Nway

Nway

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nway, Insurance Agent, Yangon.

30/01/2025

အသက်အာမခံလုပ်ငန်းကို MLM စနစ်နဲ့ရောထွေးမှားယွင်းလေ့ရှိကြတဲ့အတွက် ရှင်းပြပါရစေ....

🍀
အသက်အာမခံမှာ တရားဝင်လိုင်စင်လိုအပ်ပါတယ်
လိုင်စင်သင်တန်းကို ရက်အပြည့်တက်ရပြီး လိုင်စင်စာမေးပွဲဟာ အရည်အချင်းပြည့်မီတဲ့လူတွေမှသာ အောင်မြင်တာဖြစ်ပါတယ်။ သင်တန်းမတက်ဘဲဝင်ဖြေခွင့်မရှိသလို စာမကျေဘဲနဲ့လည်းမအောင်ပါဘူး
ပတ်သက်ရာပတ်သက်ကြောင်း လမ်းကြောင်းနဲ့လည်း လိုင်စင်ယူလို့မရပါဘူး။
လိုင်စင်ဟာ သက်တမ်းအားဖြင့် (၂)နှစ်ဖြစ်ပါတယ်။

ဆေးကုသခွင့် ရှေ့နေလိုက်ခွင့် ကားမောင်းခွင့်
အိမ်ခြံမြေအကျိုးဆောင်ခွင့်စတဲ့ တခြားသက်မွေးလုပ်ငန်းတွေမှာလည်း လိုင်စင်အသီးသီးလိုအပ်ပါတယ်။

🌹
MLM စနစ်မှာ agent လိုင်စင်မလိုအပ်ပါဘူး။
Member ဝင်မယ် ပစ္စည်းတွေကိုငွေကြိုသွင်းပြီးထုတ်ယူမယ် ပြီးရင်ဖြန့်ချိမယ်
ပစ္စည်းဝယ်နိုင်တယ် ဖြန့်နိုင်တယ်ဆို
ဘယ်သူမဆိုလုပ်လို့ရပါတယ် ။
ဒီသဘောနဲ့သွားပါတယ်

🍀
အသက်အာမခံဟာ ဝန်ဆောင်မှုကိုရောင်းချရတာပါ
အကောင်အထည်ဖော်ပြလို့မရပါဘူး
အာမခံတစ်စောင်ရောင်းချပြီးရင် အဆိုပါအာမခံရဲ့သက်တမ်းကိုလိုက်ပြီး ၃နှစ်၊၅နှစ်၊၁၀နှစ်စသ‌ဖြင့် service ပေးနေရပါတယ်
တချို့အာမခံတွေဆိုရင်
အနှစ်၂၀ အနှစ်၄၀စသဖြင့်သက်တမ်းရှိကြပါတယ်

ပြောရရင် customer နဲ့ agent က ကာလရှည်ဆက်ဆံနေရမယ့် လုပ်ငန်းဖြစ်ပါတယ်။
ရောင်းပြီး,ပြီးတဲ့ ရေတိုလုပ်ငန်းမဟုတ်ပါဘူး

🌹
MLM စနစ်ကတော့ လူသုံးကုန် အလှကုန် ဆေးဝါးတွေကိုရောင်းချရတာမို့ အကောင်အထည်ချပြလို့ရပါတယ် ရောင်းရတဲ့ပစ္စည်းကိုမြင်နေရပါတယ်
ပစ္စည်းကိုသဘောကျတဲ့လူကဆက်သုံးမှာဖြစ်ပြီး
မကြိုက်တော့ရင် ထပ်မဝယ်တော့တာမို့
Customer နဲ့ရေရှည်ဆက်ဆံရေးရှိထားစရာ (သိပ်)မလိုအပ်ပါဘူး ။
customer ကဆက်သုံးချင်ရင် agent ပြန်လုပ်နိုင်ပါတယ်

🍀
အသက်အာမခံလုပ်ငန်းမှာ
Agent ကိုယ်တိုင်က အသက်အာမခံတစ်စောင်မဖြစ်မနေဝယ်ပြီး member ဝင်ရတာမျိုးမရှိပါဘူး
( ဝယ်ချင်ဝယ် မဝယ်ချင်နေပါ )
အာမခံအစောင်ရေတွေအများကြီးကြိုဝယ်ထားပြီး လူတွေကိုလိုက်ရောင်းလို့လည်း မရပါဘူး။

အသက်အာမခံဆိုတာ အသက်အရွယ်/ကျန်းမာရေးအခြေအနေ/အလုပ်အကိုင်/အာမခံထားငွေစတဲ့အချက်အပေါ်မူတည်ပြီး လူတစ်ယောက်အတွက် သီးသန့်တစ်စောင်ထွက်လာတာမျိုးပါ။

🌹
MLM စနစ်မှာတော့ member ဝင်ပြီးရင်
ငွေရင်းနိုင်ရင် ပစ္စည်းအများကြီးကြိုယူထားလို့ရပါတယ်
ကိုယ့် network ကြီးရင်ကြီးသလို ရောင်းချနိုင်ပါတယ်

🍀

နောက်ထပ် လူအများကြီးရောထွေးနေကြတာ
Recruiting ကိစ္စပါ
အသက်အာမခံမှာ recruitment က
မဖြစ်မနေလုပ်ရတဲ့ကိစ္စမျိုးမရှိပါဘူး
လုပ်ချင်လုပ် မလုပ်ချင်နေလို့ရပါတယ်
network based process ဖြစ်တဲ့အတွက်
နယ်ပယ်အစုံအထိ အာမခံမျိုးစုံရောက်ရှိနိုင်ဖို့က recruitment လုပ်မှ နေရာစုံအထိရောက်နိုင်မှာပါ။

( လူခေါ်ပေးရတယ်ဆိုတဲ့အသုံးအနှုန်းမကြာခဏကြားရပါတယ် ဒါကဒီလောကမှာမှမဟုတ်ဘဲ လုပ်ငန်းတိုင်းမှာ distributors တွေလိုကိုလိုအပ်ပါတယ် )

🌹
MLM စနစ်မှာလည်း သူတို့ products တွေကိုဆက်လက်ဖြန့်ချိပေးမယ့် agents / distributors တွေ လိုအပ်ပါတယ် ဒါ့ကြောင့် recruitment အမြဲလုပ်နေကြရပါတယ် ။

🍀
နောက်တစ်ခုက
အဆင့်ဆင့် management လုပ်ရတယ်ဆိုတဲ့ကိစ္စပါ
အသက်အာမခံလုပ်ငန်း ၉၀% က လစာမပေးပါဘူး
Commission and bonus စနစ်နဲ့သွားပါတယ်
ဘာလို့လည်းဆိုတော့ အလုပ်မလုပ်ဘဲထိုင်နေတဲ့လူတွေအတွက်လစာပေးဖို့မလိုအပ်လို့ပါ ။

Agent တွေရဲ့ များပြားလှတဲ့ကိစ္စမျိုးစုံ
Customer တွေရဲ့ complain ပေါင်းစုံ
သူတို့ရဲ့အမည်ပြောင်းခြင်း ဖုန်းနံပါတ်/Gmail/ လိပ်စာပြောင်းခြင်း အကျိုးခံစားခွင့်ထားသူပြောင်းလဲခြင်း အာမခံကြေးပြောင်းလဲခြင်း အလုပ်အကိုင်ပြောင်းလဲခြင်း အာမခံကြေးအချိန်မီမသွင်းခြင်းစတဲ့ဖြစ်စဉ်အားလုံးကို
ရုံးတစ်ခုတည်းကဖြေရှင်းပေးဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါ ဒါ့ကြောင့် management level အဆင့်ဆင့်ထားထားပါတယ်

🌹
MLM စနစ်မှာလည်း ပစ္စည်းဖြန့်ချိခြင်း ကော်မရှင်ခွဲဝေခြင်းနဲ့ distributors တွေကို ထိန်းဖို့ layer by layer သွားကြပါတယ်

🍀
အသက်အာမခံလုပ်ငန်းအတွက် ရရှိတဲ့ကော်မရှင်ဟာ ကုမ္ပဏီကပေးတာဖြစ်ပါတယ် ။
customer ကမပေးဆောင်ရပါဘူး ။ ကော်မရှင်ပေးလိုက်တဲ့အတွက် အသက်အာမခံကြေးက‌
ဈေးတက်မသွားပါဘူး။

🌹
MLM စနစ်အတွက် ကော်မရှင်ကတော့
ပစ္စည်းရဲ့မူရင်းတန်ဖိုးနဲ့ နောက်ဆုံးစားသုံးသူလက်ထဲရောက်လာတဲ့ဈေးနှုန်းကြားက ကွာခြားသွားအမြတ်ငွေထဲက အချိုးကျခွဲဝေကြတာဖြစ်ပါတယ်။

🍀

အသက်အာမခံလုပ်ငန်းအားလုံးက
ပြည်တွင်းမှာတရားဝင်မှတ်ပုံတင်ကြရပါတယ်။
နိုင်ငံတော်ဆီကနေ ငွေတိုက်စာချုပ်တွေအများကြီးကို ကျပ်ငွေဘီလီယံနဲ့ချီအောင်ဝယ်ထားရပါတယ် ။ လုပ်ငန်းလိုင်စင်/ agent လိုင်စင်အားလုံးကို ထိန်းချုပ်ထားပါတယ်။ အဆင့်ဆင့်စစ်ဆေးပြီးမှ တရားဝင်လုပ်ကိုင်ခွင့်ချပေးခဲ့တာပါ။

ငွေကြေးစီးဆင်းမှုဖြစ်စဉ်ဖြစ်တဲ့အတွက် agent တွေရဲ့ personal data/ bank account အားလုံးကိုမဖြစ်မနေပေးထားရပါတယ် ။ ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း အာမခံလုပ်ငန်းအားလုံးမှာ ပါဝင်ပတ်သက်နေသူအားလုံးရဲ့ bank account အားလုံးကိုလွှတ်ပေးထားတာမျိုး ဘယ်မှာမှမရှိပါဘူး ။

ဒါ့အပြင် အခုပြည်တွင်းမှာရှိနေတဲ့အသက်အာမခံကုမ္ပဏီ၅ခုစလုံးက နိုင်ငံတကာမှာလည်း လက်ရှိဝန်ဆောင်မှုပေးနေဆဲ ထိပ်တန်းရောက်နေတဲ့ကုမ္ပဏီတွေဖြစ်ပါတယ် ။
အာမခံအပိုင်းသာမက ဘဏ်လုပ်ငန်း စတော့ရှယ်ယာလုပ်ငန်းတွေပါလုပ်ကိုင်နေကြတာဖြစ်ပါတယ်။သက်ဆိုင်ရာ websites တွေမှာအလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ။ ပြည်တွင်းမှာပဲရှိတဲ့ local အာမခံကုမ္ပဏီတွေလည်းရှိပါသေးတယ်။

🌹
MLM လုပ်ငန်းတွေရဲ့ ကုမ္ပဏီနာမည်တွေ နဲ့ လက်ရှိမှာတရားဝင်လုပ်ကိုင်ခွင့် ရ/မရ ကျွန်တော်မသိပါဘူး။ MLM products အများစုက ထိုင်း၊တရုတ်စတဲ့နိုင်ငံတွေကနေလာကြတာများပါတယ် ။

တကမ္ဘာလုံးဖြန့်ချိတာမျိုး (သိပ်)မတွေ့ရပါဘူး
နိုင်ငံအများစုကတော့ အခုလို MLM စနစ်နဲ့ပစ္စည်းဖြန့်ချိတာကို ခွင့်မပြုပါဘူး။

**********

တူညီတဲ့အချက်တွေလည်း ရှိကြပါတယ်။
ကော်မရှင် + bonus ခံစားခွင့်ရတာ
နေ့တိုင်းရုံးတက်စရာမလိုတာ
ရောင်းရင်ရောင်းသလောက် ဝင်ငွေရကြတာ ပြည်တွင်းပြည်ပခရီးစဉ်တွေပို့ပေးကြတာ
ရောင်းအားကောင်းသူတွေကို Dinner စီစဉ်ပေးတာ ဆုတံဆိပ်တွေပေးတာ Promotion တွေပေးတာ
ဒီအချက်တွေကတော့ တူညီပါတယ်။

( MDRT လို တကမ္ဘာလုံးကအသိအမှတ်ပြုတဲ့ဆုမျိုးတွေကိုတော့ အသက်အာမခံ‌လောကမှာပဲရှိပြီး
MLM စနစ်မှာတော့ သူတို့ကုမ္ပဏီကသူတို့ဖာသာပေးတဲ့ဆုမျိုးတွေသာ တွေ့ရပါတယ်
Global Awards မျိုး Worldwide recognized မျိုး
MLM စနစ်မှာ မရှိပါဘူး )

လုပ်ငန်းနှစ်ခုစလုံးက
အလုပ်မလုပ်ရင် ဘာမှခံစားခွင့်မရတဲ့ စနစ်ပါ
မနက်ရုံးတက်/ညနေရုံးဆင်း အလုပ်ရှိရှိမရှိရှိ အချိန်တန်လကုန်ရင်လစာထုတ်လို့ရတဲ့
လခစားအလုပ်မျိုးမဟုတ်ပါဘူး ။
လုပ်ရင်ရမယ် မလုပ်ရင်မရတဲ့
တိကျပြတ်သားတဲ့စနစ်မျိုးတွေပါ။

************************************

" ကော်မရှင်ရမယ် "
" လူခေါ်ရတယ် " စတဲ့အသုံးအနှုန်းတွေကြောင့်
အသက်အာမခံ industry အပေါ် တခြားသောလုပ်ငန်းတွေနဲ့ရောထွေးတတ်ကြပါတယ် ။

တစ်ခုသိရမှာက
ဘယ်နိုင်ငံမဆို လူသားတွေရှိနေသမျှ
ဘဏ်လုပ်ငန်း နဲ့ ဆေးရုံတွေရှိနေမှာဖြစ်ပြီး
အဆိုပါလုပ်ငန်းနှစ်ခုရှိနေသရွေ့ အသက်အာမခံ/ကျန်းမာရေးအာမခံ/ပညာရေးအာမခံလုပ်ငန်းဆိုတာ တရားဝင်ရှိနေမှာပဲဖြစ်ပါတယ် ။
ဘာအကြောင်းနဲ့မှ ပျောက်ကွယ်သွားမှာမဟုတ်ဘူးဆိုတာ သိထားရမှာပါ ။

ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်
အသက်အာမခံလုပ်ငန်း‌တွေရဲ့အခြေခံလုပ်ငန်းလည်ပတ်ပုံတွေက အားလုံးအတူတူပါပဲ ။

တိုးတက်ပြီးသားနိုင်ငံတွေမှာလည်း
အာမခံဆိုတာ ဘယ်နေရာဖြစ်ဖြစ်အမြဲပါဝင်နေပြီး
ဖွံ့ဖြိုးမှုနောက်ကျနေသေးတဲ့မြန်မာနိုင်ငံမှာတော့
အခြေချခဲ့တာ သက်တမ်း ၅နှစ်သာ ကြာပါသေးတယ် ။

မည်သူတစ်ဦးတစ်ယောက်
မည်သည့်လုပ်ငန်းကိုမှ ထိခိုက်စေလိုခြင်းမရှိပါ။
အများအမြင်ရောထွေးနေတာတွေကို
သိသင့်သလောက်သိစေရန်သာ
ဘက်မလိုက်ဘဲရည်ရွယ်ရေးသားပါသည် ။


Ko Min Yel Kyaw Swar

အားလုံးပဲ
အဆင်ပြေကြပါစေ။
Min Yel Kyaw Swar

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Telephone

Website

Address


Yangon
11211