Creative Coder Myanmar
လုပ်ငန်းခွင်ဝင် Level Project များကို Creative Coder နဲ့အတူ လေ့လာလိုက်ပါ။ 🚀 [email protected]
14/05/2026
💻 Beginner Developer ဆိုရင် ဒီ (၃) ခုကို အရင်လေ့လာပါ
အစတုန်းက Developer ဖြစ်ချင်တဲ့သူ တော်တော်များများ လုပ်မိတဲ့အမှားတစ်ခုရှိပါတယ်။
ဒီနေ့ Framework တစ်ခုသင်တယ်။
မနက်ဖြန် အသစ်ထွက်တဲ့ နည်းပညာတစ်ခုလိုက်ကြည့်တယ်။
နောက်တစ်နေ့ AI Tool အသစ်တွေ စမ်းကြည့်တယ်။
သင်နေတာများလာပေမယ့် တကယ်တမ်းကျတော့
“ငါ ဘာတတ်သွားတာလဲ?” ဆိုတာ မသေချာတော့ဘူး။
Beginner တစ်ယောက်အတွက် အစပိုင်းမှာ အရေးကြီးတာက အများကြီးသင်ဖို့ မဟုတ်ပါဘူး။ အခြေခံ (၃) ခုကို သေချာဆောက်ဖို့ပါ။
(၁) အခြေခံအလုပ်လုပ်ပုံကို နားလည်အောင်လုပ်ပါ
Code ကို အလွတ်ကျက်နေတာထက်
Website တစ်ခု ဘယ်လိုအလုပ်လုပ်လဲ၊ Button တစ်ခုနှိပ်ရင် ဘာတွေဖြစ်လဲ၊ Data တွေ ဘယ်လိုသွားလဲ ဆိုတာ နားလည်ဖို့လိုပါတယ်။
(၂) ကိုယ်တိုင် လုပ်ကြည့်ပါ
Video ကြည့်တာနဲ့ နားလည်သလို ခံစားရပေမယ့်
တကယ် ကိုယ်တိုင်ရေးခိုင်းလိုက်ရင် စကားလုံးတောင် မမှတ်မိတော့တာမျိုး ကြုံဖူးကြမှာပါ။
အဲ့ဒါကြောင့် ကြည့်ရုံထက်
နည်းနည်းဖြစ်ဖြစ် ကိုယ်တိုင်လုပ်ကြည့်ဖို့ ပိုအရေးကြီးပါတယ်။
(၃) လမ်းကြောင်းတစ်ခုကို ဆုံးဖြတ်ပါ
ဒီနေ့ ဟိုကြည့်၊ မနက်ဖြန် ဒီပြောင်းနေရင် အချိန်ပဲကုန်ပါတယ်။
Frontend သွားမလား
Backend သွားမလား
Web Development သွားမလား
တစ်ခုရွေးပြီး ခဏတော့ စွဲစွဲမြဲမြဲ သွားကြည့်ပါ။
Developer တစ်ယောက်ဖြစ်လာတာက နည်းပညာတွေ အကုန်သိလို့ မဟုတ်ပါဘူး။
အခြေခံခိုင်ခိုင်နဲ့ တစ်ဆင့်ချင်းတက်လာတဲ့သူတွေကပဲ နောက်ပိုင်းမှာ ပိုမြန်မြန်တိုးတက်လာကြတာပါ 🚀
Web Development ကို အခြေခံကနေ စနစ်တကျ လေ့လာချင်သူတွေအတွက် Creative Coder ရဲ့ Web Development Foundation Class ကို ဖွင့်လှစ်ပေးထားပါတယ် ✨
HTML, CSS, JavaScript, React အခြေခံတွေအပြင် AI ကို Web Development မှာ ဘယ်လိုအသုံးချရမလဲဆိုတာကိုပါ လက်တွေ့သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
📩 စိတ်ဝင်စားသူများ Messenger မှာ “web” လို့ပို့ပြီး စုံစမ်းနိုင်ပါတယ်
👉 m.me/creativecodermm
11/05/2026
အရင်တုန်းက Developer ဖြစ်ချင်ရင် “Code ရေးတတ်ဖို့” က အဓိကဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် 2026 မှာတော့ အခက်ခဲဆုံးအရာက Code ရေးနည်းမဟုတ်တော့ပါဘူး။
ဒီနေ့ Beginner တွေကြုံနေရတာက
သင်ယူစရာတွေ များလွန်းနေတာပါ။
Frontend သင်ရမလား
Backend သင်ရမလား
Framework အသစ်တွေလိုက်ရမလား
AI ကို ဘယ်လောက်အထိသုံးသင့်လဲ
ဘာကနေ စရမလဲ…
Video တစ်ခုကြည့်လိုက်တိုင်း roadmap အသစ်တစ်ခုတွေ့နေပြီး
သင်ယူနေရင်းနဲ့ပဲ လမ်းပျောက်သွားတာမျိုးတွေ များလာပါတယ်။
AI tools တွေ ပေါ်လာတာကလည်း Beginner တချို့အတွက် ပိုအခက်တွေ့စေပါတယ်။
ကိုယ်တိုင် စဉ်းစားပြီးရေးရမယ့်အစား Copy Paste ပဲလုပ်နေမိတော့
“နားလည်မှု” ထက် “အလွယ်လိုက်” တာပိုများလာပါတယ်။
တကယ်တော့ Beginner တစ်ယောက်အတွက် အရေးကြီးဆုံးက
Tool မဟုတ်ပါဘူး။
✔️ မှန်ကန်တဲ့ လမ်းကြောင်း
✔️ စနစ်ကျတဲ့ လေ့လာပုံ
✔️ လက်တွေ့လုပ်ရင်း သင်ယူနိုင်တဲ့ ပတ်ဝန်းကျင်
ဒီ (၃) ခုရှိဖို့ပါပဲ။
နည်းပညာတွေ ဘယ်လောက်မြန်မြန်ပြောင်းပြောင်း
အခြေခံခိုင်ပြီး စနစ်တကျလေ့လာထားတဲ့ Developer တွေကတော့
ရေရှည်မှာ အမြဲတမ်း အားသာနေမှာပါ 🚀
ဒါကြောင့် Web Development ကို အခြေခံကနေ စနစ်တကျ လေ့လာချင်သူတွေအတွက်
Creative Coder ရဲ့ Web Development Foundation Class ကို ဖွင့်လှစ်ပေးထားပါတယ်။
HTML, CSS, JavaScript, React အခြေခံတွေအပြင်
AI ကို Web Development မှာ ဘယ်လိုအသုံးချရမလဲဆိုတာကိုပါ လက်တွေ့နဲ့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ် ✨
📩 စိတ်ဝင်စားသူများ Messenger မှာ “web” လို့ပို့ပြီး စုံစမ်းနိုင်ပါတယ်
👉 m.me/creativecodermm
08/05/2026
AI တွေ ပေါ်နေတဲ့ ခေတ်မှာ Coding ကို အခြေခံကနေ သင်ဖို့ လိုသေးလား?
ဒီနေ့ခေတ်မှာ AI tools တွေက code တွေကို အလိုအလျောက် ရေးပေးနေပြီဖြစ်လို့ "ငါတို့ကော code ရေးနည်းကို အပင်ပန်းခံ သင်နေဖို့ လိုသေးလား" ဆိုတဲ့ မေးခွန်းက လူငယ်တော်တော်များများကြားမှာ ရေပန်းစားနေပါတယ်။ တကယ်တော့ အဖြေက "အရင်ကထက်တောင် ပိုလိုအပ်လာတာပါ" ဆိုတာပဲ ဖြစ်ပါတယ်။
AI ကို ဘယ်လိုခိုင်းရမလဲဆိုတာ သိဖို့နဲ့ သူလုပ်ပေးလိုက်တဲ့ အလုပ်တွေက မှန်ကန်ရဲ့လားဆိုတာကို စစ်ဆေးနိုင်ဖို့အတွက် ကိုယ်တိုင်က အခြေခံသဘောတရားတွေကို ပိုင်နိုင်ထားဖို့ လိုပါတယ်။ အခြေခံ မရှိဘဲ AI ကိုပဲ အားကိုးနေမယ်ဆိုရင် ကုဒ်တွေမှာ အမှားပါလာတဲ့အခါ ဒါမှမဟုတ် ရှုပ်ထွေးတဲ့ ပြဿနာတွေ ကြုံလာတဲ့အခါမှာ လမ်းပျောက်သွားနိုင်ပါတယ်။
လူက စနစ်တစ်ခုလုံးကို စီမံခန့်ခွဲပြီး AI ကိုတော့ အလုပ်မြန်စေဖို့အတွက်ပဲ အသုံးချတာပါ။ ဒီလို လုပ်ဆောင်နိုင်ဖို့ဆိုရင် ဒီဇိုင်းတစ်ခုကို ကြည့်လိုက်တာနဲ့ ဒါကို ဘယ်လို ကုဒ်အဖြစ် ပြောင်းလဲမလဲဆိုတဲ့ အခြေခံအမြင်က မရှိမဖြစ် လိုအပ်ပါတယ်။
အခြေခံခိုင်မာတဲ့သူတစ်ယောက်ဟာ AI ကို အသုံးချပြီး တခြားသူတွေထက် (၁၀) ဆ ပိုမြန်တဲ့ Developer တစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရရှိဖို့ဆိုရင် ခေတ်မီတဲ့ AI နည်းစနစ်တွေနဲ့ အခြေခံ Coding Skill တွေကို ပေါင်းစပ်တတ်ဖို့ အခုကတည်းက ပြင်ဆင်ထားသင့်ပါတယ်။
ကိုယ့်ရဲ့ Web Development ခရီးလမ်းကို အခြေခံအပိုင်ဆုံးနဲ့ စတင်ချင်သူတွေအတွက်...
ကျနော်တို့ရဲ့ Web Development Foundation Class မှာ အခြေခံ Coding ကနေ AI ကို ထိထိရောက်ရောက် အသုံးချနည်းတွေအထိ စနစ်တကျ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ လုံးဝ Coding အတွေ့အကြုံ မရှိသေးသူတွေတောင် တက်ရောက်နိုင်အောင် အသေးစိတ် လမ်းညွှန်ပေးမယ့် သင်ရိုးဖြစ်ပါတယ်။
ဒီအခြေခံတန်းလေးဟာ Batch (14) အထိ ကျောင်းသားပေါင်း (၆၀၀) ကျော်ကို အောင်မြင်စွာ သင်ကြားပေးခဲ့ပြီး ဖြစ်ပါတယ်။ အနာဂတ် Web Development လောကအတွက် အခုပဲ အသင့်ပြင်လိုက်ရအောင်။
📩 စာရင်းပေးသွင်းရန် -
Page Messenger 👉 m.me/creativecodermm ကို “web” လို့ ပေးပို့ပြီး အခုပဲ စာရင်းသွင်းနိုင်ပါပြီ။
06/05/2026
Developer ဖြစ်ချင်တဲ့သူအများစု ကြုံရတာက သင်တန်းတက်ပြီးတဲ့နောက် “တကယ်တတ်လာပြီလား?” ဆိုတဲ့ မေးခွန်းပါ။ သင်ခန်းစာတွေပြီးသွားပေမယ့် လက်တွေ့လုပ်နိုင်သေးလား၊ Project တစ်ခုကို ကိုယ်တိုင်တည်ဆောက်နိုင်ပြီလားဆိုတာမှာတော့ မသေချာသေးတဲ့အခြေအနေတွေ များပါတယ်။
Creative Coder မှာတော့ အဲ့ဒီလို မဖြစ်စေဖို့ “တတ်မြောက်မှု” ကိုပဲ အဓိကထားပြီး သင်ကြားပေးပါတယ်။ Learning Platform တင်မကဘဲ Zoom Live Class တွေနဲ့ပါ လက်တွေ့နဲ့ နီးစပ်အောင် သင်ယူနိုင်ဖို့ စီစဉ်ထားပါတယ်။ သင်ခန်းစာတိုင်းကို နားလည်အောင် step-by-step ရှင်းပြပေးတာကြောင့် စာသင်ရတာ မရှုပ်မထွေးပဲ သေချာလေး တက်လာနိုင်ပါတယ်။
Creative Coder ရဲ့ အထူး Service တွေကြောင့် သင်ယူတဲ့အချိန်မှာလည်း စိတ်ပူစရာမလိုပါဘူး—
✔️ Zoom Class ဖြစ်လို့ ဘယ်နေရာကမဆို အဆင်ပြေပြေ တက်ရောက်နိုင်ပါတယ်
✔️ သင်ခန်းစာတိုင်းကို Recording အပြည့်အစုံ ပြန်ကြည့်နိုင်တဲ့အတွက် မလိုက်နိုင်တာတွေကို ပြန်လည်လေ့လာနိုင်ပါတယ်
✔️ နားမလည်တာတွေရှိရင် ဆရာနဲ့ One-on-One Meeting တောင်းပြီး တိုက်ရိုက်မေးမြန်းနိုင်ပါတယ်
✔️ အရေးကြီးဆုံးကတော့—အကြောင်းအမျိုးမျိုးကြောင့် မတက်ဖြစ်ခဲ့ရင်၊ ဒါမှမဟုတ် စာမလိုက်နိုင်ခဲ့ရင် နောက်ဖွင့်မယ့် Batch တွေမှာ အခမဲ့ ပြန်လည်တက်ရောက်ခွင့် ရှိပါတယ်
ဒါကြောင့် သင်တန်းတက်ရင်း “မလိုက်နိုင်ရင် ဘယ်လိုလုပ်မလဲ?” ဆိုတဲ့ စိုးရိမ်မှုမရှိတော့ဘဲ စိတ်အေးချမ်းသာစွာနဲ့ အဆုံးထိ လေ့လာနိုင်ပါတယ်။
တကယ်တမ်း Developer တစ်ယောက်ဖြစ်ဖို့ အရေးကြီးတာက သင်တန်းတက်ပြီးသွားတာမဟုတ်ဘဲ “တကယ်တတ်မြောက်လာတာ” ဖြစ်ပါတယ်။ Creative Coder မှာတော့ အဲ့ဒီရလဒ်ကို ရောက်အောင် အပြည့်အဝ ကူညီပေးထားပါတယ်။ 🚀
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
10011