Nyoh - Good Mobile Second

Nyoh - Good Mobile Second

Share

(Second Shop)
စက်ပိုင်း အာမခံ 2 ပတ်ပေးပါတယ်
09-33234302

Photos from Nyoh - Good Mobile Second's post 20/05/2024

realme c3 (3/32) 118000
finger camera good
လဲမှန်လေးမလို့ sensor တော့မရ
ကျန် allfine
လာယူရင် ကားခ ပါးပါးထပ်လျော့ပေးပါမယ်
09781031334 လှိုင်သာယာ စနေမ မှတ်တိုင်

02/08/2023

“ရွာတရွာမှာပေါ့။ အဘွားအိုတဦးဟာ သူ့အိမ်အပြင်ဘက်မှာ ထိုင်နေတဲ့ အဘိုးကြီး သုံးယောက်ကို တွေ့လိုက်ရတယ်။ သူတို့ထိုင်နေတာ အချိန်အတော်ကြာခဲ့ပြီဆိုတာလည်း သတိထားမိတယ်။

အဘွားအိုက အပြင်ထွက်ပြီး ပြောတယ်၊
'မိတ်ဆွေတို့ကို အစ်မ မသိဘူး၊ ဒီမှာကြာကြာထိုင်နေတာတွေ့တော့ ဗိုက်ဆာနေလိမ့်မယ်။ ကျေးဇူးပြုပြီး အထဲမှာ တခုခုဝင်စားဖို့ ဖိတ်ခေါ်ပါတယ်"

အဘိုးကြီး သုံးယောက်ထဲက တယောက်က မေးတယ်၊
'အိမ်ထောင်ဦးစီးက အိမ်မှာရှိလား။'

အဘွားအိုက
'မရှိပါဘူး' လို့ ပြန်ဖြေတယ်။

'ဒါဆို ငါတို့ မဝင်ရဘူး' လို့ အဘိုးအိုကပြောတယ်။

အဘွားအိုက အိမ်ထဲကို ဝင်သွားတယ်။ ညနေ ခင်ပွန်းသည် ပြန်လာတဲ့အခါ အပြင်ဘက်မှာ ထိုင်နေတဲ့ လူတွေနဲ့ ဖြစ်ပျက်သမျှ အကြောင်းစုံကို ပြန်ပြောခဲ့တယ်။ခင်ပွန်းသည်ကပြောတယ်။

"ထပ်သွားခေါ်ကြည့်ပါဦးကွာ"
အဘွားအိုက အပြင်ကို ထပ်သွားပြီးပြောတယ်။
"ကျွန်မ အမျိုးသား အိမ်ပြန်ရောက်ပါပြီ။အမျိုးသားက ရှင်တို့သုံးယောက်ကို အိမ်ထဲဝင်ပြီး အစာစားဖို့ ဖိတ်ခေါ်ခိုင်းပါတယ်"

အဘိုးအိုသုံးဦးကပြောတယ်။

"ငါတို့ သုံးယောက်လုံး အတူတူဝင်လာလို့ မရဘူး"
"ရှင်။ဘာလို့ ဝင်လို့မရတာလဲ"

အဘိုးအိုတစ်ဦးက တခြားအဘိုးအိုကိုလက်ညှိုးထိုးပြပြီး ပြောတယ်။
"သူ့နာမည်က ဓနဥစ္စာပါ။
သူက အစ်မနဲ့အတူ လိုက်သွားရင် အစ်မတို့အိမ်က စည်းစိမ်ဥစ္စာ အမြဲပေါကြွယ်ဝနေမှာ"
ထို့နောက် တခြားအဘိုးအား လက်ညှိုးထိုးပြကာ ပြောလိုက်တယ်။
"သူက အောင်မြင်မှုပါ။
သူအတူ လိုက်ပါလာရင် အစ်မတို့ အလုပ်လုပ်တိုင်း ဘယ် ကြိုးပမ်းမှုမဆိုအမြဲတမ်းအောင်မြင်လိမ့်မယ်"

ထို့နောက် အဘိုးအိုက သူ့ကိုယ်သူ မိတ်ဆက်ခဲ့တယ်။
"ကျွန်တော်ကတော့ ချစ်ခြင်းမေတ္တာပါ"
'ကျွန်တော် အစ်မနဲ့ အတူလိုက်ခဲ့မယ် ဆိုရင် ဒီအိမ်လေးဟာ အချစ်တွေ နဲ့ အမြဲ ပြည့်နေမှာပါ"

အဘွားအိုလည်း အိမ်ထဲ ပြန်ဝင်ပြီး ဘယ်သူ့ကို ဖိတ်ခေါ်မလဲဆိုတာကို အမျိုးသားနဲ့ ဆွေးနွေးကြတယ်။ခင်ပွန်းသည်က အဲဒီ အကြောင်းကိုကြားတဲ့အခါ အလွန်ဝမ်းသာသွားတယ်။
'ဥစ္စာချမ်းသာကို ဖိတ်ခေါ်ရအောင်ကွာ
ငါတို့အိမ်မှာ စည်းစိမ်ဥစ္စာတွေ အမြဲ ပြည့်နေတော့မှာကွ"

အဘွားက သဘောမတူဘူး။
"ကျွန်မကတော့ အောင်မြင်မှုကို ပဲ ဖိတ်ခေါ်ချင်တယ်"

