PSR Procurement and Supply Chain Management Training
PSR (Phray Sal Rar) Certificate Level Vocational Training: Your gateway to a successful career in Procurement and Supply Chain.Unlock your potentail.
09/03/2026
Procurement starting point or PR
Procurement ကို တာဝန်ယူ လုပ်ကိုင်နေကြတဲ့ Professional အတွက် Strategy Sourcing ရဲ့ Part တစ်ခု (or ) Procurement Process တစ်ခုရဲ့ စမှတ် (Starting Point) လို့ ပြောကြတဲ့ PR ……
Purchase Request or Requisition ဆိုတာ
Company ရဲ့ ငွေကြေး တပြားက အစ ဝယ်ယူ သုံးစွဲမယ်ဆို ဘယ် Staff မဆို မဖြစ်မနေ PR တင်ကိုတင်ကြရတယ်။ အဆင့်ဆင့် ခွင့်ပြုချက်တွေ တောင်းကြရလေရော တိကျသေချာတဲ့ Spec တွေ Sample တွေ TOR တွေ BOQ တွေ ပေးပြီး အဝယ်မမှားရအောင် Asset and Inventory Balance ကိုကြည့်ပြီး ဝယ်ရမယ့် Quantity ကို Confirm လုပ်ကြတယ်။ အဓိက ကတော့ Cost Control , Fraud Prevention and Corruption ,budget tracking လုပ်ဖို့ရန် အတွက် PR က အရေးပါတယ်။
Budget forecasting အတွက် သတ်မှတ်ထားတဲ့ ဝယ်ယူမူ လျာထားချက်တွေ 100% အကောင်အထည်ဖော် ဆောင်မူအတွက် PR နဲ့ ချိတ်ဆက်ထားကြပြီး PR preparation with details က Procurement lead time အပေါ်မှာရော ဘယ်လောက် Impact ရှိနိုင်မလဲ။
User /Requester side ကရော PR ‘s SOP ကို မှန်ကန်စွာ လိုက်နာဖို့ ဘယ်လောက်နားလည်သဘောပေါက် အသုံးပြုတတ်လည်းဆိုတာအရေးကြီးသလို Procurement team ဘက်ကရော PR ရဲ့ Proposed delivery Date ကို ရအောင် ဝယ်နိုင်ကြရဲ့လား။
Budget controller ဘက်ကရော တက်လာတဲ့ PR တစောင်ကို ဘာကို ကြည့်ပြီး Approve လုပ်ပေးလဲ?။ Finance ဘက်ကရော PR က Procurement plan မှာ ပါရဲ့လား Budget code မှန်ရဲ့လား DOA approved person မှနိရဲ့လားစစ်ကြတာလား။
ကျွန်တော်တို့ အတွေ့အကြုံအရ PR နဲ့ ပတ်သတ်ရင် Company Type and SOP အပေါ် ကွဲပြားတဲ့ PR အမျိုးအစား လုပ်ဆောင်ပုံ ဆက်စပ်ပူးပေါင်းလုပ်ကြရာမှာ လုပ်ငန်းခွင်မှာအမြဲ ကြုံရတဲ့ Challenges တွေကို အခြေခံရင်း ထွက်လာတဲ့ မေးခွန်းများစွာရှိတဲ့ အထဲက ဆွေးနွေးစရာ တစ်ခု ဖြစ်မယ့်
Topic 1 of PR : “Without PR or with PR for any procurement threshold? “
♦️ ဘယ် Procurement threshold မ ဆို PR လိုမလို ဆိုတာ Ngo or Company policy ကြောင့် ကွဲပြားမူရှိ
♦️တချို့က Direct Purchase ဆို PR မလိုဘူး ဒါပေမယ့် Asset item ‘s ဝယ်မယ်ဆိုရင်တော့ တချို့က PR လိုပြန်ရော
♦️Any staff က PR မပါဘဲ (Direct Purchase ) ကို ကိုယ်တိုင် Run တာ ကြုံဖူးသလို
♦️Only Procurement Staff က အသေးအမွားကအစ Company all staff တွေရဲ့ လိုအပ်ချက်ကို နေတိုင်း Direct Purchase or 3RFQ -Comparison Stage နဲ့တင် တိုင်ပတ်နေရော
♦️SOP’s policy ထဲမှာရော PR ကို User Guideline တိတိကျကျ ရေးမထားရင် အထာနပ်တဲ့ Staff တွေက လက်တစ်လုံးခြားလုပ်ကြမလား/မေးခွန်းထုတ်ကြမလား
♦️ကောင်းကျိုးဆိုးကျိုး ကတော့ Without PR ဆို Process မြန်တယ် အချိန်မီ ဝယ်နိုင်တယ် ဘာမမလိုဘူး ဒါပေမယ့် Audit အကြိုက် ထောက်ပြစရာကောင်းနေပြန် Asset control မရှိနိုင် 3RFQ Comparison ကို Skip လုပ်ချင်လို့ Small purchase ကို ကြိမ်ဖန်များစွာ လုပ်နိူင်ချေများတယ် ကြာလာရင် budget control အားနည်းလာပြီး fraud and corruption ဖြစ်နိုင်ချေများ
will be continuous …………………. welcome any comments
David Oung Trainer
18/02/2026
15/02/2026
🛎PSRရဲ့ သာမန်နဲ့ မတူတဲ့ အထူးအစီအစဥ် 🛎
လုပ်ငန်ခွင် လက်တွေ့ အသုံးချ 100% သေချာသော သင်တန်း
သင်တန်းသား တစ်ဦးတည်းသီးသန့် ဆရာနဲ့ One by One သင်ကြားနိုင်မယ့် (Zoom Online ) ၀န်ဆောင်မှုလေး ပြန်လာပါပြီ
✅Procurement (Basic to Intermediate level) Course
✅Warehouse ( Basic to Intermediate level) Course
✅Office Asset Management Course
✅Office Cars Management in Fleet Course
✅Office Admin and Support Management Course
ဘယ်သူတွေ လေ့လာသင်ယူသင့်ပါသလဲ ?
• ပုံမှန်သင်တန်းရက်တွေမှာ တက်ရောက်သင်ကြားဖို့ အချိန်မပေးနိုင်တဲ့သူများ
• အရေးတကြီးလုပ်ငန်းခွင်၀င်ဖို့ အမြန်ရက်ဆက်သင်တန်းတက်ရောက်ချင်သူများ
• လုပ်ငန်းခွင်မှာ ကျွမ်းကျင်စွာ ယုံကြည်မှုရှိရှိ လုပ်ကိုင်နိုင်ဖို့ အခက်ကြုံနေရသူများ
• နေ့စဥ် မရိုးနိုင်အောင် ပြဿနာတွေနဲ့ ရှုပ်ထွေးပြီး လုပ်ငန်းခွင်မှာ ရှေ့ဆက်ဖို့ ယုံကြည်မှုပျောက်နေသူများ အတွက် အထူးသင့်တော်ပါတယ်
(နှစ် ၂၀ ကျော် အတွေ့အကြုံရှိပြီး သင်တန်းသား/သူ 900 ကျော်အထိ သင်ကြားပို့ချပြီးဖြစ်တဲ့ ဆရာ (David Oung ) နဲ့ စာသင်ရင်း လုပ်ငန်းခွင်အခက်အခဲတွေကို ဆွေးနွေးခွင့်ရမှာပါ)
(တစ်ဦးချင်း သီးသန့် သင်တန်းကို စာရင်းပေးသွင်းဖို့ စုံစမ်းနိုင်ပါပြီ)
(သင်ကြားမည့်သူ၏ လုပ်ငန်းအတွေ့အကြုံ၊ ပညာအရည်အချင်းအပေါ် မူတည်၍ သင်တန်းကာလ နှင့် သင်တန်းကြေး အပြောင်းအလဲရှိနိုင်ပါတယ်)
တစ်ဦးချင်းဖြစ်စေ တစ်ဦးထက်ပိုသည်ဖြစ်စေ သင်တန်းကြေး၊ သင်တန်းရက်၊ သင်တန်းအချိန်များကို (အထူး)ညှိနှိုင်းဆောင်ရွက်ပေးပါမည်။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon
11182