Myanmar Lethwei Fighters

Myanmar Lethwei Fighters

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Lethwei Fighters, Sports Team, Yangon.

24/08/2024

9လပိုင်း 7ရက်နေ့ ထိုးသတ်မယ့် မြန်မာ့စပါးအုံကြီး အောင်လအင်ဆန်းပွဲကနီးလာပြီနော် ။

(ပိုစတာမှာ 6ရက်နေ့ဖြစ်ပေမယ့် မြန်မာစံတော်ချိန်နဲ့
7ရက်နေ့မနက်6နာရီလောက် ထကြည့်ရမှာပါခင်ဗျ)
-------------------------------------------------------------

ကြည့်ကောင်းမယ့်ပွဲစဥ်တွေကတော့...

အောင်လအန်ဆန်း Vs ရှမေးအာဒိုဂန် -(ပွဲစဥ်-9)

ဟာရီဆင် Vs ဆက်ဆန်- (ပွဲစဥ်10)

ဟက်ကာသီ Vs စူပါလက် (ပွဲစဥ်-12-ခေါင်ပွဲ)
တို့ဖြစ်ပါတယ်။...........................

အောင်လအန်ဆန်း Vs ရှမေးအာဒီုဂန် (ပွဲစဥ်9)
----------------------------------------------------
မြန်မာ့ပရိတ်သတ်တွေစိတ်ဝင်စားမှုအများဆုံးဖြစ်တဲ့ အောင်လအန်ဆိုင်းနဲ့ ရှုံးပွဲမရှိသေးတဲ့ဖိုက်တာ ရှမေးအာဒိုဂန်ရဲ့ မစ်ဒယ်ဝိတ်MMA ပွဲကတော့
လာမယ့် မြန်မာစံတော်ချိန်9လပိုင်း7ရက်နေ့ မှာထိုးသတ်သွားပါမယ်။ရှမေးအာဒိုဂန်ဘက်က Ground Game အားသာချက်အများကြီးရှိတာမို့ အောင်လဘက်က ဘယ်လိုလုပ်ပြသွားနိုင်မလဲ ဆိုတာစောင့်ကြည့်အားပေးရပါမယ်။ဒီတစ်ပွဲတည်းသီးသန့်ကြည့်မယ့်သူတွေအတွက်ကတော့ မနက်9နာရီလောက်အိပ်ရာနိုးပြီး ထကြည့်တောင်ပွဲမှီပါတယ်။
မြန်မာဆိုတဲ့စိတ်တစ်ခုတည်းနဲ့ အားပေးလိုက်ကြရအောင်ဗျာ။

လီယမ်ဟာရီဆင် Vs ဆက်ဆန် (ပွဲစဥ် 10)
---------------------------------------------
ဒီပွဲကတော့ စိုးလင်းဦးကိုအရင်က အဆင့်မတူဘူး ဘာညာ အာချောင်ပြီးတကယ်လည်း မထိုးတဲ့ ဟာရီဆင်နဲ့ စိုးလင်းဦးနဲ့ရုပ်ချင်းဆင်တဲ့ ဆက်ဆန် တို့ရဲ့ပွဲဖြစ်ပါတယ်။
လီယမ် ဟာရီဆင်က ပညာကောင်းပေမယ့် မာဂုဏ်အရမ်းအားနည်းပါတယ်။
ချက်ကောင်းထိရင် ပြာသွားမယ့်ဖိုက်တာမျိူးပါ။
သူအနေနဲ့ ဆက်ဆန်ရဲ့ အမဲလိုက်ခန်းမှာ ခံနိုင်ရည်ရှိပါ့မလားဆိုတာကြည့်ရပါမယ်။
Admin ကတော့စိုးလင်းဦးနဲ့ရုပ်ရော ထိုးပေါက်ရောဆင်တဲ့ ဆက်ဆန်ကိုပိုကြိုက်ပါတယ်။

​​ဂျော်နသန်ဟက်ကာသီ Vs စူပါလက် (ခေါင်ပွဲ)
----------------------------------------------------

ဒီပွဲကတော့ အဓိကခေါင်ပွဲ ဖြစ်ပြီး ခါးပတ်လုပွဲလည်းဖြစ်ပါတယ်။
မြန်မာပရိတ်သတ်တွေ ကြားပိုသိကြတဲ့ စူပါလက်က ဟက်ကာသီဆီ ကခါးပတ်ကို လုရမယ့်ပွဲကောင်းတစ်ပွဲဖြစ်ပါတယ်။
မွေထိုင်းလောကရဲ့ထိပ်သီးဖိုက်တာနှစ်ယောက်တွေ့ဆုံတဲ့ပွဲမလို့ ကြည့်ကိုကြည့်သင့်ပါတယ်။
ONE မှာမဟုတ်ဘဲ လွန်ခဲ့တဲ့4နှစ်လောက်က စူပါလက်က ဟက်ကာသီကို တကြိမ်နိုင်ထားဖူးပါတယ်။ဒါကြောင့် ထိုင်းပရိတ်သတ်တွေက စူပါလက်ကပဲ့ချန်ပီယံ ခါးပတ်ကိုသိမ်းပိုက်သွားမယ်လို့
ပြောဆိုနေကြပါပြိ။
ဒါပေမယ့်လည်း adminကတော့ ဟက်ကာသီ ပရိတ်သတ်မို့ ဟက်ကာသီကိုပိုအကြိုက်တွေ့ပါတယ်။

လက်ဝှေ့ချစ်ပရိတ်သတ်တွေအနေနဲ့တော့
9လပိုင်း 7ရက်နေ့ မနက်6နာရီကျော်ကျော်လောက်ကစပြီး One Championship ရဲ့ fb page နဲ့
utube channel တို့မှာ အခမဲ့ကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာ...
အားလုံးအတွက် ပျော်ရွှင်စရာနေ့ရက်လေးဖြစ်ပါစေ။
Lethwei Fighters

23/08/2024

ထွန်းမင်းနိုင်အလဲထိုးခံရ ရှုံး❌
စောစံမြအလဲထိုးခံရ ရှုံး❌
အဲမွီအလဲထိုး နိုင်✅
သွေးလင်းထက်အမှတ်နဲ့နိုင်✅
သန့်ဇင် အလဲထိုးနဲ့နိုင်✅

မြန်မာ(5)ပွဲရဲ့ရလာဒ်လေးပါ။

သွေးလင်းထက်မှာနှစ်ယောက်စလုံး ဘောနပ်ရပေမယ့် သန့်ဇင်ပွဲကတော့ဘာလဲဆိုတာ အတိအကျမသိရသေးဘူး။
နိုင်သွားတဲ့သူတွေအတွက် ဂုဏ်ယူပေမယ့်
ရှုံးသွားတဲ့သူတွေအတွက်လည်း စိတ်မကောင်းပါဘူး။
အားလုံးကိုကျေးဇူးပါခင်ဗျ။

23/08/2024

Oneရဲ့ပွဲဦးထွက်မှာ ဂျပန်ဖိုက်တာကိုအလဲထိုးပြီး
ဘောနပ်ပါယူသွားခဲ့တဲ့ အဲမွီ

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon