Trust - Driving License Service

Trust - Driving License Service

Share

Welcome

19/05/2023

💠ကားမောင်းသင်ဖို့ပဲ ဖြစ်ဖြစ် ၊ "ခ" လိုင်‌စင် ဖြေဆိုဖို့ပဲ ဖြစ်ဖြစ် လူကိုယ်တိုင် လာစရာမလိုပဲ သင်‌မောင်းလိုင်စင် လျောက်ထားနိုင်ဖို့အတွက် Trust - Driving License Service မှ ဝန်ဆောင်မှုပေးနေပါပြီ ...

💠လူကြီးမင်းတို့ရဲ့ လိုင်စင်ဓာတ်ပုံနဲ့ မှတ်ပုံတင်တို့ကို ဓာတ်ပုံရိုက်ပြီး CB သို့မဟုတ် Viber ကနေ ပို့ပေးရုံနဲ့ အချိန် (၃) ရက် ကနေ (၅) ရက်အတွင်း လူကြီးမင်းတို့ အိမ်တိုင်‌ရာရောက် ပို့ဆောင်ပေးမှာပဲဖြစ်ပါတယ်။
💠 စျေးနှုန်း‌ကတော့ လိုင်စင်အိမ်အရောက်အပြီးအစီးကို ၂၅၀၀၀ ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။
သန်လျင်၊ ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ ထောက်ကြံ့၊ မှော်ဘီ၊ တွံ့တေး စတဲ့မြို့နယ်တွေကတော့ ၅၀၀၀ ကျပ် ထပ်မံကျသင့်ပါမယ်ခင်ဗျာ။
🎗️ Trust - Driving License Service ရဲ့ အားသာချက် အနေနဲ့
🔹အိမ်အရောက်‌ငွေချေစနစ်ရှိခြင်း
🔹လူကိုယ်တိုင် လာစရာမလိုခြင်း
🔹လွယ်ကူ၊မြန်ဆန်၊အချိန်ကုန်သက်သာခြင်း
🔹လိုင်စင် အိမ်အရောက်ပို့ဆောင်ပေးခြင်း
🔹Delivery Fee ထပ်ပေးရန် မလိုခြင်း

◼️🆔 (ခ) လိုင်စင်ဖြေရန်အတွက်လည်း Online မှ Booking အခမဲ့တင်ပေးခြင်း။ (သင်တန်းဆင်းလက်မှတ်ရှိသူများသာ)

◼️🆔 (ခ) လိုင်စင်ဖြေဆိုရန်အတွက် Service အပ်ပါကလည်း 5% discount ပေးခြင်း စသည့် ဝန်ဆောင်မှုများကို Trust - Driving License Service မှ ဆောင်ရွက်ပေးပါရစေ။

✨ ဒါ့အပြင် Promotion များလဲ ရှိမာမို့ Page ကို Like & follow လေး လုပ်‌ထားဖို့လဲ အကြံပြုပါရစေခင်ဗျ။

15/05/2023

ယာဉ်မောင်းလိုင်စင်ဖြေဆိုမည့်သူများ မဖြစ်မနေဆောင်ထားသင့်သည့် Mobile App များ 📱

(၁) Active Wheel App

Active Wheel Mobile App က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ လေ့လာလိုသူများနဲ့ယာဉ်မောင်းနှင်သူ များအတွက် မရှိမဖြစ်ဆောင်ထားသင့်သည့် App တစ်ခုဖြစ်ပါတယ်။

App ထဲတွင် လေ့လာနိုင်သည့်အကြောင်းအ ရာများဖြစ်တဲ့ မော်တော်ယာဉ်နည်းဥပဒေများ၊ ခရီးသည်တင် ဘတ်စ်ကားများလိုက်နာရန်စည်းကမ်းချက်များ၊ ယာဉ်တိုက် ခိုက်မှုဖြစ်ပွားပါကလိုက်နာရမည့်အချက်များ၊ မည်သည့်အချိန်တွင် မီးဖွင့်မောင်းသင့်/မသင့်၊ လမ်းအမှတ်အသားများ၊ တား မြစ်ခြင်းလမ်းညွှန်များ၊ အမိန့်ပေးလမ်းညွှန်များ၊ အဝေးပြေးလမ်း/အမြန်လမ်းမောင်းနှင်ပုံများ၊ အန္တရာယ်သတိပေးလမ်းညွှန် များ၊ ဦးစားပေးသည့်သည့် မော်တော်ယာဉ်များ၊ ယာဉ်ပါကင်ရပ်နားရာတွင်လိုက်နာရမည့်အချက်များ စသည်တို့ကို နားလည် ရလွယ်ကူစေရန် မြန်မာစာနဲ့ရှင်းပြထားတဲ့အတွက် သုံးစွဲတဲ့သူများအတွက် များစွာအဆင်ပြေစေပါတယ်။

ယာဉ်မောင်းလိုင်စင်ဖြေဆိုမည့်သူများအတွက်လည်း လေ့ကျင့်ရန် မေးခွန်းစုစုပေါင်း (၅၀) ထည့်သွင်းထားပြီး မေးခွန်းတစ်ခု ကို စက္ကန့်သုံးဆယ်ကြာအောင် ဖြေဆိုခွင့်နဲ့ရမှတ်များကိုလည်း အမှတ်ပေးဇယားနဲ့ဖော်ပြပေးထားပါတယ်။

အင်တာနက်ဖွင့်ပြီး အသုံးပြုရာတာဖြစ်ပြီး Facebook ကနေတစ်ဆင့်ဝင်ရောက်နိုင်အောင် ပြုလုပ်ထားပါတယ်။

Play Store မှာ ဝင်ရောက် Install လုပ်ပြီး အသုံးပြုနိုင်ပါတယ်။

(၂) Safe Driving App
Safe Driving App ကတော့ ယာဉ်မောင်းလိုင်စင်ဖြေဆိုမယ့်သူတွေအတွက် အရေးပါအရာရောက်တဲ့ App တစ်ခုထဲမှာ အဓိကပါဝင်ပါတယ်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိမှတ်ဖွယ်ရာတွေကို စုစည်းဖော်ပြထားပြီး ယာဉ်မောင်းလိုင် စင်ဖြေဆိုမည့်သူများအတွက် လမ်းစည်းကမ်းဆိုင်ရာ ဗဟုသုတမေးခွန်းများကို အဆင့် (၁) မှ အဆင့် (၅) အထိ မေးခွန်းစုစု ပေါင်း (၁၀၀) လေ့ကျင့်ရန်ထည့်သွင်းထားပါတယ်။

အင်တာနက်ဖွင့်ပြီး အသုံးပြုရတာဖြစ်ပြီး သုံးစွဲရလည်းလွယ်ကူစေပါ တယ်။

ပါဝင်တဲ့ မေးခွန်းအကြောင်းအရာတွေကတော့ ယာဉ်မောင်းနှင်ခြင်းမပြုမှီစစ်ဆေးရမည့်အချက်များ၊ မီးပှိုင့်လမ်းဆုံတွင်လိုက် နာရမည့်အချက်များ၊ လမ်း/ရာသီဥတု/မြင်ကွင်းအခြေအနေ၊ ရပ်ခြင်း/ရပ်ဆိုင်းခြင်းဆိုင်ရာ လိုက်နာရမည့်စည်းကမ်းချက် များ၊ ကျော်တက်ရာတွင် သတိပြုရမည့်အချက်များ၊ ယာဉ်ကွေ့ရာတွင် သတိပြုရမည့်အချက်များ၊ ကလပ်နင်းခြင်း၊ ဘရိတ် အသုံးပြုခြင်း၊ လီဗာအသုံးပြုခြင်းစသည့် အကြောင်းအရာစုံလင်တဲ့မေးခွန်းတွေကို ထည့်သွင်းထားပါတယ်။

Play Store မှာ ဝင်ရောက် Install ပြုလုပ်ပြီးအသုံးပြုနိုင်ပါတယ်။

(၃) Myanmar License Traineer App

Myanmar License Traineer App ကလည်း ယာဉ်မောင်းလိုင်စင်ဖြေဆိုမယ့်သူတွေအတွက် အသုံးဝင်လှတဲ့ App ထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

App မှာ ပါဝင်တဲ့မေးခွန်းနဲ့အဖြေတွေကလည်း ယာဉ်မောင်းလိုင်စင်ဖြေဆိုမယ့်သူတွေအတွက် များစွာအသုံးဝင်စေပါတယ်။

Active Wheel App နဲ့ Safe Driving App တွေလို မေးခွန်းနဲ့အဖြေတွေ တော်တော်များများ ဆင်တူနေပါတယ်။

မြန်မာဘာသာနဲ့ဖော်ပြထားခြင်းဖြစ်ပြီး အင်တာနက်ဖွင့်အသုံးပြုရပါတယ်။

(၄) Myanmar Driver Handbook App

Myanmar Driver Handbook App ကလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စံပြအမေးအဖြနဲ့လမ်းညွှန်များ၊ လမ်းအမှတ် အသားများကို လွယ်ကူစွာလေ့လာနိုင်ရန် ယာဉ်မောင်းလိုင်စင်ဖြေဆိုမည့်သူများအတွက် ရည်ရွယ်ပြီးပြုလုပ်ထားတာဖြစ်သ လို Active Wheel App၊ Safe Driving App၊ Myanmar License Traineer App တို့နည်းတူ မေးခွန်းနဲ့အဖြေများထည့်သွင်း ပြုလုပ်ထားပါတယ်။

အင်တာနက်ဖွင့်ပြီး အသုံးပြုရတာဖြစ်ပြီး မြန်မာဘာသာနဲ့ဖော်ပြထားပါတယ်။

အထက်ဖော်ပြပါ Mobile App များကတော့ ယာဉ်မောင်းလိုင်စင်ဖြေဆိုမည့်သူများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းသိရှိနား လည်လိုသူများအတွက် သိလိုသည်များကို ပုံနှင့်တကွရှင်းပြထားသည့်အပြင် မေးခွန်းနှင့်အဖြေများကိုအသုံးပြုရလွယ်ကူ အောင်ဖန်တီးပေးထားတဲ့ Mobile Application များပဲဖြစ်ပါတယ်။ ယာဉ်မောင်းလိုင်စင်ဖြေဆိုမည့်သူများအတွက် များစွာ အရေးပါပြီး အသုံးပြုတဲ့သူလည်းများပါတယ်​နော်။

Crd Original Uploader 👌

လူကြီးမင်းတို့အနေနဲ့ ' ခ ' လိုင်စင် ဖြေဆိုချင်တယ် ဆိုပါက Trust - Driving License Service Page Chat Box ကနေ ဆက်သွယ်နိုင်သလို Ph - 09263486898 သို့ သိလိုမျှ သေးစိတ် ဆက်သွယ် မေးမြန်းနိုင်ပါတယ် ခင်ဗျ။
Phone📲 - 09 263 48 68 98 (viber)

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon