It Computer Center
Wisdom is a stealing pot
06/11/2020
အိမ်မှာ Stay at home နေရင်း🏡
ဖုန်း 📱 computer 💻 ကြည့်ရသူများအတွက်
သတိထားရမယ့် eye notice 👁👀လေး 😊😊
02/11/2020
🖥️ Computer ကို ဆရာကျကျ မြန်မြန်ဆန်ဆန်
အသုံးပြုချင်တဲ့ သူငယ်ချင်းတွေအတွက်
Windows 10 အသုံး၀င် shortcut keys များစုစည်းမှု
⏭️ Start = Windows Key ⏮️
Start + M - ဖွင့်ထားတဲ့ windows တွေကို ချုံ့ပြီး taskbar ပေါ်မှာ နေရာချပေးပါလိမ့်မည်။
Start + Shift + M - task bar ပေါ်မှာချုံ့ပြီး ခဏနေရာချထားတဲ့ windows တွေကို size ကြီးပြန်ချဲ့ပေးပါ တယ်။
Start + E - Windows ရဲ့ အင်ဂျင်စက်ခန်းလို့ ခေါ်ဆိုနိုင်တဲ့ windows explorer ကိုဖွင့်ပေးပါတယ်။
Start + R ( Windows Key + R) - Start menu မှာရှိတဲ့ “Run” box ကိုဖွင့်ပေးပါတယ်။
Start + F - windows search dialog box ကိုဖွင့်ပေးပါတယ်။
Start + Ctrl + F - search box ကိုဖွင့်ပေးပါတယ်။
တကယ်လို့ computer ဟာ network ချိတ်ဆက် ထားရင် computer dialog box ကိုဖွင့်ပေးပါတယ်။
Start + Pause (Break) - System properties dialog box ကိုဖွင့်ပေးပါတယ်။
F1 - အကူအညီ တစ်စုံတစ်ရာ လိုအပ်ရင် နှိပ်ပါ။
Ctrl + Esc - Start Menu ကိုဖွင့်ပေးပါတယ်။
Alt + Tab - ဖွင့်ထားသော Program တွေ တစ်ခုနှင့်တစ်ခုအကြား ကိုကူးပြောင်း အလုပ်လုပ်စေနိုင်ပါ သည်။
Alt + F4 - ဖွင့်ထားတဲ့ Program ကနေထွက်ခွာစေပါတယ်။
အလုပ်လုပ်လျက်သားဖြစ်နေရင် သာမာန်ပုံစံအတိုင်း “save” လုပ်မလားလို့ မေးပါလိမ့်မယ်။
Shift + Del - Select ပေးပြီးရွေးချယ်ထားတဲ့ ဖိုင်တစ်ခုကို အပြီးတိုင် ဖျက်ဆီးပစ်ပါလိမ့်မည်။
Windows program key combination
Ctrl + C (copy) - မိတ္တူပွားပေးပါတယ်။
Ctrl + X (cut) - တစ်နေရာမှတစ်နေရာကို ကူးပြောင်းနေရာရွှေ့ဖို့အတွက် အဆင်သင့် ဖြစ်နေပြီဖြစ်တဲ့ လုပ်ငန်းစဉ်ပါ။
Ctrl + V (Paste) - မိတ္တူပွားပြီးသား ဖိုင်တစ်ခုကို ပြန်လည်နေရာချထားပေးပါတယ်။
Ctrl + Z (undo) - undo လုပ်ဆောင်ခဲ့သော အလုပ်ကို မနှစ်သက်တဲ့အခါ မူလအခြေအနေအတိုင်း ပြန်ရောက်စေပါတယ်။
Ctrl + B (Bold) - Document အတွင်းမှာရှိတဲ့ text တွေကို ပိုမိုထင်ရှားအောင်ပြုလုပ်ပေးပါတယ်။
Ctrl + U (Underline) - Document တစ်ခုအတွင်းမှာရှိတဲ့ text အောက်ခြေမှာ မျဉ်းတားလိုတဲ့အခါ သုံးကြပါတယ်။
Ctrl + I (Italic) - Document တစ်ခုအတွင်းမှာရှိတဲ့ text တွေကို စောင်းအောင်ပြုလုပ်ပေးပါတယ်။
Mouse/ Keyboard Modifier
Shift + right click (တစ်ချက်) - Right click နှင့်တူသည်။ active windows ရဲ့ display menu ကိုဖွင့်ပေးပါတယ်။
Shift + Left click (နှစ်ချက်) - File (သို့) Folder ရဲ့ properties ကိုပြပေးပါတယ်။ Alt + left click (နှစ်ချက်)
General Keyboard
F10 - Menu bar မှာရှိတဲ့ Options တွေကို အဆင်သင့်ဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။
Ctrl + Esc - Start Menu ကိုဖွင့်ပေးပါတယ်။
Shift + F10 - ရွေးချယ်ထားတဲ့ ဖိုင်တစ်ခုအတွက် “shortcut” ဖိုင်ငယ်ကလေးတစ်ခုပြုလုပ်ပေးပါတယ်။
Alt + down arrow - drop down list box ကျလာစေပါတယ်။
Software တစ်ခုအတွင်းမှာပဲဖြစ်ဖြစ်၊ တစ်ခြား
နေရာ တစ်ခုမှာပဲဖြစ်ဖြစ် features တိုင်း၌ လုပ်ဆောင်စွမ်း box ငယ်လေးများကိုယ်စီ ရှိကြသည်။
Alt + Tab - ဖွင့်ထားတဲ့ လုပ်ငန်းစဉ်တိုင်းအား တစ်ခုနှင့်တစ်ခု အကြားကူးပြောင်းစေနိုင်ပါတယ်။
တကယ်လို့ Alt Key ကိုဖိထားပြီး Tab Key ကိုလွှတ်လိုက်မယ်ဆိုရင် လုပ်ဆောင်ဆဲ လုပ်ငန်းစဉ်မှန်သမျှကို အလွယ်တကူကြည့်ရှုနိုင်ပြီး လုပ်ငန်းပြောင်းလဲနိုင်ပါတယ်။
Shift + ? - တကယ်လို့ shift key ကို ဖိနှိပ်ထားပြီး CD-ROM ဒါမှမဟုတ် DVD တစ်ချပ်ကို ထည့်သွင်းလိုက်မယ်ဆိုရင် အဲဒီ CD/DVD ရဲ့ “Auto Run” box တက်လာပါမယ်။
CD မှာ virus ပါ၀င်မှု ရှိ၊ မရှိ ကို စစ်ဆေးလိုတဲ့ အခါမှာ အသုံး၀င်ပါတယ်။
Alt + Space - Restore, move, size, minimize, maximize စတဲ့ command တွေပါ၀င်တဲ့ system restore box ကိုပြပါတယ်။
Alt + hyphen - Multiple Document Interface ကိုပြသပေးပါတယ်။
Alt + underlined letter - Software တစ်ခုအတွင်းမှာ သတိထားကြည့်မယ်ဆိုရင် options bar ရဲ့ feature တွေမှာ မျဉ်းတားထားတဲ့ စာသားလေးတွေမျိုးစုံကို တွေ့ရပါလိမ့်မယ်။ Alt ကိုဖိနှိပ်ထားပြီး အခုန စာသားလေးကို နှိပ်လိုက်တဲ့အခါမှာ အဲဒီ “feature” ရဲ့ “drop down box” (ပါ၀င်တဲ့ လုပ်ဆောင်ချက်တွေ) ပွင့်လာပါမည်။
Ctrl + F4 - address bar ကိုဖွင့်ပေးပါတယ်။
Alt + F6 - Alt + tab အလုပ်လုပ် ပုံအတိုင်း ဖြစ်ပါတယ်။
Selected objects and Shell objects
F2 - ရွေးချယ်ထားတဲ့အရာ၀တ္ထုကို နာမည်အသစ်ပြန်ပေးဖို့ အဆင်သင့် ဖြစ်နေစေပါတယ်။
F3 - File တွေကို အကုန်လုံး ကိုရှာပေးမယ်။
Alt + Enter - ရွေးချယ်ထားတဲ့ အရာ၀တ္ထုရဲ့ properties ကိုဖော်ပြပေးပါတယ်။
ဖိုင်တစ်ခု မိတ္တူပွားရန် - Ctrl key ကိုနှိပ်ထားပြီး အဲဒီဖိုင်ကို မတူညီတဲ့ တခြားနေရာကို ရွေ့ပေးပါ။
အပေါင်းလက္ခဏာ သေးသေးလေး ပေါ်လာပြီ မိတ္တူပွားပေးပါလိမ့်မည်။
Shortcut တစ်ခုဖန်တီးရန် - Ctrl နဲ့ Shift key တွေကို ဖိနှိပ်ထားရင်း ဖန်တီးချင်တဲ့ folder ဒါမှမဟုတ် အရာ၀တ္ထုကို ဖန်တီးလိုတဲ့နေရာဆီကို drag ဆွဲယူပါ။
F4 - object ကို select ပေးထားရင်းနဲ့ F4 ကိုနှိပ်ရင် address bar ကို ဖွင့်ပေးပါတယ်။
General folders/ shortcut control
F5 (Refresh) - လုပ်ဆောင်နေတဲ့ အလုပ်တွေကို ပြန်လည် လန်းဆန်းစေပါတယ်။
F6 - Window Explorer အတွင်း ဟိုဘက်၊ ဒီဘက် cursor ကိုရွေ့နိုင်ပါတယ်။
Ctrl + A - အရာ၀တ္ထုများအားလုံးကို select လုပ်ပေးပါတယ်။
တကယ်လို့ desktop ပေါ်မှာ item တစ်ခုကို click နှိပ်ပြီး “Ctrl + A” command သုံးလိုက်ရင် ကျန်တဲ့ item တွေကိုပါရွေး ချယ်ပြီးသားဖြစ်သွားပါလိမ့်မည်။
Shift + Click + close button- ဖွင့်ထားတဲ့ Folder တွေမှန်သမျှ အားလုံးကိုပိတ်ပေးပါတယ်။
Window explorer အတွင်း
* (Keypad) - ရှိရှိသမျှ root folder တွေအားလုံးကို အကုန်ဖွင့်ပေးပါတယ်။
+ (Keypad) - root folder တစ်ခုအတွင်းရှိ ရှိရှိသမျှ file တွေအားလုံးကို ဖွင့်ပေးပါတယ်။
- (Keypad) - root folder တစ်ခုအတွင်းရှိ ဖွင့်ထားခဲ့တဲ့ file တွေကိုပိတ်ပေးပါတယ်။
Right Arrow - “+” နဲ့ အလုပ်လုပ် ပုံချင်းတူပါတယ်။
Left Arrow - “-” နဲ့ အလုပ်လုပ် ပုံချင်းတူပါတယ်။
Properties Control
Ctrl + Tab - Mouse မသုံးဘဲ keyboard နဲ့ခုန်ပြန်ကျော်လွှားသွားနိုင်ပါတယ်။
(Ctrl + Tab + Shift)
*Mouse အသုံးမပြုပါက Mouse properties တချို့ ကို disable လုပ်ထားလျှင် ပိုကောင်း၏၊*
Accessibility Shortcuts
Shift ကိုငါးကြိမ်နှိပ်တဲ့အခါမှာ- Control Panel ထဲမှာရှိတဲ့ Accessibility options ကို select ပေးပါတယ်။
Shift ကို ငါးကြိမ်ဆက်တိုက်နှိပ်ရင် PC ထဲကနေ “ကွိ” ဆိုတဲ့ အသံကလေး ပေါ်လာပါလိမ့်မယ်။ ပြီးရင်တော့ Shift key ကို save မလုပ်ချင်ရင် cancel လုပ်ပါ။
Right Shift ကိုရှစ်စက္ကန့်အကြာ- ညာဘက် Shift Key ကို ရှစ်စက္ကန့်ကြာအောင် နှိပ်ထားရင်လည်း filter key box လေးပေါ်လာပါလိမ့်မည်။
Number Lock key ကိုငါးစက္ကန့်- Number Lock key ကိုငါးစက္ကန့်ကြာအောင်ဖိနှိပ်ထားတဲ့အခါမှာလည်း ထိုနည်းလည်း ကောင်းပါပဲ၊ အလုပ်လုပ် ပုံချင်းသာကွဲပြားသွားမှာပါ။
Left Alt + Left Shift + Number lock- PCထဲက “ကွိ” အသံလေးအတွက် function ပဲဖြစ်ပါတယ်။
အဓိကအားဖြင့် တော့ mouse key ကို အပိတ်၊ အဖွင့်လုပ်စေချင်တာပါ။
Left Alt + Left Shift + print Screen- မြင့်မားတဲ့ ပုံရိပ်တွေကို ရယူလိုတဲ့အခါမှာ အဆိုပါ keyboard တွဲကို တွဲဘက်နှိပ် ပေးပါ။
Keyboard Keys
Start (Windows logo) + D - Windows တွေကို task bar ပေါ်ကို ခဏတင်ပေးပါတယ်။
Ctrl + Start + F - Search box ကိုဖွင့်ပေးပါတယ်။
ခွေးလေးကိုမလိုချင်ရင်ပယ်ဖျက်ထားလို့ရပါ တယ်။
Ctrl + Start + Tab - Address bar ဆီကို ချက်ချင်း cursor ချပေးပါတယ်။
Start + Tab - Taskbar ပေါ်မှာ စုပြုံဖွင့်ထားတဲ့ folder တွေဆီကို တစ်ခုကနေ တစ်ခု ကူးပြောင်းနိုင်ပါတယ်။
Start + Pause (Break) - System Properties ကိုချက်ချင်းဖွင့်ပေးပါတယ်။
Application key - File or folder ရဲ့ Properties ကိုဖွင့်ပေးပါတယ်။
Document box Command
Tab - dialog box ထဲမှာဆိုရင် နောက်တစ်ခုကို သွားဖို့အဆင်သင့် ဖြစ်နေပါတယ်။
Shift + Tab - လာခဲ့တဲ့ Control ဆီကိုပြန်သွားပေးပါတယ်။
Spacebar - ရွေးချယ်ပြီးလုပ်ပါတယ်။ (e.g. button တစ်ခုကို ရွေးချယ်ထားတယ်။
အဲဒီ button ကို click နှိပ်ရုံပဲ။ ဥပမာ check box တစ်ခုကို ရွေးချယ်ထားမယ်ဆိုရင် space bar တစ်ချက်ပုတ်ရုံပဲ။ ဥပမာ နှစ်ခုပြပေးထားပါတယ်။ တစ်ခုကို ရွေးချယ်ရမယ်ဆိုတဲ့နေရာမှာ Enter နဲ့တူပါတယ်။
Esc - အရာအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းဟာ “cancel” ရဲ့ အလုပ်လုပ်ပုံနဲ့တူတယ်။
Alt + Underlined Letter - Alt ကိုဖိထားပြီး underline သားထားတဲ့ အက္ခရာကို နှိပ်မယ်ဆိုရင် အဲဒီ command အတွက် Shortcut တစ်ခုပါပဲ။
Enter - Object တစ်ခုကို select ပေးပြီး OK Button နှိပ်လိုက်တာနဲ့ဆင်တူတယ်။
original uploader
28/10/2020
Photoshop Menu Bar မှ
Menu များနှင့် အသုံးပြုပုံများ
----------------------------------------------------
(ဂ) Image Menu
(၁) Mode– Mode တွင် အောက်ပါတို့ ပါဝင်သည်-
(a) Bitmap – Bitmap အရောင်စနစ်နှင့် Resolution ပြောင်းလဲခြင်း။
(b) Grayscale - မီးခိုးရောင်၊ အဖြူ၊ အမဲစနစ်သို့ ပြောင်းလဲခြင်း။
(c) RGB Color – အနီ၊ အစိမ်း၊ အပြာ (၃)မျိုးစပ် အရောင်စနစ် ပြောင်းလဲခြင်း။
(d) CMYK Color – Cyan, Magenta, Yellow, Black (၄)မျိုးစပ် အရောင်စနစ် ပြောင်းလဲခြင်း။
(၂) Adjustmentsတွင် အောက်ပါတို့ ပါဝင်သည်-
(a) Levels – အရောင်ပါဝင်မှု အနည်း/အများ ပြင်ဆင်ခြင်း။
(b) Auto Levels – အလင်းအမှောင်ကို Auto ချိန်ညှိခြင်း။
(c) Auto Contrast – အရောင်တောက်ပမှု ပြင်ဆင်ခြင်း။
