Channel MM
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Channel MM, Writer, Yangon.
30/04/2026
"အလကားရတဲ့ကာမ"(စ/ဆုံး)
----------------------
အခန်း (၁)
ကျွန်မဘဝရဲ့ အမှောင်မိုက်ဆုံးညဟာ ကြယ်တွေစုံနေတဲ့ ညတစ်ညဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ ကျွန်မတို့ ချစ်သူသက်တမ်း တစ်နှစ်ပြည့်ဖို့ ရက်ပိုင်းအလိုမှာပေါ့။ သူက ကျွန်မရဲ့ ကမ္ဘာဦးသူရဲကောင်း၊ ကျွန်မရဲ့ ပထမဆုံးသော အရာရာ ဖြစ်ခဲ့တယ်။ "ကျွန်မက လူတစ်ယောက်ကို ချစ်မိရင် အကုန်ပုံအောပေးတတ်တဲ့ အကျင့်ရှိတယ်… အဲ့ဒါပဲ ကျွန်မဘဝကို ပျက်စီးစေခဲ့တာ" လို့ အခုမှ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောမိတယ်။ သူနဲ့ပတ်သက်ရင် ကျွန်မမှာ အားနည်းချက်တစ်ခုပဲ ရှိတယ်၊ အဲ့ဒါက "သူမရှိရင် မဖြစ်ဘူး" ဆိုတဲ့ ကြောက်စိတ်ပဲ။
အခန်း (၂)
အစတုန်းကတော့ အရာရာဟာ ပန်းခင်းလမ်းပါ။ သူက ဂရုစိုက်တတ်တယ်၊ နွေးထွေးတယ်။ ကျွန်မ သူ့ကို အရမ်းယုံကြည်ခဲ့လို့ ဘဝရဲ့ တန်ဖိုးအရှိဆုံး "ပထမဆုံးအကြိမ်" ကိုပါ သူ့လက်ထဲ ပုံအပ်ခဲ့မိတယ်။ အဲ့ဒီအချိန်တုန်းက သူက ကျွန်မရဲ့ နဖူးလေးကို နမ်းပြီး "ကိုယ် မင်းကို ဘယ်တော့မှ ပစ်မသွားဘူး၊ လက်ထပ်တဲ့အထိ တာဝန်ယူမှာပါ" လို့ ကတိတွေ ပေးခဲ့တာ။ ကျွန်မကလည်း အဲ့ဒီစကားကို ဘုရားဟောကျမ်းစာလို ရင်ထဲစွဲမှတ်ပြီး သူ့ကို ကျွန်မရဲ့ အနာဂတ်ခင်ပွန်းလောင်းအဖြစ် သတ်မှတ်ခဲ့တာပေါ့။
အခန်း (၃)
ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သူဟာ ကျွန်မအပေါ် စိတ်တိုင်းမကျမှုတွေ များလာတယ်။ တစ်နေ့တော့ သေးသေးမွှားမွှား ကိစ္စလေးတစ်ခုကနေ စကားများကြတယ်။ ကျွန်မကလည်း စိတ်တိုတိုနဲ့ "ဒီလောက်တောင် ဖြစ်နေရင် လမ်းခွဲလိုက်ရအောင်" လို့ ပြောလိုက်မိတယ်။ ဒါဟာ တကယ်လမ်းခွဲချင်လို့ မဟုတ်ပါဘူး၊ သူ့ဆီက "မခွဲနိုင်ဘူး" ဆိုတဲ့ ချော့မြူသံလေးကို ကြားချင်ရုံ သက်သက်ပါ။ ဒါပေမဲ့ ကျွန်မ တွေးတာ မှားသွားတယ်။ သူက "အေး… ပြီးရောလေ" ဆိုတဲ့ စကားတစ်ခွန်းပဲ ပြောပြီး ဖုန်းချသွားခဲ့တယ်။
အခန်း (၄)
နောက်ရက်တွေမှာ ကျွန်မ စောင့်နေခဲ့တယ်။ သူ ဖုန်းဆက်မလား၊ စာပို့မလားပေါ့။ ဒါပေမဲ့ ဖုန်းက တိတ်ဆိတ်နေတုန်းပဲ။ ကျွန်မရဲ့ Messenger မှာ သူ Active ဖြစ်နေတာကို တွေ့ရပေမယ့် ကျွန်မဆီ စာတစ်ကြောင်းမှ မလာဘူး။ ကျွန်မ ပို့လိုက်တဲ့ "တောင်းပန်ပါတယ်၊ စိတ်တိုလို့ ပြောမိတာပါ" ဆိုတဲ့ စာတွေကို သူ Seen လုပ်ပေမယ့် ပြန်မလာခဲ့ဘူး။ No Contact ဆိုတာ လူတစ်ယောက်ကို အရှင်လတ်လတ် သတ်တဲ့ နည်းလမ်းမှန်း ကျွန်မ အဲ့ဒီတော့မှ သိလိုက်ရတယ်။
အခန်း (၅)
ကျွန်မ အရှက်ကို ဘေးဖယ်ပြီး သူ့ဆီ သွားတွေ့ခဲ့တယ်။ ငိုယိုပြီး တောင်းပန်ခဲ့တယ်။ "ကျွန်မတို့ကြားမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ထည့်မတွက်တော့ဘူးလား" လို့ မေးတဲ့အခါ သူက အေးစက်စက် မျက်လုံးတွေနဲ့ ကြည့်ပြီး "အဲ့ဒါက မင်းဆန္ဒအရ ဖြစ်ခဲ့တာလေ၊ ငါက အဓမ္မကျင့်တာမှ မဟုတ်တာ" တဲ့။ အဲ့ဒီစကားက ကျွန်မရဲ့ ရင်ဘတ်ကို ဓားနဲ့ အချက်ပေါင်းများစွာ အထိုးခံရသလိုပဲ။ တာဝန်ယူပါ့မယ်ဆိုတဲ့ လူက အခုတော့ အဲ့ဒီကိစ္စကို ဘာမှမဟုတ်သလိုမျိုး လျစ်လျူရှုလိုက်ပြီ။
အခန်း (၆)
"နင်… တကယ်အဲ့လိုလုပ်နိုင်တာလား…" ကျွန်မ အသံတွေ တုန်ယင်နေတယ်။ ကျွန်မ ယူမယ့်သူကျရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အားငယ်စိတ်တွေ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိတော့ဘူးဆိုတဲ့ အတွေးတွေက ကျွန်မကို ဝါးမြိုနေပြီ။ သူကတော့ ဘာမှမဖြစ်သလိုပဲ။ ကျွန်မကို စွန့်လွှတ်ဖို့အတွက် အကြောင်းပြချက်တောင် ရှာမနေတော့ဘူး။ သူ တကယ်ချစ်ခဲ့တာက ကျွန်မကို မဟုတ်ဘဲ ကျွန်မပေးခဲ့တဲ့ "အရာ" ကိုပဲ ဖြစ်မယ်ထင်တယ်။ အသုံးချခံလိုက်ရပြီဆိုတဲ့ အသိက နှလုံးသားကို အပိုင်းပိုင်း ကွဲကြေစေတယ်။
အခန်း (၇)
အခုတော့ ကျွန်မတို့ လမ်းခွဲခဲ့ကြပြီ။ သူကတော့ နောက်ထပ် မိန်းကလေးတစ်ယောက်နဲ့ ပျော်နေလောက်ပြီ။ ကျွန်မက
-»» အစ/ဆုံးကောမန့်မှာဆက်ဖတ်သွားပါရှင့် 👇👇👇
29/04/2026
စေတနာ(စ/ဆုံး)
--------