သူတို့ချွေးမက သူတို့ပြောနေတာ ကြားသိပြီး
အကြံပေးတယ်။
"သမီးတို့အိမ်မှာ အချစ်ကိုဖိတ်ရင် ပိုမကောင်းဘူးလား။ဒါမှသာ သမီးတို့အိမ်လေး ချစ်ခြင်းမေတ္တာတွေနဲ့ ထာဝရလွှမ်းခြုံနေမှာပေ့ါ"

အဘွားအိုတို့ လင်မယားလည်း သဘောတူလိုက်ကြတယ်။

အဘွားအိုက အပြင်ထွက်ပြီးပြောတယ်။
"ရှင်​တို့သုံးယောက်ထဲက အချစ်က ဘယ်သူလဲ။ ချစ်ခြင်းမေတ္တာကို ကျွန်မတို့ ဖိတ်ခေါ်ပါရစေ"
အချစ်ကထပြီး အိမ်ထဲကို လမ်းစလျှောက်လာတယ်။ အဲဒီအချိန်မှာပဲ ကျန်နှစ်ယောက်လည်း ထပြီး အချစ်နောက်ကို လိုက်လာကြတယ်။တယ်။

အဘွားအိုက အလိုမကျတဲ့ မျက်နှာနဲ့မေးတယ်။
"ရှင်တို့ပြောတော့ သုံးယောက်လုံး အတူဝင်မရဘူးဆို။ ကျွန်မက ချစ်ခြင်းမေတ္တာကိုပဲ ဖိတ်ခေါ်ခဲ့တာ။ဘာကြောင့် အားလုံး ဝင်လာကြတာလဲ"

အဘိုးအိုက ပြန်ဖြေတယ်။
'အစ်မကသာ စည်းစိမ်ဥစ္စာ ဒါမှမဟုတ် အောင်မြင်မှုကို ဖိတ်ခေါ်ခဲ့မယ်ဆိုရင် ကျန်နှစ်ယောက်က အပြင်မှာ နေခဲ့ရမှာပါ။ ဒါပေမယ့် အစ်မက အချစ်ကို ဖိတ်ခေါ်တဲ့အတွက် သူသွားလေရာကို ငါတို့က သူနဲ့အတူ လိုက်ပါရပါတယ်"

ချစ်ခြင်းမေတ္တာသာ ပြည့်စုံပါစေ။စည်းစိမ်ဥစ္စာနဲ့ အောင်မြင်မှုတွေက အလိုလို လိုက်လာပါလိမ့်မယ်။

#ဟမ်စိုင်း(ဆေး-မန်း)
ဘာသာပြန်

Credit-To Original Writer
လေးစားစွာဖြင့် ပြန်လည်မျှဝေသည်......

-BH🦚🦚🦚

11/07/2023

huawei nova 3i (4/128)

08/07/2023

ဦးစားမပေးနိုင်ရင်
အိမ်ထောင်မပြုနဲ့
လင်မယားရယ်လို့ဖြစ်လာရင်
နောက်ဆုံးအချိန်မှာ (at the end of the day)ကိုယ့်အနားမှာကျန်ခဲ့မှာ
ကိုယ့်လင်၊ကိုယ့်မယားပဲ။
အပေါင်းအသင်းတွေဆိုတာလည်း
ဘယ်လောက်ချစ်ချစ်သူတို့ဘဝနဲ့သူတို့။
ဘယ်သူတွေဘယ်လောက်ကောင်းကောင်း
ဘဝနေဝင်ချိန်ကိုယ့်အနားကျန်ခဲ့မယ့်လူက
ကိုယ့်အိမ်ထောင်ဖက်ပဲ
တချို့က သန်တုန်း၊မြန်တုန်း၊ငယ်တုန်းမှာ အိမ်ထောင်ဖက်ထက်
အပေါင်းအသင်းကို ပိုအားသာတယ်။
ပိုဦးစားပေးတယ်။
အိမ်ထောင်ဖက်က မခံနိုင်လို့ လမ်းခွဲသွားတယ်။
အဲလိုလူတွေ နောက်ဆုံးကျ
အိုမင်းမစွမ်းဖြစ်တဲ့အချိန်ကျမှ
နောင်တရလိမ့်မယ်။
နေဝင်ချိန်မှာ ကိုယ့်လက်လေးကိုတွဲပြီး
လမ်းလျှောက်ပေးနိုင်မယ့်၊
အဘိုးကြီးမတည့်တာတွေစားပြန်ပြီလား"လို့ ဆူပေးမယ့်၊"အဘွားကြီး သွေးတိုးနေတာလား " လို့ နဖူးလေးလာစမ်းပေးမယ့် ကိုယ့် အိမ်ထောင်ဖက်( partner) သည်သာ ကိုယ့်အဖော်အစစ်ဖြစ်တယ်။
That's right.
အဲလိုမှ ဦးစားမပေးနိုင်ရင် အိမ်ထောင်မပြုနဲ့။
အိမ်ထောင်ပြုခြင်း (Marriage) ဆိုတာ အပြန်အလှန် စောင့်ရှောက်ရမယ့် တစ်ဘဝစာ (Ultimate bond) တစ်ခုဖြစ်တယ်။

Credit_To_Original_Writer

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00