Study with Tr.Wai Mon
private tutor for IGCSE Physics,Chemistry and Biology
07/05/2026
ကလေးများရဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲနိုင်စွမ်း (Adjustment Capability) ဆိုတာ ပတ်ဝန်းကျင်သစ်၊ အခြေအနေသစ် ဒါမှမဟုတ် စိန်ခေါ်မှုသစ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ မိမိရဲ့ စိတ်ခံစားမှုနဲ့ အမူအကျင့်ကို သင့်တော်သလို ပြောင်းလဲနေထိုင်နိုင်တဲ့ အရည်အချင်းဖြစ်ပါတယ်။
ဒါဟာ ကလေးတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးနဲ့ အနာဂတ် လူမှုဆက်ဆံရေးအတွက် အခြေခံအုတ်မြစ် ဖြစ်ပြီး ယင်းညှိယူနိုင်စွမ်းဟာ ကလေးရဲ့
ပင်ကိုယ်စရိုက် (Temperament): ကလေးအချို့က သဘာဝအတိုင်း အပြောင်းအလဲကို လွယ်လွယ်ကူကူ လက်ခံနိုင်ပေမယ့် အချို့ကလေးတွေကတော့ အချိန်ယူရလေ့ရှိပါတယ်။
ယခင်အတွေ့အကြုံ (Past Experience): အရင်က အပြောင်းအလဲတွေကို ကောင်းမွန်စွာ ကျော်ဖြတ်ဖူးတဲ့ ကလေးဟာ နောက်ထပ်စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ပိုပြီး ယုံကြည်မှုပိုရှိပါတယ်။
ပံ့ပိုးမှုစနစ် (Support System): မိဘနဲ့ ဆရာသမားတွေရဲ့ နားလည်ပေးမှုနဲ့ ဖေးမမှုက အဓိက အဆုံးအဖြတ်ပေးပါတယ်။ စတဲ့အချက်တွေအပေါ်မူတည် ဖြစ်ပေါ်ပါတယ်။
ဒါပေမဲ့ တချို့သော အအခြေအနေတွေမှာ ကလေးများ လိုက်လျောညီထွေဖြစ်ရန် ညှိယူရန် ခက်ခဲနေသည့် လက္ခဏာများ
တွေ့ရတတ်ပါတယ်။ ဒါတွေကတော့
ပတ်ဝန်းကျင်အသစ်ကို ရောက်တဲ့အခါ လွန်ကဲစွာ အလိုမကျ ဒေါသထွက်ခြင်း၊ လူကြီးကို အမြဲကပ်နေခြင်း၊ (Clinginess) သို့မဟုတ် အရင်ကထက် ပိုပြီး ဆိုးလာခြင်း၊
စိုးရိမ်ပူပန်မှုများခြင်း၊ လွန်ကဲစွာ ကြောက်ရွံ့ခြင်း အစရှိသဖြင့် လက္ခဏာများပေါ်လာတတ်ပါတယ်။
ထိုသို့ ညှိယူနိုင်ရန်ခက်ခဲနေတဲ့အခါ မိဘနှင့် ဆရာ/မများ၊ ကလေးပြုစုစောင့်ရှောက်သူများအနေနဲ့ ကူညီပေးနိုင်မဲ့ နည်းလမ်းများမှာ
(က) ကြိုတင်ပြင်ဆင်ပေးပါ (Preparation)
အပြောင်းအလဲတစ်ခု မတိုင်ခင်မှာ ကလေးကို ဖြစ်လာမယ့်အရာတွေအကြောင်း ရိုးရိုးရှင်းရှင်း ပြောပြထားပါ။ ဥပမာ - ကျောင်းစတက်တော့မယ်ဆိုရင် ကျောင်းမှာ ဘယ်လိုဆော့ရမယ်၊ ဘယ်အချိန် ပြန်လာရမယ်ဆိုတာကို ဇာတ်လမ်းပြောသလို ရှင်းပြပေးပါ။
(ခ) စိတ်ခံစားမှုကို နားထောင်ပေးပါ။ (Active Listening)
ကလေးက "ကြောက်တယ်" လို့ ပြောတဲ့အခါ "မကြောက်နဲ့" လို့ မပိတ်ပင်ပါနဲ့။ "ဟုတ်တယ်၊ နေရာသစ်ဆိုတော့ ကြောက်ဖို့ကောင်းတယ်နော်။ ဒါပေမဲ့ ဖေဖေတို့ အတူရှိနေမယ်" ဆိုတဲ့ စကားမျိုးက ကလေးကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု (Psychological Safety) ပေးပါတယ်။
(ဂ) ပုံမှန်အလေ့အထကို ထိန်းသိမ်းပါ။ (Maintain Routines)
အပြင်မှာ ဘာတွေပဲပြောင်းလဲနေပါစေ အိမ်ထဲက ပုံမှန်အချိန်ဇယား (ဥပမာ - အိပ်ချိန်၊ စားချိန်၊ ကစားချိန်) ကို တည်ငြိမ်အောင် ထားပေးခြင်းက ကလေးကို "ငါ့လောကကြီးက ပုံမှန်အတိုင်း ရှိနေပါသေးလား" ဆိုတဲ့ အသိမျိုး ပေးနိုင်ပါတယ်။
(ဃ) ကိုယ်တိုင်ဆုံးဖြတ်ခွင့်ပေးပါ။ (Empowerment)
အပြောင်းအလဲကြားထဲမှာ ကလေးကို ရွေးချယ်ခွင့် အသေးအဖွဲလေးတွေ ပေးပါ။ ဥပမာ - "ကျောင်းအသစ်သွားရင် ဘယ်အင်္ကျီဝတ်မလဲ?" သို့မဟုတ် "ကျောင်းမုန့်ထုတ်ဖို့ ဘယ်သစ်သီးယူမလဲ?" ဆိုတာမျိုးက သူတို့ကိုယ်သူတို့ အခြေအနေကို ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ ခံစားရစေပါတယ်။
(င) စံပြနမူနာ နေထိုင်ပြပါ။ (Role Modeling)
မိဘတွေကိုယ်တိုင်က အခက်အခဲတွေကို စိတ်အေးအေးထားပြီး ဖြေရှင်းပြတာဟာ ကလေးအတွက် အကောင်းဆုံး သင်ခန်းစာ ဖြစ်ပါတယ်။
ထိုအချက်များကို လုပ်ဆောင်ပေးပါက ကလေးများရဲ့ လိုက်လျောညီထွေနေနိုင်စွမ်း က ပိုမိုတိုးတက်လာမှာ ဖြစ်ပါတယ်။
capability
04/03/2026
🚨 𝗨𝗞 ရဲ့ 𝗦𝘁𝘂𝗱𝗲𝗻𝘁 𝗩𝗶𝘀𝗮 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁 ကြောင့်
မပြာသွားပါနဲ့
ခြေမကိုင်မိ လက်မကိုင်မိ မဖြစ်သွားပါနဲ့
ကြောက်ရွံ့မှုပေါ် အခြေခံပြီး ဆုံးဖြတ်ချက်မချပါနဲ့
𝗦𝘁𝘂𝗱𝘆 𝗔𝗯𝗿𝗼𝗮𝗱 𝗣𝗮𝘁𝗵𝘄𝗮𝘆 တွေရှိနေဆဲပါ
ရွေးချယ်စရာ 𝗢𝗽𝘁𝗶𝗼𝗻𝘀 တွေ ရှိနေဆဲပါ
🎓 အထူးသဖြင့် —
⭐ 𝗛𝗡𝗗 𝗟𝗲𝘃𝗲𝗹 𝟱 ပြီးဆုံးထားသူများ
⭐ 𝗡𝗖𝗖 𝗟𝗲𝘃𝗲𝗹 𝟱 ပြီးဆုံးထားသူများ
⭐ 𝗚𝗖𝗘 𝗔 𝗟𝗲𝘃𝗲𝗹 ကျောင်းသားများ
⭐ 𝗜𝗚𝗖𝗦𝗘 လက်မှတ်ရရှိထားသူများ
⭐ 𝗚𝗘𝗗 လက်မှတ်ရရှိထားသူများ
⭐ 𝗚𝗿𝗮𝗱𝗲 𝟭𝟮 ပြီးဆုံးထားသူများ
Right Information တွေ သိနေရရင်တောင်မှ
မှန်ကန်တဲ့ Study Abroad Plan & Pathway တွေကို မြန်မြန်နဲ့မှန်မှန် လုပ်နိုင်သူတွေပဲ 𝗦𝘁𝘂𝗱𝘆 𝗔𝗯𝗿𝗼𝗮𝗱 ဆက်လုပ်နိုင်မှာပါ။
အားလုံးအတွက် နောက်တစ်ဆင့် ဘာဆက်လုပ်ရမယ်ဆိုတာကို Strategic ကျကျ စီစဉ်ကြရအောင်။
📩 𝗠𝗲𝘀𝘀𝗮𝗴𝗲 𝘂𝘀 𝗳𝗼𝗿 𝟰𝟬 𝗠𝗶𝗻𝘀 𝗙𝗥𝗘𝗘 𝗰𝗼𝗻𝘀𝘂𝗹𝘁𝗮𝘁𝗶𝗼𝗻.
𝗦𝘁𝗮𝘆 𝗰𝗮𝗹𝗺. 𝗦𝘁𝗮𝘆 𝗶𝗻𝗳𝗼𝗿𝗺𝗲𝗱. 𝗦𝘁𝗮𝘆 𝗽𝗿𝗲𝗽𝗮𝗿𝗲𝗱.
🇺🇸 🇬🇧 🇨🇦 🇦🇺 🇳🇿🇮🇪🇩🇪 🇯🇵 🇸🇬 🇲🇾 🇹🇭 🇻🇳
✨𝗦𝘁𝘂𝗱𝘆 𝗔𝗯𝗿𝗼𝗮𝗱 နဲ့ ပတ်သက်လာရင်
✨𝗦𝘁𝘂𝗱𝗲𝗻𝘁 𝗩𝗶𝘀𝗮 နဲ့ ပတ်သက်လာရင်
✨ကျောင်းသူ၊ ကျောင်းသား နှင့် မိဘများအားလုံး အတွက် 𝐄𝐝𝐩𝐞𝐝𝐢𝐚 ✨
🗓 Appointment ကြိုတင်ရယူရန် 🗓
=================
☎️09 88000 3847
☎️09 88000 3846
☎️09 88000 3845
🏢No.1, Room 5A, Moe Kaung Road, Kyauk Kone, Yankin Township, Yangon.
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |