DLM

DLM

Share

မြန်မာနိုင်ငံသားမှန်ရင် အချင်းချင်း ကူညီလက်တွဲပြီး တိုးတက်အောင်လုပ်ကြမယ်

04/11/2022

ခရီးသွားလုပ်ငန်းဆိုင်ရာ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးသင်တန်း (အခမဲ့)

ကမ္ဘာပေါ်မှာ ဘယ်တော့မှ ပျောက်ကွယ်မသွားမယ့် လုပ်ငန်းဟာ ခရီးသွားလုပ်ငန်းဖြစ်ပါတယ်...
Smokeless Industry လို့ခေါ်တဲ့ ခရီးသွားလုပ်ငန်းဟာ ရိုးရိုးလေးလို့ ထင်ရပေမယ့် တကယ်တန်းလေ့လာကြည့်ရင် အင်မတန်မှ ကျယ်ပြန့်လှပါတယ်..
ဝန်ဆောင်မှုလုပ်ငန်းမျိုးလည်း ဖြစ်တာကြောင့် မိမိနိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေအတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါတယ်...
မိမိနိုင်ငံရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းအမွေအနှစ်တွေ၊ တောတောင် ရေမြေနဲ့ ပင်လယ်ကမ်းခြေ စတဲ့သဘာဝဆုလာဘ်တွေ၊ ယဉ်ကျေးမှု‌ဓလေ့တွေ၊ သမိုင်းဝင်အဆောက်အအုံတွေ၊ ရိုးရာအစားအစာတွေနဲ့ ဆောင်ရန် ရှောင်ရန်တွေကို နှိုက်နှိုက်ချွတ်ချွတ် မှန်မှန်ကန်ကန် သိရှိရန် ဝါရင့် ဆရာ ဆရာမကြီးများက သင်ကြားပေးကြမှာဖြစ်ပါတယ်...

ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး သင်ကြားပေးတဲ့ သင်တန်းတွေဟာလဲ နည်းပါးနေသေးတာကြောင့် ခုလိုအခွင့်ကြုံတုန်းမှာ တက်ထားသင့်တဲ့ သင်တန်း တစ်ခုဖြစ်ပါတယ်...

ဘယ်လိုလူမျိုးတွေ တက်သင့်လဲ
- ဧည့်လမ်းညွှန် လုပ်ကိုင်လိုသူများ
- သံတမန် လုပ်လိုသူများ
- မြန်မာ့ဓလေ့ထုံးတမ်းစဥ်လာများကို သိရှိလိုသူများ
- Service Industry မှာ ကျွမ်းကျင် ပိုင်နိုင်လိုသူများ
- မိမိနိုင်ငံအကြောင်း ဗဟုသုတရှာမှီးလိုသူများ
အတွက် အထူးသင့်လျော်တဲ့ အခမဲ့ ရှားပါးသင်တန်းတစ်ခုဖြစ်ပါတယ်...

ဘယ်လိုသင်မှာလဲ
သင်တန်းကိုတော့ စာတွေ့ရော လက်တွေ့ပါ သင်ကြားပေးမှာဖြစ်ပြီး မြေပြင်ဆင်းရမယ့်သင်တန်းရက်များလည်း ပါပါတယ်။ မြေပြင် လက်တွေ့ ကွင်းဆင်းရတဲ့ရက်များမှာ ထမင်း၊ ကော်ဖီ၊ မုန့် ကျွေးမွေးပါမယ်။
ရခဲတဲ့အခွင့်အရေးကို လက်လွတ်မခံကြဖို့ တိုက်တွန်းလိုက်ပါတယ်...

သင်တန်းအစီအစဉ်
သင်တန်းစမည့်နေ့ • ၁၂-၁၁-၂၀၂၂
သင်တန်းရက် • စနေ တနင်္ဂနွေ
သင်တန်းချိန် • ညနေ ၃ နာရီမှ ၅ နာရီ
သင်တန်းကာလ • နာရီ ၇၀
သင်တန်းကြေး • အခမဲ့
သင်ကြားမှုစနစ် • လူတွေ့ + Zoom
သင်တန်းနေရာ • သင်ရိုးပါအတိုင်း
အသက်ကန့်သတ်မှု • ၁၆နှစ်နှင့် အထက်
လိုအပ်ချက် • အင်္ဂလိပ်စာအခြေခံရှိရမည်

အမည်စာရင်းပေးရန် link
https://docs.google.com/forms/d/e/1FAIpQLScnG6MopPV-fxRHarQdw4kq-ufRLnr_XAAJALrU9G59IY22Ig/viewform

Sponsored by -
Myanmar-China Business Mutual Aid Association

မြန်မာ့အားမာန် DLM

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Website

Address


Lower KyeeMyinDaing Road
Yangon
11101