Victoria Academy Language Center

Victoria Academy Language Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Victoria Academy Language Center, Education, Times City, Yangon.

04/02/2026

"Native တွေပဲသုံးတဲ့ 'No Cap' ဆိုတာ ဘာလဲ?"

"No Cap" ဆိုတာကတော့ slang (စကားပြောအသုံးအနှုန်း) တစ်ခုဖြစ်ပြီး အဓိပ္ပာယ်ကတော့ "တကယ်ပြောတာပါ၊ အတည်ပြောတာပါ
(I'm not lying / For real)" လို့ အဓိပ္ပာယ်ရပါတယ်။

တစ်ဖက်လူကို ကိုယ်ပြောတဲ့စကားက လုံးဝအမှန်တရားဖြစ်ကြောင်း၊ ကြွားနေတာ ဒါမှမဟုတ် လိမ်နေတာမဟုတ်ကြောင်း သက်သေထူချင်တဲ့အခါမျိုးမှာ သုံးပါတယ်။

💡 ဘယ်လိုသုံးကြသလဲ?

Cap / Capping: လိမ်ညာခြင်း၊ ချဲ့ကားပြောဆိုခြင်း။

ဥပမာအားဖြင့် "Stop capping!" (မလိမ်နဲ့တော့ / လျှောက်မကြွားနဲ့တော့။)

No Cap: အတည်ပြောတာ၊ လုံးဝအစစ်။

ဥပမာအားဖြင့်"That burger was the best I've ever had, no cap." (အဲဒီဘာဂါက ငါစားဖူးသမျှထဲမှာ အကောင်းဆုံးပဲ၊ တကယ်ပြောတာ။)

Fun Fact အနေနဲ့ Social Media (TikTok, Instagram) တွေမှာတော့ လိမ်နေတယ်လို့ ယူဆရင် 🧢 (Blue Cap) Emoji လေးကို Comment ပေးပြီး နောက်ပြောင်လေ့ရှိကြပါတယ်။

ဒါက အရမ်းကို Informal ဖြစ်တဲ့ (လူငယ်သုံး) စကားလုံးဖြစ်လို့ အလုပ်ခွင် (Professional settings) တွေမှာ ဒါမှမဟုတ် လူကြီးတွေနဲ့စကားပြောတဲ့အခါမှာတော့ မသုံးသင့်ပါဘူး။
သူငယ်ချင်းအချင်းချင်းကြားမှာပဲ သုံးတာ အဆင်ပြေဆုံးပါခဗျာ။

04/02/2026

2030 အတွက် သင့်ကလေး အဆင်သင့်ဖြစ်ပြီလား ? ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ မိဘတစ်ယောက်အနေနဲ့ ယနေ့ခေတ်မှာ သိထားရမယ့် အကြောင်းအရာတွေကို ဟောပြောပို့ချပေးသွားမယ့် အခမဲ့ seminarလေး ဖြစ်ပါတယ်။ Zoom နဲ့ပြုလုပ်ပေးသွားမှာမို့ ဘယ်မြို့နယ်ကမဆို ဝင်ရောက် joinနိုင်ပါတယ်ရှင်။🎉

ဖေဖေ၊ မေမေများနှင့် အုပ်ထိန်းသူများအားလုံး အခမဲ့ တက်ရောက်နိုင်မယ့် Seminar တစ်ခုကို Victoria Academy ကနေ စီစဉ်ပြုလုပ်ပေးသွားဖို့ ရှိကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။ 📣📣

2030 အတွက် သင့်ကလေး အဆင်သင့်ဖြစ်ပြီလား ? ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ မိဘတစ်ယောက်အနေနဲ့ ယနေ့ခေတ်မှာ သိထားရမယ့် အကြောင်းအရာတွေကို ဟောပြောပို့ချပေးသွားမှာ ဖြစ်ပါတယ်။

စာမေးပွဲမှာ ကလေးက အမှတ်တွေ ဘယ်လောက်ကောင်းကောင်း... တကယ့်လက်တွေ့လောကထဲ ရောက်တဲ့အခါ ကိုယ့်ကလေး မျက်စိလည် လမ်းမှားဖြစ်နေမှာကို မိဘအများစု စိုးရိမ်နေမိတတ်ပါတယ်။
ဒါကြောင့် ကိုယ့်ကလေးကို "Future-Proof" (အနာဂတ်ဒဏ်ခံနိုင်ရည်ရှိသူ) ဖြစ်အောင် အခုတည်းက ပြင်ဆင်ပေးထားသင့်ပါတယ်။

🗣️ ဒီစိုးရိမ်မှုတွေကို အဖြေထုတ်ပေးဖို့အတွက် Professional Trainer Tr. Kevin မှ Zoom Online Seminar တစ်ခုကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ Tr. Kevin ဟာ ကလေးသူငယ် ဖွံ့ဖြိုးရေးနဲ့ အနာဂတ်ပညာရေး နယ်ပယ်မှာ အတွေ့အကြုံရင့်ကျက်သူဖြစ်ပြီး ကျောင်းသူ၊ကျောင်းသားလေးတွေရဲ့ ပညာရေးတိုးတက်ကောင်းမွန်အောင် အစဉ်အမြဲ လမ်းပြပေးနေသူလည်း ဖြစ်ပါတယ်။

ဒီ Seminar မှာဆိုရင်

🦾2030 မှာတောင် AI က အစားထိုးလို့မရနိုင်တဲ့ ကလေးတစ်ယောက်မှာတကယ်ရှိထားရမယ့် အရည်အချင်းတွေ။
🦾ဖုန်းစွဲနေတဲ့ကလေးကို Tech-Savvy (နည်းပညာကျွမ်းကျင်သူ) ဖြစ်အောင် ဘယ်လို ပြောင်းလဲပေးမလဲ။
🦾အခက်အခဲတွေ့ရင်တောင် လက်မလျော့ဘဲ ရင်ဆိုင်တတ်တဲ့ Growth Mindset ပျိုးထောင်နည်းတွေနဲ့
🦾ခေတ်သစ်မိဘတွေ သိထားရမယ့် အနာဂတ်ပညာရေး လမ်းပြမြေပုံတစ်ခုကို Trainer Tr. Kevin မှ ဟောပြောပို့ချပေးသွားမှာ ဖြစ်ပါတယ်။

👩🏻‍🚀ကိုယ့်ကလေးကို 2030 မှာ ဘယ်သူနဲ့မဆို ယှဉ်နိုင်တဲ့ အရည်အချင်းတွေ ပိုင်ဆိုင်စေဖို့ Victoria Academyရဲ့ "2030: Is Your Child Future-Proof?" အခမဲ့ Seminar သို့ တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

📅 Seminar အသေးစိတ်

နေ့ရက်: 8.2.2026 (Sunady)

အချိန်: နေ့လည် 12:00 Pm to 1:00 Pm

သင်တန်းပုံစံ: Zoom Online Class (မိမိအိမ်ကနေပဲ တက်ရောက်နိုင်ပါတယ်)

✅ Seminar ကိုတက်ရောက်ဖို့အတွက် ဒီအချက်တွေကိုလုပ်ဆောင်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။

🔷လျှောက်ထားတက်ရောက်ရန် လုပ်ဆောင်ရမည့်အရာများ

1️⃣ ယခု ပို့စ်ကို Public ဖြင့် share ထားရမည်။
2️⃣ Share ထားတဲ့ screenshot ကို ပိုစ့် ကောမန့်အောက်မှာ "ဘာကြောင့် ဒီ Seminar ကိုတက်ရောက်လိုကြောင်း” အကြောင်းပြချက် တစ်ခုခုနဲ့အတူ မန့်ပေးရပါမည်။

လုပ်ဆောင်ပြီးစီးပါကPage Messenger တွင်

▪️မိမိအမည်-
▪️ဆက်သွယ်ရမည့် ဖုန်းနံပါတ် -
▪️ Telegram Group ထဲ ထည့်ပေးရမည့် ဖုန်းနံပါတ် -
▪️နေရပ် (မြိုနယ်) -

စတဲ့ အချက်တွေကို ပေးပိုစာရင်းသွင်းကာတက်ရောက်နိုင်ပါပြီ။

📩 အသေးစိတ် သိရှိလိုပါက Page Messenger မှာ အချိန်မရွေး မေးမြန်းနိုင်ပါတယ်။
________________________________

❝🎓VAIS - စစ်မှန်သော ပညာရေးမှသည် တောက်ပသော အနာဂါတ်ဆီသို့❞

🔔 ကျောင်းလိပ်စာများ

🏡 ရန်ကုန် လှိုင် ကျောင်းခွဲ - အိမ်အမှတ် (၄၇) ၊ ပိတောက်လမ်းသွယ်(၂)၊အေးရိပ်မွန် အိမ်ရာ၊လှိုင်မြို့နယ်၊ ရန်ကုန်။
☎️ 𝟬𝟵 𝟳𝟲𝟮 𝟰𝟱𝟯 𝟲𝟬𝟬

🏡 ရန်ကုန်သာကေတ ကျောင်းခွဲ လိပ်စာ- အမှတ် (၅၂ - 𝐀𝟏𝟎) ၊ဧရာဝဏ်လမ်းသွယ်၊သာကေတမြို့နယ်၊ရန်ကုန်။
☎️ 𝟬𝟵 𝟳𝟴𝟯 𝟯𝟳𝟭 𝟮𝟮𝟮

🏡 မော်လမြိုင်ကျောင်းခွဲလိပ်စာ -𝐍𝐨。𝟗𝟎❟ ကျိုက္ခမီလမ်း၊ စျေးကြို၊ မော်လမြိုင်။
☎️ 𝟬𝟵 𝟵𝟰𝟰 𝟴𝟬𝟱 𝟬𝟬𝟬❟ 𝟬𝟵 𝟳𝟳𝟯 𝟭𝟵𝟰 𝟱𝟵𝟱

28/01/2026

"သူငယ်ချင်းကို ချီးကျူးချင်ရင် 'Very Good' အစား ဘာတွေ ပြောလို့ရသေးလဲ?"

