Shwin Chan

Shwin Chan

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwin Chan, Medical supply store, Yangon Office : Unit(306), Myay Nu Condo, Myay Nu Street, Sanchaung Township. Mandalay Office : No(8), Min Kun Boe Bwar Yate Thar Tite Tan, 66th Street, Corner of 30(A) Street, Between 30th & 31st Str, Yangon.

08/06/2026

ခြင်ကြောင့်ဖြစ်တဲ့ ကြောက်စရာအကောင်းဆုံးရောဂါ သို့မဟုတ် ငှက်ဖျား 🦠

မိုးရာသီရောက်ပြီဆိုတာနဲ့ မိသားစုကျန်းမာရေးအတွက် အကောင်သေးပေမဲ့ အဆိပ်ပြင်းလို့ အထူးသတိထားရမယ့် အန္တရာယ်ကတော့ "ခြင်" ပါပဲ 🦟

ခြင်ကိုက်ခံရတာကြောင့် သွေးလွန်တုပ်ကွေး အပါအဝင် တခြားရောဂါတွေ ဖြစ်ပွားနိုင်ပြီး ခြင်ကြောင့်ဖြစ်ရတဲ့ အပြင်းထန်ဆုံးနဲ့ အသက်အန္တရာယ်အရှိဆုံး ရောဂါတစ်ခုကတော့ ငှက်ဖျားရောဂါ (𝐌𝐚𝐥𝐚𝐫𝐢𝐚) ပဲ ဖြစ်ပါတယ် ‼️

ငှက်ဖျားရောဂါဟာ အချိန်မီ မကုသနိုင်ရင် ခန္ဓာကိုယ်ရဲ့ အဓိကအင်္ဂါအစိတ်အပိုင်းတွေကို ပျက်စီးစေနိုင်သလို အသက်ဆုံးရှုံးရတဲ့အထိ ပြင်းထန်ပြီး အန္တရာယ်ကြီးတာကြောင့် ရောဂါလက္ခဏာတွေကို စောစောစီးစီး သတိပြုမိဖို့ အင်မတန် အရေးကြီးပါတယ် ⚠️

ဒါဆိုရင် အချိန်မီသတိထားမိဖို့ လိုအပ်တဲ့ ငှက်ဖျားရောဂါလက္ခဏာတွေက ဘာတွေလဲ ❓
💢 ချမ်းတုန်ပြီး ဖျားခြင်း
💢 အဖျားကြီးပြီး ဝေဒနာပြင်းထန်ခြင်း
💢 ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
💢 ကိုယ်လက်များကိုက်ခဲခြင်း
💢 မအီမသာဖြစ်ပြီး အန်ခြင်း
💢 နုံးခွေခြင်း တို့ပဲ ဖြစ်ပါတယ်

ဒီလိုလက္ခဏာတွေကို စတင်ခံစားလာရပြီလို့ သတိပြုမိပြီဆိုတာနဲ့ အရေးကြီးဆုံးကတော့ အချိန်မဆွဲဘဲ စောနိုင်သမျှစောစော စစ်ဆေးဖို့ လိုအပ်ပါတယ်။ ငှက်ဖျားရောဂါဟာ စောစောသိ၊ စောစောကုသမှု ခံယူနိုင်မှသာ အသက်အန္တရာယ်ကနေ စိတ်ချရမှာ ဖြစ်ပါတယ် ✅

ဒါ့အပြင် ကိုယ်နဲ့ကိုယ့်မိသားစုဝင်တွေ ခြင်ကိုက်မခံရအောင်လည်း ကျန်းမာရေးအဖွဲ့အစည်းတွေက ထုတ်ပြန်အကြံပြုထားတဲ့ နေထိုင်ကာကွယ်နည်းတွေကို အသိပညာပေးပြောပြထားပြီး ဂရုစိုက်လိုက်နာသင့်ပါတယ်။

ဘာကြောင့်လဲဆိုရင်တော့ ဘယ်ချိန်မဆို ကြိုတင်ကာကွယ်ခြင်းကသာ ကုသခြင်းထက် ပိုမိုထိရောက်ကောင်းမွန်တာကြောင့် ဖြစ်ကြောင်း 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 မှ မျှဝေပေးလိုက်ရပါတယ်။

📍 𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏

☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000

📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com

30/04/2026

နွေအပူရှိန်ပြင်းတဲ့ ကဆုန်လပြည့်နေ့မှာ ကုသိုလ်ကောင်းမှုတွေနဲ့အတူ စိတ်နှလုံး အေးချမ်းကြပါစေရှင်။ ❤️🙏

ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်မှာ မိသားစုတွေနဲ့အတူ ညောင်ရေသွန်းကုသိုလ်ယူရင်း ဘေးဘယာဝေးကွာပြီး ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Shwin Chan မိသားစုက ဆုတောင်းပေးလိုက်ပါတယ်။ ✨🥰

ဒီလို နေ့ထူးနေ့မြတ်မှာ လူနတ်ဗြဟ္မာ အပေါင်းတို့ ဘေးကင်းကြသလိုပဲ ချစ်ခင်ရတဲ့ မိတ်ဆွေများအားလုံးလည်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။ သွား​လေရာမှာ ကျန်းမာဘေးကင်းပြီး ကုသိုလ်တရားတွေ တိုးပွားနိုင်ကြပါစေရှင်။ 💖🥰

𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 𝑻𝒓𝒂𝒅𝒊𝒏𝒈 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅 💥

☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000

📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:

🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.

🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]

📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon Office : Unit(306), Myay Nu Condo, Myay Nu Street, Sanchaung Township. Mandalay Office : No(8), Min Kun Boe Bwar Yate Thar Tite Tan, 66th Street, Corner Of 30(A) Street, Between 30th & 31st Str
Yangon
11111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00