength) မရောက်နိုင်။
· ကျောက်စရစ် အနည်ထိုင်ခြင်း (Segregation) - ရောစပ်ညီမှု မရှိတာကြောင့် ကျောက်စရစ်နဲ့ ဘိလပ်မြေအနှစ် ခွဲထွက်တတ်တယ်။
· ပျော့အိနေသော အနှစ် (Honeycombing) - လက်နဲ့ရောတဲ့အခါ လေအိတ်များ ပါဝင်ပြီး column ထဲမှာ ပေါက်ကြောင်း၊ အခေါင်းပေါက်များကျန်ခဲ့တတ်တယ်။
· မညီညာသော ရေနှင့် ဘိလပ်မြေအချိုး - ရေများလွန်းရင် ကျုံ့အက်ကွဲမှု များပြီး ရေနည်းလွန်းရင် ခိုင်ခံ့မှု မရနိုင်။
Curing မလုပ်ပေးခြင်းကြောင့်
· အအက်ကွဲလွယ်ခြင်း - Curing မလုပ်ရင် အပေါ်ယံ ရေငွေ့ပျံမြန်ပြီး ကျုံ့အက်ကြောင်း (shrinkage cracks) ဖြစ်ပေါ်တတ်ပါတယ်။
· သန်မာမှု သိသိသာသာ ကျဆင်းခြင်း - Curing လုပ်သင့်တဲ့ အချိန်အတွင်း ရေမထိန်းပေးရင် concrete ဟာ ဒီဇိုင်း ခိုင်ခံ့မှု ရဲ့ ၅၀% အောက်သာ ရောက်နိုင်ပါတယ်။
· မျက်နှာပြင် ကြေမွသုန်းပျက်ခြင်း (Dusting / Crazing) - အပေါ်ယံအနှစ် အားနည်းပြီး ခြစ်မိရင် ပြုတ်ကျလွယ်၊ အမှုန့်ထွက်လွယ်ပါတယ်။
· ရေစိမ့်ဝင်မှု မြင့်မားခြင်း - အတွင်းထဲသို့ ရေနှင့် ဓာတုပစ္စည်းများ စိမ့်ဝင်လွယ်ပြီး သံချောင်းများ သံချေးတက်ကာ column ပျက်စီးနှုန်း မြန်စေပါတယ်။
· ကြာရှည်ခံမှု လျော့ကျခြင်း - အေးခဲအရည်ပျော်ဒဏ်၊ ဓာတုဒဏ်ခံနိုင်ရည် အားနည်းပါတယ်။
Main point အနေနဲ့ကတော့ 👇👇👇
Handmix concrete နှင့် Curing မလုပ်ခြင်း နှစ်ခုပေါင်းလျှင် column တိုင်သည် ခိုင်ခံ့မှု အားနည်းရုံသာမက ဝန်ခံနိုင်ရည် ကျဆင်းပြီး အချိန်တိုအတွင်း အက်ကွဲ၊ ပြိုကျနိုင်ခြေ ရှိပါသည်။ အထူးသဖြင့် အဆောက်အအုံ တိုင်အတွက် အန္တရာယ်ကြီးမားပါတယ်။
အကောင်းဆုံးအနေနဲ့ machine mix (စက်ရောကွန်ကရစ်) သုံးပြီး curing ကို အနည်းဆုံး ၇-၁၄ ရက်အထိ စိုစွတ်အောင်ပြုလုပ်သင့်ပါတယ်။
CLDG since 2018 ...
10/02/2026
🏗️ Site တွေမှာ အသုံးများတဲ့ HRB400 ဆိုတာဘာလဲ?
HRB400 ဆိုတာ 👇👇👇
👉 ဆောက်လုပ်ရေးသုံး သံချောင်း (Steel Rebar) အမျိုးအစားတစ်မျိုး
👉 Yield Strength = 400 MPa ရှိရမယ်လို့ သတ်မှတ်ထားတဲ့ High Strength Steel Bar ဖြစ်ပါတယ်။
HRB400 အဓိပ္ပါယ်
H = Hot Rolled
R = Ribbed (အမြှောင်းပါ)
B = Bar
400 = Yield Strength 400 MPa
🔬 ဒါကို ဘယ်လိုစမ်းသပ်ပြီး HRB400 လို့ခေါ်တာလဲ?
