Tai Aon
ႁႂ်ႈပဵၼ်လွင်ႈယႃႁိူဝ်ႉသေၵမ်း/ခေတ္တအမောပြေနိုင်ကြပါစေ။
09/04/2025
ကွာခြားတယ်လို့ ပြောပါတယ်🤓😁
16/09/2024
👍👍
ရေဘေးသင့်ပြည်သူတွေအတွက် ကျပ်သိန်းပေါင်း ၁သိန်း တိတိ မတည်လှူဒါန်းနေတယ်ဆိုတဲ့ Kbz ဘဏ်
KBZ ဘဏ်မှ ကျပ်သိန်းပေါင်း ၁၀၀၀၀၀ မတည်ကာ ရေဘေးဒုက္ခသယ်များအား ဘဏ်ခွဲ ၁၀၀ ကို အရေးပေါ်ကူညီရေးဌာနအဖြစ် သတ်မှတ်ကူညီပေးနေတယ်လို့ သတင်းထုတ်ပြန်ပါတယ်.
စက်တင်ဘာလ (၉) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဒဏ်ခံစားရသော ရေဘေးသင့်ဒေသများရှိ ပြည်သူများအတွက် စက်တင်ဘာ (၁၀) ရက်နေ့မှစတင်ပြီး အသင့်စားသုံးနိုင်သော အစားအသောက်များ၊ အသင့်စား စည်သွပ်ဘူး ငါးသေတ္တာနှင့် အသားဘူးများ ၊ သောက်ရေသန့်ဘူးများ ၊ BPI ဓာတ်ဆားထုပ်များနှင့် လိုအပ်သည့် ဆေးဝါးများ ၊ အသင့်ချုပ်ပြီး ကျားဝတ်ပုဆိုး၊ မ,ဝတ်လုံချည်၊ အဝတ်အထည်များ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ ခြုံစောင်များကို ရေဘေးဒဏ်ပြင်းထန်မှု အဆိုးရွားဆုံး ခံစားရသည့် နေရာဒေသများဖြစ်သော အောင်ပန်း၊ ကလော၊ ရွှေညောင်၊ ညောင်ရွှေနှင့် အင်းလေး၊ တပ်ကုန်း၊ ရမည်းသင်း ၊ ပျော်ဘွယ် အစရှိသော နေရာ အသီးသီး အထိ ကားကြီးများဖြင့် အရောက် အမြန်ဆုံး ပေးပို့ဖြန့်ဝေ လှူဒါန်းလျက်ရှိတယ်လို့ ဆိုထားပါတယ်
ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ပထမဆင့် - ကယ်ဆယ်ရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး ဒုတိယဆင့် - ပြန်လည်ထူထောင်ရေးအတွက်လည်း အစီအစဉ်များ ရေးဆွဲလျက်ရှိကာရေကြီးရေလျှံဖြစ်ပွားလာနိုင်ဖွယ် ရှိသော ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် အခြားနေရာဒေသများအတွက်လည်း လိုအပ်သည်များကို အချိန်နှင့်တပြေးညီ ကူညီထောက်ပံ့လှူဒါန်းနိုင်ရန် အဆင်သင့် ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း သိရပါတယ်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon