Study With Soe

Study With Soe

Share

Japanese Language

02/05/2026

အားလုံးပဲကောင်းသောနေ့လေးပါရှင်
ဒီကနေ့ပြောပြချင်သည့်အကြောင်းအရာလေးကတော့『歳月人を待たず』ဆိုတဲ့စကားပုံလေးပဲဖြစ်ပါတယ်။
အသံထွက်ကတော့『さいげつひとをまたず』ဖြစ်ပါတယ်။
မြန်မာလိုဆိုရင်တော့『အချိန်နှင့်ဒီရေသည်လူကိုမစောင့်』ဖြစ်ပါတယ်။
『歳月人を待たず』ရဲ့အဓိပ္ပာယ်ကတော့အချိန်ဆိုတာလူတွေရဲ့ဖြစ်တည်မှုနှင့်ပတ်သက်မှုမရှိပဲတရွေ့ရွေ့နှင့်ကုန်ဆုံးသွားသည့်အရာဖြစ်ပြီးလူကိုစောင့်ပေးမည့်အရာမဟုတ်ပါဘူး။ဒါကြောင့်မို့လို့လက်ရှိအချိန်ကိုတန်ဖိုးထားပြီးလေ့လာဆည်းပူးရာမှာအားစိုက်ထုတ်ပါဆိုသည့်အဓိပ္ပာယ်ရှိပါတယ်။ဒါ့အပြင်နှစ်ခါပြန်မရနိူင်သည့်အချိန်ကိုအလဟဿသုံးစွဲခြင်းမပြုလုပ်ပဲကြိုးစားအားထုတ်ပါဆိုသည့်အဓိပ္ပာယ်လည်းရှိပါသေးတယ်။
ဥပမာစာကြောင်းလေးတွေကြည့်ကြည့်ရ‌အောင်
①そんなに勉強ばかりしていると、歳月人を待たず、
人生を楽しむ前に、あっという間に老人になってしまうぞ。
စာချည်းပဲလုပ်နေမယ်ဆိုရင် အချိန်နှင့်ဒီရေသည်လူကိုမစောင့် ဆိုသည့်အတိုင်း လူ့ဘဝရဲ့ပျော်ရွှင်မှုကိုမခံစားခင်မထင်မှတ်ထားသည့်အချိန်မှာပဲအိုသွားလိမ့်မယ်နော်။
②毎日、テレビゲームをしているけれども歳月人を待たずよ。
もう少し勉強しないと、大好きな会社にも就職できないわよ。
နေ့တိုင်းတီဗွီဂိမ်းချည်းပဲကြည့်နေတာ၊အချိန်နှင့်ဒီရေသည်လူကိုမစောင့်ဘူးနော်။ဒီ့ထက်ပိုပြီးစာလေ့လာမှုမလုပ်ဘူးဆိုရင်နှစ်သက်သဘောကျတဲ့ကုမ္ပဏီမှာအလုပ်ရမှာမဟုတ်ဘူးနော်။
ကဲအားလုံးလည်း『歳月人を待たず』အချိန်နှင့်ဒီရေသည်လူကိုမစောင့်သည့်အတွက်လုပ်သင့်လုပ်ထိုက်သောအလုပ်တွေကိုအချိန်ဆွဲခြင်းမရှိပဲလူ့ဘဝရဲ့ပျော်ရွှင်မှုကိုခံစားနိူင်အောင်ကြိုးစားကြရအောင်နော်။
ဒီနေ့တော့ဒီလောက်ပါရှင်။
အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေရှင်။

Photos from Study With Soe's post 14/04/2026

N2Class
short test စစ်ရင်
လေးလေးနက်နက်ဖြေကြ
အဖြေတိုက်တော့ ဝါးလုံးကွဲရယ်ကြ
ကိုယ့်အတွေးနဲ့ကိုယ်ရွေးထားတာတွေက
တလွဲဖြစ်လို့အော်ရယ်ကြ😂

中級へ行こう第9課漢字パート② 31/01/2026

အားလုံးပဲကောင်းသောနေ့လေးပါရှင့်
Youtube Channelလေးမှာ
中級へ行こう第9課漢字パート2အထိတင်ထားပါတယ်‌နော်

中級へ行こう第9課漢字パート② 中級へ行こう第9課漢字パート②①反そ・る、そ・らすハン1.反対に(はんたいに)2.駐車違反(ちゅうしゃいはん)②対タイ1.反対に(はんたいに)2.絶対に(ぜったいに)③建た・てる、た・つケン1.建築(.....

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


38street
Yangon
11181