TylerExperience 2.0

TylerExperience 2.0

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TylerExperience 2.0, Movie & Music Store, Yangon.

Photos from TylerExperience 2.0's post 17/07/2024

Happy Birthday Wong Kar Wai
ဒီနေ့က ဟောင်ကောင်ရုပ်ရှင်လောကရဲ့ ဆရာကြီးတစ်‌ ယောက်ဖြစ်တဲ့ Wong Kar Wai ရဲ့ ၆၆နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။
Admin ရဲ့ ဘဝမှာ ရုပ်ရှင်တွေနဲ့ပတ်သက်ရင် လွှမ်းမိုးမှုအရှိဆုံးက အဖေပါ။ အဖေညွှန်ပေးတဲ့ရုပ်ရှင်၊စာအုပ်တွေကို အတူတူကြည့်ရှုဖတ်ရင်းနဲ့ ကြီးပြင်းလာခဲ့တာပါ။ ရုပ်ရှင်တွေ တဖြည်းဖြည်း လိုက်ကြည့်လာရင်းနဲ့ Wong Kar Wai ရဲ့ ကားတွေကို မြည်းစမ်းပြီးတဲ့အချိန်မှာ Admin ကို ဒုတိယ မြောက် အလွှမ်းမိုးနိုင်ဆုံးသူက Wong Kar Wai ဖြစ်လာပါတယ်။
သူ့ရဲ့ရုပ်ရှင်တွေက မကြိုက်တဲ့၊ အတွေးမတူတဲ့သူ
တွေအဖို့ကျတော့လဲ အင်မတန်ပျင်းဖို့ ကောင်းပြီး ဘာပြလို့ပြနေမှန်းမသိဖြစ်နေတတ်ပါတယ်။ Admin လို နှစ်သက်တဲ့သူအတွက်က‌ တော့
Wong Kar Wai က Cinematic Love ကို အကောင်းဆုံး သရုပ်ဖော်နိုင်သူလို့ ယူဆပါတယ်။ သူ့ရဲ့ Neo Noir ရိုက်ချက်တွေက သူ့ရဲ့ အဓိကကာရိုက်တာပါပဲ။ အထူးသဖြင့် သူ့ရဲ့ဇာတ်ကောင်တွေက လွတ်လပ်နေပြီး အချစ်ကို ပြသတဲ့နေရာမှာ ဆန်းသစ်ပါတယ်။ ကိုယ်ချစ်နေတဲ့သူအ ပေါ် ကိုယ့်ရဲ့ခံစားချက် တွေကို ပြသတဲ့ပုံစံက အရေးကြီးတယ်လို့ Admin မှတ်ယူပါတယ်။ Wong Kar Wai ပြသသွားတဲ့ပုံစံ လေး တွေက Admin ကို အချစ် အကြောင်း အများကြီး သင်ပေးသွားပါတယ်။ "In the mood for love" ထဲက မက်ဂီ‌ ချောင်လို၊ "ChungKing Express" ထဲက ဖေဝမ်လိုမျိုး တွေပေါ့။
အဲ့ဒါ တွေကြောင့်လဲ Admin အတွက် Wong Kar Wai ရဲ့ universe ထဲက မက်ဂီ ချောင်က အလှဆုံးလို့ သတ်မှတ်ပါတယ်။
သူ့ရဲ့ ရုပ်ရှင်တွေက တစ်ကား ရွေးပါဆိုရင် တော့ Admin အတွက် တော့ အမြဲ ChungKing Express ကိုပဲ ရွေးချယ်မှာဖြစ်ပါတယ်။

"ပြောနေတာတွေ လုံလောက်ပါပြီ။ Wang Kar Wai ရဲ့ အနုပညာ တွေကို ခံစားကြည့်ပါ၊ နားလည် အောင်မကြိုးစားပါနဲ့။ ချစ်တတ်လာပါလိမ့်မယ်"

သူ့လို နောက်ထပ်ဒါရိုက်တာတစ် ယောက်ပါ်လာဖို့က တော့ မျှော်လင့် နေရုံမှ တစ်ပါး တစ်ခြားမရှိပါဘူး။

Happy Birthday, Wang Kar Wai

Photos credits

31/12/2023

နှစ်သစ်မှာ မိသားစုနဲ့အတူ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေကို ပိုင်ဆိုင်ပြီး အပျော်ရွှင်ရဆုံးအချိန်တွေကိုပဲ ပိုင်ဆိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

Photos from TylerExperience 2.0's post 06/08/2023

Hello TylerExperience မှပြန်လည်ကြိုဆိုလိုက်ပါတယ်။ Happy Sunday ပျော်ရွှင်ဖွယ်အားလပ်ရက်​​လေးဖြစ်ပါစေလို့လဲ ဆုတောင်း​ပေးလိုက်ပါတယ်။
Admin တို့အားလုံး တစ်နေ့တာအလုပ်ကနေ ပင်ပန်းပြီး ပြန်လာကြတယ်။ အဲ့လိုအိမ်ကိုပြန်ရောက်တာနဲ့ နွမ်းနယ်နေမှုအားလုံးက တစ်ဝက်လောက် သက်သာသွားတတ်ကြတယ်။ ပြီးရင်တော့ နောက်တစ်ဝက်ကို ကိုယ်နှစ်သက်တဲ့အရာလေးတွေ ပြုလုပ်ရင်းနဲ့ အပန်း​​ဖြေကြတာ ပုံမှန်ပါပဲ။ Admin ကတော့ ရုပ်ရှင်ကြည့်ရင်ကြည့် ၊ မဟုတ်ရင် ဂိမ်းဆော့၊ ဘောပွဲကြည့် ဒါတွေလုပ်ဖြစ်တာများပါတယ်။
ရုပ်ရှင်ကြည့်ဖို့အတွက် ရွေးချယ်တဲ့အခါမှာတော့ Admin ကတော့ စိတ်ကို သက်တောင့်သက်သာ(relax)ဖြစ်စေတဲ့ရုပ်ရှင်တွေကို ရွေးချယ်တာ များပါတယ်။ Admin ရဲ့ နောက်ထပ်အကျင့်တစ်ခုက ကြိုက်မိပြီဆိုရင် ရုပ်ရှင်တစ်ခုကို ထပ်ခါထပ်ခါပြန်ကြည့်တာပါ။ ဒါကြောင့်မို့ အလုပ်လုပ်ရတဲ့ Weekdays တွေမှာဆို ကြည့်ဖူးပြီးသားရုပ်ရှင်တွေထဲက relax ဖြစ်စေတဲ့ဟာတွေကို ကြည့်ဖြစ်ပြီး ပိတ်ရက်တွေမှာမှ အသစ်ထွက်တဲ့ရုပ်ရှင်တွေကို ကြည့်ဖြစ်တာ များပါတယ်။ ဒါက Admin ရဲ့ အကျင့်ကို ပြောပြတာပါ။
အခု Admin အမြဲကြည့်ဖြစ်ပြီး relax ဖြစ်စေတဲ့ရုပ်ရှင်တစ်ချို့ကို recommend ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်လေးတွေက Admin တစ်ဦးတည်းရဲ့ခံစားချက်မို့ အကြိုက်ချင်းမတူတာတွေလဲ ရှိန်ိုင်ပါတယ်။ သူငယ်ချင်းတို့လဲ ကြည့်ဖူးတဲ့ရုပ်ရှင်လေးကို recommend ပေးသွားပါအုံးလို့ တောင်းဆိုချင်ပါတယ်။

Telegram link
https://t.me/+32DSxl5A4yY1YmU1

2.0



photo credit

29/07/2023

Hellllooooo Welcome Back​!!!! အားလုံးပဲမင်္ဂလာပါလို့ TylerExperience မှပြန်လည်နှုတ်ဆက်လိုက်ပါတယ်။ Admin ကို Tyler တစ်ယောက် တစ်လလောက် ပျောက်သွားလိုက်တာ အခုမှပဲ ပြန်ပေါ်လာနိုင်တော့တယ်။ အလုပ်တွေလဲရှုပ်၊ ထုံးစံအတိုင်း ကြောင်ကလဲ ပျောက်နေတာနဲ့ သူငယ်ချင်းတို့ကို review လေးတွေ မရေးပေးမိတာ ဆောရီးပါလို့ ပြောချင်ပါတယ်ခင်ဗျာ။
ဒီတစ်ပတ်အတွက် Admin ရွေးချယ်ထားတဲ့ရုပ်ရှင်ကတော့ The Flash ပဲဖြစ်ပါတယ်။ တော်တော်များများကြည့်ပြီးသွားပြီထင်လောက်ပေမယ့် Admin ကတော့ resolution ကြည်တောက်ရှင်းကိုစောင့်နေတာနဲ့ အခုမှပဲ စိမ်ပြေနပြေကြည့်ဖြစ်တာပါ။ The Flash ရုပ်ရှင်က မင်းသား Ezra Miller ကြောင့် Box office မှာ ထင်သလောက်မရခဲ့ပေမယ့် အရမ်းကြီးဆိုးရွားနေတဲ့ရုပ်ရှင်တော့လဲ မဟုတ်ပါဘူး။ CEO အသစ် ဒါရိုက်တာ James Gunn ပြောခဲ့တဲ့အတိုင်း The Flash ရုပ်ရှင်က DC universe ကို restart ပြန်လုပ်ပေးမယ်ဆိုတာကိုတော့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ အမှန်တိုင်းပြောရရင် Admin ကလဲ Batman ရဲ့ အမာခံပရိသတ်ပါ။ DC universe ရဲ့အားပေးသူဆိုလဲ မမှားပါဘူး။ အခုခေတ်မှာ ခက်တာက ဘယ်နေရာမှာမဆို ငွေကြေးက အရေးပါလာတော့ DC ရုပ်ရှင်တွေက Marvel နဲ့ယှဥ်လိုက်တိုင်းမှာ အမြဲအရေးနိမ့်နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် DC နဲ့ Warner Bros တို့က DC ဇာတ်ကောင်တွေကို Comic ထဲကအတိုင်း အတိအကျဖြစ်စေချင်တဲ့စိတ်ရှိတယ်လို့တော့ Admin ယူဆပါတယ်။ Zack Snyderverse မှာဆို DC က တော်တော်လေးအဆင်ပြေချောမွေ့လာပြီလို့ ယူဆနေတုန်းမှာပဲ အခုလိုဖြစ်လာခဲ့တာတော့ စိတ်မကောင်းစရာပါပဲ။ James Gunn လက်ထက်မှာတော့ ဘယ်လိုတွေလာမလဲဆိုတာ စောင့်မျှော်ရမှာဖြစ်ပါတယ်။ လောလောဆယ်တော့ စူပါမန်း Henry Cavil ကတော့ ပြန်လည်ပါဝင်လာတော့မှာမဟုတ်ပါဘူး။
The Flash ရုပ်ရှင်မှာ ပထမဆုံးသဘောကျတဲ့သူကတော့ မင်းသား Ezra Miller ပါပဲ။ သူ့ရဲ့ပုဂ္ဂိုလ်ရေးကိစ္စတွေက ဆိုးရွားနေပေမယ့် ဒီရုပ်ရှင်မှာတော့ အကောင်းဆုံးကြိုးစားထားတယ်လို့ ထင်ပါတယ်။
ထုံးစံအတိုင်း Barry တစ်ယောက် သူ့မိဘတွေကို ကယ်ဖို့ Time travel ပြန်သွားပြီး ပြုပြင်ရာကနေ Timeline တွေ ကမောက််ကမ​ဖြစ်သွားတာကို ပြသသွားပါတယ်။ မင်းသားကြီး Micheal Keaton က Batman အနေနဲ့ တစ်ကျော့ပြန်အစွမ်းပြထားပါတယ်။ Admin ရဲ့ အကြိုက်ဆုံး Batman ဖြစ်လို့ သူ့ကိုပြန်ကြည့်ရတာ Nostalgia ပါပဲ။ ပြီးတော့ Supergirl ကိုလဲ ထပ်ပြီးမိတ်ဆက်ပေးသွားပါတယ်။ မင်းသမီးအသစ် Sasha Calle သရုပ်ဆောင်ထားတာ မဆိုးပေမယ့် Admin အတွက်တော့ Supergirl နေရာက မင်းသမီး Melissa Benoist အတွက်ပါပဲ 😁
Admin အတွက် အနှစ်သက်ဆုံးအပိုင်းကတော့ Barry သူ့ဘာသာ အမြင်မှန်ရသွားတဲ့နေရာပါ။ Admin တို့အားလုံးမှာ မေ့ပျောက်လို့မရတဲ့၊ ပြင်ဆင်ခွင့်ရရင် နောက်ပြန်သွားပြီးပြင်ဆင်ပေးတဲ့အကြောင်းအရာ​လေးတွေရှိမယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါပေမယ့်လဲ တစ်ချို့အရာတွေက အချိန်တွေ နောက်ပြန်သွားပြီး ဘယ်နှစ်ခါပြင်ပြင် ရှောင်လွှဲလို့မရတဲ့အခိုက်အတန့်(Inevitable Interception) တွေဖြစ်ပါတယ်။ ဒါတွေကို နားလည်ပြီးလက်ခံပေးဖို့က လူတစ်ယောက်အတွက် အကောင်းဆုံးပဲဆိုတာကို Flash point အနေနဲ့ Admin ကတော့ မှတ်ယူပါတယ်။
The Flash ရုပ်ရှင်က DC universe အတွက်
မျှော်လင့်ချက်အစလို့ ယူဆပါတယ်။ နောက်ထပ် Project တွေမှာ အောင်မြင်ပါ​​​စေလို့ ဆုတောင်းနေပါတယ်။ Gal Gadot ကိုလဲ Wonder Woman အနေနဲ့ Lasso ကိုကိုင်ထားပြီး ပြုံးပြနေတာလေးကို ထပ်
ကြည့်ချင်ပါသေးတယ်။

Tyler's Rating- 7.5/10

Telegram link
https://t.me/+32DSxl5A4yY1YmU1

2.0



photo credit

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon