Good Feeling
product for Health & Happiness
26/03/2023
မိန်းကလေးပါ ...
ငွေ မမက်ဘူး မပြောဘူး။ ငွေ မက်တယ်။
သူများကို မှီခိုပြီးရလာမဲ့ငွေ မဟုတ်ဘူး။
ကိုယ်ကိုယ်တိုင် ရိုးရိုးသားသားရလာတဲ့ငွေကို မက်တာ!
ဂုဏ် မမက်ဘူး မပြောဘူး။ ဂုဏ် မက်တယ်။
ပကာသနဆိုတဲ့ ဂုဏ်မဟုတ်ဘူး။
ကိုယ့်သိက္ခာကို ထိန်းသိမ်းနိုင်တယ်ဆိုတဲ့ ဂုဏ်ကို မက်တာ!
ချမ်းသာတဲ့ယောက်ျားလေးကို မမက်ဘူး မပြောဘူး။ မက်တယ်။
ပိုက်ဆံချမ်းသာတဲ့ ယောက်ျားလေးမဟုတ်ဘူး။
စိတ်ဓါတ်ချမ်းသာတဲ့ ယောက်ျားလေး!
မာန မရှိဘူး မပြောဘူး။ ရှိတယ်။
နေရာတကာ မောက်မာစွာနဲ့ဆက်ဆံတတ်တဲ့ မာန မဟုတ်ဘူး။
ရှိသင့်ရှိထိုက်တဲ့ နေရာမှာ ထားသင့်တဲ့မာန ရှိတာ!!😇
ဟုတ်ကဲ့!
ကျွန်မ မိန်းကလေးတစ်ယောက်ပါ။
26/03/2023
တွေ့ဆုံမှုတိုင်းမှာ
ထာဝရဆိုတာ မရှိပါဘူး ။
ဒါကြောင့်မို့
အကောင်းဆုံး မဖြစ်ခဲ့ရင်တောင်
အဆိုးဆုံးတွေ မဖန်တီးမိဖို့ ဂရုစိုက်ပါ ။
26/03/2023
လူသားဆန်တဲ့ အိမ်ထောင်ဖက်
------------------------
မိန်းကလေးအများစုက
ကိုယ့်ထက် အသက်ကြီးသူကို
ပိုင်ဆိုင်ခွင့်ရရင် အကိုလို အဖေလို
ကြင်နာမှုရမယ်လို့ ယုံကြည်ကြတယ်
ကိုယ့်ထက် ပညာတတ်သူကို ရရင်
အဖက်ဖက်က ကိုယ့်ကို
လမ်းညွှန်ပေးနိုင်မယ်လို့ ယုံကြည်ကြတယ်
ကိုယ့်ထက် ငွေကြေး ချမ်းသာသူကိုရရင်
ပေါပေါများများ သုံးရမယ်
စိတ်ချမ်းသာမယ်လို့ ယုံကြည်ကြတယ်
ကိုယ့်ထက် ရာထူးပါဝါကြီးသူကို ရရင်
အရာရှိကတော် ဆိုတဲ့ ဂုဏ်ပုဒ်မှာ
တင့်တယ်တယ်လို့ ယုံကြည်ကြပြန်တယ်
တကယ်တော့
ယောက်ျားတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရပြီး
စိတ်ရောလူပါ အေးချမ်းစေဖို့ရာ
တစ်ဘဝစာအတွက် လက်တွဲဖို့
အသက်ကြီးခြင်း ငယ်ခြင်း
ပညာတတ်ခြင်း မတတ်ခြင်း
ရာထူးရှိခြင်း မရှိခြင်း
ပိုက်ဆံရှိခြင်း မရှိခြင်းနဲ့ မဆိုင်ပါဘူး
ယောက်ျားတစ်ယောက်ဟာ
ကိုယ်ပိုင် အရည်အချင်းရှိရမယ်
ရှိတဲ့အရည်အချင်း အပေါ်မှာ မူတည်ပြီး
ကောင်းမွန်သော ဘဝ ရပ်တည်မှုအတွက်
အသုံးချတတ်ရမယ်
စစ်မှန်တဲ့ မေတ္တာစိတ် ရှိမယ်
အဓိက
မအေ နှမချင်း ကိုယ်ချင်းစာစိတ်
အပြည့်အဝရှိတဲ့ သူကို ပိုင်ဆိုင်ခွင့်ရမယ်ဆို
မင်းဟာ ကံကောင်းသူပါပဲ
လောကမှာ အိမ်ထောင်ရေး ကံကောင်းဖို့ဆိုတာ
ပိုက်ဆံရှိမှ ရာထူးဂုဏ်ရှိမှ မဟုတ်ပါဘူး
လူသားဆန်တဲ့ အိမ်ထောင်ဖက်ကို ရထားမှ
ကံကောင်းတာပါ
Credit
#အိမ်ထောင်ရေး
26/03/2023
#မိန်းမကောင်းတို့၏အင်္ဂါ ၈ ပါး
(၁)ထမင်းစားသောအခါ မိခင်ကဲ့သို့လုပ်ကျွေးသောမိန်းမ။
(၂)လင်သားကို အဝတ်စားပြုပြင်ပေးတတ်သောမိန်းမ။
(၃)ဘေးအန္တရာယ်ကြုံသောအခါ တိုင်ပင်၍ ရသောမိန်းမ။
(၄)ကျွန် မကဲ့သို့လုပ်ကျွေးတက်သောမိန်းမ။
(၅)လင်သားကို မောင်ကဲ့သို့ရှက်ကြောက်ရိုသေလေးစားတက်သောမိန်းမ။
(၆)လင်သား၏အလိုကိုလိုက်၍ သည်းခံနိုင်သောမိန်းမ။
(၇)မွေ့လျော်ပျော်ဘွယ်များကို ပြုတက်သောမိန်းမ။
(၈)အရောင်အဆင်းရှိရှိ လှလှပပပြုပြင်နေထိုင်တက်သောမိန်းမ
------------------------------------------------
#အိမ်ထောင်ရေး ရှောင်ရှားနိုင်ရန်
၁။ လူရှေ့သူရှေ့ မရှောင် အိမ်ထောက်ဘက်ကို အပြစ်တင်ခြင်း
**********************
လင်နဲ့မယား လျှာနဲ့သွားပါ။
အိမ်ထောင်သက် ရလာတာနဲ့ အမျှ အထစ်အငှော့လေးတော့ ရှိတတ်ကြပါတယ်။ လူရှေ့သူရှေ့ မရှောင် တဘက်သားကိုအပြစ်တင် ရန်ထောင်ရင်တော့ ရန်ပွဲ ဖြစ်လာမှာပါ။ အဲလိုရန်ဖြစ်တာ ပြဿနာကို ပြေလည်အောင် မဖြေရှင်း နိုင်တဲ့ အပြင်မီးလျှံထဲကို ဓါတ်ဆီ လောင်းလိုက်သလို ဖြစ်သွားတတ်ပါတယ်။နောက်ဆုံးကျရင် ဘယ်သူမှ အလျှော့ ပေးလို့ မရတဲ့ အနေအထား ရောက်သွားတတ်ပြီး ပွဲသိမ်းဖို့ ခက်ခဲသွားပါတယ်။ ဒါကြောင်မို့လို့ လင်မယား မှတ်ထားရ မှာက မည်သူရဲ့ရှေ့မှာမဆို အိမ်ထောက်ဘက်ကို အပြစ်တင်မိတာမျိုး လုံးဝရှောင်ကြင်ပါ။ လက်ဝါးတဘက် ထဲ ဘယ်တော့မှ လက်ခုတ်တီးလို့ မရပါဘူး။
၂။ သားသမီး ရှေ့မှာ ရန်ဖြစ်ခြင်း*******************
မိဘဆိုတာ သားသမီး ရဲ့ အားကိုးရာ ဖြစ်သလို
ခိုလုံရာ လည်းဖြစ်ပါတယ်။ လင်မယားနှစ်ယောက်
ပြဿနာ တစ်ခုခု ရှိခဲ့ရင် သားသမီးကို ရှောင်ပါ။
လင်မယား ရန်ဖြစ်တယ်ဆိုတာ လူကြီး နှစ်ဦးရဲ့ ကိစ္စပါ။မိဘရန်ဖြစ်တာကို ကလေးတွေ တွေ့သွားရင် ကလေးရဲ့အတွင်းစိတ်ကို ထိခိုက်သွားနိုင်သလို
သူတို့ရဲ့ အနာဂတ်အိမ်ထောင်ရေး အပေါ်ထားရှိတဲ့ စိတ်ထား ကိုပါထိခိုက်နိုင်ပါတယ်။ တကယ်လို့ သားသမီးများဟာအိမ်မှာ သာယာတဲ့ အရသာကို မခံစားရဘူးဆိုရင်နောင်မျိုးဆက်တစ်ခုလုံးကို
ထိခိုက်သွားစေနိုင်ပါတယ်။
၃။ အိမ်ထောင်ဘက် နေမကောင်းတဲ့အခါ ရန်ဖြစ်ခြင်း
***************************
အိမ်ထောင်ဘက် တစ်ဦးဦးက နာမကျန်းဖြစ်နေရင်
စိတ်ဓါတ်ကျပြီး စိတ်ဆိုးလွယ်တတ်လေ့ရှိပါတယ်။
အဲဒီအချိန်မှာ ရန်ဖြစ်မိရင် အိမ်ထောင်ရေးကို
လုံး၀ထိခိုက်သွားနိုင်ပါတယ်။
၄။ အနာဟောင်း ပြန်ဖော်ခြင်း
*********************
ရန်ဖြစ်တိုင်း အနာဟောင်းကို ပြန်ဖော်တာမျိုး
လုံးဝရှောင်ကြင်သင့်ပါတယ်။ မမှားတဲ့ရှေ့နေ မသေတဲ့ဆေးသမားဆိုသလို လူတိုင်းကိုယ်စီ တစ်ခုခု မှား ဖူးတတ်ကြစမြဲပါ။အနာဟောင်းကို လက်ကိုင်တုတ်အဖြစ် ခဏခဏထုတ်သုံးရင်တော့ အဲဒီအိမ်ထောင်ရေးပြန်အဆင်ပြေဖို့ ခက်ခဲသွားတတ်ပါတယ်။
၅။ အိမ်ထောင်ဘက် ၏ မိဘနဲ့ အိမ်သားများကို
ထိခိုက်စေသော စကားများ
*********************
ရန်ဖြစ်တယ်ဆိုတာ တစ်ခုခုအပေါ် မကျေနပ်လို့ သဘောမတူနိုင်လို့ ဖြစ်ပါတယ်။ အဲဒီကိစ္စအပေါ်သာ အချေအတင် ငြင်းခုန်သင့်ပါတယ်။အိမ်ထောင်ဘက်ရဲ့ မိဘနဲ့ မိသားစု ကို စောင်းပြောတာမျိုး၊ထိခိုက်စေတဲ့ စကားမျိုး လုံးဝရှောင်ကြင်ရမှာပါ။
၆။ ပစ္စည်းလွင့်ပစ်တတ်တဲ့ အကျင့်
************************
ရန်ဖြစ်ပြီဆိုမှ နဂိုကတည်းက အသံက
ကျယ်လှောင်ပြီးသား၊ ပစ္စည်းလွင့်ပစ်တဲ့ အသံ၊ ခုန်ထု တဲ့အသံ၊ ပစ္စည်းကျကွဲသွားတဲ့အသံ တွေနဲ့ ရောသွားရင် ပွဲအများကြီး ပိုကြမ်းသွားတတ်ပါတယ်။ ချစ်လို့ယူထားကြတာပဲ၊ပစ္စည်းလွင့်ပစ်လို့ ကျကွဲတယ်ဆိုတာ နှလုံးသားကျ ကွဲတာနဲ့တူတတ်တယ်။
၇။ စိတ်နာစေတဲ့ စကားအသုံးအနူန်းများ
***************************
စိတ်ဆိုးအောင်လုပ်လို့ ရတယ်။ စိတ်နာအောင်မလုပ်ကြပါနဲ့၊စိတ်နာစေတဲ့ စကားမျိုး လုံးဝရှောင်ကြင်သင့်ပါတယ်။ ရှင်ကိုအားကိုးလို့တော့ သူတောင်းစားပဲဖြစ်သွားမှာ၊ သူများယော့င်္ကျားတွေကြည့် ပိုက်ဆံရှာဘယ်လောက်တော်လဲ၊ရှင်နဲ့တစ် စက်ကလေးမှ မတူဘူး စတဲ့စကားမျိုး ကို မပြောဆိုရပါ။
၈။ သေတာနဲ့ ချိန်းခြောက်ခြင်း
********************
ငါအသက်ရှင်နေတာ ဘာထူးသေးလဲ၊
ငါအသက်မရှင်ချင်တော့ဘူး ၊ ငါမင်းကို သေပြမယ်
စသည်ဖြင့် သေတာနဲ့ ချိန်းခြောက် တာမျိုး
လုံးဝရှောင်ကြင်သင့်ပါတယ်။
၉။ လက်ပါ ခြင်း
**************
ဘယ်လောက်ပဲ စိတ်ဆိုးစိတ်ဆိုး ကိုယ့်လက်ကိုလုံး၀ ထိန်းထားရပါမယ်။ တစ်ချက်ရိုက်မိသွားရင်ချစ်ခဲ့သမျှ အတိုးရော အရင်းပါ ဆုံးရူံးသွားနိုင်ပါတယ်။
ပြင်ပ ဒဏ်ရာ ကုစားရ လွယ်သလောက် စိတ်တွင်းက ဒဏ်ရာကို ဖျောက်ပစ်ဖို့ မလွယ်လှပါ။
၁၀။ ကွဲမယ် ဆိုတဲ့စကား အလွယ်တကူသုံးခြင်း
******************
ဘယ်သူပဲ ဖြစ်ဖြစ် စိတ်ဆိုးတဲ့ အခါ ဖြစ်ချင်ရာဖြစ်
ဆိုတဲ့စိတ် မျိုး ၀ငျတတျပါတယျ။ ကွဲမယ်ဆိုတဲ့ စကားဟာ အင်မတန်မှ ကြောက်စရာ ကောင်းတဲ့ နိမိတ် ဖြစ်တတ်ပါတယ်။
နောက်ဆုံး ပြောချင်တာကတော့ ရန်မဖြစ်တာ အကောင်းဆုံးပါ။ အချစ်ဆိုတာဟာ အိမ်ထောင်သက် ကြာလာတာနဲ့
အမျှရင်ခုန်တာတွေ ဓါတ်လိုက်တာတဖြည်းဖြည်း
ပျောက်ကွယ်သွားပေမဲ့ တစ်ဦးအပေါ်တစ်ဦး ဆက်ပြီးတန်ဖိုးထားနေသေးခြင်းကို ဆိုလိုပါကြောင်း
တင်ပြလိုက်ရပါတယ်။
#အိမ်ထောင်ရေး သက်တမ်း ခိုင်မြဲအောင်
၁။ အပြန်အလှန် လေးစားပါ
ခင်ပွန်းကလည်း ဇနီးဖြစ်သူကို လေးစားပါ။ ဇနီးကလည်း ခင်ပွန်းကို လေးစားပါ။ ထိုသို့ အပြန်အလှန် လေးစားခြင်းဟာ အိမ်ထောင်းရေး အတွက် အခြေခံ အုတ်မြစ်တစ်ခု ဆိုလည်း မှားမယ် မထင်ပါ။
၂။ ယုံကြည်မူ
ဘာမှ မဟုတ်တဲ့ ကိစ္စလောက်ကိုပင် မယုံမကြည် မတွေးသင့်ပါ။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ယုံကြည်မူ ထားရှိခြင်းအားဖြင့် အတော်အတန် ပြဿနာများကို ဖြေရှင်းနိုင်ပါလိမ့်မယ်။
၃။ အနစ်နာခံခြင်း
ခင်ပွန်း အတွက် ဇနီးသည်က အနစ်နာခံ သလို ဇနီးအတွက်လည်း ခင်ပွန်းက အနစ်နာ ခံပေးပါ။ ထိုသို့ မဟုတ် ဘယ်သူ သာတယ် ဘယ်သူ နာတယ်လို့ တွေးတောနေရင်တော့ မကောင်းပါ။
၄။ မိမိတာဝန် မိမိကျေပွန်ပါစေ
ခင်ပွန်းမှာလည်း ခင်ပွန်း တာဝန်ယူထားတဲ့ တာဝန် ရှိသလို ဇနီးမှာလည်း ဇနီးသည် တာဝန်ယူတဲ့ ကိစ္စ တာဝန်တွေ ရှိကြပါတယ်။ ထိုတာဝန်တွေကို နှစ်ယောက်လုံး ကျေပွန်ကြပါစေ။
၅။ မေတ္တာစစ်နဲ့ ချစ်ပါ
ချစ်ခြင်း မေတ္တာကတော့ ကျယ်ပြန့်ပါတယ်။ မိမိ၏ အိမ်ထောင်ဖက် အပေါ် ချစ်မှသာ အိမ်ထောင်ရေးက ရေရှည်ခိုင်မြဲမှာ ဖြစ်ပါတယ်။ ထိသို့ မဟုတ်ဘဲ ချစ်ခြင်း မေတ္တာ မရှိတဲ့ အိမ်ထောင်ရေး ဆိုတာ ရေရှည်ခိုင်မြဲဖို့ဆိုတာ
ခက်ခဲပါတယ်။
.
မေသဝဏ်လွှာ
Click here to claim your Sponsored Listing.
Category
Website
Address
Myithar Road
Yangon