သံချောင်းကို
➡️ Universal Testing Machine (UTM) နဲ့
➡️ နှစ်ဖက်ကနေ တဖြည်းဖြည်း ဆွဲအားပေးပြီး
➡️ အောက်ပါအချက်တွေကို တိုင်းတာပါတယ် —
✔️ Yield Strength – သံချောင်း ကွေးစတင်သွားတဲ့အချက်
✔️ Ultimate Strength – အများဆုံး ခံနိုင်တဲ့အင်အား
✔️ Breaking Point – ကျိုးသွားတဲ့အချက်
✔️ Elongation % – ဘယ်လောက်ရှည်သွားလဲ
ဒီအချက်တွေကို Standard (GB / ASTM / BS) နဲ့ နှိုင်းပြီး
👉 Yield Strength ≥ 400 MPa
👉 Ultimate Strength ≥ သတ်မှတ်တန်ဖိုး
👉 Elongation ≥ သတ်မှတ် % ပြည့်မှသာ
HRB400 Qualified Steel လို့ သတ်မှတ်နိုင်ပါတယ်။
🏗️ ဘာကြောင့် Tensile Test အရေးကြီးလဲ?
✅ သံချောင်းအရည်အသွေး အတည်ပြုနိုင်
✅ Low quality steel မသုံးမိစေရန်
✅ Design load ကို လုံခြုံစွာ ခံနိုင်ရန်
✅ အဆောက်အဦး ကြံ့ခိုင်မှုနှင့် ငလျင်ဒဏ်ခံနိုင်မှု မြင့်စေရန်ဖြစ်ပါသည်။
Construction knowledge တွေကို စိတ်၀င်စားလေ့ရှိတဲ့ အိမ်ရှင်တို့အတွက် ဗဟုသုတ ရရှိနိုင်ဖို့ မျှဝေပေးလိုက်ပါတယ် ခင်ဗျာ။
Modern Developer Engineering & Construction Co.,Ltd
08/02/2026
2010 ဆောက်လုပ်ရေး လောကထဲက စပြီး၀င်တော့
လေဘာ တစ်ယောက်ရဲ့ Daily လုပ်အားခက 2500ks - 3000ks ကျွမ်းကျင်လုပ်သားတစ်ယောက်ရဲ့ Daily လုပ်အားခက 4500ks - 5000ks
ဖုန်းတွေမပေါသေးလို့ လမ်းဘေး PCO ဖုန်းမှာ လူတွေစည်နေတဲ့အချိန်ပေါ့
အဲအချိန်ရန်ကုန်မှာ ဆောက်လုပ်ရေး Company ဆိုတာ လက်ချိုးရေလို့ရဦးမယ်
ကန်ထရိုက်တိုက်တွေဆိုတာ Downtown area လောက်ဘဲအများဆုံးရှိဦးမယ် ရန်ကုန်မှာ Highrise Building ဆိုရင် Sule ၀န်းကျင်ဘဲရှိဦးမယ် ကန်တော်ကြီး Tower နှစ်ခုက ဆောက်လက်စပေါ့ နောက်ပိုင်းတစ်ဖြည်းဖြည်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေတိုးပွားလာတယ်
အဓိကတော့ inflation နဲ့ population growth ဖြစ်လာမူကြောင့်ဘဲ Financial confidence ရှိဖို့ အိမ်ခြံမြေရွှေ အစရှိတဲ့ အရာတွေကိုပိုပြီး investment လုပ်လာကြတယ် ဆောက်လုပ်ရေးလုပ်ငန်းတွေလဲအတူတူပေါ့ တိုးပွားလာတယ်ပြောရမှာပေါ့ တိုးတက်လာတာတော့မဟုတ်ဘူး
Rule and Specifications ကိုချောင်ထိုးထားပြီး Engineer ကြီးကြပ်မူမရှိဘဲဆောက်လုပ်နေကြတာအများကြီးရှိနေပါသေးတယ် အိမ်တစ်လုံးဆောက်ဖို့ကန်ထရိုက်ရှာမယ်ဆိုပါတော့....
PAE နှုန်းတွေလိုက်မေးတယ် ဟိုကတစ်ဈေး ဒီကတစ်ဈေး နဲ့ Specifications ကိုသေချာမမေးဘဲ အပ်လိုက်တယ်....ဆောက်ပါပြီး 16mm သံသုံးပေးမယ်ပြောထားပါတယ်ဆိုပါစို့ ဘာသံ သုံးမှာလဲ HRB 400 လား HRB 500 လား Original လား Export ဆိုရင် size ပြည့်လား size လျော့လား Concrete ဘာအချိုးနဲ့လောင်းမှာလဲ 1:2:4 လား , 1:1.5:3 လား Ready mix နဲ့လောင်းမယ်ဆိုပါတော့ G25 လား G30 လားနဲ့ Quality လဲမတူနိုင်သလို ကုန်ကျစရိတ်လဲ လုံး၀မတူနိုင်ပါဘူး
18ft x 50ft နှစ်ထပ်အမိုးစလပ်နဲ့ Structure Design ပေါ်မူတည်ပြီး သံ 25 တန် ကုန်တယ် ဆိုပါတော့
Original HRB 400 , 25Tons x 25lakh = 625lakh
Original HRB 500 , 25Tons x 30lakh = 750lakh
ဆိုတော့ ကုန်ကျစရိတ်က ကွာခြားမူက 125lakh
Pae နဲ့ဆိုရင်တော့ 1Sqft ကို 5500 ၀န်းကျင် ကွာနေပြီးဆိုတော့ PAE မတူလို့ သက်သာမယ်သွားမယ် Quality အတူတူဘဲမထင်ပါနဲ့ Natural diamond နဲ့ Artificial diamond ကွာသလိုကွာနေမှာပါ 😄😄😄
2021 to 2024 အတွင်း inflation နှုန်းအရမ်းမြန်ခဲ့တဲ့အတွက် အချို့ Company တွေ Contractor တွေအနေနဲ့ လုပ်ငန်းတွေ ဆက်လက် မလည်ပတ်နိုင်တော့ဘဲရပ်နားခဲ့ရတာမျိုးတွေတွေ့ရပါတယ် အဓိက နစ်နာခဲ့ရတာတော့ အိမ်ရှင်တွေအများစုပေါ့
နောက်အချို့တွေက BQ ဆိုတာကို လုံး၀နားမလည်ဘဲနဲ့ သူများ ဒီ PAE ဆိုတော့ ကိုယ်လဲလိုက်ယူပြီးဆောက်ပြီးတော့ တန်းလန်း တွေဖြစ် အဆောက်အဦးကမပြီးနဲ့ အိမ်ရှင်တွေလဲဒုက္ခရောက်ပေါ့
နောက်တစ်မျိုးကတော့ PAE မေးရင်ဈေးအနည်းဆုံးဘဲ ဘယ်လိုမှမဖြစ်နိုင်တဲ့ဈေးနှုန်း
ပြီးတော့ အလိမ်ခံရတာတော့ အိမ်ရှင်တွေပါ 😄😄😄
(1) မေးပါအိမ်ဆောက်မယ်ဆိုရင်အားမနာဘဲ စုံစုံလင်လင်မေးရမှာကကိုယ့်တာ၀န်ပါ ။
(2) Background Check လုပ်ပါ ကိုယ့် လိမ် မယ့် company လား ကန်ထရိုက်လား Company ဆိုရင် Register ဖြစ်လား သက်တန်းဘယ်လောက်ရှိပြီလဲ ဘယ်အဆောက်အဦးတွေဆောက်ခဲ့လဲ Company profile တောင်းပြီး အားမနာတမ်းဖတ်ကြည့်ပါ။
(3) အိမ်ဆောက်မယ်ဆိုရင် Soil test လုပ်ပေးမှာလား။
(4) Structure design ဆွဲပေးမှာလား Gravity Design လား ORMF Design လား SMRF လား။
(5) Structural warranty years က ဘယ်လောက်ပေးမှာလဲ ။
(6) Professional engineer တစ်ယောက် က QC လုပ်ပေးမှာလား။
(7) Site Engineer မှကြီးကြပ်ပြီးဆောက်လုပ်ပေးမှာလား။
အစရှိသဖြင့်ပေါ့ ကဲ့ ဒီနေ့တော့ ဒီလောက်ပါဘဲ
2026 ရဲ့ နှစ်သစ်မှာ Quality ကောင်းကောင်း အိမ်ကလေးတစ်လုံးပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် 🙏🙏🙏
Modern Developer Engineering & Construction Co.,Ltd
#ဆောက်လုပ်ရေး #ဗဟုသုတ .
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Ayarwon Main Street, Tharkayta
Yangon