သူငယ်ချင်းတစ်ယောက်ကို "Very Good" လို့ပဲ အမြဲပြောနေမယ့်အစား အခြေအနေပေါ်မူတည်ပြီး ပိုပြီးရင်းနှီးတဲ့၊ ပိုပြီးထိရောက်တဲ့ စကားလုံးလေးတွေ သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်ခဗျာ။

1️⃣ အလုပ်တစ်ခုခုကို ကောင်းကောင်းလုပ်နိုင်တဲ့အခါ (Performance)

သူငယ်ချင်းက စာမေးပွဲဖြေနိုင်တာပဲဖြစ်ဖြစ်၊ အလုပ်တစ်ခုကို အောင်မြင်အောင် လုပ်နိုင်တာပဲဖြစ်ဖြစ် အောက်ပါအတိုင်း ပြောနိုင်ပါတယ်-

"Impressive!" (အထင်ကြီးစရာပဲ!)

"You nailed it!" (ကွက်တိပဲ၊ အပိုင်ပဲဟေ့!)

"Excellent work!" (ထူးထူးခြားခြား ကောင်းမွန်တဲ့ အလုပ်ပဲ!)

"Spot on!" (လုံးဝကို မှန်ကန်တိကျတယ်!)

2️⃣ အရည်အချင်းကို အသိအမှတ်ပြုတဲ့အခါ (Skill & Talent)
သူ့ရဲ့ တော်မှုကို ချီးကျူးချင်ရင်-

"Brilliant!" (အရမ်းကို တော်လွန်းတယ်!)

"You’re a natural!" (ဒါက မင်းအတွက်တော့ ပါရမီပါပြီးသားပဲ!)

"Outstanding!" (တခြားသူတွေထက် သိသိသာသာကို သာလွန်တယ်!)

"Genius!" (ဉာဏ်ကြီးရှင်ပဲ!)

3️⃣ ရင်းနှီးတဲ့သူငယ်ချင်းချင်း ပေါ့ပေါ့ပါးပါးပြောတဲ့အခါ (Slang & Casual)
အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေကြားထဲမှာဆိုရင်-

"Awesome!" (လန်းတယ်ဟေ့!)

"That’s dope!" (မိုက်တယ်!)

"Killin' it!" (သတ်ပစ်တာပဲ - အဓိပ္ပာယ်က အရမ်းမိုက်အောင် လုပ်နိုင်တယ်!)

"Legendary!" (ဒဏ္ဍာရီပဲ - အရမ်းကောင်းတာကို ဆိုလိုတာပါ!)

4️⃣ အားပေးစကားပြောတဲ့အခါ (Encouragement)
သူ့ကို ဆက်ပြီး ကြိုးစားစေချင်တဲ့အခါ-

"Keep it up!" (ဒီအတိုင်းလေးပဲ ဆက်လုပ်သွား!)

"Way to go!" (အဲဒါမျိုးမှပေါ့!)

"I knew you could do it!" (မင်းလုပ်နိုင်မယ်ဆိုတာ ငါသိသားပဲ!)

ဒီစကားလုံးလေးတွေကို သူငယ်ချင်းနဲ့ စကားပြောတဲ့အခါဖြစ်ဖြစ်၊ Chatting မှာဖြစ်ဖြစ် ထည့်သုံးကြည့်ရင် "Very Good" ထက် ပိုပြီး ရင်းနှီးနွေးထွေးတဲ့ ခံစားချက်ကို ပေးနိုင်ပါလိမ့်မယ်ခဗျာ။"သူငယ်ချင်းကို ချီးကျူးချင်ရင် 'Very Good' အစား ဘာတွေ ပြောလို့ရသေးလဲ?"

သူငယ်ချင်းတစ်ယောက်ကို "Very Good" လို့ပဲ အမြဲပြောနေမယ့်အစား အခြေအနေပေါ်မူတည်ပြီး ပိုပြီးရင်းနှီးတဲ့၊ ပိုပြီးထိရောက်တဲ့ စကားလုံးလေးတွေ သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်ခဗျာ။

1️⃣ အလုပ်တစ်ခုခုကို ကောင်းကောင်းလုပ်နိုင်တဲ့အခါ (Performance)

သူငယ်ချင်းက စာမေးပွဲဖြေနိုင်တာပဲဖြစ်ဖြစ်၊ အလုပ်တစ်ခုကို အောင်မြင်အောင် လုပ်နိုင်တာပဲဖြစ်ဖြစ် အောက်ပါအတိုင်း ပြောနိုင်ပါတယ်-

"Impressive!" (အထင်ကြီးစရာပဲ!)

"You nailed it!" (ကွက်တိပဲ၊ အပိုင်ပဲဟေ့!)

"Excellent work!" (ထူးထူးခြားခြား ကောင်းမွန်တဲ့ အလုပ်ပဲ!)

"Spot on!" (လုံးဝကို မှန်ကန်တိကျတယ်!)

2️⃣ အရည်အချင်းကို အသိအမှတ်ပြုတဲ့အခါ (Skill & Talent)
သူ့ရဲ့ တော်မှုကို ချီးကျူးချင်ရင်-

"Brilliant!" (အရမ်းကို တော်လွန်းတယ်!)

"You’re a natural!" (ဒါက မင်းအတွက်တော့ ပါရမီပါပြီးသားပဲ!)

"Outstanding!" (တခြားသူတွေထက် သိသိသာသာကို သာလွန်တယ်!)

"Genius!" (ဉာဏ်ကြီးရှင်ပဲ!)

3️⃣ ရင်းနှီးတဲ့သူငယ်ချင်းချင်း ပေါ့ပေါ့ပါးပါးပြောတဲ့အခါ (Slang & Casual)
အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေကြားထဲမှာဆိုရင်-

"Awesome!" (လန်းတယ်ဟေ့!)

"That’s dope!" (မိုက်တယ်!)

"Killin' it!" (သတ်ပစ်တာပဲ - အဓိပ္ပာယ်က အရမ်းမိုက်အောင် လုပ်နိုင်တယ်!)

"Legendary!" (ဒဏ္ဍာရီပဲ - အရမ်းကောင်းတာကို ဆိုလိုတာပါ!)

4️⃣ အားပေးစကားပြောတဲ့အခါ (Encouragement)
သူ့ကို ဆက်ပြီး ကြိုးစားစေချင်တဲ့အခါ-

"Keep it up!" (ဒီအတိုင်းလေးပဲ ဆက်လုပ်သွား!)

"Way to go!" (အဲဒါမျိုးမှပေါ့!)

"I knew you could do it!" (မင်းလုပ်နိုင်မယ်ဆိုတာ ငါသိသားပဲ!)

ဒီစကားလုံးလေးတွေကို သူငယ်ချင်းနဲ့ စကားပြောတဲ့အခါဖြစ်ဖြစ်၊ Chatting မှာဖြစ်ဖြစ် ထည့်သုံးကြည့်ရင် "Very Good" ထက် ပိုပြီး ရင်းနှီးနွေးထွေးတဲ့ ခံစားချက်ကို ပေးနိုင်ပါလိမ့်မယ်ခဗျာ။

14/01/2026

"မေမေ့ကို တစ်ခုခု တောင်းဆိုချင်ရင်"𝗜 𝘄𝗮𝗻𝘁"အစား ဘယ်လို ယဉ်ယဉ်ကျေးကျေး ပြောမလဲ?"

1️⃣"𝗜 𝘄𝗼𝘂𝗹𝗱 𝗹𝗶𝗸𝗲..." (ကျွန်တော်/ကျွန်မ ... လေး ဖြစ်ချင်လို့ပါ)
"𝗜 𝘄𝗮𝗻𝘁" ထက် ပိုပြီး စနစ်ကျသလို ယဉ်ကျေးတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။

ဥပမာ -"𝗠𝗼𝗺, 𝗜 𝘄𝗼𝘂𝗹𝗱 𝗹𝗶𝗸𝗲 𝘁𝗼 𝗵𝗮𝘃𝗲 𝘀𝗼𝗺𝗲 𝗶𝗰𝗲 𝗰𝗿𝗲𝗮𝗺."
(မေမေ၊ သား/သမီး ရေခဲမုန့်လေး စားချင်လို့ပါ။)

2️⃣"𝗖𝗼𝘂𝗹𝗱 𝗜 𝗽𝗹𝗲𝗮𝘀𝗲 𝗵𝗮𝘃𝗲...?"
(သား/သမီးကို ... လေး ပေးလို့ ရမလားဟင်?)
ခွင့်တောင်းတဲ့ ပုံစံမျိုးဖြစ်ပြီး "𝗣𝗹𝗲𝗮𝘀𝗲" ထည့်ပြောတာက အလွန်ယဉ်ကျေးပါတယ်။

ဥပမာ -"𝗖𝗼𝘂𝗹𝗱 𝗜 𝗽𝗹𝗲𝗮𝘀𝗲 𝗵𝗮𝘃𝗲 𝗮 𝗻𝗲𝘄 𝗯𝗼𝗼𝗸?"
(သား/သမီးကို စာအုပ်အသစ်လေးတစ်အုပ် ဝယ်ပေးလို့ ရမလားဟင်?)

3️⃣"𝗠𝗮𝘆 𝗜...?"(... လုပ်လို့ ရမလားဟင်?)
တစ်ခုခုလုပ်ဖို့အတွက် ခွင့်တောင်းတဲ့အခါ သုံးပါတယ်။

ဥပမာ - "𝗠𝗮𝘆 𝗜 𝗴𝗼 𝗼𝘂𝘁 𝘄𝗶𝘁𝗵 𝗺𝘆 𝗳𝗿𝗶𝗲𝗻𝗱𝘀, 𝗠𝗼𝗺?"
(မေမေ၊ သား/သမီး သူငယ်ချင်းတွေနဲ့ အပြင်သွားလို့ ရမလားဟင်?)

4️⃣"𝗪𝗼𝘂𝗹𝗱 𝘆𝗼𝘂 𝗺𝗶𝗻𝗱 𝗶𝗳 𝗜...?"
(သား/သမီး ... လုပ်ရင် မေမေ စိတ်မရှိဘူးမလားဟင်?)
ဒါကတော့ အားနာတဲ့ လေသံလေး ပါဝင်ပါတယ်။

ဥပမာ - "𝗪𝗼𝘂𝗹𝗱 𝘆𝗼𝘂 𝗺𝗶𝗻𝗱 𝗶𝗳 𝗜 𝘄𝗮𝘁𝗰𝗵 𝗧𝗩 𝗳𝗼𝗿 𝗮 𝗯𝗶𝘁?"
(သား/သမီး တီဗီ ခဏလောက်ကြည့်ရင် မေမေ စိတ်မရှိဘူးမလားဟင်?)

"𝗜 𝘄𝗮𝗻𝘁"(ဒါလိုချင်တယ်) လို့ သုံးတာထက် အပေါ်ကဖော်ပြထားတဲ့ အသုံးအနှုန်းတွေကပိုပြီးနူးညံ့ယဉ်ကျေးတဲ့ အဂ်လိပ်စကားလုံးလေးတွေဖြစ်တာကြောင့်
ဒီစကားလုံးတွေအသုံးပြုမယ်ဆိုရင် မေမေတို့သဘောကျနှစ်ခြိုက်မိမှာအမှန်ပဲဖြစ်ပါတယ် ရှင်။

09/01/2026

AI Literacy ကို မူလတန်းကစပြီး ထည့်သွင်းသင်ကြားပေးတော့မယ့် Victoria Academy International School

မြန်မာပြည်ရဲ့ "ပထမဆုံး" AI Literacy ကို မူလတန်းကစပြီး သင်ကြားပေးတော့မယ့် Victoria Academy International School 🏫 📣

ဖေဖေမေမေတို့ရေ... ကမ္ဘာကြီးက Global Village ဖြစ်ရုံတင်မကဘဲ အခုဆိုရင် AI Generation ထဲကိုပါ အရှိန်အဟုန်နဲ့ ဝင်ရောက်နေပါပြီ။

ကျွန်ုပ်တို့ Victoria Academy International School ဟာ စတင်တည်ထောင်ကတည်းက ကျောင်းသားတွေကို Digital Literacy(ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှု) ပိုင်းမှာ အခြေခံခိုင်မာအောင် အထူးအားစိုက် ပျိုးထောင်ပေးခဲ့တဲ့ ကျောင်းဖြစ်ပါတယ်။

အခုအခါမှာတော့ တစ်ဆင့်ထပ်တက်ပြီး ၂၀၂၆ ပညာသင်နှစ်ကစလို့ မြန်မာနိုင်ငံရဲ့ ပထမဆုံး (The First in Myanmar) အနေနဲ့ "AI Literacy" ကို မူလတန်း (Primary) ကစတင်ပြီး သင်ရိုးညွှန်းတမ်းထဲမှာ တရားဝင် ထည့်သွင်းသင်ကြားပေးတော့မှာ ဖြစ်ကြောင်းကို အသိပေးကြေငြာအပ်ပါတယ် ခင်ဗျာ။

✨ ၂၀၂၆ မှာ Digital Literacy ဘာသာရပ်မှာ ပုံမှန်သင်နေကျ ICT ဘာသာရပ်ထဲမှာ Technology Literacy တစ်မျိုးတည်းကိုပဲ အထူးပြုအသားပေးတာမျိုးမဟုတ်ပဲ Literacy 4.0" ကို ထပ်ဖြည့် upgrade လုပ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ သင်ရိုးသစ်ဟာ ကလေးတွေကို နည်းပညာကို အသုံးချတတ်ရုံတင်မကဘဲ "ခေတ်ကို ဦးဆောင်နိုင်သူ" တွေဖြစ်လာအောင် ဖန်တီးပေးမှာပါ။

AI Literacy (The First in Myanmar): AI ရဲ့ အလုပ်လုပ်ပုံကို နားလည်ခြင်း၊ AI ကို တီထွင်ဖန်တီးမှုမှာ အသုံးချတတ်ခြင်းနဲ့ ကျင့်ဝတ်နဲ့အညီ အသုံးပြုတတ်ခြင်း။

Information Literacy: သတင်းအချက်အလက်တွေ မှန်တာရော မှားတာရော၊ မှန်တစ်ဝက်မှားတစ်ဝက်ရော အဆမတန်ဖောင်းပွ များပြားလာတဲ့ ခေတ်မှာ ဘယ်အရာက အမှန်လဲ၊ ဘယ်အရာက အသုံးဝင်လဲဆိုတာကို ခွဲခြားစိတ်ဖြာနိုင်စေတဲ့ ပညာရပ်။

Media Literacy: ဒီဂျစ်တယ်မီဒီယာတွေကို နားလည်ပြီး အသုံးချခံရသူ စားသုံးသူ consumer အဆင့်ကနေ ကိုယ်တိုင် Content ဖန်တီးသူ (Creator) ဖြစ်လာစေရန်နဲ့ မီဒီယာတွေကို “မျက်စိမှိတ်ပြီး အသလွတ် မယုံကြည်ဘဲ" အမှန်အမှားဝေဖန်ပိုင်းခြားပြီး ကြည့်တတ်၊ သုံးတတ်လာစေတဲ့ ပညာရပ်။

Technology Literacy: ခေတ်မီနည်းပညာပစ္စည်းတွေကို ကျွမ်းကျင်စွာ အသုံးချပြီးလက်တွေ့ဘဝပြဿနာတွေကို ဖြေရှင်းနိုင်စေတဲ့ ဘာသာရပ်

စတဲ့ ပညာရပ်တွေကို ထပ်တိုးပြီး အဆင့်မြှင့်တင်ထားပါတယ်။

ဒီလို အနာဂါတ်အတွက် မရှိမဖြစ်အသုံးဝင်တဲ့ skills set တွေကို မြန်မာတစ်ပြည်လုံးမှာရှိတဲ့ ကျောင်းသူကျောင်းသားတွေအကုန် သင်ကြားပြင်ဆင်ပေးနိုင်စေရန်ရည်ရွယ်ပြီး

📌အခုလာမယ့် Summer နွေရာသီကျောင်းပိတ်ရက်တွေမှာ လက်တွေ့ထိတွေ့ခွင့်ရအောင် Future-ready AI&Global skills camp အတန်းကိုလည်း ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ဒီ summer AI&Global skills camp ရဲ့ရည်ရွယ်ချက်က

❇️မြန်မာပြည်ကလေးများ...ကျောင်းသူ ကျောင်းသားတိုင်း

Private school. Government school. IS ဘယ်ကျောင်းက ကျောင်းသား မဆို ခေတ်နဲ့အညီ လိုက်နိုင်အောင်

AI နဲ့ global ခေတ်မှာ နောက်ကျမကျန်ခဲ့ရအောင်

ရပ်တည်ရှင်သန်နိုင်အောင်

ရည်ရွယ်ပြီး လိုအပ်တဲ့ Skills set တွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။

Victoria Academy International school
လာမယ့် 2026 academic year မှာရော

ဒီလာမယ့် summer အတန်းတွေမှာရော မျိုးဆက်သစ်ကျောင်းသားလူငယ်တွေကို အနာဂါတ်အတွက် future-
ready ဖြစ်စေဖို့ နောက်ထပ် upgrade လုပ်ထည့်သွင်းသင်ကြားပေးသွားမယ့် skills set တွေ နောက်ထပ်
ပညာရပ် "အသစ်နှစ်မျိုး" ထပ်ရှိပါသေးတယ်။
ဘာတွေဖြစ်မလဲ ခန့်မှန်းပြီး ရေးသွားကြည့်ရအောင်
✨✨

အဖြေမှန်သူကို အိမ်မှာတင်လေ့ကျင့်သင်ကြားပေးလို့ရတဲ့ AI Literacy Starter Kit သင်ခန်းစာ တစ်ခုစာ ပေးအပ်သွားမှာဖြစ်လို့ ကောမန့်မှာ ဖြေသွားကြည့်ကြနော်။✨✨

📣𝟮𝟬𝟮𝟲-𝟮𝟬𝟮𝟳 𝗔𝗰𝗮𝗱𝗲𝗺𝗶𝗰 𝗬𝗲𝗮𝗿 အတွက် Waiting List များ စတင်လက်ခံနေပြီမို့ အသေးစိတ်သိလိုသည်များကို Page messenger မှ မေးမြန်းထားနိုင်ပါတယ်ရှင်။

❝ သင့်ကလေးဟာ အကောင်းဆုံး ပညာရေးနဲ့ ထိုက်တန်ပါတယ် ❞
________________________________

🔔 ကျောင်းလိပ်စာများ
🏡 ရန်ကုန် လှိုင် ကျောင်းခွဲ - အိမ်အမှတ် (၄၇) ၊ ပိတောက်လမ်းသွယ်(၂)၊အေးရိပ်မွန် အိမ်ရာ၊လှိုင်မြို့နယ်၊ ရန်ကုန်။
☎️ 𝟬𝟵 𝟳𝟲𝟮 𝟰𝟱𝟯 𝟲𝟬𝟬

🏡 ရန်ကုန်သာကေတ ကျောင်းခွဲ လိပ်စာ- အမှတ် (၅၂ - 𝐀𝟏𝟎) ၊ဧရာဝဏ်လမ်းသွယ်၊သာကေတမြို့နယ်၊ရန်ကုန်။
☎️ 𝟬𝟵 𝟳𝟴𝟯 𝟯𝟳𝟭 𝟮𝟮𝟮

🏡 မော်လမြိုင်ကျောင်းခွဲလိပ်စာ -𝐍𝐨。𝟗𝟎❟ ကျိုက္ခမီလမ်း၊ စျေးကြို၊ မော်လမြိုင်။
☎️ 𝟬𝟵 𝟵𝟰𝟰 𝟴𝟬𝟱 𝟬𝟬𝟬❟ 𝟬𝟵 𝟳𝟳𝟯 𝟭𝟵𝟰 𝟱𝟵𝟱

07/01/2026

"သားသားမီးမီးတို့ ကျောင်းမှာ သူငယ်ချင်းအသစ်နဲ့ မိတ်ဆက်တဲ့အခါ သုံးရမယ့် စကားစု (၅) ခု

သားသားမီးမီးတို့ ကျောင်းမှာ သူငယ်ချင်းအသစ်တွေနဲ့ တွေ့တဲ့အခါ အင်္ဂလိပ်လို ယုံကြည်မှုရှိရှိ ပြောနိုင်အောင် လွယ်ကူပြီး အသုံးဝင်တဲ့ စကားစု (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်ရှင်။

၁။ နာမည်မိတ်ဆက်ခြင်း (𝗜𝗻𝘁𝗿𝗼𝗱𝘂𝗰𝘁𝗶𝗼𝗻)
အရင်ဆုံး နှုတ်ဆက်ပြီး ကိုယ့်နာမည်ကို အရင်ပြောပြရပါမယ်။

"𝗛𝗶! 𝗠𝘆 𝗻𝗮𝗺𝗲 𝗶𝘀 (ကိုယ့်နာမည်).
" 𝗪𝗵𝗮𝘁’𝘀 𝘆𝗼𝘂𝗿 𝗻𝗮𝗺𝗲?" (ဟိုင်း! ငါ့နာမည်က ... ပါ။ နင့်နာမည်က ဘယ်သူလဲဟင်?)

၂။ ဝါသနာအကြောင်း မေးမြန်းခြင်း (𝗛𝗼𝗯𝗯𝗶𝗲𝘀)
ဘာလုပ်ရတာ ဝါသနာပါလဲဆိုတာ မေးကြည့်ရင် ပိုပြီးရင်းနှီးသွားစေပါတယ်။

"𝗪𝗵𝗮𝘁 𝗶𝘀 𝘆𝗼𝘂𝗿 𝗳𝗮𝘃𝗼𝗿𝗶𝘁𝗲 𝗴𝗮𝗺𝗲?" (နင်အကြိုက်ဆုံး ကစားနည်းက ဘာလဲဟင်?)

၃။ အတူတူဆော့ဖို့ ဖိတ်ခေါ်ခြင်း (𝗜𝗻𝘃𝗶𝘁𝗶𝗻𝗴 𝘁𝗼 𝗣𝗹𝗮𝘆)
ကျောင်းဆင်းချိန်မှာ အတူတူဆော့ဖို့ ဖိတ်ခေါ်တဲ့ စကားစုလေးပါ။

"𝗪𝗼𝘂𝗹𝗱 𝘆𝗼𝘂 𝗹𝗶𝗸𝗲 𝘁𝗼 𝗽𝗹𝗮𝘆 𝘄𝗶𝘁𝗵 𝗺𝗲?" (ငါနဲ့အတူတူ ဆော့မလား?)

၄။ အတူတူ ထိုင်ဖို့ ပြောခြင်း (𝗔𝘀𝗸𝗶𝗻𝗴 𝘁𝗼 𝗦𝗶𝘁)
စာသင်ခန်းထဲမှာဖြစ်ဖြစ်၊ မုန့်စားချိန်မှာဖြစ်ဖြစ် အနားမှာ ထိုင်ချင်တဲ့အခါ သုံးရပါတယ်။

"𝗖𝗮𝗻 𝗜 𝘀𝗶𝘁 𝗻𝗲𝘅𝘁 𝘁𝗼 𝘆𝗼𝘂?" (နင့်ဘေးမှာ ငါထိုင်လို့ ရမလား?)

၅။ သူငယ်ချင်းအဖြစ် စတင်လက်ခံခြင်း (𝗠𝗮𝗸𝗶𝗻𝗴 𝗙𝗿𝗶𝗲𝗻𝗱𝘀)
စကားပြောလို့ အဆင်ပြေသွားတဲ့အခါ သူငယ်ချင်းဖြစ်ချင်ကြောင်း ပြောနိုင်ပါတယ်။

"𝗟𝗲𝘁’𝘀 𝗯𝗲 𝗳𝗿𝗶𝗲𝗻𝗱𝘀!" (ငါတို့ သူငယ်ချင်းတွေ လုပ်ကြရအောင်!)

သားသားမီးမီးတို့ ကျောင်းမှာ သူငယ်ချင်းအသစ်တွေနဲ့ မြန်မြန်ရင်းနှီးစေဖို့ မိဘတွေအနေနဲ့ ဖော်ပြထားပေးတဲ့ အကြံပေးချက် (၅) ချက် ကို အပိုဆောင်း သင်ကြားပေးထားနိုင်ပါတယ်ရှင်။

06/01/2026

"ဒီ (၄) ခုထဲမှာ ဘယ်အင်္ဂါအစိတ်အပိုင်းက တစ်နေ့ကို ၂၄ နာရီပတ်လုံး အနားမယူဘဲ အလုပ်လုပ်နေတယ်လို့ ထင်ပါသလဲ? 🤔"

31/12/2025

နှစ်သစ်ကူး အားလပ်ရက်က နီးကပ်လာပြီဆိုတော့ သူငယ်ချင်းတို့အနေနဲ့ ဘာအစီအစဉ်တွေ ရှိနေကြပြီလဲ?

ဒီအားလပ်ရက်မှာ အနားယူရင်းနဲ့မှ ဗဟုသုတရစေမယ့် Useful English Phrases လေးတွေကို အတူတူ လေ့လာကြည့်ရအောင်။

မိမိရဲ့ အစီအစဉ်ကို မေးချင်ရင် ဒါမှမဟုတ် ပြန်ဖြေချင်ရင် ဒီလိုလေးတွေ သုံးလို့ရတယ်နော်။

✅ အစီအစဉ်ကို မေးမြန်းချင်ရင် (Asking about Plans)

"What are your plans for the New Year break?" (နှစ်သစ်ကူးပိတ်ရက်အတွက် ဘာအစီအစဉ်တွေရှိလဲ?)

"How are you going to ring in the New Year?" (နှစ်သစ်ကို ဘယ်လိုမျိုး ကြိုဆိုဖြတ်သန်းဖို့ စိတ်ကူးထားလဲ?)

✅ မိမိလုပ်မယ့် အစီအစဉ်ကို ဖြေကြားချင်ရင် (Answering with Activities)

Catching up on lessons: (ပိတ်ရက်မှာ သင်ခန်းစာဟောင်းတွေကို ပြန်နွှေးမယ်ဆိုရင် သုံးလို့ရပါတယ်။)

Going on a trip: (ခရီးထွက်မယ့်သူတွေအတွက်ပါ။)

Netflix and chill: (အပြင်မထွက်ဘဲ အိမ်မှာပဲ အေးအေးဆေးဆေး ရုပ်ရှင်ကြည့်ပြီး အနားယူမယ့်သူတွေ သုံးနိုင်ပါတယ်နော်။)

ဒါ့အပြင် နှစ်သစ်မှာ ကိုယ့်ကိုယ်ကိုယ် ကတိပြုထားတဲ့ ရည်မှန်းချက်တွေကို "New Year's Resolution" လို့ ခေါ်ပါတယ်။ သူငယ်ချင်းတို့ရဲ့ ၂၀၂၆ Resolution ထဲမှာ "Mastering a new language" (ဘာသာစကားအသစ်တစ်ခုကို ကျွမ်းကျင်အောင် သင်ယူဖို့) ဆိုတာရော ပါဝင်ရဲ့လား? 💪

ကဲ... Comment မှာ ကိုယ့်ရဲ့ အစီအစဉ်လေးတွေကို အင်္ဂလိပ်လိုဖြစ်စေ၊ မြန်မာလိုဖြစ်စေ မျှဝေပေးခဲ့ကြပါဦး။

အားလုံးပဲ ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ကူး အားလပ်ရက်လေး ဖြစ်ပါစေလို့ Victoria Academy Language Center မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ 🥂🎆

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Times City
Yangon