Chu-Life Insurance Advisor
Life Insurance
16/11/2023
အသက်အာမခံက
သေမှရတယ် လို့ပဲ သိထားတာလား။
ဒီအယူအဆ မှားတယ်လို့ မဆိုပေမယ့်
အပြည့်အစုံ မှန်ကန်တာတော့ မဟုတ်ပါဘူး။
အသက်အာမခံက မသေလည်း ရပါတယ်။
Product အမျိုးအစားနဲ့ အခြေအနေအရပ်ပေါ် မူတည်ပါတယ်....
အသက်အာမခံ Product အားလုံးကတော့ သေရင် ခံစားခွင့်ရတာချည်းပါပဲ။ သေရင် ရတယ်ဆိုတာက... မမျှော်လင့်ဘဲ ကံအဆိုးဆုံးကြုံတွေ့ခဲ့ရင် အမြင့်ဆုံးရရှိမယ့် ခံစားခွင့်ကို ဆိုလိုတာပါ။ ဘယ်သူမှ သေခြင်းနဲ့စောစီးစွာ မကြုံချင်သလို ဘယ်သူမှလည်း ဘယ်ချိန်သေမလဲ မသိပါဘူး။
တစ်ချို့က သေမှ ရတဲ့အချက်ကို ဘဝင်မကျပါဘူး။ ဒါက သူကိုယ်တိုင် ခံစားခွင့် မရှိလို့ပါ။
ဒီနေရာမှာ မေးစရာ ပေါ်လာပါတယ်။
သေရင် ဘယ်သူရမှာလဲ။
ကိုယ်ချစ်ရတဲ့သူ တစ်ဦးဦးပေါ့။
ကိုယ့်မိဘ ...
ကိုယ့်ဇနီး/ခင်ပွန်း ...
ကိုယ့်သားသမီး ... စသဖြင့်ပေါ့။ သူတို့ ရမှာပေါ့။
ဒါဆို ကိုယ်သေရင် သူတို့ ရရှိခံစားခွင့်ရှိမှာကို ဘာကြောင့် မလိုလားရသလဲ။
ကိုယ်အသက်ရှင်နေစဉ် ရှာဖွေလုပ်ကိုင်နေရတာကရော ဘယ်သူတွေအတွက်လဲ။ သူတို့အတွက်ပါပဲ။
ဆိုတော့ အသက်အာမခံ က
သေရင် ကိုယ်ချစ်ရတဲ့ သူတို့တွေအတွက်ပါ။
မသေရင် ကိုယ့်အတွက်ရော/သူတို့အတွက်ရောပေါ့။
ဘာတွေ ရမှာလဲ။
- မကျန်းမာလို့ ဆေးရုံတက်ကုသစရိတ်အတွက်လား။
- မတော်တဆမှုတွေကြောင့် ဆေးကုသစရိတ် အတွက်လား။
- ခရီးသွားနေစဥ် Accident ကြုံမိလို့ ဆေးကုသစရိတ်တွေ အတွက်လား။
-ကိုယ့်ကလေးတွေရဲ့ အနာဂတ် ပညာသင်ကြားရေးအတွက်လား ။
- သက်တမ်းပြည့်ခဲ့ရင် သွင်းခဲ့တဲ့ငွေ ပြန်ရတာ။
(ငွေစုခြင်းမျိုး)
ကိုယ့်မိသားစုအတွက် အကာအကွယ်ဖြစ်ချင်တာနဲ့ ကြည့်ပြီး ရွေးချယ်ရမှာပါ။ ကိုယ့်အသက်နဲ့ အရင်းပြုပြီး မိသားစုအနာဂတ်ကို အကာအကွယ် ပြုထားတာပါ။ ချစ်ခြင်းမေတ္တာပါ ပါတဲ့ ဆောင်ရွက်မှုပါ။ ထားတဲ့သူအတွက် ပီတိလည်း ဖြစ်ရပါတယ်။
ကိုယ်မျက်ကွယ်ပြုခဲ့ရင် ကိုယ့်မိသားစုအတွက်၊ ဇနီး/ခင်ပွန်းအတွက်၊ သားသမီးပညာရေးအနာဂတ်အတွက် အခက်အခဲမရှိ ငွေကြေးဖူဖူလုံလုံ မြောက်မြားစွာ ချန်ထားခဲ့နိုင်ပြီဆိုရင်တော့ အသက်အာမခံထားဖို့လည်း မလိုအပ်ပါဘူး။
ဘဝမှာ ရှောင်လွှဲမရတဲ့ ကိစ္စရပ်တွေ ကြုံတွေ့ခဲ့မယ်ဆို အရင်ဆုံး စိတ်ပူမိတာ မိမိရဲ့ မိသားစုကိုပါ။
ဟုတ်ပါတယ်။
အထူးသဖြင့် မိမိကို မှီခိုနေရလေ စိုးရိမ်ပူပန်မှုတွေ များလေပါပဲ။
ဒါတွေကို လျော့ကျဖို့ အတွက်ဆို မှန်ကန်စိတ်ချရတဲ့ သင့်တော်ရာ အသက်အာမခံ ဝယ်ယူထားသင့်ပါတယ်။
မတော်တဆထိခိုက်မှု/ ကျန်းမာရေးကိစ္စရပ်တွေကြောင့် ဆုံးရှုံးသွားတဲ့ငွေကြေးတွေအတွက် ကိုယ့်ရဲ့ အာမခံ အရင်းအနှီးကနေ ပြန်လည်အထောက်အကူ ရစေတယ်။
ရှောင်လွှဲမရတဲ့အရာတွေကြောင့် လူ့လောကကနေ မိမိအရင်နှုတ်ဆက်ရချိန်မှာ မိသားစုတွေ ကြုံတွေ့မယ့် စားဝတ်နေရေး၊ ငွေကြေးအခက်အခဲ၊ ကလေးကျောင်းစားရိတ် စသည့် ဘဏ္ဍာရေးလုံခြုံမှုကို ကိုယ့်ရဲ့ အာမခံ အရင်းအနှီးကနေ အကာအကွယ်ပေးထားတယ်။
နောက်တစ်ချက်က အသက်အာမခံထားပြီး ငွေကြေးစုဆောင်းခြင်းဟာ ဘဏ်စုငွေလိုမဟုတ်ဘဲ အထောက်အထား ပေါ်လစီစာချုပ် ရှိနေမှာဖြစ်ပြီး မိသားစု/သားသမီး အနာဂတ်အတွက် ငွေကြေးအရ ကာကွယ်မှု ဖြစ်နေစေမှာ ဖြစ်ပါတယ်။
တကယ်တော့ အသက်အာမခံဆိုတာ အသက်ငယ်ရွယ်လေ ပရီမီယံသက်သာလေမို့ ကိုယ်ကျန်းမာနေစဉ် အလုပ်လုပ်ကိုင် ဝင်ငွေရှာဖွေနိုင်စဉ် ကာလမှာကတည်းက Financial Planning တစ်ခုအနေနဲ့ စောလျင်စွာ ဝယ်ယူထားသင့်တဲ့ အာမခံမျိုး ဖြစ်ပါတယ်။ မျှော်လင့်မထားတဲ့ အခြေအနေများနဲ့ ကြုံတွေ့လာရတဲ့အခါမှာ ကျန်ရစ်သူ ဇနီး/ခင်ပွန်း၊ သားသမီး၊ မိဘ တို့အတွက် ငွေကြေးအရ ကာကွယ်ထောက်ပံ့မှု ရှိနေစေပါတယ်။ ကိုယ့်ဇနီး/ခင်ပွန်း ကြုံတွေ့လာနိုင်တဲ့ အခက်အခဲ၊ သားသမီးတွေရဲ့ ပညာရေးရည်မှန်းချက်၊ ချစ်ရသူတွေရဲ့ အနာဂတ်ကို ငွေကြေးအရ ထောက်ပံ့ကာကွယ်ပေးထားနိုင်တဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှု အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။
Credited:
Zin Nwe Chu
Agency Manager
09422192665
" Peace of mind "ဆိုတဲ့ စာသားလေး တွေးမိတော့ Share ချင်သွားမိတယ်. လတ်တလော ကိုယ် ကျင့်ကြံမိပြီး လက်တွေ့ စိတ်အေးချမ်းမှုလေး ရနေတာကို ခံစားမိလို့ပါ.
စိတ်အေးချမ်းခြင်း ဆိုတာ ကိုယ်ထားတဲ့ စိတ်ထဲကပဲ အေးချမ်းမှုကို ရနိုင်တယ်ဆိုတာ ကျင့်ကြံအားထုတ်ရင်းနဲ့မှ တကယ်ပဲခံစားမိလာတာမို့ပါ.
ပေးလာတဲ့ အပူကို ကိုယ်က မခံယူရင် ကိုယ့်မှာ ပူလာစရာ မရှိပါဘူး. ဘယ်က ဘယ်လိုပဲအပူတွေ လာပေး ပေး ကိုယ်က အေးချမ်းမှုနဲ့ ခံယူလိုက်ပါ.
ကိုယ်တိုင် အေးချမ်းနေဖို့သာ လိုအပ်ပါတယ်. ကိုယ့်ဆီက အေးချမ်းမှုသာ သူတပါးဆီ ကူးစက် လို့ အေးချမ်းကြပါစေ🙏🙏🙏
13/10/2023
New Product Training Day☂️☂️☂️
company ရဲ့ product အသစ်ထွက်တယ်ဆိုတော့ ကိုယ်မျှော်လင့်နေခဲ့တာလေးတွေများ ဖြစ်မှာလားလို့ စိတ်လှုပ်ရှားစွာနဲ့ တက်ဖြစ်ခဲ့တဲ့ Training လေးပေါ့📝
မိတ်ဆွေတွေ ဘဝတစ်လျှောက်လုံးအတွက် အကာအကွယ်တွေရရှိနေမယ့် #ထာဝရသုခအသက်အာမခံ အကြောင်းလေး ကြားလိုက်ရတော့ ပီတိတွေဖြစ်ပြီး ပတ်ဝန်းကျင်ကမိတ်ဆွေတွေ ဒီလိုမျိုးအကာအကွယ်တွေရရှိအောင်ကူညီပေးရမယ်ဆိုတဲ့ အသိစိတ်ချက်ချင်းရခဲ့ပါတယ်🙏🏻
#ထာဝရသုခအသက်အာမခံ အကာအကွယ်နဲ့ပတ်သက်ပီး အသေးစိတ်မေးမြန်းတွက်ချက်လိုသော မိတ်ဆွေများအတွက်
Zin Nwe Chu
Agency Manager
Chubb Life Myanmar
09422192665
[email protected] သို့ appointment လေးချိန်းဆိုပီး အသေးစိတ် ဆွေးနွေးတိုင်ပင်လို့ ရပါတယ်ရှင်🙏🏻
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Kabar Aye Pagoda Road
Yangon