Pyoe Latsaung
Pyoe Latsaung
26/10/2025
အပင်ချစ်သူများအတွက်
တန်ဆောင်တိုင်မှာ ပျိုးလက်ဆောင်ရဲ့ အထူး အရောင်းစျေးလေး ပေးလိုက်မယ်
အပင်သေးသေးလေးတွေကိုမှ အလုပ်စားပွဲမှာ တင်ချင်သူများ
အပင်လက်ဆောင်ပေးချင်သူများ
လေသန့်ပင်လေးများထားချင်သူများအတွက်
ပုံလေးတွေထဲက ကြိုက်ရာရွေး တစ်ပင် 7500 ကျပ်နဲ့ 5 ပင်တွဲလေးယူရင် 30000 ကျပ်နော်
ရန်ကုန်မြို့တွင်းသာ
နယ်မပို့ပေးပါ
အပင်လေးတွေ မှာယူလိုပါက
09772011230 or page CB သို့လည်းဆက်သွယ် မှာယူနိုင်ပါတယ်
30/06/2023
အရမ်းကိုလှနေတဲ့ Synigonum albo variegated အပင်လေး ရောင်းပါမယ် တစ်ပင်ဘဲရပါမယ်
စျေးနှုန်း 25000 kyat နဲ့ တန်တန်လေး ရပါမယ်
အရွက်တိုင်းမှာ ကာလာ စွာစွာလေးနော် လက်သွက်ထားမှ ရပါမယ်
ချစ်မိတ်ဆွေတို့ရေ
မိုးရာသီရောက်ရင် အိမ်တွေမှာပြတင်းတံခါးတွေ ပိတ်ထားရလို့ ၊ နေ အလင်းရောင် ရရှိမှုနည်းလို့၊ Aircom ကလည်း အချိန်ပိုင်းသာ ဖွင့်ထားနိုင်လို့ အခန်းတွေမှာ လေကောင်းလေသန့် နည်းပြီး အနံ့ အသက်လေးတွေရှိနေပြီလား၊
ဒါဆိုရင် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓါတ်ငွေ့တွေကို စုပ်ယူဖယ်ရှားပေးတဲ့ ၊ လေဆိုးတွေကို သန့်စင်ပေးနိုင်တဲ့ အိမ်တွင်း အလှစိုက် အပင်လေးတွေ အကြောင်း သိသလောက် ပြောပြချင်တယ်နော်။
လေထုထဲမှာ
- ကာဗွန်ဒိုင်အောက်ဆိုက်ဒ် (Carbon Dioxide)
- ဘင်ဇင်း( Benzene)
- ဖော်မယ်လ်ဒီဟိုက် (Formaldehyde )
- ထရိုင်ကလိုရိုအီသိုင်လင်း (Tricholoro -ethylene)
- ကာဗွန်မိုနောက်ဆိုက်ဒ် ( Carbon Monoxide)
- အမိုးနီးယား( Ammonia)တွေ ရှိနေရင် အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတ်ငွေ့တွေကြောင့် လေမသန့်တော့ဘူးပေါ့၊
လေဆိုးတွေကို သန့်စင်ပေးနိုင်တဲ့ လေသန့်ပင်လေးတွေကို ဧည့်ခန်း အိပ်ခန်းတွေမှာ ထားရင် စိတ်ကြည်လင်စေခြင်း ၊ လန်းလန်းဆန်းဆန်းနဲ့ နေထိုင်ရတာကောင်းခြင်း၊ စိတ်တည်ငြိမ်ခြင်း၊ သွေးဖိအားကို လျှော့ကျစေခြင်း၊ နှစ်ချိုက်စွာ အိပ်ပျော်စေခြင်း စတဲ့ အကျိုးတွေကို ဖြစ်ထွန်းစေပါတယ်။
လေသန့်ပင်များ (Air Purifier Plants) ကတော့
ရွှေလာ ငွေလာပင် ( Golden Pothos )
အုန်းပွါးပင် ( Lucky Bamboo)
စပယ်ပင် (Jasmine)
လာဗင်ဒါပင် (Lavender)
ရှားစောင်းလက်ပတ်( Aloe Vera)
ပင့်ကူပင် (Spider Plants)
နဂါးစက် ဂမုန်း (Snake Plant)*
ရှင်သီဝလိ (Peace Lily)* တို့ဖြစ်ကြပါတယ်၊Snake plant နဲ့ Peace Lily အပင်တွေကတော့ ကလေးတွေ စားမိရင် အန္တရယ်ရှိတဲ့အတွက် မမှီနိုင်တဲ့ နေရာတွေမှာ ထားပြီး သတိထား ရမှာဖြစ်ပါတယ်
အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကိုယ့်ရဲ့ မိတ်ဆွေ သူငယ်ချင်းများကိုလည်း မျှဝေပေးခြင်ဖြင့် ကူညီပေးပါနော်
ကျေးဇူးတင်စွာဖြင့်
crd #
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
691 Kamahtan Street Myittarnyunt
Yangon