Eclipse Digital
Eclipse aims for small and medium businesses to develop in digital platforms with a strategic marketing plan.
25/04/2022
ဆင့်ကဲပြောင်းလဲလာသော Logo များအကြောင်း တစေ့တစောင်း
Digital ခေတ်ကြီးမှာ လူကြီးရော ကလေးပါမကျန် အားလုံးသိတဲ့ Search Engine ဆိုရင် Google ကို အရင်ဆုံးမျက်လုံးထဲ ပြေးမြင်မိကြမှာပါ 👩💻 Google ရဲ့ နောက်ဆုံးအသုံးပြုနေတဲ့ Logo မှာ အရောင် ဘယ်နှစ်ရောင်ပါဝင်လဲရော သတိထားမိကြရဲ့လား❓ ဒီနေ့မှာတော့ Eclipse ကနေ Google Logo နဲ့ Logo မှာ ပါဝင်တဲ့ အရောင်တွေအကြောင်းကို ပြောပြပေးသွားမယ်နော်။
Google Logo ကို ဖန်တီးခဲ့သူက Ruth kedar ဆိုတဲ့ အမျိုးသမီး Graphic Designer တစ်ဦးပဲ ဖြစ်ပါတယ်။ Logo type က Wordmark Logo အမျိုးအစားဖြစ်ပါတယ်။ Typeface ကိုတော့ စာလုံးအစွန်းလေးတွေထွက်နေတဲ့ ပုံစံရှိတဲ့ Serif Typeface ကို အသုံးပြုထားပါတယ်။ ဒါပေမယ့် Serif Typeface က Logo ကို ချုံ့လိုက်ရင် ဝါးသွားတဲ့အတွက်ကြောင့် 2015 ခုနှစ်မှာတော့ ရိုးရှင်းပြီး လိုသလို ချုံ့နိုင် ချဲ့နိုင်တဲ့ Sans-serif Typeface ကို ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။ Color မှာ ဆိုရင်တော့ အပြာ၊ အနီ၊ အဝါနဲ့ အစိမ်းဆိုပြီး အရောင် (4) မျိုးပါဝင်ပါတယ်။ Primary Color တွေဖြစ်တဲ့ အပြာ၊ အနီနဲ့ အဝါကိုပဲ အသုံးပြုထားပြီး “L” နေရာမှာတော့ Secondary Color ဖြစ်တဲ့ အစိမ်းရောင်ကို အသုံးပြုထားပါတယ်။ Google Color မှာ အသုံးပြုထားတဲ့ အနီရောင်က စိတ်အားထက်သန်မှုဖြစ်ပြီး၊ အပြာရောင်ကတော့ ယုံကြည်စိတ်ချရမှုနဲ့ အဝါရောင်က အကောင်းမြင်ပြီး ပျော်ရွှင်တက်ကြွတဲ့ အဓိပ္ပါယ်ကို ကိုယ်စားပြုတယ်လို့ ပြောစမှတ်ပြုကြပါတယ်။
ဒါပေမယ့် Primary Color တွေဖြစ်တဲ့ အနီ၊ အဝါနဲ့ အပြာရောင်တွေကြားထဲမှာ ဘာလို့ Secondary Color ဖြစ်တဲ့ အစိမ်းရောင် “L” က တစ်လုံးထဲပါနေတာလဲ 🤔
Logo ကို ဖန်တီးခဲ့တဲ့ Ruth kedar ကတော့ ဒါဟာ Google က တသတ်မတ်ထဲ စည်းကမ်းတွေကို လိုက်နာပြီး ပုံသေကားချပ်ကြီးအတိုင်းမသွားဘဲ Rules တွေကို ချိုးဖြတ်ပြီး အမြဲ တီထွင်ဆန်းသစ်နေတာကို ဖော်ပြတာလို့ ဆိုပါတယ်။ တချို့လူတွေကတော့ အစိမ်းရောင် “L” က ဘယ်လောက်ပဲ မတူညီကွဲပြားတဲ့ အရည်အချင်း၊ ယူဆချက်တွေရှိတဲ့ လူတွေဖြစ်နေပါစေ ရည်ရွယ်ချက် ပန်းတိုင် တူညီမယ်ဆို အတူတကွ အလုပ်လုပ်နိုင်ကြောင်းကို ဖော်ပြတာလို့လည်း ယူဆချက်တွေရှိကြပါသေးတယ် 🤜🤛
Google Logo မှာ ပါဝင်တဲ့အရောင်တွေက Google ရဲ့ ပထမဆုံး Server ရဲ့ Case ကို တည်ဆောက်ရာမှာ အသုံးပြုခဲ့တဲ့ Legos တွေနဲ့ အရောင်တူပဲဖြစ်ပါတယ် ✅ ဒါကြောင့် Logo ကို တွေ့လိုက်တာနဲ့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်ပေါ်လာဖို့ အစပျိုးကြိုးစားခဲ့ရတဲ့ နေ့ရက်တွေကို ပြန်လည် သတိရအောက်မေ့စေမယ့် Logo တစ်ခုပဲ ဖြစ်ပါတယ်ရှင်။
22/03/2022
ခေတ်ရေစီးကြောင်းနဲ့အညီလိုက်ပြီး Facebook ပေါ်မှာ ဈေးဆိုင်တည်ချင်တယ် 🏪 ဒါပေမယ့် Page ထောင်ပြီး ဘယ်ကစလုပ်ရမလဲ မသိတော့ဘူးဆိုတဲ့ Online Business ပိုင်ရှင်တွေအတွက် Eclipse Digital ရဲ့ Facebook Marketing Service ရှိတယ်နော် ✨
Eclipse Digital ကနေ ဝန်ဆောင်မှုပေးနေတဲ့ Facebook Marketing Service တွေကတော့...
🎯 Logo Creation
🎯 Graphic Design
🎯 Motion Graphic
🎯 Content Writing
🎯 Boosting Service တို့ပဲ ဖြစ်ပါတယ်။
Eclipse Digital နဲ့ ဆို Facebook Marketing အတွက် ခေါင်းရှုပ်ခံစရာမလိုတော့ပါဘူး။
Contact Us: +959 740 970 706
Click here to claim your Sponsored Listing.
Category
Website
Address
1246, Yuwaddy Street 4th, 12 Ward, Shwepyitha Township
Yangon
11411