နွေဦးရဲ့ အပူရှိန်က ရန်ကုန်မြို့ပြရဲ့ လမ်းမထက်မှာ တရိပ်ရိပ် တက်နေတယ်။ ပလက်ဖောင်းပေါ်က သစ်ပင်အိုကြီးအောက်မှာ ဦးဟန်တင် တစ်ယောက် ဖုန်တွေတင်နေတဲ့ သူ့ရဲ့ ဖိနပ်ပြင်ကိရိယာတွေကို အိတ်ထဲ သိမ်းကျုံးထည့်နေမိတယ်။
“ဒီနေ့တော့ ထမင်းချိုင့် မပါဘူးလား ဦးလေးကြီး”
ဘေးနားက ကွမ်းယာဆိုင်က ကောင်လေးက လှမ်းမေးတော့ ဦးဟန်တင်က ဖျော့တော့တော့ ပြုံးပြလိုက်တယ်။ သူ့ရင်ထဲမှာတော့ ဆူးတစ်ချောင်း စိုက်ဝင်နေသလို ခံစားနေရတာ တစ်ပတ်ရှိပြီ။
လွန်ခဲ့တဲ့ တစ်ပတ်က အဖြစ်အပျက်က ဦးဟန်တင်ရဲ့ စိတ်ကို ရိုက်ချိုးလိုက်တာပါ။ အမြဲတမ်း စေတနာထားပြီး ဖိနပ်ပြင်ပေးတတ်တဲ့ ဦးဟန်တင်ဆီကို လူငယ်တစ်ယောက် ရောက်လာတယ်။ တန်ဖိုးကြီးပုံရတဲ့ အသားရေဖိနပ်တစ်စုံက ကွဲအက်နေလို့ ဦးဟန်တင်က စေတနာအပြည့်နဲ့ သေချာချုပ်ပေး၊ ဆေးတင်ပေးခဲ့တယ်။
“သား... ဒါက အသားကောင်းတယ်၊ စိုနေအောင် တိုက်ပေးထားတယ်” လို့ ပြောပြီး သင့်တင့်တဲ့ လက်ခပဲ တောင်းခဲ့တာပါ။
ဒါပေမဲ့ နောက်ရက်မှာတော့ အဲ့ဒီလူငယ်က သူ့သူငယ်ချင်းတွေနဲ့အတူ ရောက်လာပြီး ဦးဟန်တင်ကို လူပုံအလယ်မှာ အော်ဟစ်ဆဲဆိုပါတော့တယ်။
“ခင်ဗျား ဘာဆေးတွေ သုံးလိုက်တာလဲ။ ကျွန်တော့်ဖိနပ် အရောင်တွေ ကွက်ကုန်ပြီ။ ခင်ဗျားလို လမ်းဘေးဖိနပ်ချုပ်သမားက ဒါမျိုးကို ဘာနားလည်မှာလဲ။ မပြင်တတ်ရင် မပြင်နဲ့လေဗျာ။ အခုတော့ ကျွန်တော့်ဖိနပ် အလကားဖြစ်သွားပြီ”
ဦးဟန်တင်က ကြောင်စီစီနဲ့ ကြည့်နေတုန်းမှာပဲ အဲ့ဒီလူငယ်က ဆိုင်ရှေ့က ဖိနပ်ချုပ်တဲ့ ခုံလေးကို ခြေထောက်နဲ့ ကန်ချသွားခဲ့တယ်။ ဘေးပတ်ဝန်းကျင်ကလူတွေက ဝိုင်းကြည့်နေကြပေမဲ့ ဘယ်သူမှ ဝင်မတားကြဘူး။ အဆိုးဆုံးကတော့ ဦးဟန်တင် အခမဲ့ ပြင်ပေးနေကျ၊ ခင်မင်ရပါပြီဆိုတဲ့ ရပ်ကွက်ထဲက လူအချို့တောင်မှ “အေးလေ... အိုပြီပဲ၊ မလုပ်နိုင်ရင် နားပေါ့” ဆိုတဲ့ လှောင်ပြုံးနဲ့ ကြည့်သွားကြတာပဲ
ကောမန့်က အပြာရောင် လင့် ကိုနှိပ်ပြီး ဆက်ဖတ်နိုင်ပါတယ်ခင်ဗျ👇👇
Click here to claim your Sponsored Listing.
Category
Website
Address
Yangon