Wati Collection
hi
ပျော်ရွှင်မှုမှာ Expire Date ရှိတယ်
အသက် 18 နှစ်မှာ ငယ်ငယ်က အရမ်းလိုချင်ခဲ့တဲ့
ရီမုဒ် ကားလေး ဝယ်နိုင်ပြီ
ဒါပေမဲ့ မလိုချင်တော့ဘူး။
အသက် 20 နှစ်မှာ လူကြီးတွေမပါဘဲ သူငယ်ချင်းတွေနဲ့တိရစ္ဆာန်ရုံတို့ Happy World တို့ သွားခွင့်ရနေပြီ။
ဒါပေမဲ့ မသွားချင်တော့ဘူး။
အသက် 25 နှစ်မှာ ရည်စားကိုပေါ်တင်တွဲလို့ ရပြီ
ဒါပေမဲ့ အရင်လောက် ရင်မခုန်တော့ဘူး။
အသက် 30 နှစ်မှာ အရက်ကို စိတ်ကြိုက်သောက်လို့ ရနေပြီ
ဒါပေမဲ့ ဆယ်ကျော်သက် ဘဝတုန်းကလောက် သောက်လို့ မကောင်းတော့ဘူး။
အသက် 45 နှစ်မှာ ကိုယ်စားချင်တဲ့ အစားစာတွေကို ဝယ်စားနိုင်နေပြီ
ဒါပေမဲ့ စိတ်ကြိုက်စားလို့ မရတော့ဘူး။
အသက် 65 နှစ်မှာ ခရီးသွားဖို့ အချိန်ရော ငွေရော ရှိနေပြီ
ဒါပေမဲ့ သွားချင်တဲ့ ခရီး သွားလို့မရတော့ဘူး။
အသက် 70 နှစ်မှာ ကြိုက်ခဲ့တဲ့ ပစ္စည်းတွေ ဝယ်နိုင်ပြီ။
ဒါပေမဲ့ မဝယ်ချင်တော့ဘူး။
ပျော်ရွှင်ခြင်းဆိုတာ ကိတ်မုန့်လိုပဲ Expire Date ရှိတယ် စားသင့်တဲ့ အချိန်မှာ စားမှ အရသာရှိတာ အချိန်မှီ မစားသုံးရင် နောက်ပိုင်းမှာ အရသာ မရှိတော့ဘူး။
လက်ရှိအချိန်မှာ လုပ်နိုင်သလောက်လုပ်ပြီး ပျော်နိုင်သလောက် ကိုယ့် ကိုယ်ကိုယ် ပျော်အောင်ထားပါ အရမ်းမတွေးပါနဲ့ စိတ်ဆင်းရဲမခံပါနဲ့ ဘဝကတိုတိုလေးပါ။
Crt.....
02/12/2023
အမြဲတမ်းတော့ သင်ခန်းစာတွေကိုချည်းမယူနဲ့ပီတိကိုလည်း ယူ
ခံနိုင်ရည်ဆိုတာ သုံးဖြုန်းတိုင်း ကောင်းတာမဟုတ်ဘူး။
သိလား. .. . . . ဘဝမှာ နှစ်ခါပြန်ချိုတဲ့ ပီကေလို အကြိမ်ကြိမ်အထပ်ထပ် ကြည်နူးနေရတဲ့ ပီတိမျိုးကိုရချင်ရင် အဓိကက စိတ်တွေကို လက်လွတ်စပယ် အလိုမလိုက်မိခဲ့ဖို့တော့ လိုတယ်။
လူဆိုတာ ပျော်အောင် နေရတယ် ၊
ပျက်အောင်တော့ မနေရဘူးတဲ့။
လူတိုင်း လူတိုင်းကို လိုက်ကြည့်လိုက် . ... . .
ရယ်ရွှင်နေတဲ့လူ၊ အောင်မြင်နေတဲ့ လူ ၊ ပြည့်စုံလျှံမောက်နေတဲ့ လူ၊ အားလုံးဟာ လောကဓံကို အားလုံးနီးတူ ကျော်ဖြတ်ခဲ့ရတဲ့ လူတွေချည်းပဲ။
ကိုယ်စီ ကိုယ်စီ ပြန်မတွေးချင်တော့မယ့် trauma တွေနဲ့၊ တစ်သက်တာ စွဲထင်နေတဲ့ memories တွေနဲ့။
ဒါပေမယ့် အဆင်ပြေတယ်၊ လက်ရှိအနေအထားမှာတော့ သူတို့ဟာ ရောက်သင့်တဲ့နေရာကိုရောက်နေတယ်။
ရှိသင့်တဲ့နေရာမှာ ရှိနေကြတယ် ။
ဘာလို့လဲ . ... . . . ..
စိတ်တွေကို လိုတာထက်ပိုပြီး အလိုမလိုက်ခဲ့လို့ ၊
သူတို့ဘဝကို ကယ်တင်တတ်လို့
တစ်ချို့က ရှိတယ် ၊
မရဘူး၊ ငါက တစ်ခုခုလုပ်ချင်စိတ်ဖြစ်လာရင်
မထိန်းနိုင်ဘူး၊ လုပ်ကို လုပ်လိုက်ရမှ
Ok. .. . .ဒါဆို တစ်ခုခုဖြစ်လာရင်လည်း ဘာမဆို ရင်ဆိုင်ဖို့ အဆင်သင့်ပြင်ထားတော့ပေါ့ ၊
လူတွေက ဒါကို ကျေနပ်အောင်တော့ ခေါင်းစဉ်တပ်ကြတယ်။
သင်ခန်းစာ ရလိုက်တယ် တဲ့ ၊
မှန်ပါတယ်၊ သို့သော် ခဏခဏဖြစ်နေရင်တော့မကောင်းဘူးနော်။
ခဏခဏဖြစ်နေရင်လည်း အဲဒါဘာသင်ခန်းစာမှ
ရတာမဟုတ်ဘူး။ ကိုယ့်ဘာသာ စိတ်အလိုလိုက်ပြီး ပြစ်ဒဏ်တွေ လိုက်ခံနေရရုံသပ်သပ်ပဲ။
ဒါကြောင့် နောက်ပိုင်း. . . ... .
သင့်သလောက် အမှားတွေ၊ သင်ခန်းစာတွေကို သင်ယူပြီးပြီဆိုရင်လည်း ထပ်ဖြစ်လာမယ့်
ဆန္ဒတွေ၊ ရွေးချယ်မှုတွေ၊ ဝေးဝါးမှုတွေနဲ့ ကြုံလာတိုင်းမှာ
ဘယ်အရာက နောင်တကင်းမလဲဆိုတာကိုပဲ ရှေ့ပြေးအနေနဲ့ ဦးစွာပထမစဉ်းစားပါ ၊
ကျူးလွန်ချင်နေသည့်တိုင် မှားမှန်သိရင် ငြင်းဆန်ပါ။
issues တွေ တပွေ့တပိုက်ကြီးနဲ့
ငါသင်ခန်းစာရပါတယ်လို့ အော်နေတာထက်စာရင်
Issues တွေကို ကာကွယ်တတ်လာပြီး . .... . .
ကြည့်စမ်း၊ ငါတော့ ဘယ်လိုအရာတွေကို ရှောင်တိမ်းနိုင်ခဲ့လို့ အခု ငါ့ခံနိုင်ရည်တွေကို မဖြုန်းတီးပဲ ပွင့်လန်းနေရတာပါလားလို့ ပြန်ပြန်တွေးပြီး ပီတိဖြစ်ကြည်နူးရတဲ့ ခံစားချက်က ဘယ်သန်မာမှုနဲ့မှ မလဲနိုင်ဘူးဆိုတာကို. .... ..
အဲဒီ့ Issues တွေကို ရှောင်းတိမ်းနိုင်လာတဲ့ တစ်နေ့ကျရင် သိလိမ့်မယ်
Credit to #နေမီကျော်
02/12/2023
တိတ်တဆိတ်လေး နေရတဲ့အရသာကို
သဘောကျလာလို့ ထင်ပါရဲ့ ...
သွေးအေးအေး နေနိုင်တယ်နော် ဆိုတဲ့
အကြောင်းတွေပြောလာရင် ပြုံးနေမိတယ်။
တကယ်တမ်းကျတော့ ~~
သွေးအေးအေးနေနိုင်သွားတယ် ဆိုတာ
သွေးအေးအောင် လုပ်ခဲ့တဲ့ သူတွေရှိလို့ပါ...
ကိုယ်ဘယ်လောက် သွေးအေးသွားလဲ ဆိုရင်
ဒါဟာ...ခေါင်းရှုပ်စရာလို့ စိတ်ထဲမှာ ထင်တာနဲ့
အဲဒီ အရာကို လွှတ်ချဖို့ပဲ တွေးတဲ့သူလို့
ပြောရင်တောင် မမှားပါဘူး။
တချို့လူတွေနဲ့ စကားတွေများပြီး
ငြင်းခုန်ရတာတွေကို ငြိုးငွေ့ လာတယ်"
အတိုက်အခိုက်တွေ တိုးဝင်လာရင်
ပြိုင်လုရတာတွေကို စိတ်ကုန်လာတယ်
ချစ်ခြင်းနဲ့ မုန်းခြင်းတွေကြားမှာ
ကြိတ်မှိတ် မျိုသိပ်ထားရတာကို မုန်းတယ်။
ပိုင်ဆိုင်ပြီးမှ ချောင်ထိုးထားတတ်တဲ့
အကျင့်ရှိတဲ့ လူတွေနဲ့ ကင်းအောင်နေချင်တယ်။
ဒါကြောင့် တစ်ခုခုဆိုရင် ကိုယ့်ကိုယ်ကိုယ်
ဦးစားပေးရွေးချယ်တတ်အောင် သင်ပြီး
ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင်
ဘယ်လိုနေရ မလဲဆိုတာပဲ အဖြေရှာတယ်။
အမှီအခိုမပါဘဲ ရပ်တည်နိုင်ဖို့ ကြိုးစားတယ်။
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် ချစ်ပေးတယ်။
စာအုပ်တွေနဲ့ ပိုရင်းနှီးအောင် နေပြီး
ကိုယ့်မေတ္တာနဲ့ ကိုယ်အေးချမ်းအောင် နေတယ်။
စိုးရိမ်ပူပန်မှုပေးတဲ့ အရာတွေရဲ့ အဝေးမှာ
ကျွန်မ တိတ်တဆိတ်လေးပဲ
ရှင်သန် နေရတဲ့ အရသာကို
အရင်ကထက် ပိုသဘာကျလာတယ်။ ။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11111