(d) Auto Color – အရောင်များကို Auto ချိန်ညှိခြင်း။
(e) Curves– အရောင် အလင်းအမှောင်ကို ပြင်ဆင်ခြင်း။ (Ctrl+M)
(f) Color Balance – အရောင်များကို လိုသလို ချိန်ညှိခြင်း။ (Ctrl+B)
(g) Brightness/Contrast – အလင်းအမှောင်နှင့် အရောင်တောက်ပမှုများအား ပြင်ဆင်ခြင်း
(h) Hue/Saturation – ရောင်စဉ်ရွေးချယ်မှု၊အလင်း/အမှောင်တို့ကို ပြင်ဆင်ခြင်း။
(i) Desaturate – Gray အရောင်များအဖြစ် ပြောင်းလဲခြင်း။
(j) Match Color – အရောင်များအား ပေါင်းစပ်ခြင်း။
(k) Replace Color – အရောင်များ အစားထိုးခြင်း။
(l) Selective Color – Object တစ်ခုချင်းတွင် ပါဝင်သော အရောင်များကို အသေးစိတ် ထပ်မံခွဲခြား၍ ပြင်ဆင်ခြင်း။
(m) Gradiend Map – ရွေးချယ်ထားသော ပုံဒီဖိုင်းရှိ အရောင်အားလုံးကို Gradient (အရောင်ပြေး)အဖြစ် ပြောင်းလဲခြင်း။
(n) Photo Filter – အသုံးပြုလိုသော အထူးပြုလုပ်ချက် Filterရွေးချယ်ပေးခြင်း။
(o) Shadows/ Highlight – ပုံများတွင် မှောင်ရိပ်ကျရောက်မှု၊ အလင်းနည်းမှုများအား ပြင်ဆင်ခြင်း။
(p) Invert - Nagative ပုံမျိုးဖြစ်အောင် ပြောင်းလဲခြင်း။ (Ctrl+I)
(q) Equalize – အလင်းအမှောင် အရောက်တောက်ပမှုများကို အလိုအလျောက် ပြင်ဆင်ခြင်း။
(r) Treshold – အရောင်အားလုံးကို အဖြူ/အမဲ နှစ်ရောင်အဖြစ် ပြောင်းလဲခြင်း။
(s) Variations – အရောင်ပြင်ဆင်မှု နမူနာပုံစံများဖြင့် ပြင်ဆင်ခြင်း။
(၃) Duplicate- Image Layer တစ်ခုလုံးအား Copy ပွားရာတွင် အသုံးပြုသည်။
(၄) Image Size - Image File တစ်ခုလုံး၏ အရွယ်အစားကို ပြင်ဆင်ရာတွင် အသုံးပြုသည်။
(၅) Canvas Size- Image File၏ Background အရွယ်အစားအား လိုအပ်သည့် ပမာဏ ချဲ့ရာတွင် အသုံးပြုသည်။
(ဃ) Layer Menu
(၁) New
(a) Layer – Layer အသစ်ဖန်တီးရာတွင် သုံးသည်။ (Shift+Ctrl+N)
(b) Layer from Background – Background Layer အား သာမာန် Layer အဖြစ် အသုံးပြုခြင်း။
(c) Layer Set – Layer များကို အုပ်စုဖွဲ့ရာ၌ အသုံးပြုသည်။
(d) Layer via Copy – Layer ပေါ်တွင် Selection သတ်မှတ်ပြီး ထပ်မံ Copy ကူးရာတွင် အသုံးပြုသည်။ (Ctrl+J)
(e) Layer Via Cut – Layer ပေါ်တွင် Selection သတ်မှတ်ပြီး Cut ပြုလုပ်၍ Copy ကူးရာတွင် အသုံးပြုသည်။ (Shift+Ctrl+J)
(၂) Duplicate Layer - Layer ကို ပုံတူပွားခြင်းတွင် အသုံးပြုသည်။
(၃) Delete - Layer ကို မလိုအပ်တော့သည့်အခါ ဖျက်နိုင်သည်။
(၄) Layer Style
(a) Blending Options – Layer Object များအား လိုအပ်သလို ပြင်ဆင်နိုင်သည်။
(b) Drop Shadow – နောက်ခံ အရိပ်ထည့်ရာတွင် အသုံးပြုသည်။
(c) Inner Shadow – Object အတွင်းပိုင်း အရိပ်ထည့်ရာတွင် အသုံးပြုသည်။
(d) Outer Glow – အပြင်သို့ အရောင်ဖြာခြင်းတွင် အသုံးပြုသည်။
(e) Inner Glow – အတွင်းသို့ အရောင်ထည့်ခြင်းတွင် အသုံးပြုသည်။
(f) Bevel and Emboss – ဖောင်းကြွ အလင်းအမှောင် ပြုလုပ်ရာတွင် အသုံးပြုသည်။
(g) Satin – Layer Object နဲ့ ပုံစံတူ ပုံရိပ်ထည့်ခြင်းတွင် အသုံးပြုသည်။
(h) Color Overlay – အရောင်တစ်ခုကို ရွေးချယ် ထပ်ဖြည့်ခြင်းတွင် အသုံးပြုသည်။
(i) Gradient Overlay – အရောင်ပြေးပုံများ ဖြည့်ရာတွင် အသုံးပြုပါသည်။
(j) Pattern Overlay – ရောင်စုံအကွက်များ ဖြည့်ရာတွင် အသုံးပြုသည်။
(k) Stroke– အနားသတ်လိုင်းဆွဲခြင်းတွင် အသုံးပြုသည်။
(၅) New Fill Layer - Layer အသစ်တွင် အရောင်တစ်ပါတည်းဖြည့်လိုလျှင် အသုံးပြုသည်။
(a) Solid Color – စိတ်ကြိုက်အရောင် ဖြည့်ရာတွင် အသုံးပြုသည်။
(b) Pattern – ရောင်စုံအကွက်များ ဖြည့်ရာတွင် အသုံးပြုသည်။
(၆) Type
(a) Create Work Path - ရိုက်ထားသော စာသားပတ်လည်တွင် Path လမ်းကြောင်း ပြုလုပ်ခြင်း။
(b) Convert to Shape - ရိုက်ထားသော စာသားပတ်လည်တွင် Shape ပုံစံပြင် ဆင်ခြင်း။
(c) Horizontal - ရိုက်ထားသော စာသားကို အလျားလိုက် ပြောင်းခြင်း။
(d) Warp Text - ရိုက်ထားသော စာသား ပတ်လည်တွင် Shape ပုံစံပြင်ဆင်ခြင်း။
(၇) Arrange - Layer များအား အထက်/အောက်သို့ ပြောင်းလဲရာတွင် အသုံးပြုသည်။
(၈) Align Linked - Layer Object အား ညှိယူရာတွင် အသုံးပြုသည်။
(၉) Lock All Linked Layers - Link လုပ်၍ ချိတ်ဆက်ထားသော layer များအား မရွေ့မပြောင်းနိုင်အောင် ပြုလုပ်ရာတွင် အသုံးပြုသည်။
(၁ဝ) Merge Linked - Link လုပ်ထားသော layer များအား layer တစ်ခုတည်းအဖြစ် Link ချိတ်ဆက် ပေါင်းစည်းခြင်း။
(၁၁) Merge Visible - Background Layer မှအပ ကျန် layer များအားလုံးကို layer တစ်ခုတည်းအဖြစ် ပေါင်းစည်းခြင်း။
(၁၂) Flatten Image - Layer အားလုံးကို Background Layer အဖြစ် ပေါင်းစည်းခြင်း။
TO ORGINAL
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Insein
Yangon
Opening Hours
| Monday | 09:00 - 20:30 |
| Tuesday | 09:00 - 20:30 |
| Wednesday | 09:00 - 20:30 |
| Thursday | 09:00 - 20:30 |
| Saturday | 09:00 - 20:30 |
| Sunday | 09:00 - 20:30 |