The Fool's Idea
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Fool's Idea, Riom No, 1215, Bogyoke Aung San Road, Yangon.
15/10/2017
❝ မဟာဘုတ် အဖွား အဟော အဓိပ္ပာယ် ဖွင့်ဆိုချက် ❞
◤ ◥
ပုတိဖွား အဟော အဓိပ္ပာယ် ဖွင့်ဆိုချက်
◣ ◢
မိဘများ က ခက်ခဲစွာ မွေးဖွား ခဲ့ ရတတ်သည် ။ နုမြော တွန့်တို တတ်သော စိတ် ရှိသည် ဟု အထင် ခံရ တတ်သည် ။ တခါတရံ ဘာမှ တန်ဖိုး မရှိသော ကိစ္စများတွင် ကပ်သတ်နေတတ်ပြီး တန်ဖိုးကြီး တဲ့ ကိစ္စများ ကို ဆုံးရှုံး ခံရဲသော သတ္တိ ရှိသူ ဖြစ်သည် ။ အမြဲတမ်း အငြိမ် မနေပဲ သွားလာ လှုပ်ရှား နေထိုင် တတ်သော စိတ် ရှိသည် အနေအထိုင် ဝတ်စား ဆင်ယင် မူ ပိရိသေသပ်သူ ဖြစ်သည် ။ ကိလေသာ စိတ် အလွန် ထူပြောသူ ဖြစ်သည် ။ အထင်အမြင် လွှဲမှားမူ မကြာခဏ ခံရသူလည်း ဖြစ်သည် ။
◤ ◥
ဘင်္ဂဖွား အဟော အဓိပ္ပာယ် ဖွင့်ဆိုချက်
◣ ◢
ငယ်ရွယ်စဉ် မကြာခဏ ချူ ချာမူ ကြုံရတတ်သည် ။ အခက်အခဲပေါင်း များစွာဖြင့် ဘဝကို လှုပ်ရှား နေရ တတ်သည် ။ အပျက်အဆီး ပေါများ ၍ ဘေးရန် ဥပါဒ် များစွာ ဖြင့် လုပ်ကိုင် ရတတ်၏ ။ အသုံးအဖြုန်း ကြီး၍ အငြိမ် နေလိုစိတ် မရှိပဲ အမြဲတမ်း လှုပ်ရှားမူ များပြား၏ ။ အပြောင်းအရွှေ့ အပြောင်းအလဲ ပေါများ တတ်၏ ။ စိတ် အပြောင်း အလဲ မြန်ဆန်သူ ဖြစ်၏ ။
◤ ◥
မရဏဖွား အဟော အဓိပ္ပာယ် ဖွင့်ဆိုချက်
◣ ◢
ငယ်ရွယ်စဉ် ရောဂါဘယ ထူပြော တတ်၏ ။ ကျန်းမာရေး မကြာခဏ အညံ့ ကြုံတတ်၏ ။ ငယ်ရွယ်စဉ် ဘဝ ကို အခက်အခဲ များစွာ ဖြင့် ရုန်းကန် ရတတ်၏ ။ သည်းခံစိတ် နည်းပါး တတ်ပြီး စိတ်ဓာတ် ပြင်းထန် သူ ဖြစ်၏ ။ ဘဝတွင် မကျေနပ်စရာ မခံချုင်စရာ ဒေါသထွက်စရာများ ကြိမ်ဖန် များစွာ ကြုံရ တတ်၏ ။ အရာရာ ကို အခက်အခဲ များစွာ ကြုံတွေ့ ပြီးမှ သာ အောင်မြင် တတ်၏ ။ နက်နက် နဲနဲ တွေးခေါ် ကြံဆ တတ်သူ ဖြစ်၏ ။ ဘဝ အစပိုင်း ခက်ခဲမူ ကြုံတွေ့ တတ်ပြီး အိုဇာတာ တွင် အောင်မြင် ကြီးပွား စေတတ်၏ ။
◤ ◥
အထွန်းဖွား အဟော အဓိပ္ပာယ် ဖွင့်ဆိုချက်
◣ ◢
ထည်ဝါ ခံ့ညားစွာ နေထိုင် တတ်သူ ဖြစ်၏ ။ ဗဟုသုတ ကြွယ်ဝပြီး ဘာမဆို စပ်စပ်စုစု သိချင်သူ ဖြစ်၏ ။ လူချစ်လူခင် ပေါများစေ တတ်၏ ။ အောင်မြင် ကျော်ကြားစေ တတ်၏ ။ နေရာတကာ စပ်စပ် စုစု ပါဝင် လုပ်ကိုင် ဆောင်ရွက် တတ်သည့် အမူ အကျင့် များ ပါရှိ နေတတ်သူ ဖြစ်၏ ။
◤ ◥
သိုက်ဖွား အဟော အဓိပ္ပာယ် ဖွင့်ဆိုချက်
◣ ◢
ငယ်ရွယ်စဉ် ဘဝ ကို အကျဉ်းအကြပ် များစွာ ၊ အခက်အခဲ များစွာ ဖြင့် ရုန်းကန် ရတတ်၏ ။ နက်နဲသော အသိဥာဏ် အသိထူး ရှိသူများ ဖြစ်၏ ။ စိုးရိမ်စိတ် လွန်ကဲ ပြီး ကြိုတင် ပူပန် စိတ် များသူ ဖြစ်၏ ။ ဘာသာရေး ၊ သာသနာရေး အလုပ်များ ပြုလုပ် ရ တတ်၏ ။ သည်းခံစိတ် ကြီးမားကြပြီး အကြင်နာ ၊ ကရုဏာ တရား ပွားများ တတ်သူ ဖြစ်၏ ။ လျှို့ဝှက်သော အကြံအစည်များ ထားတတ်၏ ။ တစ်ခါတစ်ရံ စေ့စပ် သေချာစွာဖြင့် အလွဲလွဲ အမှားမှား ပြုလုပ် တတ်သူ ဖြစ်၏ ။ ဘဝ ကို အကျဉ်းအကြပ် အခက်အခဲများ ကြုံတွေ့ ပြီးမှသာ အောင်မြင်စေတတ်၏ ။
◤ ◥
ရာဇဖွား အဟော အဓိပ္ပာယ် ဖွင့်ဆိုချက်
◣ ◢
မည်သည့် အလုပ် ကို မဆို ထက်မြက် ထူးချွန် စွာ ဆောင်ရွက် တတ်သူ ဖြစ်၏ ။ စစ်ဖက် ၊ စက်မူ နှင့် တိုက်ခိုက်ရေး အလုပ်များ အပြိုင်အဆိုင် ဖြင့် လုပ်ရသော လုပ်ငန်းများ ကို ဝါသနာ ပါသူ ဖြစ်တတ်သည် ။ ငွေ အသုံးအဖြုန်း ကြီး၍ လက်ဖွာသူ ဖြစ်၏ ။ ဘဝ တွင် လိမ်လည် ရှုပ်ထွေး နေရသော ဘဝမျိုးတွင် ကျင်လည် ဖြတ်သန်း လာရ တတ်သည် ။ လူအများ အပေါ် သြဇာ ရှိသော အလုပ် များ လုပ်ကိုင် ရတတ်၏ ။ ပွင့်လင်းမူ မရှိခြင်း နှင့် ဟန်ဆောင် ဖုံးကွယ်မူ များပြားသူ ဖြစ်၏ ။ အမျိုးသားများ အိမ်ထောင်ရေး အညံ့ ကြုံ တတ်၏ ။
◤ ◥
အဓိပတိဖွား အဟော အဓိပ္ပာယ် ဖွင့်ဆိုချက်
◣ ◢
လူ အများ အပေါ် အုပ်ချုပ် ရတတ်၏ ။ အကြီးအကဲ ဖြစ်တတ်၏ ။ ဆရာ အခေါ် ခံရ တတ်၏ ။ ပူပင် ကြောင့်ကြမူဖြင့် လှုပ်ရှား လုပ်ကိုင် နေရ တတ်၏ ။ ဘဝင်မြင့် ၍ မာန ကြီးသူ ခေါင်းမာသူ ဖြစ်တတ်၏ ။ မိမိ ဂုဏ်သိက္ခာ ကို အမွှန်း တင်လိုခြင်း ။ မည်သူ့ကိုမျှ ဦးစား မပေးခြင်း ၊ ဂရုမစိုက်ခြင်း ကြောင့် လူမုန်း များတတ်၏ ။ အမျိုးသမီးများ အိမ်ထောင်ရေး အညံ့ ကြုံ တတ်၏ ။
۞ မိမိ၏ ဖွားမြင်သော ခုနှစ်လေး ကြည့်ပြီး မဟာဘုတ် အဖွားတွေ ဒီနေရာလေး က ကြည့်ရှူ ပေးကြပါ ۞
https://m.facebook.com/story.php?story_fbid=706554492887119&id=493133034229267
🔯 မိမိတို့ အတွက် အသုံးဝင်တဲ့ ပညာရပ် ၁ခု ဖြစ်တယ် ဆိုရင် မိမိတို့ မိတ်ဆွေများပါ သိခွင့်ရကြဖို့
စိတ်ကြိုက်သာ Share သွားကြပါနော် 🔯
✍ ဝေဒင်္ဂ ✍
Click here to claim your Sponsored Listing.
Website
Address
Riom No, 1215, Bogyoke Aung San Road
Yangon
11161