WYN

WYN

Share

𝚂𝚑𝚘𝚙 𝚠𝚑𝚊𝚝 𝚢𝚘𝚞 𝚗𝚎𝚎𝚍// 𝙴𝚜𝚜𝚎𝚗𝚝𝚒𝚊?

21/05/2022

Olehenriksen ရဲ့ နာမည်ကြီး serum နဲ့ eyecream ကို try ချင်နေတဲ့သူတွေအတွက်ပါ🎉
Serum 30 ml ကိုတင် $68 ကျပ်တန်ပြီး
Eyecream 15 ml က $40 ရှိပါတယ်
ခု set လေးက serum 7 ml နဲ့ eyecream 3 ml ပါလို့ ပုံမှန်
၅ သောင်းလောက်ကျမှာလေးကို 19500 ks နဲ့ ရပါမယ်ရှင်🥳
‼️ ပထမဆုံး လာဝယ်တဲ့သူကိုက ၁၀၀၀ လျော့ပေးဦးမှာနော်😘
Instock🤍

Photos from WYN's post 27/02/2022

ပြည့် အရင်တလက မျက်နှာ အရမ်းပျက်စီးသွားတယ်ပြောတုန်းက မယုံကြဘူးဖြစ်နေကြလို့ ပုံနဲ့ရက်ပါ experience လေးတင်ပေးလိုက်ပြီနော်🥲
skin type- (currently) dry combination skin(အဆီဖုသမားပါ)
ဘာကြောင့် အဲ့လောက်ဖြစ်သွားလဲဆိုရင် cleansing oil ရယ် review အရမ်း hot နေတဲ့ Honey ပါတဲ့ moisturizer ၁ ခု သုံးမိလို့ပါ (လူတိုင်းနဲ့မတည့်တာမဟုတ်ပါဘူး ပြည့်နဲ့က နဂိုထဲက oil နဲ့ ပျားရည်ပါတာတွေမတည့်ပါဘူး၊ Teatree Aloe Vera အဲ့တာတွေနဲ့လဲမတည့်ပါဘူး)
အဖုတွေစစထွက်ထဲက မရပ်မိပဲ သုံးစရာမရှိတာရော နှမြောလို့ရော ဆက်သုံးနေလိုက်မိတာ
တော်တော် ဆိုးလာမှ ၂ ပတ်လောက်တော့ လိမ်းတာတွေရပ်ပြီး cleansing နဲ့ moisturizing(HA and တခြား Gel moisturizer )ပဲလုပ်တာတောင် တရဆက်ထွက်နေလို့ Dermatologist ဆီပဲပြေးလိုက်ပါတယ်

Feb 6- ဆရာဝန်နဲ့တွေ့ပြီး သေချာတိုင်ပင်ပြီးမှ chemical peeling လုပ်လိုက်ပါတယ်
skincare products တွေ တခုစီ တိုင်ပင်ပါတယ် changes လေးတွေလဲရှိပါတယ်
Cleanser- Cetaphil
Moisturizer- Cerave AM PM
Serum- Kiehls Dark Spot Solution

Feb 9- ဝက်ခြံတွေခြောက်ပြီး အသားကြည်လာတယ်

Today- ကြီးကြီးမားမား အဖုပေါက်တာမျိုးတော့မရှိပေမယ့် ကလိထားတာ နည်းနည်းပါးပါးတော့ရှိနေလို့🤣
အသားတော့ ကြည်လာတယ်
နောက်လဆို peeling နောက်တခေါက်ထပ်လုပ်ပြီးရင် တော်တော် အဆင်ပြေသွားလောက်ပြီ

အဲ့ကြောင့် trend ဖြစ်နေတယ်ဆိုတိုင်းလဲ အရမ်း risk မယူပါနဲ့ ကိုယ်နဲ့တည့်တိုင်းလဲ သူများနဲ့မတည့်သလို သူများနဲ့တည့်တိုင်းလဲ ကိုယ်နဲ့မတည့်ပါဘူး
new product စသုံးပြီးအခြေအနေ မကောင်းရင် dermatologist ဆီသာပြေးပါ။ စိတ်အချရဆုံးနဲ့ အထိရောက်ဆုံး ကုသမှူပါပဲ👍🏻

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon