Thate Pan Hub

Thate Pan Hub

Share

An EdTech Social Enterprise providing accessible Digital Literacy and Basic Technology Education

Photos from Thate Pan Hub's post 08/04/2026

ပြဿနာတွေကို နည်းပညာနဲ့ အဖြေရှာတတ်တဲ့ ကလေးလေးတစ်ယောက် ဖြစ်လာစေဖို့... Coding က နေစတင်လို့ရပါတယ်။💡

သင်္ကြန်အပြီးမှာ သားသား၊ မီးမီးတို့ကို ဖုန်းကြည့်တာထက် ပိုအသုံးဝင်တဲ့အရာတစ်ခု သင်ပေးချင်ပါသလား? 📱🛑

Game ဆော့ရုံတင်မကဘဲ Game တွေ၊ Application တွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာကို ကိုယ်တိုင် "ဖန်တီး၊ လေ့လာ၊ စူးစမ်း" လို့ရမယ့် Thate Pan Hub ရဲ့ Basic Coding For Kids သင်တန်း ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ ။✨

အသက်နှင့် Level အလိုက် အတန်းသုံးတန်း ✨

1. စူးစမ်း (Suu San): အသက် ၈-၉ နှစ် (Programming အခြေခံမိတ်ဆက်)

2. လေ့လာ (Laelar): အသက် ၁၀-၁၃ နှစ် (Sprite Lab နဲ့ Coding concept များ)

3. ဖန်တီး (Phan Tee): အသက် ၁၄-၁၆ နှစ် (Interactive projects များ ဖန်တီးခြင်း)

( အတန်းလိုက်ပုံများအောက်တွင် အသေးစိတ်ဖတ်ရှုနိုင်ပါသည်။ )

✨ ကလေးတွေရဲ့ အသက်အရွယ်အလိုက် CS အခြေခံတွေကို Code.org ကဲ့သို့ ခေတ်မီ Platform တွေသုံးပြီး သင်ကြားပေးမှာဖြစ်လို့ Programming လောကထဲကို စတင်ခြေလှမ်းဖို့ အကောင်းဆုံး အစီအစဉ်လေးပဲ ဖြစ်ပါတယ်။ ✨

အခုခေတ်မှာ နည်းပညာက နေရာတိုင်းမှာ ရှိနေပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စီးပွားရေးလုပ်ငန်းရှင်... ဘယ်အလုပ်ပဲလုပ်လုပ် နည်းပညာနဲ့ Coding အခြေခံ ရှိထားတာက တခြားသူတွေထက် ခြေတစ်လှမ်း သာစေပါတယ်။ ✨

အနာဂတ်မှာ AI နဲ့ နည်းပညာ နယ်ပယ်တွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း အများကြီး ရှိနေမှာပဲဖြစ်ပါတယ်။✨

Coding လုပ်တဲ့အခါ Error (Bug) တက်တာက သဘာဝပါ။ ကလေးတွေက အဲ့ဒီ Error ကို ရှာဖွေပြင်ဆင်ရင်းနဲ့ "ရှုံးနိမ့်မှုကို မကြောက်ဘဲ အဖြေရတဲ့အထိ ကြိုးစားတဲ့စိတ်" (Resilience) ကို ရရှိလာပါတယ်။ ✨

ဒါက ဘဝအတွက် တကယ့်ကို အဖိုးတန်တဲ့ အရည်အချင်းတစ်ခုကို ပျိုးထောင်ပေးလိုက်တာပါပဲနော်။ ✨

သင်္ကြန်အပြီး ဧပြီ ၂၀ မှာ စတင်မှာမလို့ အမြန်ဆုံး စာရင်းသွင်းထားလို့ရပါပြီ ။ ✨

စာရင်းပေးသွင်းရန် : https://shorturl.at/62wOI

#ဖန်တီး #လေ့လာ #စူးစမ်း

Photos from Thate Pan Hub's post 25/03/2026

🌟Thate Pan Hub ရဲ့ HelloAI (ဖန်တီး) အတန်းမှ ကလေးများရဲ့ Journals လေးတွေကို တင်ဆက်ပြသလိုက်ပါတယ်။ ကလေးတွေဟာ အတန်းထဲမှာလည်း စိတ်ဝင်တစား ကြိုးစားကြပြီး သင်ယူခဲ့ရတာတွေကို Journal လေးတွေအဖြစ် ဖန်တီးပုံဖော်ရင်း TPHရဲ့ HelloAI အတန်းလေးဟာတော့ ပြီးဆုံးသွားခဲ့ပါပြီ။ 🥳

ကလေးတွေရဲ့ ဖန်တီးနိုင်စွမ်းနဲ့ လေ့လာသင်ယူမှုတွေကို ပုံထဲက Journals တွေမှာကြည့်နိုင်ပါတယ်နော်။ မကြာခင်မှာလည်း Thate Pan Hub ကနေ အခမဲ့အတန်းလေးတွေဖွင့်ပေးဦးမှာဖြစ်လို့ ဘယ်လိုအတန်းလေးတွေကို စိတ်ဝင်စားလဲ ဖြေပေးခဲ့ဦးနော်။ 🌟

22/03/2026

MMYouth Platform ကနေ နည်းပညာဆိုင်ရာစွမ်းရည်တွေတိုးတက်ဖို့ ဘယ်လိုလေ့လာကြမလဲ၊ Self-Pace Learning ကိုဘယ်လိုချဉ်းကပ်ကြမလဲ အစရှိတဲ့ အကြောင်းအရာတွေကို Thate Pan Hub Access to Education-Myanmar နဲ့ အတူ ပူးပေါင်းပြီး Sharing Session လေးတစ်ခု ကျင်းပပေးသွားမှာဖြစ်ပါတယ်။ ✨

မင်္ဂလာပါ… 🤗။

🛎️ Access to Education - Myanmar ရဲ့ လစဥ်ပြုလုပ်လျှက်ရှိတဲ့ Talk Series အစီအစဥ်လေးကနေ တဖန်ပြန်ပြီး ကြိုဆိုပါတယ်။

ဒီတခေါက် ပြုလုပ်သွားမယ့် Talk Seriesရဲ့ ခေါင်းစဉ်ကတော့ “Empoweing Learner: Exploring Self-Paced Learning and Digital Literacy Opportunities” ဆိုတဲ့ ခေါင်းစဥ်ပဲဖြစ်ပါတယ်။

✅ ဒီအစဥ်မှာတော့ (၂၁) ရာစုမှာ လူငယ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဒီဂျစ်တယ်နည်းပညာတွေအကြောင်း အခမဲ့လေ့လာလို့ရမည့် MM Youth Plattform အကြောင်း မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီပလက်ဖောင်းမှာဆိုရင် ဒီဂျစ်တယ်နည်းပညာနဲ့ သက်ဆိုင်တဲ့သင်ခန်းစာတွေအပြင်၊ လူငယ်တွေအတွက် တစ်ခြားလေ့လာလို့ရမည့် သင်ခန်းစာတွေလဲ အများကြီးရှိတာမို့ အသိပညာဗဟုသုတများစွာရရှိမည့် ပလက်ဖောင်းတခုလဲဖြစ်ပါတယ်။

🟩 ဒီိပလက်ဖောင်းကို ဘယ်လိုအသုံးပြုပြီး ကိုယ့်ရဲ့နည်းပညာပိုင်းဆိုင်ရာ စွမ်းရည်တွေကို မိမိအားလပ်တဲ့အချိန်မှာ ဘယ်လိုမြင့်တင်ရမလဲဆိုတာကို ဆရာ၊ဆရာမ (၄)ဦးကနေပြီး မျှဝေဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

🟩 ဒီပွဲလေးမှာမျှဝေဆွေးနွေးသွားမယ့် သူတွေကတော့ Thate Pan Hub က ဆရာမ ယုနန္ဒာဖြိုး၊ ဆရာ မြင့်မြတ်၊ ဆရာမ စိမ့်သဲသဲဦးနဲ့ ဆရာမ နှင်းအိဝေလွင် တို့ပဲဖြစ်ပါတယ်။

ဆွေးနွေးမည့်ခေါင်းစဉ်။ ။ Empowering Learner: Exploring Self-Paced Learning and Digital Literacy Opportunities
နေ့ရက် ။ ။ ဧပြီလ (၄)ရက်၊ ၂၀၂၆ (စနေနေ့)
အချိန် ။ ။ မြန်မာအချိန် ည ၆း၃၀ နာရီ
ဆွေးနွေးပွဲတွင် အသုံးပြုမည့် ဘာသာစကား ။ ။ မြန်မာ
နောက်ဆုံးစာရင်းပေးသွင်းရမည့်နေ့။ ။ ဧပြီလ (၂)ရက်၊ ၂၀၂၆ မြန်မာအချိန် ည (၁၀:၀၀ နာရီ)
စာရင်းပေးသွင်းရန်လင့် - https://forms.gle/bWAmw1B7BUhXWwZ8A

❇️ ဒီဆွေးနွေးပွဲ စကားဝိုင်းလေးကို တက်ရောက်ဖို့ စိတ်ဝင်စား တယ်ဆိုရင် ဒီ link လေးကနေ https://forms.gle/bWAmw1B7BUhXWwZ8A ကြိုတင် စာရင်းပေးသွင်းကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
ပွဲမစခင် တစ်ရက်အလိုမှာ Zoom link ကို အီးမေးလ်ကနေ ပို့ပေးသွားမှာ ဖြစ်ပါတယ်။

28/02/2026

“Philadelphia ဆိုတာ ပထမဆုံးတွေ စတင်ရာ မြို့လား?” ✨

ရန်ကုန်မှာ နေထိုင်တဲ့ လူငယ်တွေ အခမဲ့ ပါဝင်နိုင်မယ့် Zee Kwat Academy နဲ့ American Center Yangon တို့ ပူးပေါင်းပြုလုပ်တဲ့ Discovering America: American Sports Legacy Series ရဲ့ တတိယမြောက် အစီအစဉ် လာပါပြီ!

"ပထမ" ဖြစ်တယ်ဆိုတာ ရှေ့ကနေ စတင်ခြေလှမ်းဖို့ သတ္တိရှိခြင်းပါပဲ”

ဒီလိုမြို့အကြောင်းကို ဒီပွဲလေးမှာ အတူတူ လေ့လာကြရအောင်။

ဘာတွေ ပါဝင်မလဲ?

📜 အမေရိကန်နိုင်ငံရဲ့ သမိုင်းဝင် "ပထမဆုံး" အဖြစ်အပျက်များအကြောင်း လေ့လာခြင်း

🤝 အသင်းအဖွဲ့လိုက် စွမ်းဆောင်ရည်
မြှင့်တင်မယ့် Team-building ဂိမ်းများ

🧠 ကိုယ်လက်လှုပ်ရှားမှုနဲ့ ဆွေးနွေးမှုတွေကနေတစ်ဆင့် မိမိကိုယ်ကို ပြန်လည်တည်ဆောက်နိုင်မယ့် Mindset အကြောင်းများ

✨ ပိုမိုရဲရင့်ပြီး စတင်လုပ်ဆောင်နိုင်သူ (Founder) တစ်ယောက်ဖြစ်လာစေဖို့ အတွေ့အကြုံသစ်များ

အမေရိကန်နိုင်ငံရဲ့အသင်းအဖွဲ့စိတ်ဓာတ်၊ ရဲရင့်တဲ့ခြေလှမ်းတွေနဲ့ အားကစားဆိုင်ရာ ယဉ်ကျေးမှုတွေကို ပျော်ပျော်ပါးပါး လေ့လာချင်တယ်ဆိုရင်တော့ အခုပဲ အခမဲ့ စာရင်းပေးသွင်းနိုင်ပါတယ်။

Event Details:

📅 Date: Saturday, March 7, 2026
⏰ Time: 2:00 PM – 4:30 PM
📍 Venue: American Center Yangon – Freedom Hall

Registration link: in First Comment

Form လေးကို Chatbox မှာ လာရောက်တောင်းယူနိုင်သလို Comment မှာ "Interested" လို့ မန့်ပေးခဲ့ရင်လည်း တိုက်ရိုက် Message ပေးပို့ပေးပါ့မယ်။

⚠️ သတိပြုရန်: လာရောက်တဲ့အခါ မှတ်ပုံတင် (သို့မဟုတ်) ACY Library Card လေး ယူဆောင်လာဖို့ မမေ့ပါနဲ့နော်။

ဒီအစီအစဉ်ဟာ အားကစားကို အခြေခံထားတဲ့ အတွေ့အကြုံအခြေပြု သင်ကြားမှုတွေကနေ Zee Kwat Academy ရဲ့ မဏ္ဍိုင်တစ်ခုဖြစ်တဲ့ လူငယ်တွေရဲ့ လူမှုဆက်ဆံရေးစွမ်းရည်၊ အသင်းအဖွဲ့အလုပ်လုပ်နိုင်မှုနဲ့ ခေါင်းဆောင်မှုအရည်အသွေးတွေကို ဖွံ့ဖြိုးစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ 💙🏀

CITY OF FIRSTS

“Did you know Philadelphia is known as the City of Brotherly Love and bold FIRSTS?”

The third session of the Discovering America: American Sports Legacy Series is here! This is an exciting opportunity for young people in Yangon to join for free.

Let’s explore how being “first” isn’t just about being the best — it’s about having the courage to step forward and lead the way.

What to expect:
📜 Exploring America’s historic firsts
🤝 Exciting team-building games
🧠 Reflection on rebuilding mindset through physical activities and discussions
✨ Be bold. Be first. Be a founder.

Event Details:

📅 Date: Saturday, March 7, 2026
⏰ Time: 2:00 PM – 4:30 PM
📍 Venue: American Center Yangon – Freedom Hall

Registration link: in First Comment

Please remember to bring your NRC (ID card) or ACY Library Card on the day of the event.

Come play, learn, and discover how the spirit of Philadelphia can inspire your own journey! 💙🏀

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 35, 5th Floor, Room 601, Phyar Pone Street, Sanchaung
Yangon
11111