KnowLedge Wave
Sharing is caring.
21/04/2023
စုံစုံလင်လင် အပိုင်း(၁)
ပုံများနှိပ်၍ ဖတ်ရှုပါ။
24/12/2022
ကိုလိုနီခေတ်ဗမာပြည်ဓာတ်ပုံတစ်ခု
အင်္ဂလိပ်စာရေးဆရာကြီး H.G.Wells နှင့် ဗမာပြည်လုံးဆိုင်ရာစာရေးဆရာ/မများ လက်ဖက်ရည်ပွဲကျင်းပပြီးနောက် တက္ကသိုလ်လှေကလပ်အဆောက်အုံအရှေ့ မြေကွက်လပ်တွင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ လက်ဖက်ရည်ပွဲသည် နောင်ဖြစ်ပေါ်လာမည့် မြန်မာပြည်စာရေးဆရာအသင်းကြီးဖွဲ့စည်းရန် ရှေ့တော်ပြေး ဖြစ်သည်။
(ဆရာဒဂုန်တာရာ့ စာအုပ်တအုပ်ထဲတွေ့လို့မျှဝေထားတာပါ)
15/11/2022
အပြင် (၃၇)မင်း နတ်များအကြောင်းကို အပိုင်း (၁) ၊ အပိုင်း (၂) နှင့် အပိုင်း (၃) တို့တွင် ဖော်ပြခဲ့ပြီး ဖြစ်ရာ ကျန်သည့် နတ်များ အကြောင်း ကို ဆက်လက်ဖော်ပြပေးသွားပါမည်။ ယခုအပိုင်းသည် အပြင် (၃၇) နတ်တပါးချင်းစီ ၏ အကြောင်းအရာများကို ဖော်ပြမည့် နောက်ဆုံးအပိုင်းလည်း ဖြစ်ပါသည်။ ၂၅။ မောင်ဖိုးတူနတ် မောင်ဖိုးတူနတ် သည် ပင်းယမြို့သား လက်ဖက်ကုန်သည် ဖြစ်သည်။အင်းဝပထမမင်းခေါင် (၇၆၃ - ၇၈၃) လက်ထက် ဝန်တင် နှင့် မိုးမိတ် ၊ သီပေါမြို့သို့ အရောင်းအဝယ်လုပ်၍ အပြန်လမ်းတွင် လက်ဖက်ကုန် တင်လာရာ လမ်း၌ ကျားကိုက်သဖြင့် ကွယ်လွန်ပြီး နတ် ဖြစ်သည်။ ၂၆။ အနောက်မိဘုရားနတ် အနောက်မိဘုရားနတ် သည် အင်းဝပထမမင်းခေါင် ၏ အနောက်ဆောင်မိဘုရား ဖြစ်သည်။ အင်းဝမြို့အနောက်ဘက် ဝါခင်း သို့ မောင်းမတော်များနှင့် အပျော်အပါးသွားရာတွင် မီးဖွားပြီးချိန် သွေးနုသားနုဖြစ်ချိန်၌ မင်းကျော်စွာနတ်ကြီး မြင်းစီးလာသည်ကို မြင်တွေ့မိသဖြင့် သတိလစ်မေ့မျောသွားရာ ကံကုန်ပြီး နတ် ဖြစ်သည်။နတ်ရုပ်တု ထုလုပ်ရာတွင် အခြားနတ်များနှင့်မတူ သားငယ် ကို ပွေ့ပိုက်ပြီး နို့ချိုတိုက်ကျွေးနေဟန် ထုလုပ်ရသည်။...
(၃၇) မင်း နတ်များအကြောင်း (အပိုင်း-၄) အပြင် (၃၇)မင်း နတ်များအကြောင်းကို အပိုင်း (၁) ၊ အပိုင်း (၂) နှင့် အပိုင်း (၃) တို့တွင် ဖော်ပြခဲ့ပြီး ဖြစ်ရာ ကျန်သည.....
15/11/2022
အမေဂျမ်း ကို ကျောက်ဆည်နယ်တဝိုက် နှင့် တံတားဦးနယ်တို့တွင် အထူးပူဇော်ပသကြသည်။ ကျွဲနွားပိုင်ရှင် တောင်သူလယ်သမားများအား စောင့်ရှောက်ကူညီသည် ဟု ဆိုကြသည်။ ကျွဲသူခိုး ၊ နွားသူခိုးများ ကပါ ကိုးကွယ်ပူဇော်ကြသည်။ မြန်မာ့နတ်ရာဇဝင်များ ၌ အမေဂျမ်းနတ် ကို လွန်စွာနှုတ်ကြမ်းသူ ဟု ဖော်ပြကြသည်။မူလက အမေဂျမ်း မှာ မြန်မာ့ရာဇဝင်များမှာကဲ့သို့ စရိုက်ကြမ်းသူ မဟုတ်သော်လည်း ထန်းရည်သမား ၊ အရက်သမား ကိုတက်ခါး ဆိုသူနှင့် အကြောင်းသင့်ပေါင်းဖက်ရာမှ နောင်တွင် ကိုယ်အမူအရာ ၊ နှုတ်အမူအရာကြမ်းတမ်း သွားသည် ဟု ဆိုကြသည်။ အမေဂျမ်း သည် အဆဲ ၊ အဆို ၊ အပြုအမူကြမ်းတမ်းသောကြောင့် သူတစ်ပါး ၏ သတ်ဖြတ်ခြင်းကို ခံရပြီး သေလွန်သောအခါ နတ် ဖြစ်သည်။ အချို့ရာဇဝင်များ ၌ အမေဂျမ်း သည် သူခိုးကြီးငတက်ပြား ၏ ဇနီးဖြစ်ပြီး မင်းမျက်ဒဏ်သင့်သောကြောင့် ကွပ်မျက်ခြင်းကို ခံရရာမှ ကွယ်လွန်၍ နတ် ဖြစ်သည် ဟု ဆိုကြပြန်သည်။ Written by KnowLedgeWave.
အမေဂျမ်း အမေဂျမ်း ကို ကျောက်ဆည်နယ်တဝိုက် နှင့် တံတားဦးနယ်တို့တွင် အထူးပူဇော်ပသကြသည်။ ကျွဲနွားပိုင်ရှင် တောင်သူလယ်.....
Click here to claim your Sponsored Listing.
Category
Contact the establishment
Telephone
Address
Sheet Taung Gyrr Street
Yangon
11381