Genius Education Center

Genius Education Center

Share

Education services Center

09/06/2025

နေပူထဲ အချိန်ကြာလမ်းလျှောက်ရာမှ ဖြစ်သော ခြေဖဝါးပူလောင်ပြီး ရေကြည်ဖုများပေါက်ခြင်းအတွက် ကုသနည်းများ

၁။ အရေးပေါ်ပြုစုနည်း
အေးသောရေဖြင့် ဆေးကြောပါ

ခြေဖဝါးကို အေးသောရေ (ရေခဲရေမဟုတ်) ထဲ ၁၀-၁၅ မိနစ်စိမ်ပါ

စိုစွတ်သောအဝတ်ဖြင့် ကပ်ထားပါ

ရေခဲကို တိုက်ရိုက်မကပ်ပါနှင့် - အရေပြားပိုပျက်စီးနိုင်

သန့်စင်ပါ

ဆပ်ပြာပျော့ပျော့နှင့် ရေနွေးနွေးဖြင့် ဆေးကြောပါ

သန့်သောအဝတ်ဖြင့် ညင်ညင်သာသာသုတ်ပါ

ရေကြည်ဖုကို မဖောက်ပါနှင့်

သဘာဝအတိုင်းကျက်စေပါ

အလိုလိုပေါက်ပါက ပိုးသတ်ဆေး (ဘီတာဒိုင်း) လိမ်းပါ

၂။ အနာသက်သာစေရန်
Aloe Vera Gel လိမ်းပါ။

ပိုးသတ်မုန့်

ပေါက်နေသောအနာကို နီအိုမိုင်စင် လိမ်းပါ

အနာသက်သာဆေး

ပါရာစီတမော (သို့) အိုင်ဗျူပရိုဖန် သောက်နိုင်

၃။ အနာကာကွယ်နည်း
ပတ်တီးစည်းပါ

sterile gauze or blister padsအသုံးပြုပါ

နေ့စဉ် လဲပေးပါ

ဖိနပ်ရွေးချယ်မှု

ပွပွချောင်ချောင် ဖိနပ်/သဲဖိနပ် စီးပါ

၄။ သဘာဝဆေးနည်း
ပျားရည် - ပိုးသေစေသည်

အုန်းဆီ - အရေပြားခြောက်သွေ့မှုကို သက်သာစေ

ဂျုံမှုန့်စိမ်ရည် - ယားယံမှုကျစေ

၅။ ဆရာဝန်ပြရန် အခြေအနေ
ဖုကြီးပြီး ပြည်ထွက်လျှင်

အနီစင်းများ/ဖျားလျှင်

၂-၃ ရက်အတွင်း မသက်သာလျှင်

ကာကွယ်နည်း
UV ကာကွယ်သောခြေအိတ် စီးပါ

နေလောင်ကာခရင်မ် (SPF 30+) လိမ်းပါ

ပူသောမြေပြင်ပေါ် ဗလာခြေမလျှောက်ပါနှင့်

သတိပြုရန်
ပြင်းထန်သောနေလောင်ဒဏ်များ ၁-၂ ပတ် အထိကြာနိုင်ပါသည်။ အနာကို သန့်ရှင်းစွာထားပြီး ဖိအားမပေးပါနှင့်။

ဒေါက်တာရဲထက်အောင်

အသေးစိတ်ထပ်မံသိလိုပါက massage box or comments မှာမေးမြန်းထားနိုင်ပါသည်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Thein Phyu Road
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00